"အဖေ... လုံထန်လုပ်ငန်းစုက ကျိဖုပေါင်ကို လွှမ်းမိုးထားနိုင်တာက လုံထန်မှာ နီဗားနားရှိနေလို့ပဲ"
စီးပွားရေးအမြင် ထက်မြက်လှသည့် လီကျဲခိုင် က ဤလျှို့ဝှက်ချက်ကို ချက်ချင်းပင် မြင်လိုက်သည်၊၊
"လုံထန်လုပ်ငန်းစု ဥက္ကဋ္ဌကို မင်း ဘယ်လိုမြင်လဲ"
လီကျားချန်က သားဖြစ်သူကို မကြည့်ဘဲ မနေနိုင်တော့ပေ၊၊
လီကျဲခိုင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်ပါသည်။
"အဖေ... ကျွန်တော် သူ့ကို လူကိုယ်တိုင် မတွေ့ဖူးပေမဲ့ သူက တကယ်ကို ထူးခြားတဲ့သူ တစ်ယောက်ပါ၊၊"
"သူဟာ အသက် ၂၀ တောင်မပြည့်သေးခင်မှာ ဧရာမ လုံထန်လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တာပါ၊ နီဗားနားဖုန်းနဲ့ တန်ရွမ်စနစ်တွေကိုလည်း သူကိုယ်တိုင် တီထွင်ခဲ့တာလို့ ကြားတယ်၊ ဒါဟာ ဈေးကွက်ထဲက ဘယ်ဖုန်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်စေတယ်၊"
"တစ်နှစ်အတွင်းမှာတင် လုံထန်လုပ်ငန်းစုက နီဗားနားအိတ်နဲ့အတူ အလုံးရေ သန်းတစ်ထောင် (တစ်ဘီလီယံ) ရောင်းချနိုင်ခဲ့တယ်၊၊ Apple ဖြစ်ဖြစ်၊ Huawei ဖြစ်ဖြစ် သူတို့ရဲ့ ကနဦးစတင်မှုမှာ ဒီလောက်အထိ မယှဉ်နိုင်ခဲ့ကြဘူး၊၊"
ထိုစကားကို ကြားသောအခါ လီကျားချန်၏ မျက်ဝန်းများ ပြောင်းလဲသွားသည်၊၊
နှစ်ပေါင်းများစွာအတွင်း သားငယ် လီကျဲခိုင်၏ လုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာသလို သူ၏ အမြင်မှာလည်း ပို၍ မြင့်မားလာခဲ့သည်၊၊ လူနည်းစုကိုသာ သူက အထင်ကြီးတတ်ပြီး ယခုကဲ့သို့ ချီးကျူးစကားဆိုသည်မှာ...
တကယ်ကို ရှားပါးလှပါသည်။
"အဖေ... ကျွန်တော်က သူ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလူက တကယ့်ကို...."
လီကျဲခိုင်သည် ဖခင်၏ မျက်ဝန်းထဲက အဓိပ္ပာယ်ကို မသိသော်လည်း လင်းဖန်နှင့် ပတ်သက်၍ သူ လေးလေးနက်နက် ရှိနေမိသည်၊၊
အသက် ၁၉ နှစ်ဆိုသည်မှာ ထားပါဦး၊ ယခုအချိန်မှာပင် သူ၏ အောင်မြင်မှုများမှာ လင်းဖန်နှင့် ယှဉ်လျှင် အဝေးကြီးမှာ ကျန်နေသေးသည်၊၊
ကိုယ်ပိုင်တံဆိပ် စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ဆိုသည်မှာ မလွယ်ကူသလို လုံးဝလွတ်လပ်သော စမတ်ဖုန်းလည်ပတ်ရေးစနစ် တစ်ခုဆိုသည်မှာ ပို၍ပင် ခက်ခဲသည်၊၊
ငွေကြေးပိုင်းမှာလည်း လုံထန်လုပ်ငန်းစု၏ ဝင်ငွေတစ်ခုတည်းမှာပင် လင်းဖန်အတွက် နောင်ခြောက်လအတွင်း ဘီလီယံပေါင်းများစွာ သယ်ဆောင်လာပေးတော့မည် ဖြစ်သည်၊၊
အဆိုပါ ငွေကြေးအများစုကို ကုမ္ပဏီတိုးချဲ့ရန် အသုံးပြုမည် ဖြစ်သော်လည်း ၎င်းပမာဏမှာ လီကျဲခိုင်နှင့် ယှဉ်နိုင်သော အဆင့်မှာ မဟုတ်သေးပေ၊၊
တရုတ်ပြည်အတွင်းမှာဆိုလျှင် ဖခင်ဖြစ်သူ လီကျားချန် ကြွယ်ဝမှုကသာ လင်းဖန်ကို အသာစီးရနိုင်လိမ့်မည်၊၊
Alibaba၊ Tencent နှင့် ကျင်းတုန် (Jindong) တည်ထောင်သူများမှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်နေကြသော်လည်း လက်တွေ့တွင် ၎င်းတို့လက်ထဲ၌ ထိုမျှလောက် ငွေကြေးအင်အား မရှိသလို ဈေးကွက်တန်ဖိုး (Market Value) ဆိုသည်မှာလည်း အစစ်အမှန် မဟုတ်ပေ။
ဥပမာအားဖြင့် မာယွန်း (Ma Yun) သာ သူ၏ ရှယ်ယာများကို ရောင်းချလိုက်မည်ဆိုပါက Ali ၏ ဈေးကွက်တန်ဖိုးမှာ သေချာပေါက် ကျဆင်းသွားမည် ဖြစ်ပြီး မူလရှယ်ယာများကို ငွေသားအဖြစ် ထိုမျှအထိ ပြောင်းလဲနိုင်မလားဆိုသည်မှာ မသေချာပါ၊၊
သို့သော် လင်းဖန်ကတော့ မတူပါ၊၊ စက်မှုလုပ်ငန်းစုဖြစ်သော လုံထန်တွင် မြေယာများ၊ အဆောက်အအုံများ၊ စက်ပစ္စည်းများနှင့် စက်ရုံများ ရှိနေသဖြင့် ၎င်းတို့မှာ တန်ဖိုးတက်ရုံသာရှိပြီး ကျဆင်းသွားမည့် အိမ်ခြံမြေ ပစ္စည်းများ မဟုတ်တော့၊၊
"သူက ငါ့ထက်တောင် သာသေးတယ်"
ထိုအချိန်တွင် လီကျားချန်၏ မျက်ဝန်းများမှ အလင်းရောင်များ တောက်ပလာပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ငါသိသလောက်ဆိုရင် လုံထန်လုပ်ငန်းစုရဲ့ နောက်ကွယ်က ရှယ်ယာရှင်က ဖန်ထန်းရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး လင်းဖန် ကိုယ်တိုင်က အဲဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ရာနှုန်းပြည့် ပိုင်ရှင်ပဲ၊"
"အဖေ... အဲဒါက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုပဲလေ၊ အဖေ သူ့ကို အထင်ကြီးလွန်းနေပြီ ထင်တယ်၊၊"
လီကျဲခိုင်သည် လင်းဖန်ကို လေးစားသော်လည်း ဖခင်ဖြစ်သူက မိမိကိုယ်ကို လင်းဖန်ထက် နိမ့်ကျသည်ဟု ပြောသောအခါ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်၊၊
ဘာပဲဖြစ်ဖြစ် လီမိသားစုမှာ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သလို ဗြိတိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ဈေးကွက် သုံးပုံတစ်ပုံ၊ ဆက်သွယ်ရေးဈေးကွက် ထက်ဝက်နီးပါး၊ လျှပ်စစ်ဈေးကွက် ၂၅ ရာခိုင်နှုန်းနှင့် ဆိပ်ကမ်းများ၏ ၃၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်၊၊
ကြွယ်ဝမှုအပိုင်းတွင် ရော့သ်ချိုင်း (Rothschild) မိသားစု၊ မော်ဂန် (Morgan) နှင့် ရော့ကဖဲလား (Rockefeller) ကဲ့သို့သော လျှို့ဝှက်ငွေကြေးအဖွဲ့အစည်းများမှလွဲလျှင် ကမ္ဘာပေါ်တွင် ၎င်းတို့နှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်၊၊
"မိုက်မဲလိုက်တာ"
ထိုစကားကို ကြားသောအခါ လီကြားချန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး ဆုံးမသည့်လေသံဖြင့် ပြောလိုက်ပါသည်။
"တရုတ်စကားပုံတစ်ခု ရှိတယ်၊ လူငယ်တစ်ယောက်ရဲ့ ဆင်းရဲမှုကို မစော်ကားနဲ့တဲ့၊ ဒါ့အပြင် သူက ဆင်းရဲတဲ့ လူငယ်တစ်ယောက် မဟုတ်တော့ဘူး၊၊"
"ကျန်းလင်ဇာတိဖြစ်တဲ့ လင်းဖန်ဟာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝိဇ္ဇာဘာသာရပ်နဲ့ အမှတ်အများဆုံး ရရှိခဲ့တယ် ဒါ့အပြင် ဇွန်လမှာ သူက ပဲပိစပ် အနာဂတ်ဈေးကွက်ထဲကို ယွမ် ၁.၂ ဘီလီယံနဲ့ ဝင်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် အနည်းဆုံး ယွမ် ၄၀ ဘီလီယံ အမြတ်ရခဲ့တယ်"
"အဲဒီလထဲမှာပဲ သူဟာ ကနဦးအရင်းအနှီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့ နိုင်ငံတကာ ရေနံဈေးကွက်ထဲကို ဝင်ရောက်ပြီး အနိမ့်ဆုံးဈေးနဲ့ ရေနံတွေ အများကြီး ဝယ်ယူခဲ့တယ်၊ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အားလုံးကို ပြန်လည်ရောင်းချခဲ့ပြီး အနည်းဆုံး ဒေါ်လာ ၆ ဘီလီယံ အမြတ်ရခဲ့တယ်"
"ရက် ၂၀ မှာပဲ လင်းဖန်က ဒေါ်လာ ၁၀ ဘီလီယံကို အရင်းအနှီးလုပ်ပြီး နိုင်ငံတကာ ရွှေဈေးကွက်မှာ ရွှေတွေ အများကြီး ဝယ်ယူခဲ့ပြန်တယ်၊ အဲဒီလ ၂၉ ရက်နေ့မှာပဲ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလက်ထဲက ရွှေအားလုံးကို ပြန်ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ရခဲ့တယ်၊၊"
လီကျားချန်ကိုယ်တိုင် ချမ်းသာလာစဉ်ကပင် အသေးအဖွဲမှ စတင်ကာ တစ်ဆင့်ချင်း ချဲ့ထွင်ခဲ့ရခြင်း ဖြစ်သည်၊၊ Wharf War ၏ အကူအညီဖြင့် သန်းပေါင်းများစွာ အမြတ်ရခဲ့ပြီးမှ ထိုစဉ်က ဟောင်ကောင်တွင် အကြီးဆုံး အိမ်ခြံမြေနှင့် ဆိပ်ကမ်းကုမ္ပဏီဖြစ်သော Hutchison Whampoa ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်၊၊
သူသည် တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာရခြင်းမှာ စီးပွားရေးလုပ်ငန်းများတွင် အမြဲသတိထားတတ်ပြီး မည်သည့်ပြိုင်ဘက်ကိုမျှ အထင်မသေးတတ်ခြင်းကြောင့် ဖြစ်သည်၊၊
သို့သော် သူ အစိတ်ပျက်ဆုံးမှာ သူ၏သားမှာ အသက် ၅၀ ကျော်သည်အထိ စီးပွားရေးအခြေအနေကို နားမလည်နိုင်သေးခြင်း ဖြစ်ပါသည်၊၊
"ဟူး..."
ဤသတင်းများမှာ လီကျဲခိုင်ကို လုံးဝ မှင်တက်သွားစေသည်၊၊ ပြည်မကြီးမှ ဤလူငယ်ဘီလူးကြီးတွင် ဤမျှ ခိုင်မာသော နောက်ခံသမိုင်းကြောင်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့၊၊
"မင်းဘာသာ မင်း တွက်ကြည့်လိုက် ဇွန်လကုန်ကနေ သြဂုတ်လကုန်အထိ နှစ်လအတွင်းမှာ သူ့ရဲ့ ကြွယ်ဝမှုဟာ ယွမ် ၁.၂ ဘီလီယံကနေ ယွမ် ၄၀ ဘီလီယံအထိ၊ အဲဒီနောက်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ (ယွမ် ၆၀၀ ဘီလီယံကျော်) အထိ တိုးပွားလာခဲ့တယ်"
လီကျားချန်၏ လေသံမှာ ပို၍ လေးနက်လာသည်။
"ပြီးတော့ လုံထန်လုပ်ငန်းစုက လပိုင်းအတွင်းမှာတင် တရုတ်စစ်တပ်နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ရရှိထားတယ်၊၊"
တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော လီကျားချန်တွင် အာရှတစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းအထိ ဖြန့်ကျက်ထားသော အဆက်အသွယ်ကွန်ရက်များ ရှိသည်၊၊ ပြည်မကြီး စီးပွားရေးလောကအတွင်းက သိမ်မွေ့သော လှုပ်ရှားမှုများကို သူ မသိရှိဘဲ မနေပေ၊၊
အမှန်စင်စစ် လီကျားချန်ကို အစိုးရိမ်ဆုံးဖြစ်စေသည်မှာ အပြင်ပန်းက အချက်အလက်များ မဟုတ်ဘဲ ဖုံးကွယ်ထားသည့် အရာများ ဖြစ်သည်၊၊ မိဘမဲ့တစ်ဦးဖြစ်သော လင်းဖန်သည် ပဲပိစပ်ဈေးကွက်တွင် ရင်းနှီးရန် ယွမ် ၁.၂ ဘီလီယံကို မည်သို့ ရရှိခဲ့သနည်း၊၊
ဤဈေးကွက်များကို ကစားခြင်းမှာ လူတစ်ယောက်တည်းနှင့် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါ၊၊ ရေနံနှင့် ရွှေဈေးကွက်များမှာ ပို၍ပင် ခက်ခဲသည်၊၊
ဤအရာအားလုံးက လင်းဖန်၏ နောက်ကွယ်တွင် ဧရာမ အဖွဲ့အစည်းကြီးတစ်ခု ရှိနေကြောင်း ပြသနေသော်လည်း လီကျားချန်သည် ထိုအဖွဲ့အစည်းနှင့် ပတ်သက်၍ သဲလွန်စကလေးတစ်ခုမျှပင် ရှာမတွေ့ခဲ့ပါ၊၊
၎င်းက လင်းဖန်၏ လျှို့ဝှက်နက်နဲမှုမှာ သာမန်လူများထက် များစွာ သာလွန်ကြောင်း သက်သေပြနေသည်၊၊
"အဖေ... အဖေက အကုန်လုံးကို အသေအချာ သိနေတာပဲ၊ ဘာလို့ ကျွန်တော့်ကို မေးနေသေးတာလဲ"
လီကျဲခိုင်မှာ ပို၍ပင် အံ့အားသင့်သွားပါသည်၊၊
"ဘာလို့လဲဆိုတော့ ဟောင်ကောင်တစ်ခုလုံးမှာ လုံထန်းလုပ်ငန်းစုနဲ့ မင်းထက် ပိုပြီး ထိတွေ့မှုရှိတဲ့သူ မရှိလို့ပဲ လင်းဖန်နဲ့ ပတ်သက်ရင် မင်းရဲ့ ခံစားချက်က ပိုပြီး တိုက်ရိုက်ကျလိမ့်မယ်လို့ ငါ ထင်တယ်၊၊"
သားဖြစ်သူ၏ ဝေခွဲမရသည့် မျက်လုံးများကို ကြည့်ကာ လီကြားချန်းက နိဂုံးချုပ်လိုက်သည်။
"သူက ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့ စီးပွားရေး ဘီလူးကြီး တစ်ယောက်ပဲ၊၊"
"အစကတည်းက ကျိဖုပေါင်ဆိုတာ ပရိယာယ်တစ်ခုပဲ၊ လူတိုင်းကို သူ့ဘေးမှာ ဝန်းရံစေပြီး သူ့ကို ကူညီတိုးတက်စေခြင်းအားဖြင့် လုံထန်ကို ကမ္ဘာ့ဘီလူးကြီး ဖြစ်လာမယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်တာပဲ"
"အနာဂတ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ လင်းဖန် ဖြစ်လာလိမ့်မယ်"
..............................................................
***