ခုနစ်ရက် အကြာမှာတော့၊ ကိစ္စ အဝဝကို ဖြေရှင်းပြီးတဲ့ ဂျူဟွာ နဲ့ ကျုံးမု တို့ဟာ နှင်းခဲလေရိုင်း မြို့တော် ကနေ ထွက်ခွာလာခဲ့ကြပါတယ်။
သူတို့ နှစ်ယောက်ဟာ ထျန်းကျိုး အဓိက ကမ္ဘာကြီးထဲမှာ တစ်နှစ်လောက် အေးအေးဆေးဆေး ခရီးသွားလာခဲ့ကြပြီးတဲ့ နောက်မှာတော့၊ အဲဒီ နေရာကနေ လက်ချင်းချိတ်ပြီး ထွက်ခွာသွားကြပါတော့တယ်။
လောကသုံးပါး ဟာ အရမ်းကို ကျယ်ဝန်းလွန်းလှပါတယ်။ တကယ်လို့ နေရာ အားလုံးကို ဖြတ်သန်းသွားလာချင်တယ် ဆိုရင်၊ နှစ်ပေါင်း သိန်းချီ၊ သန်းချီတောင် မလောက်နိုင်ပါဘူး။
ဒါပေမဲ့ ဂျူဟွာရဲ့ ဒီခရီးစဉ် အဓိက ရည်ရွယ်ချက် က ကပ်ဘေး ကျော်ဖြတ်ဖို့ စိတ်ချရတဲ့ နေရာတစ်ခု ရှာဖို့ ဖြစ်ပြီး၊ ခရီးသွားလာတယ် ဆိုတာကတော့ အပန်းဖြေမှု တစ်ခု သက်သက်ပါပဲ။ ဒါကြောင့် နှစ်အနည်းငယ် အတွင်းမှာတင်၊ ဂျူဟွာ ဟာ လွတ်လပ်သော နယ်မြေ အတွင်းက အဓိက ကမ္ဘာကြီး တစ်ရာ နီးပါးလောက်ကို ကျုံးမု နဲ့အတူ လှည့်လည် သွားလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့၊ သူတို့ နှစ်ယောက် ဟာ လွတ်လပ်သော နယ်မြေ ကနေ ထွက်ခွာခဲ့ကြပြီး၊ ပိုပြီး ဝေးကွာတဲ့ တခြား အဓိက ကမ္ဘာကြီး တွေဆီကို သွားရောက်ခဲ့ကြပါတော့တယ်...
ဆယ်နှစ် ကြာပြီးနောက်... သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး။
ဝှစ်။ ဝှစ်။
မျက်စိနဲ့ မမြင်နိုင်တဲ့ လှိုင်းဂယက်တွေ ထွက်ပေါ်လာပြီး၊ ဂျူဟွာ နဲ့ ကျုံးမု တို့ရဲ့ ပုံရိပ်တွေ ဟာ အလွန် မတ်စောက်တဲ့ တောင်ထိပ် တစ်ခုပေါ်မှာ ရုတ်တရက် ပေါ်ထွက်လာပါတယ်။
ဂျူဟွာက ကျုံးမု ကို တစ်ခုခု လှမ်းပြောလိုက်ပြီးတဲ့နောက်၊ သူက သူ့ရဲ့ နှလုံးသားအင်အားကို ဖြန့်ကျက်လိုက်ပါပြီ။ မျက်တောင်တစ်ခတ် အချိန် အတွင်းမှာတင်၊ မျက်စိနဲ့ မမြင်နိုင်တဲ့ နှလုံးသားအင်အား ဟာ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။
သိပ်မကြာခင်မှာပဲ၊ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး အတွင်းက ဖုံးကွယ်နေတဲ့ နေရာတချို့ ဟာ ဂျူဟွာရဲ့ စိတ်ထဲမှာ ပေါ်လာပါပြီ။
ဘယ်လို အင်အား မျိုးပဲ ဖြစ်ဖြစ်၊ စတုတ္ထအဆင့် ကို ရောက်သွားပြီ ဆိုရင်တော့ အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာတာပါပဲ။
နှလုံးသားအင်အား တတိယအဆင့် တုန်းက ထူးခြားမှု ဘာမှ မပြသနိုင်ခဲ့ပေမဲ့၊ နှလုံးသားအင်အား စတုတ္ထအဆင့် ကို ရောက်သွားတဲ့ အခါမှာတော့၊ ဂျူဟွာ လုပ်ခဲ့သလိုမျိုး အဓိက ကမ္ဘာကြီး တစ်ခုလုံးကို နှလုံးသားအင်အားနဲ့ မျက်စိတမှိတ် အချိန်အတွင်းမှာ လွှမ်းခြုံထားနိုင်ပါတယ်။
နှလုံးသားအင်အား ဟာ ပုံသဏ္ဍာန် မရှိပါဘူး။ ဂျူဟွာရဲ့ နှလုံးသားအင်အားနဲ့ အဆင့်တူတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ဆိုရင်၊ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီအင်အား ရှိနေတာကို လုံးဝကို သတိထားမိမှာ မဟုတ်ပါဘူး။
နှလုံးသားအင်အား က ဒီလောက် အသုံးဝင်တယ် ဆိုပေမဲ့၊ ဂျူဟွာက သူ့ရဲ့ နှလုံးသားအင်အားကို အလွယ်တကူ ထုတ်သုံးပြီး ထောက်လှမ်းမှာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အစစ်အမှန် နတ်ဘုရား နဲ့ တာအိုဖခင်ကြီးတွေ ရှိနေတဲ့ အဓိက ကမ္ဘာကြီး တွေမှာပေါ့။
ဘာပဲဖြစ်ဖြစ်၊ တချို့သော အစစ်အမှန် နတ်ဘုရား ဒါမှမဟုတ် တာအိုဖခင်ကြီး တွေရဲ့ နှလုံးသားအင်အား ဟာ ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တကယ်လို့ ဂျူဟွာရဲ့ ထောက်လှမ်းမှု ကိုသာ သူတို့ သိသွားမယ် ဆိုရင်၊ ပြဿနာ တက်နိုင်သေးတယ် မဟုတ်ပါလား။
ဒါပေမဲ့ ဒီ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး မှာတော့ ဂျူဟွာ အနေနဲ့ ဒီလို စိုးရိမ်စရာ မလိုပါဘူး။
လက်ရှိ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မဟာရှ ကမ္ဘာကြီး နဲ့ အနည်းငယ် ဆင်တူပါတယ်။ ဒီမှာလည်း မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေ ရှိနေပြီး၊ ကောင်းကင်နဲ့ မြေကြီး ကနေ မွေးဖွားလာတဲ့ ဖင်းဂေါ့ အများအပြား ဟာလည်း ဒီအဓိက ကမ္ဘာကြီး ထဲမှာ လှုပ်ရှား သွားလာနေကြတုန်းပါပဲ။
ဆင်တူတယ် ဆိုပေမဲ့၊ ဒီအဓိက ကမ္ဘာကြီး နှစ်ခု ကတော့ နောက်ဆုံးမှာ ကွာခြားခဲ့ကြပါတယ်။
မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အတွင်း၊ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး အတွင်းက အဓိက မျိုးနွယ်စုကြီး တွေဟာ အဆက်မပြတ် စစ်ခင်းနေခဲ့ကြပေမဲ့၊ ထိပ်တန်း အဆင့် မျိုးနွယ်စုကြီး အနည်းငယ် က အင်အား တူညီနေကြတဲ့ အတွက်၊ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး ဟာ မဟာရှ ကမ္ဘာကြီး လိုမျိုး အင်ပါရီယာ ပြည့်ရှင်တစ်ပါးလက်အောက်မှာ အပြည့်အဝ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပါဘူး။
တနည်းအားဖြင့် ပြောရရင်၊ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး မှာ ခွန်အား နဲ့ ကျောထောက်နောက်ခံ အင်အားကောင်းတဲ့ ရှအင်ပါယာ ပြည့်ရှင် လိုမျိုး ပုဂ္ဂိုလ်တစ်ဦး မရှိခဲ့လို့ပါပဲ။
ဒါ့အပြင် သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး က ဖင်းဂေါ့ တွေဟာ မဟာရှ ကမ္ဘာကြီး က ဖင်းဂေါ့ တွေထက် အများကြီး ပိုပြီး အေးအေးလူလူ နေနိုင်ကြပါတယ်။ သူတို့က လူသားမျိုးနွယ် ရဲ့ ရှင်းလင်း ဖယ်ရှားခြင်း ကို မခံရရုံတင် မကဘဲ၊ ဖင်းဂေါ့ နိုင်ငံတော် တစ်ခုကိုတောင် တည်ထောင်ထားနိုင်ခဲ့ပြီး၊ ဒီအဓိက ကမ္ဘာကြီး ရဲ့ နယ်မြေ သုံးပုံတစ်ပုံ နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ပြီးတော့ ဒါတွေ အားလုံးက အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်တဲ့၊ သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား ကြောင့်ပါပဲ။
သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား ဟာ လောကသုံးပါး စတင် ဖြစ်ပေါ်လာချိန် ကတည်းက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာခဲ့တာပါ။ သူ့ရဲ့ မွေးရာပါ ပါရမီ က ထူးကဲလှပြီး၊ နောက်ပိုင်းမှာ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တစ်ပါးဆီကနေ လမ်းညွှန်မှု ရခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ၊ သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား ဟာ အင်ပါရီယာ နတ်ဘုရား ကပ်ဘေး ကို ကျော်ဖြတ်ပြီး အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပါတယ်။
သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား ဟာ အင်ပါရီယာ နတ်ဘုရား တွေရဲ့ အထွတ်အထိပ် ကို ရောက်ဖို့ အများကြီး လိုသေးတယ် ဆိုပေမဲ့၊ သူက သာမန် အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ်တွေထက် အများကြီး ပိုအစွမ်းထက်ပါတယ်။ ဒါကြောင့်မို့လို့ပဲ သူက သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး အတွင်းက မရေမတွက်နိုင်တဲ့ ဖင်းဂေါ့ တွေကို ကာကွယ်ပေးနိုင်ခဲ့ပြီး၊ ဖင်းဂေါ့ နိုင်ငံတော် တစ်ခုကိုတောင် တည်ထောင်နိုင်ခဲ့တာပါ။
ဒီအဓိက ကမ္ဘာကြီး ကို သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး လို့ ခေါ်တာကလည်း ဒီ သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား ကြောင့်ပါပဲ။
သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူက အရမ်းကြီးတော့ မမောက်မာရဲပါဘူး။ သူ တည်ထောင်ထားတဲ့ ဖင်းဂေါ့ နိုင်ငံတော် က ဒီအဓိက ကမ္ဘာကြီး ရဲ့ နယ်မြေ သုံးပုံတစ်ပုံ ကိုသာ သိမ်းပိုက်ထားပါတယ်။
လောကသုံးပါး ရဲ့ အရှင်သခင် တွေက ဘာပဲပြောပြော လူသားမျိုးနွယ် တွေပဲလေ။
လူသားမျိုးနွယ် မှာ သူ့ကို နှိမ်နင်းနိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် ရှိနေပြီး တကယ်လို့ သွေးနီရောင်မီးလျှံ အင်ပါရီယာ နတ်ဘုရား သာ အရမ်း မောက်မာနေမယ် ဆိုရင် သူ့ရဲ့ ဖင်းဂေါ့ နိုင်ငံတော် လည်း မျက်စိတမှိတ် အချိန် အတွင်းမှာ ပျောက်ကွယ်သွားမှာပါ။
အဓိက ကမ္ဘာကြီး တစ်ခုရဲ့ နယ်မြေ သုံးပုံတစ်ပုံ ကို သိမ်းပိုက်ထားတာက လူသားမျိုးနွယ် သည်းခံနိုင်တဲ့ အကြမ်းဖျင်း အတိုင်းအတာပါပဲ။
...
ဂျူဟွာ ဟာ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး အတွင်းက ဖုံးကွယ်နေတဲ့ နေရာတွေကို တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုနေရင်း၊ သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေ အရောင်လက်သွားပါတယ်။
ဆယ်နှစ်တိုင်တိုင် ရှာဖွေပြီးတဲ့ နောက်မှာတော့၊ သူ ကပ်ဘေး ကျော်ဖြတ်ဖို့ အတွက် သင့်တော်တဲ့ နေရာတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့ပါပြီ။
"ယောကျ်ား... တစ်ခုခု တွေ့လို့လား"
ဂျူဟွာရဲ့ အမူအရာကို မြင်လိုက်ရတော့ ကျုံးမု က မမေးဘဲ မနေနိုင်အောင် ဖြစ်သွားပါတယ်။
ဂျူဟွာ နောက်ကနေ ဆယ်နှစ်တိုင်တိုင် လိုက်လာခဲ့တဲ့ အတွက်၊ ဂျူဟွာ ဆီမှာ အလွန် အစွမ်းထက်တဲ့ ထောက်လှမ်းရေး နည်းလမ်း တစ်ခု ရှိနေတယ် ဆိုတာကို ကျုံးမု ခပ်ရေးရေး ခံစားနေမိပါတယ်။ ဒီအချိန်မှာ သူ တစ်ခုခု ရှာတွေ့သွားပြီ ဆိုတာ သူမ သေချာပေါက် တွေးမိသွားပါပြီ။
"အင်း၊ အသစ်ဖြစ်တည်လာတဲ့ ကမ္ဘာငယ်လေးတစ်ခုကို ကိုယ် တွေ့လိုက်တယ်။ ဒီ ကမ္ဘာငယ်လေး ရဲ့ ဝင်ပေါက် က တည်ငြိမ်မှု မရှိသေးဘူး။ စကြဝဠာ မဟာတာအို ကို ကျွမ်းကျင်တဲ့ သူတွေကလွဲရင်၊ သာမန်လူ တွေ အတွက်ကတော့ အဲဒါကို ရှာတွေ့ဖို့တောင် ခက်ခဲလိမ့်မယ်။"
ဂျူဟွာက ပြုံးရွှင်စွာ ရှင်းပြလိုက်ပါတယ်။ အဲဒီနောက် သူက ဆက်ပြောလိုက်ပါပြီ။
"သွားရအောင်၊ ချစ်ဇနီးလေး မြင်ရင် သိသွားလိမ့်မယ်။"
"အင်း။"
ကျုံးမု ခေါင်းညိတ်လိုက်ပြီး၊ ဂျူဟွာရဲ့ လက်မောင်းကို ဖက်ထားလိုက်ပါတယ်။
ဝှစ်။
သူတို့ နှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ တစ်ခဏတာ မှုန်ဝါးသွားပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာတင် တောင်ထိပ်ပေါ်ကနေ ပျောက်ကွယ်သွားပါတော့တယ်။
ဂျူဟွာ နဲ့ ကျုံးမု တို့ရဲ့ ပုံရိပ်တွေ ပြန်ပေါ်လာတဲ့ အချိန်မှာတော့၊ သူတို့က လွင်ပြင် တစ်ခုပေါ်ကို ရောက်နေကြပါပြီ။
ဒီနေရာမှာတော့ ထူးဆန်းတဲ့ ကျောက်တုံးတွေက အပြည့်ရှိနေပြီး မြေမျက်နှာသွင်ပြင်ကလည်း ကြမ်းတမ်းပါတယ်။ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေပါတယ်။ အထက် ကောင်းကင်ယံ မှာတော့ ခပ်ရေးရေး ပျက်စီးခြင်း အငွေ့အသက်တွေ ရှိနေပါတယ်။ ဒါက တကယ်ကို အသစ်စက်စက် မွေးဖွားလာတဲ့ ကမ္ဘာငယ်လေး တစ်ခုပါပဲ။
"ဟင်းလင်းပြင် က ပုံမှန်ဆိုရင် အပြည့်အဝ ပိတ်ဆို့နေပြီး၊ ကောင်းကင်နဲ့ မြေကြီး ရဲ့ ဝိညာဉ်ကီစွမ်းအင် ကလည်း ပေါကြွယ်ဝတယ်။ ဒီနေရာက ကိုယ် ကပ်ဘေး ကျော်ဖြတ်ဖို့ နေရာ ဖြစ်လာလိမ့်မယ်။"
ဂျူဟွာက သူ့ရဲ့ နှလုံးသားအင်အား ကို သုံးပြီး ဒီဟင်းလင်းပြင် တစ်ခုလုံးကို အကြိမ်ကြိမ် စစ်ဆေးလိုက်ပါပြီ။ သူ့အပြင် တခြား ဘယ်သူမှ ဒီနေရာကို ရှာမတွေ့သေးဘူး ဆိုတာ သေချာသွားတဲ့ အခါမှာတော့၊ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
"ယောကျ်ား... ကပ်ဘေး ကျော်ဖြတ်တဲ့ အခါမှာ အစောင့်အရှောက်အဖြစ် လုပ်ပေးမယ့် သူတစ်ယောက် လိုအပ်တယ် လို့ ကျွန်မ ကြားဖူးတယ်။ ဒါပေမဲ့ ကျွန်မက..."
ကျုံးမု က စကားကို ဆက်မပြောတော့ပါဘူး။ ဂျူဟွာကလည်း သူမ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။
ဒါပေမဲ့ ဂျူဟွာ ကလည်း ကျုံးမု သူ့ကို စောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ကျုံးမု က ဝမ်ရှင်းသူတော်စင် အဆင့်မှာပဲ ရှိနေသေးတာလေ။ အသင့်အတင့် အစွမ်းရှိတဲ့ ဘယ်သူမဆို သူမကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ်။ ဒါဆို သူမက ဘယ်လိုလုပ် အစောင့်အရှောက် အဖြစ် တာဝန်ယူပေးနိုင်မှာလဲ။
"စိတ်မပူပါနဲ့၊ ကိုယ့်မှာ တခြား အစီအစဉ် ရှိပါတယ်။"
ဂျူဟွာက ပြုံးလိုက်ပြီး အဝေးကို လက်ညှိုး ထိုးပြလိုက်ပါတယ်။
အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အင်မော်တယ် နန်းတော် တစ်ခုက အဝေးမှာ ဆင်းသက်သွားပါပြီ။
"ဇနီးလေး... အထဲဝင်ပြီး အရင် နားနေလိုက်ဦး။"
ဂျူဟွာက ပြုံးရွှင်စွာ ပြောလိုက်ပါတယ်။
ကျုံးမု ခေါင်းညိတ်လိုက်ပြီး၊ ဂျူဟွာကို နှစ်ချက်လောက် ပြန်လှည့်ကြည့်ပြီးတဲ့ နောက်မှာတော့၊ အင်မော်တယ် နန်းတော် ဆီကို လျှောက်သွားပါတော့တယ်။
ကျုံးမု အင်မော်တယ် နန်းတော် ထဲကို ဝင်သွားတာကို ဂျူဟွာ စောင့်ကြည့်နေပါတယ်။ ခဏအကြာမှာတော့၊ သူ့ရဲ့ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး၊ သူလည်း အင်မော်တယ် နန်းတော် ထဲကို ဝင်သွားပါတယ်။
ဒါပေမဲ့ ဂျူဟွာ က ကျုံးမု ဆီကို သွားတာ မဟုတ်ပါဘူး။ သူက ဒီ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အင်မော်တယ် နန်းတော် ရဲ့ ဖုံးကွယ်နေတဲ့ တခြား အစိတ်အပိုင်း တစ်ခုဆီကို သွားနေတာပါ။ ဒီနေရာမှာလည်း အင်မော်တယ် နန်းတော် တစ်ခု ထပ်ရှိနေပါတယ်။
မိုးထိအောင် မြင့်မားနေတဲ့ ကြေးဝါတံခါးကြီး ကို ဖြတ်သန်းသွားပြီးတဲ့ နောက်မှာတော့၊ အဲဒီမှာ သူ့ကို စောင့်နေတဲ့ ဝက်ဝံဝါကြီး ကို ဂျူဟွာ မြင်တွေ့လိုက်ရပါတယ်။
"ဆရာကြီး။"
ဂျူဟွာက အရိုအသေ ပေးလိုက်ပါတယ်။
"မင်း အင်ပါရီယာ နတ်ဘုရား ကပ်ဘေး ကို ကျော်ဖြတ်တော့မလို့လား"
ဝက်ဝံဝါကြီး က မေးလိုက်ပါပြီ။
"ဟုတ်ကဲ့။"
ဂျူဟွာ ခေါင်းညိတ်လိုက်ပါတယ်။
"အင်း... အင်ပါရီယာ နတ်ဘုရား ကပ်ဘေး ကို မင်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီ ဆိုရင်၊ မင်းက ငါ့သခင် ရဲ့ အမည်ခံတပည့် တစ်ယောက် ဖြစ်လာပြီး၊ ငါ့ရဲ့ ကြယ်တာရာဖမ်း နန်းတော် အမွေအနှစ်ကိုဆက်ခံရရှိလာလိမ့်မယ်"
ဝက်ဝံဝါကြီး က ပြောလိုက်ပါတယ်။
ဂျူဟွာရဲ့ ကောင်းကင်အင်မော်တယ် ကပ်ဘေး ကျရှုံးခဲ့တာကနေ အခုဆိုရင် အနှစ်သုံးရာကျော်လေးပဲ ရှိသေးတယ် ဆိုပေမဲ့၊ ဝက်ဝံဝါကြီး က ဂျူဟွာကို ထပ်စောင့်ပါလို့ ဖျောင်းဖျမယ့် ရည်ရွယ်ချက် မရှိပါဘူး။
ဂျူဟွာ ဟာ အင်မော်တယ် နန်းတော် ကို အမြဲတမ်း ယူဆောင်သွားလေ့ ရှိသလို ဂျူဟွာရဲ့ အခြေအနေ ကိုလည်း ဝက်ဝံဝါကြီး က အတော်လေး ရှင်းရှင်းလင်းလင်း သိနေပါတယ်။
စတုတ္ထအဆင့် နှလုံးသားအင်အား၊ ဓားတာအို နဲ့ စကြဝဠာ မဟာတာအို တို့ကို အပြည့်အဝ နားလည် သဘောပေါက်ထားမှု၊ ပြီးတော့ အဲဒီနှစ်ခုရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစည်းခြင်း တွေ ရှိနေပါတယ်။ ဂျူဟွာအနေနဲ့ မြေကမ္ဘာအဆင့် ဖင်းဂေါ့ ခန္ဓာကိုယ်ပဲ ပိုင်ဆိုင်ထားသေးတယ် ဆိုပေမဲ့၊ အားနည်းတဲ့ အင်ပါရီယာ နတ်ဘုရား တွေတောင် သူ့ပြိုင်ဘက် ဖြစ်လာဖို့သိပ်မလွယ်တော့ပါဘူး။
ဒီလောက် အစွမ်းအစနဲ့ဆိုရင်၊ အင်ပါရီယာ နတ်ဘုရား ကပ်ဘေး ကျရှုံးမှာကို သူ ကြောက်နေစရာ လိုသေးလို့လား။
(မူရင်း စာရေးသူ အမှာ။ နှလုံးသားအင်အား စတုတ္ထအဆင့် ကို ရောက်သွားရင် အဓိက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်တယ် ဆိုတာ မူရင်း ဝတ္ထုထဲမှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။)
***