"ဒါပေမဲ့ ကမ္ဘာကြီးက အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အခါ ကမ္ဘာကြီးကိုယ်တိုင်က ခုခံကာကွယ်ခြင်း အခြေအနေကို အသက်သွင်းလာလိမ့်မယ်" မဟာဧကရာဇ် ဝူရှန်းက ဆက်လက်ရှင်းပြလိုက်သည်။
"ကမ္ဘာကြီးကိုယ်တိုင်က ခုခံကာကွယ်တဲ့ အခြေအနေမှာ ရှိနေမှာလား" လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။ ကမ္ဘာကြီးကိုယ်တိုင်က အသိစိတ်ရှိနေခြင်း ဖြစ်မည်လော။
"အမှန်ပဲ၊ တစ်ခါတုန်းက ကမ္ဘာကြီးမှာ အသိစိတ်ရှိတယ်လို့ ထင်ကြေးပေးခဲ့တဲ့ စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခု ရှိခဲ့တယ်။ ဥပမာအားဖြင့် ကောင်းကင်ကမ္ဘာ ဒါမှမဟုတ် ယွမ်လုကို မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက ကျူးကျော်ဝင်ရောက်လာတဲ့အခါ သူတို့က ခုခံကာကွယ်ခြင်း အခြေအနေမှာ ရှိနေလိမ့်မယ်။ ဟင်းလင်းပြင်ကလည်း တည်ငြိမ်လာပြီး ထိုးဖောက်ဝင်ရောက်ဖို့ မလွယ်ကူတော့ဘူး"
"အရေးကြီးဆုံးအချက်က ကမ္ဘာကြီး အန္တရာယ်ကျရောက်နေချိန်မှာ ကမ္ဘာကြီးက ပါရမီရှင်တွေ အများကြီး မွေးထုတ်လာလိမ့်မယ်။ ကြောက်စရာကောင်းတဲ့ ဝိညာဉ်ခန္ဓာပိုင်ရှင်တွေလည်း အများကြီး ပေါ်လာလိမ့်မယ်"
"အခုဆိုရင် ယွမ်လုနဲ့ ကောင်းကင်ကမ္ဘာမှာ ပါရမီရှင်တွေ အများကြီးနဲ့ ပြည့်နှက်နေပြီလေ။ ဘုရင်ခန္ဓာအမျိုးမျိုးနဲ့ နတ်ဘုရားရဲ့သားတော်တွေတောင်တွေတောင် ပေါ်လာနေတယ်။ အရင်တုန်းကဆိုရင် ဒါမျိုး မဖြစ်နိုင်ခဲ့ဘူး"
"တကယ်တော့၊ ဒါက ကမ္ဘာ့ကာကွယ်ရေးပဲ။ ဒီပါရမီရှင်တွေ ကြီးပြင်းလာတဲ့အခါ ပြင်ပရန်သူတွေကို ကာကွယ်နိုင်လိမ့်မယ်။ ဒါကြောင့်ပဲ မင်းတို့က ကျင့်ကြံမှုရဲ့ ရွှေခေတ်ကို ရောက်နေတာပေါ့" မဟာဧကရာဇ် ဝူရှန်းက ဆက်လက်ရှင်းပြလိုက်သည်။ လူတိုင်း၏ နှလုံးသားများ တုန်ခါသွားကြ၏။
အမှန်ပင် ဤစကားပုံမျိုး ရှိခဲ့ဖူးသလော။ သူတို့က ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်သည်။
ပါရမီရှင်အများ စုဝေးနေကြပြီး ဘုရင်ခန္ဓာများကလည်း အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန်အတွက် ယှဉ်ပြိုင်နေကြသည်။ ယခုမှသာ ၎င်းက ကမ္ဘာကြီး၏ ခုခံကာကွယ်မှုအခြေအနေတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
"ဒါကြောင့် မင်းတို့က အနာဂတ်ရဲ့ မျှော်လင့်ချက်... မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို တွန်းလှန်ဖို့အတွက် မျှော်လင့်ချက်ပဲ။ ဒါကြောင့် ငါတို့သုံးယောက်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ပြီး မင်းတို့အားလုံးကို စုစည်းပေးခဲ့တယ်။ မင်းတို့ကို ပိုပြီးမြန်မြန်ကြီးထွားလာမယ်လို့ မျှော်လင့်ပြီး မင်းတို့ကို ပြုစုပျိုးထောင်ပေးဖို့ ငါတို့ အကောင်းဆုံးကြိုးစားတယ်"
လူတိုင်း သဘောပေါက်သွားကြသည်။ ဤသည်မှာ မဟာဧကရာဇ်သုံးပါးက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ခဲ့ခြင်း၏ အကြောင်းရင်းပင်။
"မဟာဧကရာဇ်ကြီးတွေက တကယ်ကို ကိုယ်ကျိုးမဖက်သူတွေပဲ" တစ်စုံတစ်ယောက် သက်ပြင်းချလိုက်သည်။ အထူးသဖြင့် ထျန်းေဟာ်မဟာဧကရာဇ်နှင့် ဟွင်းထျန်းမဟာဧကရာဇ်၏ လက်ရှိအခြေအနေကို စဉ်းစားမိသောအခါ အချို့လူများက ဝမ်းနည်းမိခဲ့ကြလေသည်။
ထျန်းဟော်မဟာဧကရာဇ်၊ မဟာဧကရာဇ်ဝူရှန်းနှင့် ဟွင်းထျန်းမဟာဧကရာဇ်တို့နှင့် နှိုင်းယှဉ်ပါက ဟန်မိသားစု၏ မဟာဧကရာဇ်၊ ဟဲမိသားစု၏ မဟာဧကရာဇ်နှင့် ထျန်းလော့မဟာဧကရာဇ်တို့က နှိုင်းယှဉ်၍မရနိုင်အောင် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး တစ်ကိုယ်ကောင်းဆန်ကြသည်။
"ဒါပေါ့၊ အဲဒါက ပထမအချက်ပဲ ရှိသေးတယ်။ ဒုတိယအချက်က နယ်မြေကြီးဆယ်ခုတိုက်ပွဲ မကြာခင်စတင်တော့မယ်။ ဒီတစ်ခေါက်မှာ အခွင့်အလမ်းကောင်းတစ်ခုလည်း ရှိလာမယ်လို့ ပြောကြတယ်။ ဒါကြောင့် ဒီအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ဖို့ မင်းတို့ကို ပိုပြီးမြန်မြန်ကြီးထွားလာစေချင်တယ်" မဟာဧကရာဇ် ဝူရှန်းက ဆက်လက်ပြောလိုက်သည်။
"နယ်မြေကြီးဆယ်ခု တိုက်ပွဲလား" လူတိုင်း စိတ်ရှုပ်ထွေးသွားကြ၏။ သူတို့က ဤကိစ္စမျိုးကို တစ်ခါမှ မကြားဖူးပေ။
"ယွမ်လုရဲ့ နယ်မြေကြီးဆယ်ခု တိုက်ပွဲကို မဟာဧကရာဇ်တွေအများကြီးက ကျင်းပပေးကြမှာ...၊ အဲဒီအချိန်မှာ ယွမ်လုတစ်ခုလုံးရဲ့ ပါရမီရှင်တွေအများကြီး စုစည်းမိလိမ့်မယ်။ ပါရမီရှင်တွေအများကြီး ယှဉ်ပြိုင်တဲ့အခါ အခွင့်အလမ်းကောင်းတွေလည်း ပါလာလိမ့်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲ။ မင်းတို့ လူငယ်တွေကို ပြုစုပျိုးထောင်ပြီး ပိုပြီးမြန်မြန်ကြီးထွားစေချင်တယ်" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
လူတိုင်း၏ နှလုံးသားများ တုန်ခါသွားပြီး စိတ်တည်ငြိမ်စေရန် မထိန်းနိုင်တော့ပေ။
နယ်မြေကြီးဆယ်ခု တိုက်ပွဲတွင် နယ်မြေကြီးဆယ်ခုမှ ပါရမီရှင်အားလုံး စုစည်းမိကြမည် ဖြစ်သည်။ ထိုအချိန်တွင် ပါရမီရှင်မည်မျှရှိမည်နည်း။
ပါရမီရှင်များကြားမှ တိုက်ပွဲက မည်မျှပြင်းထန်ပါမည်နည်း။
ဒီလိုမျိုးက သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
"ဒီတစ်ကြိမ် တိုက်ပွဲက နတ်ကံကြမ္မာနယ်မြေကြီးမှာ ကျင်းပမှာဖြစ်ပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ပါဝင်ကြမယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တဲ့ မဟာအခွင့်အလမ်းကောင်းတွေလည်း ရှိလာလိမ့်မယ်။ မင်းတို့အနေနဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်နဲ့ စစ်ပွဲမတိုင်ခင် နိုးထချင်တယ်ဆိုရင်... အနာဂတ်မှာ မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်းရှိချင်တယ်ဆိုရင် ဒီတိုက်ပွဲကို လက်လွတ်မခံသင့်ဘူး" မဟာဧကရာဇ် ဝူရှန်း၏ စကားများက လူတိုင်း၏ နှလုံးသားကို မြင်းပြေးသလို ခုန်ပေါက်စေခဲ့သည်။
"မဟာဧကရာဇ်ကြီးခင်ဗျ၊ တိုက်ပွဲက ဘယ်တော့စမှာလဲ" လုမင်က မေးလိုက်သည်။
လုမင်သည်လည်း ဤအခွင့်အလမ်းမျိုးကို လက်လွတ်မခံချင်ပေ။ သို့သော်လည်း ယခုအချိန်မှာတော့ ချင်ယွဲ့ကိုကယ်တင်ရန် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးသို့ မဖြစ်မနေ သွားရမည် ဖြစ်သည်။
"သုံးနှစ်အကြာမှာဖြစ်မယ်" မဟာဧကရာဇ် ဝူရှန်းက ပြောကြားလိုက်၏။
'သုံးနှစ်အကြာမှာလား။ သိပ်တော့ နောက်မကျလောက်ပါဘူး' လုမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"သုံးနှစ်ကြာရင် နတ်ကံကြမ္မာနယ်မြေမှာ အားလုံး စုဝေးကြလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့က ယွမ်လုတစ်ခုလုံးရဲ့ ပါရမီရှင်တွေကို ရင်ဆိုင်ရမှာ။ ဒါကြောင့် မင်းတို့က နယ်မြေကြီးဆယ်ခုတိုက်ပွဲမှာ ထင်ရှားလာပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်ချင်တယ်ဆိုရင် ဒီသုံးနှစ်အတွင်းမှာ အမြန်ဆုံးတိုးတက်အောင် ဆက်လုပ်ရမယ်။ မဟုတ်ရင် အများကြီး နောက်ကျသွားလိမ့်မယ်။ နားလည်လား" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
"နားလည်ပါပြီ" လူတိုင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ကောင်းပြီ။ အခု လုမင်၊ လုရှန်းရှန်းနဲ့... မင်းတို့နေပါ။ ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ" မဟာဧကရာဇ် ဝူရှန်းက အမည်များကို ဆက်တိုက်ပြောလိုက်သည်။
ထို့နောက် လူအများစုက ထွက်သွားကြပြီး လူတချို့သာ ကျန်ခဲ့လေသည်။ လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ကျန်ခဲ့သူ အများစုမှာ ဘုရင်ခန္ဓာရှိသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လူအနည်းငယ်သာ ဘုရင်ခန္ဓာမရှိကြပေ။
ပေါင်ပေါင်၊ ဟွမ်လင်၊ လုံချန်၊ အိုးရန်ဝူရွှမ့်နှင့် အခြားသူများအားလုံးလည်း ကျန်ရစ်ခဲ့ကြသည်။
ဤအချိန်တွင် ဟင်းလင်းပြင်က လှိုင်းများပေါ်လာပြီး နောက်ထပ် ပုံရိပ်အချို့ ပေါ်လာကြသည်။
သူတို့က ဦးလေးခုန်းနှင့် ရှန့်မဟာဧကရာဇ်ကဲ့သို့သော မဟာဧကရာဇ်များပင်။
မဟာဧကရာဇ်များစွာ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ကြပြီ ဖြစ်သည်။
"မင်းတို့က ယွမ်တောင်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေပဲ။ ဒီသုံးနှစ်အတွင်းမှာ မင်းတို့ကို ထူးခြားတဲ့နေရာတွေဆီ စေလွှတ်မယ်။ နေရာတိုင်းက မင်းတို့ နားလည်ထားတဲ့ နိယာမတွေနဲ့ ဆက်စပ်နေတာကြောင့် မင်းတို့ရဲ့ ကျင့်ကြံမှုကို အများကြီး အထောက်အကူပြုလိမ့်မယ်" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။
လူအများ၏ မျက်လုံးများက တောက်ပသွားကြသည်။ မဟာဧကရာဇ်များ ရွေးချယ်ထားသော နေရာများက တကယ်ကို အံ့မခန်းဖြစ်နိုင်ပြီး သူတို့၏ ကျင့်ကြံမှုအတွက် အထောက်အကူ အများကြီး ဖြစ်စေလိမ့်မည်။
"မဟာဧကရာဇ်အရှင်...၊ ကျွန်တော်ကတော့ မသွားနိုင်မှာ စိုးမိပါတယ်" လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်ယှက်ပြလိုက်သည်။
"ငါသိပါတယ်။ မင်းက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး သွားချင်နေတာ မဟုတ်လား" မဟာဧကရာဇ် ဝူရှန်းက ခေါင်းညိတ်လိုက်၏။
"သွားပါ...၊ လူကိုကယ်တင်ဖို့က ပိုအရေးကြီးတယ်၊ ဒါပေမဲ့ ထာဝရနတ်ဆိုးခေါင်းတလားကို ငှားချင်တယ်ဆိုရင် မင်းကိုယ်မင်း အားကိုးရမယ်။ ငါတို့က အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးမှာ ပေါ်လာရင်တောင် ဘာမှအကျိုးသက်ရောက်မှာ မဟုတ်ဘူး။ အဲဒီအစား ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတောင် ဖြစ်နိုင်တယ်" ဦးလေးခုန်းက ပြောသည်။
"အဲဒီနတ်ဆိုးကျင့်ကြံသူတွေအားလုံးက မောက်မာကြတယ်။ ဟမ့်" ရှန့်မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။
"ဟုတ်ကဲ့" လုမင်က ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မလည်း အစ်ကိုကြီး လုမင်နောက်ကို လိုက်ချင်တယ်။ တွိ...တွိ..." ပေါင်ပေါင်က လုမင်၏ လည်ပင်းကိုဖက်ကာ တွဲလည်းခိုလိုက်သည်။
"ကောင်မလေး၊ မင်းရဲ့ကျင့်ကြံမှုကို အများကြီးအထောက်အကူပြုမယ့် နေရာတစ်ခုကို ငါတို့မင်းကို ခေါ်သွားပေးမှာလေ။ မင်းမသွားချင်တာ သေချာလား" မဟာဧကရာဇ် ဝူရှန်းက ပေါင်ပေါင်ကို ကြည့်လိုက်၏။
"မသွားဘူး" ပေါင်ပေါင်က ခေါင်းကို သွက်သွက်လေး ခါယမ်းလိုက်သည်။
လုမင်လည်း အကူအညီမဲ့စွာဖြင့် ပြုံးလိုက်မိလေသည်။ "ပေါင်ပေါင်၊ သွားပြီး မဟာဧကရာဇ်တွေနဲ့အတူ လေ့ကျင့်ပါ။ မကြာခင်မှာ ပြန်ဆုံကြတာပေါ့"
ပေါင်ပေါင်က ကောင်းကင်၏ မြှောက်စားခြင်းခံရသော အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက် ဖြစ်သည်။ သူ၏ အရည်အချင်းက သာမန် နတ်ဘုရားသားတော်များထက် ပိုအားကောင်းပေသည်။ သူ့နောက်ကို ဆက်လိုက်နေလျှင် သူမ၏ အရည်အချင်းကို ကန့်သတ်ထားရုံသာ ဖြစ်မည်။
ပေါင်ပေါင်က သူ့နောက်ကိုလိုက်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုက တိုးတက်မှု များစွာမမြန်ခဲ့ပေ။ ဤတစ်ကြိမ်တွင်၊ လုမင်က ပေါင်ပေါင်ကို မဟာဧကရာဇ်များနှင့်အတူ ကျင့်ကြံခွင့်ပေးရန် စီစဉ်ထားသည်။ ထိုသို့ဆိုလျှင် ပို၍မြန်မြန်တိုးတက်လာနိုင်လိမ့်မည်။
လုမင်က အလျင်စလိုဖြစ်ခြင်းကို ခံစားနေရသည်။ မိစ္ဆာနတ်ဘုရားမျိုးနွယ်က ဘယ်အချိန် တိုက်ခိုက်လာမလဲ သူမသိပေ။ သူတို့အားလုံးက အချိန်ကို ကောင်းကောင်းအသုံးချပြီး သူတို့၏စွမ်းအားကို တိုးတက်လာစေရမည် ဖြစ်သည်။
သူကိုယ်တိုင်လည်း ချင်ယွဲ့ကို ကယ်တင်စရာမလိုလျှင် မဟာဧကရာဇ်များ၏နောက်သို့လိုက်ပြီး လေ့ကျင့်မိလိမ့်မည်။
"ဒါပေမဲ့ ပေါင်ပေါင်က အစ်ကိုကြီး လုမင်နဲ့ မခွဲနိုင်ဘူး၊ တွိ...တွိ" ပေါင်ပေါင်က လုမင်၏ ရင်ခွင်ထဲတွင် ခေါင်းလေးတိုးဝှေ့လိုက်၏။
"ပေါင်ပေါင်၊ ကောင်းကောင်းလေ့ကျင့်ပြီး မင်းရဲ့စွမ်းအားကို တိုးတက်လာအောင် လေ့ကျင့်ပါ။ မဟုတ်ရင် မင်းက နောင်တစ်ချိန်မှာ အစ်ကိုကြီးလုမင်ကို မကူညီနိုင် ဖြစ်လိမ့်မယ်" လုမင်က ပေါင်ပေါင်၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။
"မဟုတ်ဘူး၊ ပေါင်ပေါင်က အစ်ကိုကြီး လုမင်ကို ကူညီနိုင်ရမယ်..." ပေါင်ပေါင်က မျက်လုံးများကိုမှိတ်လိုက်ပြီး နောက်ဆုံးတွင် မဟာဧကရာဇ်များနှင့်အတူ လေ့ကျင့်ရန် သဘောတူလိုက်လေသည်။
"ကောင်းပြီ၊ ငါမင်းတို့ကို ပြင်ဆင်ဖို့ သုံးရက်အချိန်ပေးမယ်။ သုံးရက်ကြာရင် ငါတို့ မင်းတို့အားလုံးကို ခေါ်သွားပေးမယ်" မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်ပြီးနောက် မဟာဧကရာဇ်များ အားလုံး ပြန်လည်ထွက်ခွာသွားကြသည်။
"လုမင်၊ သွားသောက်ကြရအောင်..." ဟွမ်လီနှင့် အခြားသူများလည်း ထွက်ခဲ့ကြ၏။
ထို့နောက် လူတိုင်က စိတ်တိုင်းကျ သောက်စားကြရင်း အခြားနယ်မြေကြီးများနှင့် ယှဉ်ပြိုင်ရန်အတွက် နတ်ကံကြမ္မာနယ်မြေကြီးတွင် ပြန်ဆုံမည်ဖြစ်ကြောင်း သဘောတူခဲ့ကြလေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။ လုမင်လည်း ချင်ယွဲ့နှင့်အတူ ကောင်းကင်ဧကရာဇ်မြို့တော်မှ ထွက်လာခဲ့တော့သည်။
***