နောက်တစ်နေ့ နံနက် ၉ နာရီ။
မေလ၏ နံနက်ခင်းနေရောင်ခြည်ကို အံတုလျက် လင်းဖန်သည် လုံထန်လုပ်ငန်းစုဌာနချုပ် အဆောက်အအုံအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်၊၊
တည်ဆောက်စရိတ် ဘီလီယံပေါင်းများစွာ အကုန်အကျခံထားသည့် ၈၈ ထပ်မြင့် ဤမိုးမျှော်တိုက်ကြီးမှာ ကျန်းလင်မြို့၏ အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်လာခဲ့သည်။
ဧကပေါင်းထောင်ချီ ကျယ်ဝန်းသော ဤနယ်မြေအတွင်း၌ ရုံးချုပ်အဆောက်အအုံသာမက သုတေသနစင်တာ၊ ဝန်ထမ်းအိပ်ဆောင်များ၊ ဝန်ထမ်းထမင်းစားဆောင်များ၊ အားကစားခန်းမနှင့် ဖျော်ဖြေရေးနေရာများ စသည်ဖြင့် စုံလင်စွာ ပါဝင်သည်၊၊
လုံထန်လုပ်ငန်းစု ဝန်ထမ်းများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လင်းဖန်သည် ဝမ်ချောင်ကို တစ်ချိန်တည်းမှာပင် လူထောင်ချီ ကြည့်ရှုနိုင်သည့် သီးသန့်ရုပ်ရှင်ရုံတစ်ခုကိုပါ ဤနေရာ၌ အထူးတလည် တည်ဆောက်ခိုင်းခဲ့သည်၊၊
၎င်းမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်ဟု ဆိုရမည်၊၊
"သူဌေး"
လင်းဖန် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် လုံထန်လုပ်ငန်းစု စီအီးအို ကျန်းဖန်က အပြေးအလွှား လာရောက်ကြိုဆိုသည်၊၊
"အင်း"
လင်းဖန်က ခေါင်းညှိမ့်ပြကာ ရုံးထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။
"တန်ရွမ်စနစ်ရဲ့ ကြော်ငြာမှုတွေ အခြေအနေ ဘယ်လိုလဲ အသုံးပြုနိုင်တဲ့ ပလက်ဖောင်း အပလီကေးရှင်း အရေအတွက် သုံးသိန်း ကျော်သွားပြီလား"
"နောက်ထပ် နီဗားနားဖုန်းတွေ..."
ဟောင်ကောင်မှသည် အရှေ့တောင်အာရှနှင့် ဗြိတိန်အထိ တင်ပို့ရောင်းချမည့် ဤလုပ်ငန်းစဉ်တွင် ဒေသတွင်း အပလီကေးရှင်းများ၏ ပါဝင်ပံ့ပိုးမှုမှာ အလွန်လိုအပ်ပါသည်၊၊
Android ကုမ္ပဏီများပင်လျှင် ၎င်းတို့၏ စမတ်ဖုန်းလည်ပတ်ရေးစနစ်ကို ကြော်ငြာရာတွင် Apple ထက် ပိုမိုကျယ်ပြန့်သော ဈေးကွက်ကို ရရှိရန်အတွက် အချိန်အတော်ကြာ စုဆောင်းခဲ့ရပြီး မူရင်းကုဒ်များကိုပင် ချပြခဲ့ရသည်၊၊
"သူဌေး... ပလက်ဖောင်း အပလီကေးရှင်း အရေအတွက်က ငါးသိန်း ကျော်သွားပါပြီ၊ အခုထိလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတုန်းပါပဲဟောင်ကောင်မှာ ပထမဆုံးအသုတ် ထုတ်လုပ်လိုက်တဲ့ ဖုန်းတွေအားလုံး ရောင်းကုန်သွားပြီး ချီးကျူးသံတွေလည်း အများကြီး ထွက်ပေါ်နေပါတယ်"
ကျန်းဖန်က လေးနက်သည့်လေသံဖြင့် ပြန်ဖြေသည်။
"ရှန်ကျန်းမှာ ကျွန်တော်တို့ အပြည့်အဝ ခြေကုပ်ယူနိုင်ပြီလို့ ထင်ပါတယ်၊ ဗြိတိန်အထိတောင် သက်ရောက်မှု ရှိနိုင်ပါတယ် ဥရောပဌာနခွဲကိုလည်း နီဗားနား အိက်စ်တွေ အပြည့်အဝ ဖြန့်ကျက်ဖို့ ပြင်ဆင်ထားဖို့ အကြောင်းကြားထားပြီးပါပြီ"
မနှစ်ကတည်းက ယခုအချိန်အထိ တစ်နှစ်ပတ်လုံး လုံထန်လုပ်ငန်းစုသည် တန်ရွမ်စနစ်ကို ကြော်ငြာရန် တစ်ကြိမ်တစ်ခါမျှ လက်မလျှော့ခဲ့၊၊ အပလီကေးရှင်းပိုင်းတွင်လည်း လုန့်ထန်းနည်းပညာကုမ္ပဏီနှင့် လုံထန်ဂိမ်းကုမ္ပဏီတို့ကတင် အနည်းဆုံး တစ်ထောင်ကျော် ပံ့ပိုးပေးထားသည်၊၊ အခြားသော အပလီကေးရှင်း ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း အထူးပြောစရာ မလိုတော့ပေ။
"တက်ဘလက် ကွန်ပျူတာ - ခိုင်ထျန်းအတွက် ပြင်ဆင်မှုတွေရော ဘယ်လိုလဲ"
လင်းဖန်က ထက်မြက်သည့် အကြည့်များဖြင့် ဆက်မေးလိုက်သည်။
"ဒီဈေးကွက်က ဖုန်းနဲ့ ကွန်ပျူတာ ကြားထဲမှာ ရှိတာပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်မကြီးသလို သိပ်လည်း မသေးပါဘူး၊ ဒါပေမဲ့ ကမ္ဘာပေါ်က နာမည်ကြီး မိုဘိုင်းဖုန်းကုမ္ပဏီတွေ အားလုံး ဒီထဲမှာ ရှိနေကြတာ၊ ကျုပ်တို့ လုံထန် အနေနဲ့ သူများနောက်ကျလို့ မဖြစ်ဘူး၊၊"
"ခိုင်ထျန်း အနေနဲ့ ဈေးကွက်တစ်ခုလုံးကို မသိမ်းပိုက်နိုင်ရင်တောင် အနည်းဆုံးတော့ ကောင်းမွန်တဲ့ အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်ရမယ်၊၊"
တစ်ကမ္ဘာလုံးကို ကြည့်လိုက်လျှင် နီဗားနားဖုန်းများသည် တောင်အာရှ၊ အရှေ့အာရှ၊ အနောက်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများအထိ ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်၊၊
သို့သော် တက်ဘလက် ကွန်ပျူတာမှာတော့ မတူညီ ဈေးကွက်သဘာဝအရ ကျဉ်းမြောင်းသည်၊၊ လူဆယ်ယောက်တွင် တစ်ယောက် တက်ဘလက် ဝယ်သည်ဆိုလျှင်ပင် အမြင့်ဆုံး အချိုးအစား ဖြစ်ူသည်၊၊ အထူးသဖြင့် စမတ်ဖုန်းလောကတွင် ဖုန်းမျက်နှာပြင်များ ပို၍ ပို၍ ကြီးမားလာသော ယနေ့ခေတ်တွင် ပို၍ သိသာသည်၊၊
မည်သို့ပင်ဖြစ်စေ ဈေးကွက်ရှိနေသရွေ့ မည်သည့်ဖုန်းကုမ္ပဏီမှ လက်လွှတ်မည် မဟုတ်ပါ၊၊ Apple၊ Huawei (Warwick)၊ Samsung (Four Star) စသည့် ကုမ္ပဏီကြီးများထဲမှ မည်သူက ရှုံးနိမ့်ဖူးပါသနည်း၊၊
တိုက်ရိုက်ပြောရလျှင် တက်ဘလက် ကွန်ပျူတာများသည်လည်း ကွန်ပျူတာ အမျိုးအစားတစ်ခုပင် ဖြစ်သည်၊၊ အကယ်၍ ၎င်းတို့ကို အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပါက လုန့်ထန်းလုပ်ငန်းစုအတွက် လက်ပ်တော့နှင့် ဒက်စတော့ ကွန်ပျူတာ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ရင့်ကျက်သော အတွေ့အကြုံများ ရရှိစေမည် ဖြစ်သည်၊၊
ကျန်းဖန်က ခေါင်းညှိမ့်ကာ ရိုသေစွာ ပြန်ဖြေလိုက်သည်၊၊
တစ်ချိန်တည်းမှာပင် ဟောင်ကောင် တောင်ပိုင်းခရိုင်၊ ရွှေတောက်ဝမ်လမ်း၊ အမှတ် ၇၉ တွင် ဖြစ်သည်၊၊
၎င်းမှာ စတုရန်းမီတာ ၅၀၀ ကျော် ကျယ်ဝန်းသော အိမ်ရာကြီးတစ်ခု ဖြစ်ပြီး နောက်ကျောတွင် စိမ်းလန်းသော တောင်တန်းများရှိပြီး ရှေ့တွင် ပင်လယ်ကို မျက်နှာမူထားသည်၊၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်ပြီး ငှက်သံလေးများ၊ ပန်းရနံ့များဖြင့် အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှသည်၊၊
ဤအိမ်ရာကြီးတွင် ဆက်သွယ်ထားသော ၄ ထပ်မြင့် ဥရောပစတိုင် အဆောက်အအုံ သုံးလုံး ပါဝင်သည်၊၊ ၎င်းတို့အနက် အလယ်က အဆောက်အအုံ၏ အကျယ်ဆုံးသော တတိယထပ်မှာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်း၏ စာကြည့်ခန်း ဖြစ်သည်၊၊
"မင်း ပြည်မကြီးက လုပ်ငန်းစုတစ်ခုနဲ့ ပူးပေါင်းနေတယ်လို့ ငါ ကြားတယ်"
ထိုအချိန်တွင် လီကျားချန်သည် သူ့ရှေ့ရှိ သားဖြစ်သူကို ကြည့်ကာ မေးလိုက်သည်၊၊ သူ၏ မျက်ဝန်းများတွင် ပညာရှိတစ်ဦး၏ အရိပ်အယောင်များ ပေါ်လွင်နေသည်၊၊
"ဗျာ"
လီကျဲခိုင်သည် သူ့ဖခင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်၊၊ သူ၏ မှတ်ဉာဏ်ထဲတွင် ဖခင်ဖြစ်သူမှာ သူ့ကိစ္စများကို စိတ်ဝင်တစား မေးမြန်းလေ့ မရှိပေ၊၊
"မင်း ကျင်းတုန်မောလ် အကြောင်း ကြားဖူးမှာပေါ့"
လီကြားချန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါသည်၊၊
"အဲဒီ အီးကောမတ်စ် (e-commerce) ကုမ္ပဏီကြီးလား"
လီကျဲခိုင်မှာ အံ့သြသွားသည်၊၊ သူသည် ကျင့်တုန်နှင့် တိုက်ရိုက် အဆက်အသွယ် မရှိသော်လည်း အလီဘာဘာ (Alibaba) နှင့် ယှဉ်နိုင်သည့် တရုတ်ပြည်၏ တစ်ခုတည်းသော အီးကောမတ်စ် အဖွဲ့အစည်းအကြောင်းကိုတော့ ကောင်းစွာ နားလည်ထားသည်၊၊
လယ်သမားမိသားစုမှ ပေါက်ဖွားလာသော လျူယွီတုန်သည် ဆယ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်တွင် ထူးခြားသော၊ ကိုယ်ပိုင်စီမံသည့် အီးကောမတ်စ် ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်၊၊ ၎င်းမှာ Amazon သို့မဟုတ် Ali တို့နှင့် လုံးဝကွဲပြားသော နယ်ပယ်တစ်ခု ဖြစ်သည်၊၊
ဤအချက်မှာ သူကဲ့သို့သော ချမ်းသာသည့် ဒုတိယမျိုးဆက် တစ်ဦးအတွက် လေးစားစရာ ဖြစ်နေပါသည်၊၊
သို့သော် လီကျဲခိုင်မှာ ပို၍ ဝေခွဲမရ ဖြစ်နေပါသည်၊၊ ဖခင်ဖြစ်သူက တစ်ဖက်တွင် လုံထန်လုပ်ငန်းစု၊ နောက်တစ်ဖက်တွင် ကျင်းတုန်လုပ်ငန်းစု... ၎င်းတို့ကြားတွင် ဘာပတ်သက်မှု ရှိနေသနည်း၊၊
"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျင်းတုန်လုပ်ငန်းစုရဲ့ အကြီးအကဲ လျူယွီတုန်နဲ့ပင်ဂွင်း (Penguin) လုပ်ငန်းစု ဥက္ကဋ္ဌ မာဟွာထန်တို့ ငါ့ဆီ ကိုယ်တိုင်လာခဲ့ကြတယ် သူတို့အသစ်စတင်မယ့် ကုမ္ပဏီတစ်ခုမှာ ပါဝင်ဖို့ ငါ့ကို ဖိတ်ခေါ်ကြတယ်"
လီကျားချန်က တည်ငြိမ်သည့် မျက်ဝန်းများဖြင့် ဆက်ပြောလညသည်။
"အဲဒီ ကုမ္ပဏီသစ်ကို လုံထန်လုပ်ငန်းစု ဥက္ကဋ္ဌ လင်းဖန် ကိုယ်တိုင် တည်ထောင်ထားတာ"
"ဘာ..."
လီကျဲခိုင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားရသည်၊၊ ဤကုမ္ပဏီ သုံးခုစလုံးမှာ အီးကောမတ်စ်၊ လူမှုကွန်ရက်နှင့် မိုဘိုင်းဖုန်း နယ်ပယ်သုံးခုကို စိုးမိုးထားသည့် တရုတ်ပြည်၏ ဘီလူးကြီးများ ဖြစ်ကြပြီး ၎င်းတို့ သုံးဦး ပူးပေါင်းတည်ထောင်သည့် ကုမ္ပဏီမှာ မည်မျှအထိ အစွမ်းထက်မည်နည်း၊၊
အရေးကြီးဆုံးအချက်မှာ ထိုကုမ္ပဏီက သူ၏ ဖခင်ဖြစ်သူကိုပါ ပါဝင်ရန် ဖိတ်ခေါ်နေခြင်းမှာ အတော်ပင် တုန်လှုပ်စရာ ကောင်းလှသည်၊၊
"အဲဒီ ကုမ္ပဏီနာမည်က ကျိဖုပေါင်တဲ့၊ အနှစ်သာရအားဖြင့် အလီဘာဘာရဲ့ ရှိပေါင်နဲ့ အတူတူပါပဲ၊ ငါ ဒီကိစ္စကို အတော်လေး စိတ်ဝင်စားတယ်"
လီကျားချန်သည် ၂၀ ရာစု အစောပိုင်းတွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း သူ၏ စီးပွားရေးအမြင်မှာ နောက်ကျကျန်မနေပေ၊၊ စီးပွားရေး အခွင့်အလမ်းများကို တိကျစွာ ဆုပ်ကိုင်နိုင်ခြင်းကြောင့်သာ သူက တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်၊၊
သူ့အတွက် ယခုအချိန်တွင် ငွေကြေးမှာ အရေးကြီးဆုံး မဟုတ်တော့ချေ၊၊
အရေးကြီးသည်မှာ အခြေအနေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် လက်နက်တစ်ခု ရှိနေဖို့ ဖြစ်သည်၊၊ သို့မှသာ လီမိသားစုကို မည်သူမှ လွယ်လွယ်နှင့် လက်လှမ်းမရဲကြမည် ဖြစ်သည်၊၊ ကမ္ဘာပေါ်တွင် တရုတ်လူမျိုးများ အားကောင်းသော ယှဉ်ပြိုင်နိုင်စွမ်း မရှိရခြင်းမှာ မော်ဂန်နှင့် ရော့ဖဲလားမိသားစုများကဲ့သို့ ရာစုနှစ်ချီ ခိုင်မာသော မိသားစုများ မရှိခြင်းကြောင့် ဖြစ်သည်၊၊
ထို့ကြောင့် ခိုင်မာသည့်အခြေခံအုတ်မြစ် မရှိလျှင် ကမ္ဘာ့အခြေအနေအပေါ် လွှမ်းမိုးမှုကြီးကြီးမားမား ရှိရန် ခက်ခဲသည်၊၊
သို့သော် ကျိဖုပေါင်က သူ့ကို မျှော်လင့်ချက် ပေးလာသည်၊၊ ထို့ကြောင့် သူ့အနေဖြင့် သားဖြစ်သူကို ဤမျှ လေးလေးနက်နက် မေးမြန်းနေခြင်း ဖြစ်သည်၊၊
....................................................
***