တောင်ကြားအတွင်းပိုင်းမှ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်၊ စစ်တပ်ကြီးတစ်တပ် ချီတက်လာသကဲ့သို့ မြေပြင်က တုန်ခါလာ၏။
"အသန်မာဆုံးက ဧကရာဇ်တစ်ပိုင်းပဲ" လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ တောင်ကြားထဲသို့ ဝင်သွား၏။
သူ့ရှေ့တွင် ဧရာမဝံပုလွေအုပ်တစ်အုပ်က လုမင်ထံသို့ ပြေးလာနေကြသည်။ ဝံပုလွေများက အနည်းဆုံး ရာဂဏန်းအနည်းငယ်ရှိပြီး တောက်ပသော သူတော်စင်များ၊ မဟာသူတော်စင်များနှင့် အန္တိမသူတော်စင်များ ပါဝင်သည်။
ဧရာမဝံပုလွေများက တစ်ကိုယ်လုံး မည်းနက်နေပြီး ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများ ထုတ်လွှတ်နေသည်။ သူတို့၏ မျက်လုံးများကလည်း ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေပြီး လုမင်ထံသို့ ခုန်အုပ်လိုက်ကြ၏။
"သတ်" လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူတော်စင်စွမ်းအင်က လှံရှည်များအဖြစ် စုဖွဲ့သွားကြသည်။
"ရွှီ..." လှံရှည်များက လေထုကို ထိုးဖောက်သွားကာ တရွှီအသံများပင် ထွက်ပေါ်လာတော့သည်။
ရုတ်တရက်၊ ဧရာမဝံပုလွေများစွာက လှံရှည်ဖြင့် မြေပြင်ပေါ် စိုက်သွင်းခြင်း ခံလိုက်ကြရသည်။
သူတို့က မဟာသူတော်စင် သို့မဟုတ် အန္တိမသူတော်စင်ပင်ဖြစ်စေ၊ သူတို့အားလုံး တစ်ချက်တည်းဖြင့် သေဆုံးသွားကြသည်။
ခဏအတွင်းမှာပင်၊ ဧရာမဝံပုလွေဒါဇင်ပေါင်းများစွာကို မြေပြင်ပေါ် ရိုက်ချလိုက်၏။
အခြားဧရာမဝံပုလွေများလည်း ရှေ့ကို ဆက်မတိုးဝံ့ကြတော့ပေ။
ဧရာမဝံပုလွေများက သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သဘာဝအတိုင်း အသိညာဏ်ဖွံ့ဖြိုးနေပြီ ဖြစ်သည်။ ဤအချိန်တွင်၊ သူတို့က လုမင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြသည်။
"မင်းတို့ မသေချင်ရင် ငါ့ရှေ့ကဖယ်စမ်း" လုမင်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ သူ့မျက်လုံးများက တွင်းနက်ကြီးတစ်ခုကဲ့သို့ မည်းနက်လာ၏။ လုမင်က ဝိညာဉ်ပုံရိပ်ယောင်နည်းလမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဤအခိုက်တွင်၊ ဧရာမဝံပုလွေများစွာ၏ မျက်လုံးထဲမှာ လုမင်က သက်ရှိအားလုံးကို ရိတ်သိမ်းနေသည့် သေမင်းတစ်ပါးကဲ့သို့ ဖြစ်လာတော့သည်။
ကျန်သော ဧရာမဝံပုလွေများက ကြောက်ရွံ့စွာ ညည်းညူရင်း ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြသည်။
"အူး...." ထိုအချိန်တွင်၊ တောင်ကြား၏ အနက်ရှိုင်းဆုံးအရပ်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ တောင်ကြားတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
လုမင်က တောင်ကြား၏ နက်နဲရာအရပ်တွင် ကြီးမားသော ဂူတစ်ခုရှိသည်ကို မြင်ရသည်။ ထိုအချိန်တွင် ဧရာမ ဝံပုလွေကြီးတစ်ကောင်က တောင်ကြားထဲမှ ထွက်လာသည်။
ဤဝံပုလွေက အနည်းဆုံး မီတာတစ်ရာ မြင့်မားပြီး တောင်ငယ်တစ်လုံးပမာ ဖြစ်တော့သည်။
၎င်း၏ခန္ဓာကိုယ်ကလည်း သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ နက်မှောင်နေသည်။ ၎င်း၏ နတ်ဆိုးအငွေ့အသက်ကလည်း အလွန်သိပ်သည်းပေသည်။
ဧကရာဇ်တစ်ပိုင်း။
ဤဧရာမဝံပုလွေက ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ရှိသည်။ ၎င်းကို ယခင်က လုမင် ခံစားမိပြီးသားပင်။
ဤဧရာမဝံပုလွေက ဤဧရာမဝံပုလွေအုပ်၏ ဘုရင်ဖြစ်ကြောင်း ထင်ရှားသည်။ သူက ထွက်လာပြီးနောက် ဧရာမဝံပုလွေအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အားလုံးက အနည်းငယ် တုန်ယင်ပြီး ဝပ်ဆင်းသွားကြသည်။
"လူသား၊ မင်း သေချင်နေတာလား" ဧရာမဝံပုလွေဘုရင်က လုမင်ကိုကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
နောက်အခိုက်တွင်၊ ဧရာမဝံပုလွေဘုရင်က လုမင်ထံသို့ ခုန်အုပ်လိုက်၏။ ကြီးမားသော အရိပ်တစ်ခုက လုမင်ကို လွှမ်းမိုးသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဧရာမဝံပုလွေကြီးက လုမင်ရှေ့ကို ရောက်လာခဲ့သည်။ သူ၏ ချွန်ထက်သော ခြေသည်းများ ဓားသွားကဲ့သို့ လုမင်ကို ကုပ်ခြစ်လိုက်၏။
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူတော်စင်စွမ်းအားများ မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။
"ဝှစ်..." နောက်တစ်ခဏတွင် လုမင်က ဧရာမဝံပုလွေ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး လက်သီးဆုပ်ဖြင့် ထုချလိုက်တော့သည်။
"ဒုန်း" လက်သီးချက်က ဝံပုလွေ၏ ဦးခေါင်းပေါ် တည့်တည့်ကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ မြေပြင်တွင် ချိုင့်ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ တောင်ကြားတစ်ခုလုံး တုန်ခါသွားတော့သည်။
"ဂါး..." လုမင်က ဤလက်သီးတွင် သူ့ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့သောကြောင့် ဧရာမဝံပုလွေသည် မသေခဲ့ပါ။ ၎င်းက ဟိန်းဟောက်ရင်း ထရပ်ရန် ရုန်းကန်နေသည်။
ထိုအချိန်တွင်၊ လုမင်က ဆောင့်နင်းလိုက်ရာ နာကျင်စွာဖြင့် ထပ်မံအော်ဟစ်လိုက်ရ၏။ သူ့ဦးခေါင်းက မြေကြီးထဲသို့ ကျွံဝင်သွားကာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်လာပြန်တော့သည်။
"မင်းဆက်ပြီး ခုခံနေရင် ငါမင်းကို သတ်ပစ်မယ်" လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အေးစက်သော သတ်ဖြတ်လိုစိတ်တို့ကိုလည်း ထုတ်လွှတ်နေ၏။
ဧရာမဝံပုလွေဘုရင် တုန်လှုပ်သွားသည်။ သူက လုမင်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားပြီ။ လုမင်က သူ့ကိုသတ်ချင်ရင် သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံသာ ဖြစ်မည်။
"လူသား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ဧရာမဝံပုလွေဘုရင်က မေးလိုက်သည်။
"ငါဒီမှာခဏလေ့ကျင့်ချင်တယ်... ပြီးရင် ငါထွက်သွားမယ်။ မင်းတို့က အပြင်မှာစောင့်နေပါ"
"မင်းတို့သဘောမတူရင် ငါမင်းတို့အားလုံးကို သတ်ပစ်မယ်။ ဒီလိုဆိုရင်လည်း ငါဒီမှာ ကျင့်ကြံနိုင်သေးတယ်" လုမင်က အေးစက်စက် ပြောလိုက်၏။
"ခဏနေရင် တကယ်ထွက်သွားမှာလား" ဧရာမဝံပုလွေဘုရင်က မေးလိုက်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ၊ ဘယ်သူက ဒီလိုညစ်ပတ်တဲ့နေရာမှာ ကြာကြာနေချင်မှာလဲ" လုမင်က နှုတ်ခမ်းမဲ့ပြပြီး ရှေသို့ ခြေတစ်လှမ်းတိုးကာ တောင်ကြား၏ နက်နဲရာမှ ဂူဆီသို့ လျှောက်သွားတော့သည်။
ထိုဂူထဲတွင် နတ်ဆိုးချီများက အလွန်သိပ်သည်းစွာ ရှိနေသည်။
ဧရာမဝံပုလွေဘုရင်က အကြိမ်ပေါင်းများစွာ အော်ဟစ်ခဲ့သော်လည်း နောက်ဆုံးတွင် ဝံပုလွေအုပ်ကို တောင်ကြားအပြင်ဘက်သို့သာ ခေါ်ဆောင်သွားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
"နတ်ဆိုးစွမ်းအင်က တကယ်ကို သိပ်သည်းတာပဲ" လုမင်က ဂူထဲသို့ ဝင်လာပြီးနောက် မျက်ခုံးပင့်လိုက်သည်။ ဤနေရာတွင်ရှိသော နတ်ဆိုးချီက သူထင်ထားသည်ထက် ပိုမို သိပ်သည်းသည်။ ၎င်းက ထိတွေ့နိုင်လုနီးပါး ဖြစ်၏။
"အလို၊ အဲဒါက နတ်ဆိုးရင်းမြစ်သစ်သီးပဲ" ရုတ်တရက်၊ လုမင်သည် ဂူနံရံတစ်ခုတွင် ပေါက်နေသော သစ်ပင်လေးတစ်ပင်ကို မြင်လိုက်ရသည်။ သစ်ပင်လေးပေါ်မှာလည်း မည်းမှောင်နေသော သစ်သီးသုံးလုံး ရှိနေလေသည်။
တာ့ယန်ဆေးခန်းမက ဆေးဝါးဖော်စပ်ခြင်းကို အထူးပြုသော ခန်းမတစ်ခု ဖြစ်သည်။ လုမင်က တာ့ယန်ဆေးခန်းမတွင် ဆေးစာအုပ်များစွာကို ဖတ်ရှုဖူးပေသည်။ သူက အဖိုးတန် ဆေးဖက်ဝင်အပင်အမျိုးမျိုးနှင့် မိုးနှင့်မြေ၏ ရတနာအမျိုးမျိုးကို အလွန်ရင်းနှီးသည်။ ဤအသီးကိုလည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သဘာဝအတိုင်း သူ မှတ်မိလေသည်။
နတ်ဆိုးရင်းမြစ်သစ်သီးက အလွန်ရှားပါးပြီး အဖိုးတန်သော အသီးတစ်မျိုး ဖြစ်သည်။ ၎င်းက နတ်ဆိုးကျင့်ကြံသူများအတွက် အလွန်အသုံးဝင်မှုရှိ၏။ ၎င်းကို စားသုံးခြင်းအားဖြင့် နတ်ဆိုးချီများကို သန့်စင်ပေးကာ ခွန်အားကို တိုးစေနိုင်သည်။
သို့သော်လည်း ဤသစ်သီးသုံးလုံးက အပြည့်အဝ မမှည့်သေးပါ။ သို့ရာတွင်၊ ရင့်မှည့်ရန် များစွာ မလိုတော့ပေ။
'မှတ်တမ်းတွေအရ နတ်ဆိုးရင်းမြစ်သစ်သီးပင် နတ်ဆိုးချီ အရမ်းသိပ်သည်းတဲ့ နေရာတွေမှာသာ ပေါက်ရောက်နိုင်တယ်။ နတ်ဆိုးရင်းမြစ်သစ်သီးပင် ပေါက်ရောက်နိုင်တာကြောင့် ဒီနေရာက ထူးခြားမှုရှိလိမ့်မယ်' လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူသည် ဂူပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်၏။
ဂူက အလွန်ကြီးမားပြီး အထဲကို ဝင်သွားနိုင်သေးသည်။ လုမင်က ဂူအတွင်းပိုင်းကို လှမ်းဝင်သွားခဲ့သည်။ မကြာမီ၊ သူက တစ်စုံတစ်ခုကို တွေ့လိုက်ရ၏။
ဤနေရာတွင် ရေကန်ငယ်လေးတစ်ခု ရှိသည်။ သို့ရာတွင်၊ ရေများက မည်းနက်နေပြီး ရေပူဖောင်းများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ရေထဲတွင် အလွန်သိပ်သည်းသော နတ်ဆိုးချီများလည်း ပြည့်နေပေသည်။
"ဒါက နတ်ဆိုးရေကန်ပဲ။ ဒီနေရာမှာ နတ်ဆိုးရေကန်တစ်ခုရှိနေတယ်။ နတ်ဆိုးချီတွေက ဒီလောက်သိပ်သည်းတာ အံ့သြစရာ မရှိတော့ပါဘူး" လုမင်က ဝမ်းသာသွားမိသည်။
နတ်ဆိုးရေကန်မှာ နတ်ဆိုးချီများ၏ မူလရင်းမြစ်နေရာတစ်မျိုး ဖြစ်သည်။ ၎င်းက ရေကန်ငယ်တစ်ခုသာဖြစ်သော်လည်း အထဲမှာပါဝင်သော နတ်ဆိုးချီများက အလွန်သိပ်သည်း၏။ နတ်ဆိုးရင်းမြစ်သစ်သီးကို မွေးဖွားပေးနိုင်တာ အံ့ဩစရာ မရှိပါ။
ဤနေရာကို ဧရာမဝံပုလွေအုပ်တစ်အုပ်က စောင့်ကြပ်နေတာ အံ့သြစရာ မဟုတ်တော့ပါချေ။
လုမင်၏ အတွေးတစ်ခုဖြင့် ကောင်းကင်ဧကရာဇ်၏ခန္ဓာက ထွက်ပေါ်လာသည်။
ချက်ချင်းပင်၊ လုမင်က ဤနေရာရှိ နတ်ဆိုးချီများကို စုပ်ယူရန် ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်လိုက်၏။
ဤနေရာရှိ နတ်ဆိုးချီများက အလွန်သိပ်သည်းသည်။ ကျောက်ကြမ်းများကို တိုက်ရိုက်စုပ်ယူခြင်းထက်ပင် အကျိုးသက်ရောက်မှု ပိုကောင်းပေသည်။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီများက ကောင်းကင်ဧကရာဇ်၏ခန္ဓာဆီသို့ လျင်မြန်စွာ စုဝေးလာပြီး သိုလှောင်ရန်အတွက် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဆယ်ရက်ကျော် ကုန်ဆုံးသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာတွင် သိုလှောင်ထားသော စွမ်းအင်ကလည်း သုံး ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီ။
ဤအမြန်နှုန်းက အလွန်မြန်သည်။ ထိုစဉ်က လုမင်ဟာ ကောင်းကင်ဧကရာဇ်၏ခန္ဓာအတွက် စွမ်းအင်ကို ဆယ့်နှစ်ရာခိုင်နှုန်းအထိ သိုလှောင်ရန် ခြောက်လကျော် အချိန်ပေးခဲ့ရသည်။
ယနေ့တွင်၊ လူတစ်စုက တောင်ကြားအပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ဤလူများက နတ်ဆိုးဓားများကို ကျောထက်တွင် လွယ်ပိုးထား၏။ သူတို့၏ ခန္ဓာကိုယ်များမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။ သူတို့၏ မျက်လုံးများမှာလည်း ဓားသွားကဲ့သို့ စူးရှပေသည်။
"ရက်တွက်ကြည့်ရရင် ဒီနေရာက နတ်ဆိုးရင်းမြစ်သစ်သီးဟာ ရင့်မှည့်ခါနီးနေပြီ။ ရိတ်သိမ်းရမဲ့အချိန်ရောက်ပြီ" ဦးဆောင်လာသူမှာ ကြံ့ခိုင်သန်မာသော လူတစ်ယောက် ဖြစ်သည်။
ထိုသူ၏ အရှိန်အဝါက အလွန်အားကောင်းသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံမှုရှိ၏။
"ဒါပေမဲ့ ဒီတောင်ကြားမှာ နတ်ဆိုးဝံပုလွေအုပ်တစ်အုပ် စောင့်ကြပ်နေကြတယ်။ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့က မလွယ်ဘူး" နောက်လူတစ်ယောက်က ပြောသည်။
"ဘာတွေ ခက်ခဲနေတာလဲ။ ဒီနတ်ဆိုးဝံပုလွေအုပ်မှာ ဧကရုဇ်တစ်ပိုင်းအဆင့်က တစ်ကောင်ပဲရှိတာ၊ ကျုပ်တို့မှာတော့ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူသုံးဦး ရှိတယ်။ ဒီနတ်ဆိုးဝံပုလွေအုပ်ကို ဖျက်ဆီးဖို့ လုံလောက်ပါတယ်" ဦးဆောင်လာသူက အေးစက်စွာ ပြောလိုက်သည်။
"အမှန်ပဲ၊ ခဏနေရင် ကျုပ်တို့ ဝင်တိုက်ကြမယ်" နောက်ထပ် ဧကရာဇ်တစ်ပိုင်းတစ်ဦးက ပြော၏။
ဤလူများက တောင်ကြားအပြင်ဘက်တွင် စောင့်နေလိုက်ကြသည်။
သို့ရာတွင်၊ မနီးမဝေးမှ တိမ်တိုက်များကြားတွင် လူတစ်စုက သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေတာကိုတော့ သူတို့ မသိကြတော့ပေ။
***