ကွေ့ရှအပျက်အယွင်းက အကြောင်းအကျိုး ဆက်နွယ်မှုအားလုံးကို ပိတ်ဆို့ထားသောကြောင့်၊ ကျွင်းရှောင်ယောက်က အင်မော်တယ်ယဇ်ပလ္လင်ကို ဖွင့်လိုက်သောကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများဟာ နယ်မြေအနှံ့ကို ပျံ့နှံ့မသွားခဲ့ပါ။
သို့သော်လည်း ကောင်းကင်ကိုးပါးမှ မှန်းဆမရနိုင်သော တည်ရှိမှုတချို့ကတော့ အာရုံခံမိခဲ့ကြသည်။
ထို့ပြင်၊ လူလေးယောက်အထိ အာရုံခံစားနိုင်ကြ၏။
၎င်းက အခြားသော ယဇ်ဆရာသခင် လေးပါးပင်။
ဟုတ်သည်၊ အရာရာတိုင်းမှာ ခြွင်းချက်ရှိ၏။
ကွေ့ရှအပျက်အယွင်းအတွင်း၌ ဤအခြေအနေကို သတိပြုမိသူတစ်ဦး ရှိနေသည်။
ကွေ့ရှအပျက်အယွင်း၏ တစ်နေရာတွင်...
ရဲ့ကူချန်က လေ့ကျင့်နေရာမှ အင်မော်တယ်ယဇ်ပလ္လင် ရှိရာဘက်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သူ့မျက်လုံးတွေထဲမှာ ထိန်းချုပ်လို့မရနိုင်သော အရောင်အဝါများ လက်ကနဲ ဖြစ်သွား၏။
ဒါက စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှလာသော ရန်လိုမှုတစ်ခုပင်။
"ယဇ်ဆရာသခင်..." ရဲ့ကူချန်က မသိစိတ်မှ အလိုအလျောက် ရေရွတ်လိုက်မိသည်။
သို့ရာတွင်၊ သူ ဘာကြောင့် ပြောလိုက်သလဲဆိုတာ သူကိုယ်တိုင်ပင် မသိပါ။
ဒါဟာ တုကူးဓားနတ်ဘုရား၏ ဆန္ဒက တီးတိုးပြောဆိုလိုက်ခြင်း ဖြစ်ပုံရသည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့လည်း အင်မော်တယ်ယဇ်ပလ္လင်၏ အပြောင်းအလဲကို အာရုံခံမိခဲ့ကြသည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ အင်မော်တယ်ယဇ်ပလ္လင်မှာ အပြောင်းအလဲတွေ ရှိနေတယ်။ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ပေါ်ထွက်လာတော့မယ့်ပုံပဲ၊ ငါ ဒါကို အပိုင်ရအောင် ယူရမယ်" သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်လုံးထဲမှာ အနိုင်ရရမည်ဆိုသော ယုံကြည်ချက်တို့ တောက်ပလာခဲ့သည်။
သူ၏ မာန်မာနက ကျွင်းရှောင်ယောက်၏ ဖိနှိပ်မှု ခံရတာကို လက်မခံနိုင်ပေ။
အကယ်၍ အင်မော်တယ်ယဇ်ပလ္လင်မှ ကြီးမားသော အခွင့်အလမ်းတစ်ခု ရခဲ့မည်ဆိုလျှင်...
သူဟာ ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်ပြီး ကောင်ကင်ကိုးပါး၏ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
ထို့အတူ၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့၏ မျက်လုံးထဲမှာလည်း ရည်မှန်းချက်တို့ ပြည့်နေခဲ့၏။
မည်သူမျှ ဒုတိယနေရာမှာ မနေလိုကြပေ။
သူတို့အားလုံးက တောင်ထိပ်မှာ ရှိနေချင်ကြသည်။
ထို့ကြောင့် သူတို့အားလုံးက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ကာ ဖိအားများကို အံတုရင်း အင်မော်တယ်ယဇ်ပလ္လင်ဆီကို လျှောက်လှမ်းနေကြတော့သည်။
အခြားတစ်ဖက်မှာ၊ အင်မော်တယ်ယဇ်ပလ္လင်ဘက်တွင်...
ယုံကြည်ခြင်း နတ်ဘုရားဓမ္မခန္ဓာက အင်မော်တယ်ယဇ်ပလ္လင်မှ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများကို စုပ်ယူပြီးပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က အသစ်တက်လာသော ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်သည့်အတွက် သွေးယဇ်ပူဇော်ခြင်း စွမ်းအားများကို စုပ်ယူရန် လိုအပ်ပေသည်။
ကျန်သော ယဇ်ဆရာသခင် လေးပါးကတော့ ဤစွမ်းအားများကို ပိုင်ဆိုင်ထားပြီးပြီ။
သူတို့က အင်မော်တယ်တံခါး ရောက်လာခြင်းကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရန်သာ လိုသည်။
ကျွင်းရှောင်ယောက်က သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို စုပ်ယူပြီးနောက် တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။
အမှောင်ထဲတွင်...
ကောင်းကင်ကိုးပါး၏ နေရာအသီးသီးမှ အားကောင်းသော အငွေ့အသက်လေးခုကို ခံစားမိ၏။
ထိုအငွေ့အသက် လေးခုက အလွန်ရှေးကျပြီး အစွမ်းထက်ကာ လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရ ခက်ခဲသည်။
ဒါက ကောင်းကင်ကိုးပါး၏ အထက်မှာ ရပ်တည်ပြီး သက်ရှိအပေါင်းကို အေးစက်စက်ဖြင့် ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်နေသော နတ်ဘုရားလေးပါးကဲ့သို့ပင်။
ကျွင်းရှောင်ယောက်က မသိစိတ်မှ ထိုစွမ်းအားစု လေးခုရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။
"သူတို့က..." ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးမှာ နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်၍ တားမြစ်နယ်မြေများ၏ တည်နေရာကို သူသည်။
ထိုထိတ်လန့်စရာကောင်းသော အငွေ့အသက် လေးခုက သက်ရှည်ကျွန်း၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်နှင့် သားရဲဂူတို့မှ အသီးသီးလာကြပေသည်။
ဆိုရလျှင်၊ ယဇ်ဆရာသခင် ငါးပါးထဲမှာ ကျွင်းမိသားစုမှလွဲ၍ ကျန်လေးပါးက တားမြစ်နယ်မြေများမှ ဖြစ်ကြသည်။
မူလက ပြန်လည်ဝင်စားခြင်းပင်လယ်၏ အမြင့်ဆုံး တားမြစ်တည်ရှိမှုသည် ပဉ္စမမြောက် ယဇ်ဆရာသခင်ဖြစ်သော်လည်း၊ အဆုံးမဲ့ဧကရာဇ်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကာ အိပ်မောကျသွားခြင်းကြောင့် ယဇ်ဆရာသခင် အဆင့်အတန်းကို ဆုံးရှုံးခဲ့ရသည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က ခံစားရသည်။
သက်ရှည်ကျွန်းမှ တည်ရှိမှု၏ သွေးယဇ်ပူဇော်ခြင်း စွမ်းအားက တခြားသူများထက် ပိုပြီး အားကောင်းနေပုံပင်။
'ဒါက သက်ရှည်ကျွန်းက နာမည်ရင်းကို ထုတ်ဖော်မပြောနိုင်တဲ့ တည်ရှိမှုလား။ ကြည့်ရတာ အဲဒီလူက တကယ်ပဲ ပထမဆုံး ယဇ်ဆရာသခင် ဖြစ်ပုံရတယ်'
'မြင့်မြတ်ခန္ဓာ ကျိန်စာက အဲဒီလူနဲ့ တကယ်ပဲ ဆက်စပ်နေတာလား' ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
မြင့်မြတ်ခန္ဓာ၏ ကျိန်စာဟာ သက်ရှည်ကျွန်းမှလူနှင့် မပတ်သက်ဘူးဟုဆိုလျှင် ကျွင်းရှောင်ယောက် လုံးဝ မယုံပါ။
ထို့ထက်၊ ထိုသူမှာ ပထမဆုံး ယဇ်ဆရာသခင် ဖြစ်ခဲ့သည်။
နက်နဲသော ပဟေဠိအများစု၏ အဖြေကို ထိုလူဆီမှာ တွေ့နိုင်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက် နားလည်မှုရှိသည်။ သက်ရှည်ခြင်းကျွန်းမှ ထိုပုဂ္ဂိုလ်က လုံးဝကို မှန်းဆလို့မရနိုင်သောသူပင်။
နောက်ဆုံးတွင်၊ သူက ကောင်းကင်ကိုးပါး၏ ပထမဆုံး ယဇ်ဆရာသခင် ဖြစ်သည်။
'ထားပါ၊ အများကြီး မတွေးတော့ဘူး။ ဒီတစ်ခေါက် ငါ့ရဲ့ ရိတ်သိမ်းမှုက တကယ်ကို ကြီးမားလွန်းနေပြီ'
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။
သူကိုယ်တိုင်၏ တိုးတက်မှုထက် အရေးကြီးဆုံးက ယုံကြည်ခြင်း နတ်ဘုရားဓမ္မခန္ဓာဟာလည်း အပြည့်အဝ တိုးတက်သွားခြင်းပင်။
ဒါက အနာဂတ် မငြိမ်သက်မှုများတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။
'တကယ်လို့ ကြီးမားတဲ့မငြိမ်သက်မှုက နောက်ထပ် နှစ်ငါးရာလောက် နောက်ကျသွားမယ်ဆိုရင်... မဟုတ်သေးဘူး၊ နှစ်တစ်ရာလောက်ပဲ နောက်ကျရင်တောင် ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီမုန်တိုင်းကို လက်တစ်ဖက်တည်းနဲ့ ငြိမ်ဝပ်သွားအောင် လုပ်ဖို့ လုံလောက်တယ်' ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
ကံမကောင်းချင်တော့ လှုပ်ခတ်မှုကြီးက အလွန်စောစီးစွာ ရောက်လာပေတော့မည်။
နောက်ထပ် နှစ်တစ်ရာဆိုလျှင်...
ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာကို အားကိုးစရာမလိုဘဲ သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို လက်တစ်ဖက်တည်းနှင့် ဖိနှိပ်ထားနိုင်လိမ့်မည်။
နောက်ဆုံးတွင်၊ သူက ယခုမှ အသက် သုံးဆယ်ဝန်းကျင်သာ ရှိသေးသော်လည်း ဆန်းကြယ်ကောင်းကင်အဓိပတိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
အကယ်၍ သူ့ကို နောက်ထပ် နှစ်တစ်ရာခန့် အချိန်ပေးလိုက်လျှင် မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။
သို့သော်လည်း ဤလောကမှာ "အကယ်၍" ဆိုတာ မရှိပါ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က တစ်လှမ်းချင်းစီ လှမ်းသွားရုံသာ တတ်နိုင်သည်။
သူက သက်ရှည်ခြင်းနတ်ဘုရားမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"သက်ရှည်ခြင်းနတ်ဘုရားမ၊ နောက်တစ်ခုက ငါ မင်းကို ပြပွဲကောင်းတစ်ပွဲ ကြည့်ဖို့ ဖိတ်ခေါ်ချင်တယ်"
သူ့အပြုံးကိုကြည့်ရင်း သက်ရှည်ခြင်းနတ်ဘုရားမက သူ့ရင်ထဲမှာ အေးစိမ့်သွားသလို ခံစားလိုက်ရ၏။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ပင်။
သူကစားချင်သလို ကစားပြီးမှ နင်းချေပစ်မည့်ပုံရသည်။
ကျွင်းရှောင်ယောက်က ယခင်က သူပြောခဲ့သလို သက်ရှည်ခြင်းဧကရာဇ်သားတော်နှင့် တခြားသူများကို မြင့်မြတ်ခန္ဓာများ ခံစားရတာထက် ပိုပြီး နာကျင်စရာကောင်းသော အတွေ့အကြုံမျိုးကို ပေးချင်သည်။
တစ်ချိန်တည်းမှာပင်...
သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့က အင်မော်တယ်ယဇ်ပလ္လင်ဆီကို တဖြည်းဖြည်း ချဉ်းကပ်လာကြပြီ။
အင်မော်တယ်ယဇ်ပလ္လင်မှ ထုတ်လွှတ်နေသော ဖိအားက အလွန်ပြင်းထန်သောကြောင့် ထိပ်တန်း ပါရမီရှင်များသာ ဤနေရာကို ရောက်နိုင်ကြသည်။
လျိုချုံးယန်၊ ယွင်ထျန်းမေနှင့် အခြားသူများပင် ဤနေရာကို မရောက်နိုင်ကြပေ။
ရဲ့ကူချန်ကတော့ ဤနေရာကို မလာချင်သောကြောင့် မလာခြင်း ဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင် သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့သာ ဤနေရာမှာ စုမိကြတော့သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်နှင့် တောက်ဝမ်က တစ်လမ်းတည်း လာကြခြင်း ဖြစ်သည်။
ဝမ့်ယန်ကတော့ အခြားတစ်ဖက်မှ သီးခြားလာခဲ့၏။
ယခုအခါမှာတော့ သူတို့က တစ်ယောက်နှင့်တစ်ယောက် ဆုံမိသွားကြပြီ။
"ဝမ့်ယန်၊ မင်းက တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်နေခဲ့တာပဲ" ဝမ့်ယန်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များကို ခံစားမိသောအခါ သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်လုံးများက လေးနက်မှုတို့ ပေါ်လာသည်။
"မင်းလည်း အတူတူပါပဲ၊ မင်းရဲ့ အစွမ်းအစ အစစ်အမှန်ကို တစ်ခါမှ ထုတ်မပြခဲ့ဘူး မဟုတ်လား" ဝမ့်ယန်က အနည်းငယ် ပြုံးလိုက်သည်။
သူဟာ ယခင်က အလွန်ကို သိုသိုသိပ်သိပ် နေခဲ့သည်။ ကောင်းကင် နဂါးနှင့် ဖီးနစ် စာရင်းမှာလည်း အဆင့်တစ်ဆယ်သာ ရှိခဲ့၏။
သို့သော်လည်း သူ၏ စွမ်းအား အစစ်အမှန်က သက်ရှည်ခြင်းဧကရာဇ်သားတော်၏ နေရာကိုပင် စိန်ခေါ်နိုင်စွမ်း ရှိသည်။
"မင်းက ကျွင်းရှောင်ယောက်နဲ့ တိုက်ခိုက်ခဲ့ချိန်မှာ အခြေအနေ သိပ်မဟန်ဘူးလို့ ကြားတယ်" ဝမ့်ယန်က မသိဟန်ဆောင်ပြီး ပြောလိုက်သည်။
"ဟမ့်၊ အင်မော်တယ်ယဇ်ပလ္လင်ရဲ့ အခွင့်အလမ်းအတွက်မို့လို့ သူ့ကို အလျှော့ပေးထားတာပါ၊ ငါ့ရဲ့ စွမ်းအား အစစ်အမှန်ကိုလည်း ထုတ်မပြရသေးဘူး"
"ဒီဧကရာဇ်သားတော်သာ တကယ်တိုက်ခိုက်ရင် ကျွင်းရှောင်ယောက်က ခံနိုင်မှာမို့လား" သက်ရှည်ခြင်းဧကရာဇ်သားတော်က အေးစက်စက် ပြောလိုက်၏။
သူက ကောင်းကင် နဂါးနှင့်ဖီးနစ် စာရင်း၏ ခေါင်းဆောင်နေရာနှင့် ဂုဏ်သိက္ခာကို ဆက်ပြီး ထိန်းထားချင်သည်။
"ဪ... ဒါဆိုရင် အင်မော်တယ်ယဇ်ပလ္လင်ရဲ့ အခွင့်အလမ်းကို ဘယ်သူ ရမလဲဆိုတာ ကြည့်ကြတာပေါ့" ဝမ်ယန်က ခပ်ထေ့ထေ့ ပြုံးလိုက်သည်။
တကယ်တမ်းတွင်၊ သူက သက်ရှည်ခြင်းဧကရာဇ်သားတော်၏ ပထမနေရာကို အမြဲတမ်း မက်မောနေခဲ့သည်။
အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့က အသွင်မပြောင်းသေးလို့သာ အောင့်အည်းသီးခံနေရခြင်းပင်။
ထို့ကြောင့် သူဟာ သိုသိုသိပ်သိပ် နေခဲ့ခြင်း ဖြစ်သည်။
တစ်နေ့မှာ အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်မည့် အချိန်ကောင်းကို တိတ်ဆိတ်စွာ စောင့်နေခဲ့ပေသည်။
'အင်မော်တယ်ယဇ်ပလ္လင်မှာ ငါရရှိမဲ့ အခွင့်အလမ်းက သက်ရှည်ခြင်းဧကရာဇ်သားတော်ထက် သာလွန်သွားရင် သူ့ရဲ့ နံပါတ်တစ်နေရာကို ငါ ရမှာပဲ' ဝမ့်ယန်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်။
သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် သတိထားရင်း၊ အပြန်အလှန် စောင့်ကြည့်ရင်းမှ အင်မော်တယ်ယဇ်ပလ္လင်ဆီကို တစ်ပြိုင်နက်တည်း ဆက်လက်လျှောက်လှမ်းသွားကြလေသည်။
ရုတ်တရက်၊ သူတို့သုံးယောက်စလုံး ကြောင်အသွားပြီး မျက်လုံးအိမ်များလည်း ကျဉ်းမြောင်းသွားကြသည်။
"အင်မော်တယ်ယဇ်ပလ္လင်ကို တစ်ယောက်ယောက်က ကြိုဖွင့်ထားတာလား၊ ဒါ ဘယ်လိုဖြစ်တာလဲ"
ကောင်းကင်ကိုးပါး၏ ထိပ်တန်း ပါရမီရှင် သုံးယောက်စလုံး ဤအခိုက်တွင် အတိုင်းအဆမရှိ ထိတ်လန့်သွားကြ၏။
အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သော အင်မော်တယ်ယဇ်ပလ္လင်က အမှန်တကယ်ပဲ ပွင့်နေခဲ့ပြီ။
ထို့ပြင်၊ အင်မော်တယ်ယဇ်ပလ္လင်၏ ထိပ်ဆုံး ကြာပန်းပုံစံ နေရာမှာ ကြက်သွေးရောင် စွမ်းအင်များက လူးလွန့်လှုပ်ရှားနေကြသည်။
"အဲဒါက... ယဇ်ဆရာသခင်တွေပဲ ပိုင်ဆိုင်နိုင်တဲ့ သွေးယဇ်ပူဇော်ခြင်း စွမ်းအားလား"
ဤအခိုက်တွင်၊ သူတို့ သုံးယောက်လုံး အသက်ရှူရပ်သွားသလိုပင်။
သွေးယဇ်ပူဇော်ခြင်း စွမ်းအားက ယဇ်ဆရာသခင်များသာ ရရှိနိုင်သော စွမ်းအားမျိုး ဖြစ်သည်။
သူတို့ သုံးယောက် အံ့အားသင့်နေချိန်တွင် နတ်ဘုရားတစ်ပါးလို တီးတိုးစကားသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လူသုံးယောက်တောင် ဒီနေရာကို ရောက်လာနိုင်မယ်လို့ ငါအရှင် မထင်ထားခဲ့ဘူး..."
ထို့နောက်၊ ဟင်းလင်းပြင်ထဲမှ ကြီးမားလှသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
အပြစ်တရား၏ အလင်းများကလည်း ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပျံ့နှံ့နေသည်။
သက်ရှည်ခြင်းဧကရာဇ်သားတော် အပါအဝင် သုံးယောက်စလုံး သူတို့၏ ရင်ထဲမှလာသော တုန်လှုပ်မှုများကို မတောင့်ခံနိုင်ကြတော့ပေ။
"ယဇ်ဆရာသခင်..."