အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ ကျောက်လင်း လီမြစ် အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့သည်မှာ ဆယ်ရက်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။
ကျင်းပြည်နယ်အတွင်းရှိ အဓိက အခြေစိုက်စခန်း မြို့တော်များမှ ဆုတ်ခွာရမည့်အရေးကို မြို့ခံလူထုအားလုံး သိရှိသွားကြပြီ ဖြစ်သည်။ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် လူထုမှာလည်း လက်ရှိအခြေအနေမှန်ကို လက်ခံနိုင်ခဲ့ကြပြီး လိုအပ်သည်များကို ပြင်ဆင်ကာ ဆုတ်ခွာရမည့်အချိန်ကိုသာ စောင့်မျှော်နေကြတော့သည်။
ယွီဟွား အခြေစိုက်စခန်းတွင် ယခုအချိန်၌ အခြေစိုက်စခန်း၏ ပြင်ပတွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားလှပြီး မြို့ခံလူထုအားလုံးမှာ ထိုနေရာ၌ စုရုံးရောက်ရှိနေကြသည်။
တန်းစီစောင့်ဆိုင်းနေကြသော လူအုပ်ကြီးမှာ အလွန်ပင် ထူထပ်လှပြီး အဝေးတစ်နေရာအထိပင် လှမ်းမြင်နေရသည်။ ၎င်းအပြင် လူတိုင်းမှာ အထုပ်အပိုး အိတ်အကြီးစားများကို ကိုင်
ဆောင်ထားကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့တုန်လှုပ်မှုများနှင့်အတူ အနာဂတ်အတွက် ဝေခွဲမရဖြစ်နေသော သံသယများဖြင့် ပြည့်နှက်နေကြသည်။
လူအုပ်ကြီး၏ အပြင်ဘက်တွင်မူ တပ်ဖွဲ့မှာ တန်းစီနေရာယူထားပြီး ဖြစ်သည်။ ပြတ်သားသော မျက်နှာထားများရှိသည့် စစ်သည်များသည် အဖွဲ့အသီးသီး ခွဲဝေလျက် တိတ်ဆိတ်စွာ ရပ်တန့်နေကြသည်။
တပ်ဖွဲ့နှင့် လူထုအကြားတွင်မူ စစ်ဘက်ဆိုင်ရာ ယာဉ်များ၊ သံချပ်ကာကားများ၊ တင့်ကားများနှင့် စစ်သုံးထရပ်ကားများစွာ ရှိနေပြီး၊ စစ်သုံးထရပ်ကား အရေအတွက်မှာ အများဆုံး ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ယာဉ်များ၏ နောက်ဘက်တွင်မူ အရပ်ဘက်သုံး ဘတ်စ်ကားများနှင့် ကုန်
တင်ကားများစွာ ရှိနေပြီး ၎င်းတို့မှာ လူဦးရေအမြောက်အမြားနှင့် ကုန်ပစ္စည်းများကို သယ်ဆောင်ရန်အတွက် ဖြစ်သည်။ ထိုယာဉ်တန်းကြီးမှာ လမ်းတစ်လျှောက် တန်းစီနေကြရာ ယွီဟွား အခြေစိုက်စခန်း၏ အတွင်းပိုင်းအထိပင် နဂါးတစ်ကောင်ကဲ့သို့ ရှည်လျားစွာ တည်ရှိနေသည်။
ဤအချိန်တွင် တပ်ဖွဲ့နှင့် မြို့ခံလူထုနှစ်ရပ်လုံးမှာ စိုးရိမ်စိတ်များဖြင့် စောင့်မျှော်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ယွီဟွား အခြေစိုက်စခန်းအနေဖြင့် ကျင်းပြည်နယ်အတွင်းမှ စတင်ဆုတ်ခွာရမည့်နေ့ ဖြစ်သောကြောင့်ပင်။
မကြာမီမှာပင် အခြေစိုက်စခန်း၏ ခေါင်းဆောင်ကြီးသည် ကျောက်လင်း အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့်အတူ လူအုပ်ကြီး၏ ရှေ့ဆုံးသို့ ရောက်ရှိလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဆူညံနေသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သော အကြည့်များမှာ ခေါင်းဆောင်ကြီးရှိရာသို့ စုပြုံရောက်ရှိလာခဲ့ကြသည်။
လူအုပ်ကြီးကို စိုက်ကြည့်ရင်း အခြေစိုက်စခန်း၏ ခေါင်းဆောင်ကြီးက လေးနက်
တည်ငြိမ်သော လေသံဖြင့် ပြောခဲ့သည်။
"အားလုံးပဲ နားထောင်ပေးကြပါ။ အခုအချိန်ကစပြီး ကျွန်တော်တို့ရဲ့ ဆုတ်ခွာရေးလုပ်ငန်းစဉ်ကို တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မိမိတို့ တာဝန်ကျရာ နေရာအသီးသီးမှာ မြို့ခံပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အစွမ်းကုန် တာဝန်ယူပေးကြပါ။
မိဘပြည်သူများခင်ဗျား... အလောတကြီး တိုးဝှေ့တာမျိုး မလုပ်ဘဲ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်မှုအတိုင်း ယာဉ်ပေါ်ကို စနစ်တကျ တက်ရောက်ပေးကြပါ။ စိတ်မပူကြပါနဲ့ ဒီခရီးစဉ်က အေးအေးဆေးဆေး လုပ်ဆောင်သွားမှာဖြစ်လို့ အားလုံး စိတ်အေးလက်အေးနဲ့ လိုက်ပါနိုင်ပါတယ်ခင်ဗျာ"
ခေါင်းဆောင်ကြီး၏ မိန့်ခွန်းအဆုံးတွင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် မြို့ခံလူထုအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
သူတို့အနက် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် အလျင်မြန်ဆုံး လှုပ်ရှားခဲ့ကြပြီး စစ်သည်များနှင့် ဆင့်ကဲပြောင်းလဲသူများသည် အစွမ်းထက်သော စစ်သုံးယာဉ်များပေါ်သို့ အသီးသီး တက်ရောက်ခဲ့ကြသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်အားလုံးသည် သတ်မှတ်ထားသော နေရာများတွင် နေရာယူပြီးစီးခဲ့ကြသည်။
ထို့နောက် တင့်ကားများနှင့် သံချပ်ကာယာဉ်တန်းများသည် ရှေ့သို့ အလျင်အမြန် မောင်းနှင်
ထွက်ခွာသွားကြပြီး အရပ်မျက်နှာအနှံ့မှ ကာကွယ်စောင့်ရှောက်နိုင်ရန် ဖြန့်ခွဲကာ နေရာယူလိုက်ကြသည်။
သူတို့၏ နောက်ဘက်တွင်မူ လူအုပ်ကြီးမှာ တာဝန်ရှိသူများ၏ စနစ်တကျ လမ်းညွှန်မှုအောက်တွင် ထရပ်ကားများနှင့် ဘတ်စ်ကားများပေါ်သို့ အလျင်အမြန် တက်ရောက်နေကြသဖြင့် ပြင်ပတွင် ကျန်ရှိနေသော လူဦးရေမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် မြို့ခံလူထုအားလုံးသည် ယာဉ်များပေါ်သို့ ဘေးကင်းစွာ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
"ယူနစ်အားလုံး သတိပြုရန်... ယခုအချိန်မှစ၍ စတင်ထွက်ခွာနိုင်ပြီ"
ဝုန်း... ဝုန်း...
ဆက်သွယ်ရေးစက်များမှတစ်ဆင့် ခေါင်းဆောင်ကြီး၏ အမိန့်ပေးသံ ထွက်ပေါ်လာသောအခါ ရပ်တန့်နေသော ယာဉ်တန်းကြီးမှာ ရှေ့သို့ ဖြည်းညှင်းစွာ စတင်ရွေ့လျားခဲ့တော့သည်။
ယာဉ်တန်း၏ ရှေ့ဆုံးတွင် သံချပ်ကာကားများ၊ တင့်ကားအချို့နှင့် စစ်သုံးထရပ်ကား အမြောက်အမြား ပါဝင်ပြီး သူတို့၏ နောက်ဘက်တွင်မူ ခုခံနိုင်စွမ်း အားနည်းသော သာမန်အရပ်ဘက်သုံး ယာဉ်တန်းကြီးက လိုက်ပါလာခဲ့သည်။
ရှေ့ဆုံးမှ စစ်ဘက်ဆိုင်ရာ ယာဉ်တန်းကြီး စတင်ရွေ့လျားသည်နှင့် နောက်ဘက်မှ ရှည်လျားလှသော အရပ်ဘက်သုံး ယာဉ်တန်းကြီးမှာလည်း သဘာဝအလျောက် ဖြည်းညှင်းစွာ လိုက်ပါမောင်းနှင်ခဲ့ကြသည်။
ယာဉ်တန်းကြီး ရှေ့သို့ ဆက်လက်ရွေ့လျားလာသည်နှင့်အမျှ ဝဲယာတစ်ဖက်တစ်ချက်ရှိ သံချပ်ကာကားများနှင့် တင့်ကားများသည်လည်း အရပ်ဘက်သုံး ယာဉ်တန်းကို အနီးကပ်စောင့်ရှောက်ရန် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။
ဝီး... ဝုန်း...
ကောင်းကင်ယံထက်တွင်မူ ရဟတ်ယာဉ် သုံးစီးပါဝင်သော အဖွဲ့ငယ်လေးများသည် ယာဉ်တန်း၏ အထက်မှနေ၍ အရှိန်အဟုန်ဖြင့် ပျံသန်းကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စောင့်ကြည့်နေကြပြီး ဖြစ်ပေါ်လာနိုင်သော အန္တရာယ်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းရန် အသင့်ပြင်ထားကြသည်။
ရဟတ်ယာဉ်တစ်စီးပေါ်တွင်မူ ကျောက်လင်းသည် လီမြစ် အခြေစိုက်စခန်းရှိရာ အရပ်သို့ မှန်ပြတင်းပေါက်မှတစ်ဆင့် တိတ်ဆိတ်စွာ ငေးမောကြည့်ရှုနေခဲ့သည်။
"ချီချီလေး... လုချွမ်း... ငါတို့ကို စောင့်နေကြပါ။ ငါ သေချာပေါက် ပြန်လာခဲ့ပါ့မယ်"
...
လီမြစ် အခြေစိုက်စခန်း ဇွန်ဘီ မွေးမြူရေးစခန်း နံပါတ် ၁ တွင် လုချွမ်းသည် ဇွန်ဘီရုပ်သေးတပ်ဖွဲ့နှင့်အတူ တံတိုင်းများပေါ်တွင် ရပ်နေသည်။
နောက်တစ်ခဏ၌ အဆင့်မြင့် ဇွန်ဘီရုပ်သေး အမြောက်အမြားသည် မွေးမြူရေးစခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့ကြသည်။
မကြာမီမှာပင် ယခင်နည်းလမ်းအတိုင်း လုချွမ်းသည် သူ၏ ဆယ်ခုမြောက် အဆင့် ၅ ဇွန်ဘီရုပ်သေးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် ဤ တင့်ကားအမျိုးအစား အဆင့် ၅ ဇွန်ဘီရုပ်သေးသည် အဆင့်မြှင့်
တင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ဧရာမဇွန်ဘီ ၁ ၏ သွေးရောင်စက်လက်လျှာဖြင့် ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံလိုက်ရသဖြင့် ခေါင်းတစစီ ကြေမွသွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် သွေးများနှင့် ဦးနှောက်အစအနများသည် အရပ်မျက်နှာအနှံ့ လွင့်စင်သွားခဲ့ပြီး ညှီစို့စို့ သွေးနံ့များမှာလည်း ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းသွားခဲ့သည်။
ခေါင်းပြတ်သွားသော်လည်း ထိုအဆင့် ၅ ဇွန်ဘီရုပ်သေး၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးမှာ ခိုင်ခံ့စွာ မတ်တပ်ရပ်နေဆဲပင်။ မိနစ်အနည်းငယ်ကြာအောင် သတိလစ်တုန်ရီနေပြီးနောက်မှသာ အဆင့် ၅ ဇွန်ဘီရုပ်သေး၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲကျသွားခဲ့တော့သည်။
မကြာမီတွင်ပင် လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ထံမှ နောက်ဆုံးရရှိသော အဆင့် ၅ အမြုတေကို လက်ခံရယူလိုက်သည်။
ဗီလာအတွင်း၌ လုချွမ်းသည် သူ့လက်ထဲရှိ အဆင့် ၅ အမြုတေ လေးခုကို ကြည့်ရှုရင်း ယခင်က တည်ငြိမ်ခဲ့သော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်အရှား ပေါ်ပေါက်လာခဲ့သည်။
ဤရက်ပိုင်းအတွင်း ကြိုးပမ်းအားထုတ်မှုများနှင့် ဇွန်ဘီမွေးမြူရေးစခန်း သုံးခုမှ ပံ့ပိုးမှုများကြောင့် အဆင့် ၆ သို့ တက်လှမ်းရန် လိုအပ်သော အဆင့် ၅ အမြုတေ အားလုံးကို နောက်ဆုံးတွင် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ရှေ့မှောက်ရှိ အဆင့် ၅ အမြုတေ လေးခုရရှိရန်အတွက် လုချွမ်းအနေဖြင့် သူ၏ အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်ကို စတေးခဲ့ရသည်။
ထိုအချက်ကို တွေးတောမိတိုင်း နှမြောတသဖြစ်ရသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အဆင့် ၅ တိုက်ခိုက်ရေးစွမ်းအားစုများ ဖြစ်ကြပြီး အသုံးချမည်ဆိုပါက လူသားအခြေစိုက်စခန်းတစ်ခုကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သောကြောင့်ပင်။
သို့ရာတွင် အဆင့် ၆ သို့ တက်လှမ်းနိုင်ရန်အတွက် လုချွမ်းအနေဖြင့် ပြတ်သားရပေမည်။ အဆင့် ၅ ဇွန်ဘီရုပ်သေးများမှာ အဆင့် ၆ ၏ ဆွဲဆောင်မှုနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
"ဒီနေ့တော့ အဆင့် ၆ ကို တစ်ချက်တည်းနဲ့ အောင်မြင်အောင် တက်လှမ်းရမယ်"
စိတ်ပိုင်းဖြတ်ပြီးနောက် လုချွမ်းသည် ဆိုဖာပေါ်မှ ထရပ်ကာ ဘေးတွင်ရပ်နေသော ချီချီလေးအား စက္ကူပေါ်တွင် စာရေး၍ ညွှန်ကြားလိုက်သည်။
"ချီချီလေး... ဖေဖေ ကျင့်ကြံမှုအဆင့်တက်ဖို့အတွက် သီးသန့် အားထုတ်တော့မယ်။ အချိန်အကြာကြီးတော့ ပေးရမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ ဖေဖေ့ကို ကာကွယ်ပေးဖို့အတွက် ချီချီနဲ့ မိုးကြိုးဟိန်းသံတို့ကို အကူအညီတောင်းရမှာပဲ"
"ဖေဖေ စိတ်မပူပါနဲ့ ချီချီ ဘယ်မှမသွားဘဲ ဒီမှာပဲနေပြီး ဖေဖေ့ကို ဘယ်သူမှ အနားမကပ်
နိုင်အောင် သေချာပေါက် ကာကွယ်ပေးထားပါ့မယ်"
ကျိရုရွှယ်က ရင်ဘတ်ကိုပုတ်လျက် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ချီချီလေး၏ စကားကို ကြားရသောအခါ လုချွမ်းသည် စိတ်အေးသွားကာ ခေါင်းညိတ်ပြလိုက်သည်။ ချီချီလေးနှင့် မိုးကြိုးဟိန်းသံတို့၏ လက်ရှိအင်အားဖြင့်ဆိုပါက သူသည် ကောင်းမွန်စွာ အကာအကွယ် ရရှိမည်ဖြစ်ကြောင်း သူသိရှိသည်။
ထို့နောက် လုချွမ်းသည် အမြုတေ လေးခုကို ယူဆောင်၍ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။
အာရုံစူးစိုက်လျက် လက်ထဲရှိ အမြုတေများကို နောက်ဆုံးတစ်ကြိမ် ကြည့်ရှုပြီးနောက် လုချွမ်းသည် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဝါးမြိုလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းပြင်းထန်လှသော စွမ်းအင်များသည် လေဟာပြင်မှ ဒလဟော စီးဆင်းလာသည့် ရေလှိုင်းကြီးများကဲ့သို့ လုချွမ်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ ရိုက်ခတ်သွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ပြင်းထန်သော နာကျင်မှုဒဏ်ကြောင့် လုချွမ်း၏ တစ်ကိုယ်လုံး ထုံကျင်သွားရပြီး ထိန်းမနိုင်သိမ်းမရ တုန်ရီလာခဲ့သည်။ ဤဒဏ်ကို လုချွမ်းအနေဖြင့် အံကြိတ်ကာ အံတုအောင့်ခံနေရုံမှတစ်ပါး အခြားမရှိချေ။
အခန်းပြင်ပတွင်မူ ဖေဖေ့၏ အရှိန်အဝါများ ရုတ်ခြည်း ပြောင်းလဲလှုပ်ခတ်နေသည်ကို ခံစားမိသဖြင့် ကျိရုရွှယ်သည် အဆင့်တက်လှမ်းမှု စတင်ပြီဖြစ်ကြောင်း သိရှိသွားကာ စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပြသလာခဲ့သည်။
သို့သော် ကျိရုရွှယ်သည် မကြာမီမှာပင် ခိုင်မာသော အမူအရာဖြင့် "ဖေဖေ... ဒီတစ်ခေါက်တော့ ဖေဖေ သေချာပေါက် အောင်မြင်မှာပါ" ဟု ရေရွတ်လိုက်မိသည်။
***