(စာကြွင်း - နှလုံးသားမိစ္ဆာသခင်ကြီးဆိုတာကတော့ အခု စာအုပ်ထဲက အသုံးအနှုန်းကို စာရေးသူ တိုက်ရိုက် ဘာသာပြန် သုံးနှုန်းထားတာပါ။ ဂျိနင်ထဲက ယွမ်အဘိုးအိုပါပဲ။)
ဂျူဟွာ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ၊ သူ့ရဲ့ နှလုံးသားမိစ္ဆာကပ်ဘေး ဟာ အလွန်ကို ကြောက်စရာ ကောင်းနေခဲ့ပါတယ်။
သူ့ရဲ့ နတ်ဘုရား ဝိညာဉ် ထဲက ပုံမှန် မဟုတ်တဲ့ အခြေအနေ တွေနဲ့၊ သူ့စိတ်ထဲက "ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ" ဝတ္ထုထဲက အကြောင်းအရာ တွေ အားလုံးက ပုံစံ အမျိုးမျိုး နဲ့ ထွက်ပေါ်လာကြပါတယ်။ ဒီလို နှလုံးသားမိစ္ဆာ မျိုးကို ရင်ဆိုင်ရတဲ့ အခါ၊ တကယ်လို့ ဂျူဟွာသာ နှလုံးသားအင်အား အရာမှာ တတိယအဆင့်ပဲ ရှိနေသေးတယ် ဆိုရင်၊ အခွင့်ကောင်း ယူခံရဖို့ အလားအလာ တကယ်ကို များပြားလွန်းပါတယ်။
ဒါပေမဲ့ ဂျူဟွာ ဟာ ဘာပဲဖြစ်ဖြစ် နှလုံးသားအင်အား စတုတ္ထအဆင့် ကို ရောက်နေတာလေ။ နှလုံးသားမိစ္ဆာ ကမ္ဘာကြီး က ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ ဒီအရာတွေ အားလုံးက အတုအယောင် တွေပဲ ဆိုတာကို သူက အမြဲတမ်း ရှင်းရှင်းလင်းလင်း သိနေပါတယ်။ အတုအယောင် တွေ ဖြစ်နေမှတော့၊ သူ့ကို ဘယ်လိုလုပ် အန္တရာယ် ပေးနိုင်မှာလဲ။
ဂျူဟွာကို အံ့ဩသွားစေတဲ့ တစ်ခုတည်းသော အရာ ကတော့၊ ဒီ နှလုံးသားမိစ္ဆာ ကပ်ဘေး ဟာ တခြား ဘယ် ပြင်ပ အရာတွေမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိတဲ့၊ အလွန်ကို သန့်စင်တဲ့ နှလုံးသားမိစ္ဆာ ကပ်ဘေး တစ်ခု ဖြစ်နေပုံ ရနေတာပါပဲ။
"ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ" ဝတ္ထုက တစ်ဆင့် ဂျူဟွာ ဟာ လျှို့ဝှက်ချက် အများအပြား ကို သိရှိခဲ့ပြီး၊ အဲဒီအထဲမှာ နှလုံးသား မိစ္ဆာသခင်ကြီးလို့ ခေါ်တဲ့ တည်ရှိမှု တစ်ခုလည်း ပါဝင်ပါတယ်။
နှလုံးသား မိစ္ဆာသခင်ကြီး ဟာ မူလက ဘိုးဘေးနတ်ဘုရား (ဝါ) အကြီးအကဲနတ်ဘုရား တစ်ပါး ဖြစ်ပြီး၊ ဘိုးဘေးနတ်ဘုရား တွေထဲမှာတောင် အလွန်ကို အစွမ်းထက်တဲ့ သူတစ်ယောက် ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ၊ ရှေးခေတ်ဟောင်း ကမ္ဘာပျက်ကပ် စစ်ပွဲကြီး အတွင်းမှာ နွီဝါ ဟာ ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ နှလုံးသား မိစ္ဆာသခင်ကြီးဟာ ရူးသွပ်စွာ ထွက်ပြေးနေရင်းနဲ့၊ အသစ် ဖြစ်တည်လာနေတဲ့ တတိယမြောက် မိုးကောင်းကင်တာအို ထဲမှာ နှလုံးသားမိစ္ဆာ တာအိုလည်း ပါဝင်နေတယ် ဆိုတာကို ရှာဖွေတွေ့ရှိ သွားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက် မဲ့နေတဲ့ အချိန်မှာ၊ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ အရာအားလုံးကို စွန့်လွှတ် အလောင်းအစား လုပ်ပြီး၊ လောကသုံးပါး ရဲ့ အသစ် ဖြစ်တည်လာတဲ့ မိုးကောင်းကင်တာအို ထဲကို သူ့ကိုယ်သူ ပေါင်းစည်းပစ်လိုက်ပါတော့တယ်။
နှလုံးသား မိစ္ဆာသခင်ကြီး ဟာ နှလုံးသားမိစ္ဆာ တာအို ထဲကို ပေါင်းစည်းသွားခဲ့ပါတယ်။ ဆိုလိုတာက၊ လောကသုံးပါး အတွင်းက မရေမတွက်နိုင်တဲ့ သက်ရှိ တွေထဲက ဘယ်သူမဆို ကပ်ဘေး ကျော်ဖြတ်တဲ့ အခါ၊ နောက်ဆုံး နှလုံးသားမိစ္ဆာ ကပ်ဘေး မှာ သူတို့ကို လှမ်းကြည့်နိုင်ပြီး၊ လွှမ်းမိုးမှု တောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေး သူ့မှာ ရှိနေတယ် ဆိုတာပါပဲ။ ကောင်းကင်အင်မော်တယ် ကပ်ဘေး လောက် ဆိုရင်တော့ ထားလိုက်ပါတော့၊ ဒါပေမဲ့ အင်ပါရီယာ နတ်ဘုရား ကပ်ဘေး လိုမျိုး ကြီးမားတဲ့ ကပ်ဘေး မျိုး ဆိုရင်တော့၊ သေချာ တွေးကြည့်ရင် နှလုံးသား မိစ္ဆာသခင်ကြီး က ဒီအတိုင်း လွှတ်ထားပေးမှာ မဟုတ်ပါဘူး။
ဒီ နှလုံးသားမိစ္ဆာ ကပ်ဘေး ကြောင့် နှလုံးသား မိစ္ဆာသခင်ကြီး က သူ့ရဲ့ လျှို့ဝှက်ချက် တချို့ကို လှမ်းကြည့်သွားနိုင်တယ် ဆိုတာကို ဂျူဟွာ ကြိုတင် ပြင်ဆင်ထားပြီးသားပါ။ သူ ဘာမှ တတ်နိုင်တာ မဟုတ်ဘူးလေ။ သူက မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှု ကပ်ဘေး ကို ကျော်ဖြတ်ချင်တယ် ဆိုရင်၊ နှလုံးသား မိစ္ဆာသခင်ကြီး ရဲ့ တည်ရှိမှု ကို မလွှဲမရှောင်သာ ရင်ဆိုင်ရမှာပါပဲ။
ဒါပေမဲ့ ဂျူဟွာ က အရမ်းကြီးတော့ မကြောက်ပါဘူး။ နှလုံးသား မိစ္ဆာသခင်ကြီး က မိုးကောင်းကင်တာအို ထဲကို ပေါင်းစည်းသွားတယ် ဆိုပေမဲ့၊ သူက မိုးကောင်းကင်တာအို ကို ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ သူကလည်း မိုးကောင်းကင်တာအို ရဲ့ စည်းမျဉ်း တွေကို လိုက်နာရပါတယ်။ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ အလွန်ဆုံး နှလုံးသားမိစ္ဆာ ကပ်ဘေး ကို အနည်းငယ် လွှမ်းမိုးနိုင်ရုံ လောက်ပဲ ရှိပြီး၊ နှလုံးသားမိစ္ဆာ ကပ်ဘေး ရဲ့ အခက်အခဲကို ရုတ်တရက် ကြီးမားသွားအောင်တော့ သူ မလုပ်နိုင်ပါဘူး။
ဒါ့အပြင် ဒီအချိန်မှာ ရှိနေတဲ့ လောကသုံးပါး ဟာ ဖင်းဂေါ့ ခေတ်ကာလမှာပဲ ရှိနေသေးပြီး၊ နောက်ထပ် နှစ်ပေါင်း သန်းရာချီ ကြာပြီးတဲ့ နောက်က လောကသုံးပါး နဲ့ မတူသေးပါဘူး။ အဲဒီ အချိန်တုန်းက လောကသုံးပါး အတွင်းက ဖင်းဂေါ့ တွေရဲ့ အရေအတွက် ဟာ ကြောက်ခမန်းလိလိ များပြားခဲ့ပြီး၊ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ ဖင်းဂေါ့ တွေ ကြားမှာ မရေမတွက်နိုင်တဲ့ စစ်ပွဲတွေ ဖြစ်ပွားလာစေဖို့ လျှို့ဝှက်စွာ သွေးထိုး လှုံ့ဆော်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်မှသာ နှလုံးသားမိစ္ဆာ တာအို ရဲ့ စွမ်းအား က မကြုံစဖူး အဆင့် တစ်ခုအထိ တိုးတက်လာပြီး၊ သူက မိုးကောင်းကင်တာအို ကနေ ရုန်းထွက်နိုင်မှာ ဖြစ်လို့ပါ။
ဒီအချိန်မှာတော့၊ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ မိုးကောင်းကင်တာအို ကနေ ရုန်းထွက်ဖို့ နေနေသာသာ၊ သူ့ကိုယ်သူ ပုံရိပ်ယောင် အဖြစ်တောင် ဖန်တီး မပြနိုင်သေးပါဘူး။ ဂျူဟွာရဲ့ လျှို့ဝှက်ချက် ကို သူ သိသွားရင်တောင်၊ သူ့စိတ်ထဲမှာပဲ သိမ်းထားနိုင်ပြီး ဘာမှ လုပ်လို့ ရမှာ မဟုတ်ပါဘူး။
အခု ဂျူဟွာ အလိုအပ်ဆုံး အရာက အချိန် ပါပဲ။ သူ့မှာ အချိန် အလုံအလောက် သာ ရှိမယ် ဆိုရင်၊ လောကသုံးပါး ရဲ့ ထိပ်တန်း အဆင့်အထိ ကျင့်ကြံနိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။ အဲဒီအချိန်ကျရင်၊ နှလုံးသား မိစ္ဆာသခင်ကြီး ပေါ်လာရင်တောင် သူ့ကို ဘာလုပ်နိုင်မှာလဲ။
ဂျူဟွာက နှလုံးသား မိစ္ဆာသခင်ကြီး ဟာ သူ့ရဲ့ လျှို့ဝှက်ချက် တချို့ကို ရှာဖွေတွေ့ရှိ သွားမယ့် အခြေအနေ ကို တွေးပူနေခဲ့တာပါ။ ဒီ နှလုံးသားမိစ္ဆာ ကပ်ဘေး မှာ နှလုံးသား မိစ္ဆာသခင်ကြီး က ပေါ်မလာခဲ့ဘူး ဆိုမှတော့၊ အဲဒီ အရာတွေ အားလုံးက ဖြစ်မလာနိုင်တော့ပါဘူး။
ဂျူဟွာရဲ့ နှလုံးသားအင်အား ဟာ စတုတ္ထအဆင့် ကို ရောက်နေပြီ ဖြစ်ပြီး၊ နှလုံးသားမိစ္ဆာ ကမ္ဘာ ထဲမှာ သူက အမြဲတမ်း ရှင်းလင်းတဲ့ စိတ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နှလုံးသားမိစ္ဆာ ကပ်ဘေး မှာ ပေါ်လာတဲ့ ဇာတ်ကောင်တွေ အားလုံးက သူ့ကိုယ်ပိုင် နှလုံးသား ကနေ မွေးဖွားလာတာ ဖြစ်ပြီး၊ ပြင်ပ အသိစိတ် ရဲ့ လွှမ်းမိုး ဝင်ရောက်လာမှု မျိုး လုံးဝ မရှိဘူး ဆိုတာကို သူ သိပါတယ်။ ဒါကြောင့် နှလုံးသား မိစ္ဆာသခင်ကြီး ဟာ လုံးဝ ပေါ်မလာခဲ့ဘူး လို့ သူ ကောက်ချက်ချ လိုက်ပါတော့တယ်...
ပြင်ပ ကမ္ဘာမှာ တစ်လ ကြာပြီးတဲ့ နောက်မှာတော့၊ ဂျူဟွာ ဟာ မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါပြီ။ နှလုံးသားမိစ္ဆာ ကပ်ဘေး ဟာ ဂျူဟွာ အတွက် အရမ်းကို ရိုးရှင်း လွယ်ကူလွန်း ခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူ့စိတ်က အဲဒီအပေါ်မှာ လုံးဝ မရှိတော့ပါဘူး။
"ဒါတော့ မဖြစ်သင့်ဘူးလေ။ ငါ အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာဖို့ ကပ်ဘေး ကျော်ဖြတ်တာက ကိစ္စသေးသေးလေး မှ မဟုတ်တာ။ နှလုံးသား မိစ္ဆာသခင်ကြီး က နည်းနည်းလေးတောင် အာရုံမစိုက်ဘူးလား"
ဂျူဟွာ အတွက်အနည်းငယ် ထူးဆန်းနေပေမဲ့၊ ခဏလောက် စဉ်းစားပြီးတဲ့ နောက် ဘာမှ စဉ်းစားလို့ မရတဲ့အတွက် ယာယီ လက်လျှော့လိုက်ပါတော့တယ်။
အများကြီး ဆက်မတွေးတော့ဘဲ၊ ဂျူဟွာ ဟာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ့ကိုယ်သူ အပြောင်းအလဲ တွေကို ခံစားကြည့်လိုက်ပါတယ်။
အင်ပါရီယာ နတ်ဘုရား ခန္ဓာကိုယ် ဟာ မြေကမ္ဘာ ဖင်းဂေါ့ ခန္ဓာကိုယ် ထက် အများကြီး ပိုအစွမ်းထက်ပါတယ်။ ဒါ့အပြင် သန့်စင်သောယန် ရွှေရောင်အလင်း မိုးကြိုး ကြောင့်၊ သူက အခုဆိုရင် ပြီးပြည့်စုံတဲ့ အင်ပါရီယာ နတ်ဘုရား ခန္ဓာကိုယ် တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပြီး၊ ဒါက အင်ပါရီယာ နတ်ဘုရား အများစု ကိုတောင် ကျော်လွန်နေပါပြီ။ သူ လက်သီးဆုပ် လိုက်တဲ့ အခါ၊ အဆုံးမရှိတဲ့ ခွန်အား တွေက သူ့ခန္ဓာကိုယ် ထဲကနေ ဖြာထွက်လာတာကို ချက်ချင်း ခံစားလိုက်ရပါတယ်။
သူ့ရဲ့ အင်ပါရီယာ နတ်ဘုရား ခန္ဓာကိုယ် အပြင်၊ သူ့ရဲ့ နတ်ဘုရား ဝိညာဉ် ကလည်း အဆပေါင်းများစွာ ပိုပြီး အစွမ်းထက် လာခဲ့ပါပြီ။
အစွမ်းထက်တဲ့ နတ်ဘုရား ဝိညာဉ် တစ်ခု ဆိုတာ ပိုမို လျင်မြန်တဲ့ ဦးနှောက် တွက်ချက်နိုင်စွမ်း ပိုင်ဆိုင်ထားတာကို ဆိုလိုတာပါ။ အခုကစပြီး တာအို ကို နားလည် သဘောပေါက်နိုင်တဲ့ အမြန်နှုန်း က အများကြီး တိုးတက်လာတော့မှာပါ။
"နောက်ဆုံးတော့ ငါ အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီပဲ။"
ဂျူဟွာ သက်ပြင်း ဖွဖွလေး ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးရာက မိုးကောင်းကင် ကပ်ဘေး ကျရှုံးခဲ့တဲ့ အချိန်တုန်းက၊ သူ အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာလိမ့်မယ်လို့ တွေးတောင် မတွေးကြည့်ခဲ့ဖူးပါဘူး။
သူက ကောင်းကင်အင်မော်တယ် တစ်ပါး မဖြစ်လာခဲ့ပေမဲ့၊ အင်ပါရီယာ နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပါတယ်။ အင်ပါရီယာ နတ်ဘုရား တွေနဲ့ ကောင်းကင်အင်မော်တယ် တွေက လုံးဝကို ကွဲပြားပါတယ်။ အင်ပါရီယာ နတ်ဘုရား တွေက သန့်စင်သောယန် အစစ်အမှန် အင်မော်တယ် တွေနဲ့ လုံးဝကို တန်းတူရည်တူ ရင်ဆိုင်နိုင်တာပါ။ ဒါ့အပြင် သူက စကြဝဠာဓား အင်အား ကို ကျွမ်းကျင် ပိုင်နိုင်ထားပြီး၊ သူ့ရဲ့ နှလုံးသားအင်အား ကလည်း စတုတ္ထအဆင့် မှာ ရှိနေတဲ့ အတွက်၊ သူက အင်ပါရီယာ နတ်ဘုရား တွေကြားထဲမှာ ကြီးမြတ်တဲ့ တန်ခိုးရှင် တစ်ပါး ဖြစ်နေပါပြီ။ "ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ" ဝတ္ထုထဲက ဖော်ပြချက်တွေ အရ ဆိုရင်၊ ရှအင်ပါရီယာ ပြည့်ရှင်တောင်မှ သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မှာပါ။
"မသိလိုက်တဲ့ အချိန်မှာပဲ ငါက မဟာရှ ကမ္ဘာကြီး မှာ အစွမ်းအထက်ဆုံး သူတစ်ယောက် ဖြစ်လာခဲ့ပြီပဲ။"
ဂျူဟွာ ပြုံးလိုက်ပါတယ်။ မဟာရှ ကမ္ဘာကြီး မှာ အစွမ်းအထက်ဆုံး သူ ဖြစ်လာတာက အဆုံးသတ် မဟုတ်သေးပါဘူး။ ဒါမှမဟုတ် သူ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်း က အခုမှ စတင်ရုံပဲ ရှိသေးတယ် လို့ ပြောရင်လည်း ရပါတယ်။
...
အင်ပါရီယာ နတ်ဘုရား ကပ်ဘေး ကို အခုလေးတင် အောင်မြင်စွာ ကျော်ဖြတ်ပြီးတဲ့ ဂျူဟွာ ဟာ ခန္ဓာကိုယ် ထဲက အပြောင်းအလဲ တွေကို တိတ်တဆိတ် ခံစားနေချိန်မှာ၊ သွေးနီရောင်မီးလျှံ အဓိက ကမ္ဘာကြီး နဲ့ အလွန် ဝေးကွာတဲ့ စကြ၀ဠာ ဟင်းလင်းပြင် တစ်ခု ထဲမှာတော့...
အလွန် ခမ်းနား ကြီးကျယ်တဲ့ နန်းတော်ကြီး တစ်ခုရဲ့ အတွင်းပိုင်း၊ အဓိက နေရာမှာတော့၊ မျက်နှာ မှုန်ဝါးဝါး နဲ့ အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ တစ်ပါး ဟာ တိတ်တဆိတ် တံခါးပိတ် ကျင့်ကြံနေပါတယ်။
ရုတ်တရက်၊ မျက်စိနဲ့ မမြင်နိုင်တဲ့ လှိုင်းဂယက် တစ်ခု ဆင်းသက်လာပါပြီ။
အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ က တစ်ခုခုကို ခံစားမိသွားပုံ ရပြီး၊ မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်ပါတယ်။
"ပုရှို့"
"..."
ခပ်သဲ့သဲ့ ခေါ်သံတွေ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး၊ အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ကြီး ရဲ့ နှလုံးသားထဲမှာ အံ့ဩမှု အရိပ်အယောင်လေး တစ်ခု ဖြတ်သန်းသွားပါတယ်။
"ဆရာ "
အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ က အကြိမ်အနည်းငယ် ပြန်ခေါ်ကြည့်ပေမဲ့၊ ဘယ်သူမှ ပြန်မထူးပါဘူး။
(စာကြွင်း ။ စာရေးသူ အနေနဲ့ သူ့ကို မိစ္ဆာခပ်သိမ်း သခင်ကြီးလား၊ အကြီးအကဲ မဟာသစ်ပင်လား ဆိုတာ သေချာ မမှတ်မိတော့ပါဘူး။ လောလောဆယ်အထိ မူရင်း စာရေးသူက သေချာ မရှင်းပြထားသေးလို့ပါ။)
အချိန် အတော်ကြာ ပြီးတဲ့ နောက်မှာတော့၊ အရင်က ခပ်သဲ့သဲ့ အသံ က ပြန်ပေါ်လာပြီး၊ မပြည့်စုံတဲ့ သတင်းစကား တချို့ကို သယ်ဆောင်လာပါတယ်။
နောက်ဆုံးမှာတော့ အသံ က လုံးဝ ပျောက်ကွယ်သွားပြီး၊ အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ ရဲ့ မျက်နှာအထက်မှာလည်း မသေချာ မရေရာတဲ့ အမူအရာ တွေ ထင်ဟပ်လာပါတော့တယ်။
"ဆရာ က မိုးကောင်းကင်တာအို ရဲ့ ချုပ်နှောင်မှု အောက်ကနေတောင် သတင်းစကား တစ်ခု ပေးပို့နိုင်လိမ့်မယ် လို့ ငါ ထင်မထားမိခဲ့ဘူး"
အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ က သူ့ဘာသာသူ ရေရွတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့အကြည့်တွေက နန်းတော်ကြီး ကို ဖောက်ထွင်းပြီး အဝေးကြီး ဆီကို ရောက်ရှိသွားခဲ့ပါပြီ။
"အဲဒီ လမ်းကြောင်း က ဝူကွမ် နယ်မြေမဟုတ်လား။ ဆရာ က ဘာကို ပြောချင်တာလဲ"
အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ ဟာ စုံစမ်းထောက်လှမ်းဖို့ အပြင်ထွက်တော့မလို ဟန်ပြင်လိုက်ပေမယ့် နောက်တစ်စက္ကန့်မှာပဲ ပြန်ရပ်တန့်သွားပါတယ်။
ရှေးခေတ်ဟောင်း ကမ္ဘာပျက်ကပ် စစ်ပွဲကြီး အပြီးမှာ၊ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ လောကသုံးပါး ထဲကနေ လွတ်မြောက်ဖို့ သူတို့ကို ဦးဆောင်ခဲ့ပြီးနောက် အဆုံးအစမရှိတဲ့ ပျက်စီးခြင်း စကြ၀ဠာကြီးထဲမှာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကျင်လည် သွားလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လောကသုံးပါးထဲ သူတို့ ပြန်ဝင်လာခဲ့ကြပါတယ်။ အခုချိန်မှာ လောကသုံးပါး အတွင်းက ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တချို့က သူတို့ကို လက်ခံတယ် ဆိုပေမဲ့၊ သူတို့ကို အပြည့်အဝ တော့ မယုံကြည်ကြပါဘူး။ သူ့ရဲ့ လှုပ်ရှားမှု တိုင်း က လောကသုံးပါး အတွင်းက ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တွေရဲ့ စောင့်ကြည့်မှု အောက်မှာ ရှိနေပါတယ်။
တကယ်လို့ သူသာ ဝူကွမ် နယ်မြေ ကို စုံစမ်းဖို့ သွားမယ် ဆိုရင်၊ လောကသုံးပါး အတွင်းက ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တွေကို သေချာပေါက် ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ ဝူကွမ် နယ်မြေ မှာ ဘာမှ မရှိဘူး ဆိုရင်တော့ ကိစ္စ မရှိပါဘူး။ ဒါပေမဲ့ တကယ်လို့များ တစ်ခုခု တကယ် ရှိနေခဲ့မယ် ဆိုရင်၊ လောကသုံးပါး အတွင်းက ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တွေကို သူ ဘယ်လိုလုပ် အလွယ်တကူ သိခွင့်ပေးနိုင်မှာလဲ။
"ကောင်းပြီလေ... ထျောင်းလု။"
(စာကြွင်း ။ ထျောင်းလု ကိုလည်း စာရေးသူ မမှတ်မိသေးပါဘူး။)
အနက်ရောင် ဝတ်ရုံဝတ် ဖင်းဂေါ့ က လှမ်းခေါ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ၊ အမှောင်ထု ထဲမှာ ပုန်းအောင်းနေတဲ့ ပုံရိပ် တစ်ခု ဟာ ပင်မခန်းမ ဆောင်ကြီး ထဲမှာ ပေါ်ထွက်လာပါတော့တယ်။
(မူရင်း စာရေးသူ အမှာ။ နှလုံးသား မိစ္ဆာသခင်ကြီး နဲ့ ပတ်သက်ပြီးတော့ ဒီလိုပါပဲ။ သူက နှလုံးသားမိစ္ဆာ တာအို ထဲကို ပေါင်းစည်းသွားတဲ့ အတွက်၊ နှလုံးသားမိစ္ဆာ ကပ်ဘေး မှာ သူ မလွှဲမရှောင်သာ ပါဝင်ပတ်သက် နေရမှာပါ။ ကပ်ဘေး ကျော်ဖြတ်မယ်ဆိုရင်တော့၊ သူ့ကို ရှောင်လွှဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဂျိနင် ရှိခဲ့တဲ့ အချိန်ကာလ ဟာ အခုချိန်ကနေ တွက်ရင် နှစ်ပေါင်း သန်းရာချီ ကွာဝေးပါတယ်။ ဒီ သန်းရာချီ ဆိုတာကို ခန့်မှန်းခြေ လို့ မထင်ပါနဲ့၊ ဒါက တကယ်ကို တစ်သန်း ကို တစ်သောင်း နဲ့ မြှောက်ထားတာပါ။ ပျက်စီးခြင်း စက်ဝိုင်းတစ်ခု ဆိုတာ နှစ်ပေါင်း တစ်သောင်းရှစ်ထောင် ဘီလီယံ ရှိပါတယ်။ နှစ်ပေါင်း သန်းရာချီ ဆိုတာ ဆယ်ပုံတစ်ပုံ တောင် မပြည့်ပါဘူး၊ ဒါက ချဲ့ကား ပြောနေတာ မဟုတ်ပါဘူး။
နှစ်ပေါင်း တစ်သောင်း အမြောက် တစ်သန်းအတွင်း အပြောင်းအလဲ တွေက အရမ်းကို ကြီးမားလွန်း ပါတယ်။ နှစ်ပေါင်း သန်းရာချီ ကြာပြီးတဲ့ နောက်မှာတော့၊ နှလုံးသား မိစ္ဆာသခင်ကြီး ဟာ နှလုံးသားမိစ္ဆာ တာအို ရဲ့ စွမ်းအား ကြီးမားလာမှု ကြောင့် သူ့ကိုယ်သူ ပုံရိပ်ယောင် ဖန်တီးနိုင်ပြီး ဖုန်းမော့ (စာကြွင်း - သူကတော မိစ္ဆာခပ်သိမ်းသခင်ကြီးဖြစ်ဖို့များပါတယ်။ မိစ္ဆာလေပြင်းဆိုတဲ့ အဓိပ္ပာယ်ရတာကြောင့်ပါ။) နဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ လောကသုံးပါး ဟာ အဲဒီ အဆင့်ကို ရောက်ဖို့ အများကြီး လိုသေးတာ သိသာပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆက်သွယ်ရေး စွမ်းရည် က ပိုအားနည်းနေတာ သဘာဝကျတယ် မဟုတ်လား။)
***