ရှန်းယွီသည် ဝိညာဉ်ပြန်လည်စတင်ခြင်းဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်သူ ကောင်းကင်ယံထက်တွင် လွင့်မျောနေသည်ကို တွေ့ရှိလိုက်ရသည်။
ဤနေရာမှာ တစ်နေရာရာတွင် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရ၏။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ မြင့်မားသော အရပ်တွင် ရှိနေသော်လည်း ပိုမိုထက်မြက်လာသော သူ၏အမြင်အာရုံကြောင့် အောက်ခြေရှိ အရာခပ်သိမ်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
"မိုးမျှော်တိုက်တွေလား"
သူ အံ့ဩစွာ ရေရွတ်လိုက်မိသည်။
ကျင့်ကြံခြင်းကမ္ဘာတွင်လည်း ခေတ်သစ်ကမ္ဘာရှိ အမြင့်ဆုံးအဆောက်အအုံများထက်ပင် ပိုမိုမြင့်မားသော အဆောက်အအုံများ ရှိသော်လည်း ဤနေရာရှိ မိုးမျှော်တိုက်များမှာမူ ပုံစံချင်း မတူညီချေ။ ၎င်းတို့မှာ ခေတ်သစ်ကမ္ဘာတွင် မြင်တွေ့ခဲ့ရသော ပုံစံများနှင့် တထပ်တည်း ကျနေတော့သည်။
ငါ ငါ့ရဲ့ မူလကမ္ဘာကို ပြန်ရောက်သွားတာလား။ မဟုတ်သေးဘူး... ဒါက မဖြစ်နိုင်ပါဘူး။ ဒါဆို ဒါဟာ ကံကံ၏အကျိုးနိယာမပဲလား။ ဧကရီ ပြောခဲ့ဖူးသလို မသေမျိုးအဆင့် ဆန်းစစ်သူဖြစ်လာတဲ့အခါမှာ မြင်တွေ့ရမယ့် အခွင့်အရေးမျိုးလား။ ငါ အခု မြင်နေရတာက အဲဒီနိယာမရဲ့ အရိပ်အယောင်တွေပဲ ဖြစ်ရမယ်။
အကယ်၍ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ခဲ့မယ်ဆိုရင်... ငါ့ရဲ့ အတိတ်ကိုပဲ ပြန်ကြည့်နေတာက ဒီလို အဖိုးတန်တဲ့ အခွင့်အရေးကြီးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မယ်။ အတိတ်က အဖြစ်အပျက်တွေက ပြောင်းလဲလို့မှ မရတာ။ အဲဒီအစား ငါ့ရဲ့ ရှေ့မှာ ဘာတွေ ဖြစ်လာမလဲဆိုတဲ့ အနာဂတ်ကိုပဲ မြင်အောင် ကြည့်ကြည့်ရအောင်။
အချိန်အတော်ကြာ အာရုံစူးစိုက်ပြီးနောက်တွင် မြင်ကွင်းများ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။
သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
"ဒါက ဘယ်နေရာလဲ"
သူ သိချင်စိတ်ဖြင့် ရေရွတ်လိုက်မိသည်။
ထိုနေရာမှာ အလွန်ပင် မှောင်မည်းလွန်းလှသဖြင့် ထူးကဲသော သူ၏အာရုံခံစားမှုများဖြင့်ပင် ရှင်းလင်းပြတ်သားစွာ မမြင်တွေ့နိုင်တော့ချေ။
သူသည် မှောင်မည်းနေသော လမ်းကြောင်းများတစ်လျှောက် လျှောက်လှမ်းလာခဲ့ရာ အပေါက်ငယ်လေးတစ်ခုမှ အလင်းရောင်ဖျော့ဖျော့ ကျရောက်နေသည့် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ အခန်း၏အလယ်တွင် နံရံ၌ ရေခဲသံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူမှာ အတွင်းခံဘောင်းဘီတိုမှလွဲ၍ အဝတ်အစားမပါဘဲ ဗလာကျင်းနေသည်။
သူ အနားသို့ တိုးကပ်ကြည့်လိုက်သည့်အခါ ထိုသူကို မှတ်မိသွားတော့သည်။
အင်... ဒါ ငါပါလား။
တစ်ချိန်တည်းမှာပင် သံကြိုးခတ်ခံထားရသော သူ၏ဘေးတွင် တစ်စုံတစ်ယောက် ပေါ်လာသည်။ ထိုသူမှာ သူကောင်းစွာသိသောသူပင်။
"ဂျူနီယာညီမလေးလား"
သူ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"စီနီယာအစ်ကိုကြီး... ကျွန်မ ပြန်လာပြီ။ ခဏလေးပဲ ခွဲသွားရတာဆိုပေမဲ့ အစ်ကိုကြီးကို သိပ်လွမ်းနေတာ။ အစ်ကိုကြီးလည်း ကျွန်မကို လွမ်းနေတယ် မဟုတ်လားဟင်"
သူမက ပြောလိုက်သည်။
တောက်။ ငါတော့ တကယ်ကို မကောက်းဆိုးဝါးဆန်ဆန် မြေအောက်ခန်းထဲမှာ ပိတ်လှောင်ခံရတဲ့ အဆုံးသတ်မျိုးကို ကြုံနေရတာလား။
ရှန်းယွီ တွေးနေမိသည်။
သူ ဤသို့ တွေးနေစဉ်မှာပင် လီယောင်းသည် ရုတ်တရက် နောက်သို့လှည့်ကာ သူရှိနေသော နေရာကို တည့်တည့်ကြည့်လိုက်သည်။ ရှန်းယွီမှာ တုန်ခနဲ ဖြစ်သွားပြီး သူမ သူ့ကို မြင်နေရသလားဟု တွေးတောကာ ငြိမ်သက်သွားမိသည်။
"စီနီယာအစ်ကိုကြီး... တစ်ယောက်ယောက်က ကျွန်မတို့ကို ချောင်းကြည့်နေသလိုပဲ။ ကျွန်မ တကယ် ကြောက်တယ်"
ထိုသို့ပြေဋကာ သူမသည် သံကြိုးခတ်ခံထားရသော ရှန်းယွီကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ရုတ်တရက် သံကြိုးခတ်ခံထားရသော ရှန်းယွီက မျက်လုံးများကို ဖွင့်လိုက်သည်။ ရှန်းယွီ၏ မျက်လုံးများနှင့် ထိုသူ၏ မျက်လုံးများ ဆုံမိသွားသည့် ခဏမှာပင် မြင်ကွင်းတစ်ခုလုံးမှာ မှန်ကွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး သူသည် လက်ရှိကမ္ဘာတွင် မျက်လုံးများ ပွင့်လာတော့သည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ရှန်းယွီသည် သူမြင်တွေ့ခဲ့ရသည်များကို အချိန်အတော်ကြာ အလေးအနက် စဉ်းစားနေမိသည်။
ထိုအရာသည် သူ၏အနာဂတ် အစစ်အမှန်ဖြစ်နေမလားဆိုသည်ကို သူ မဝေခွဲနိုင်သေးချေ။ လီယောင်းမှာ ထိုကဲ့သို့သော လူစားမျိုးဖြစ်မည်ဟု သူ မထင်သော်လည်း တစ်ခုခုတော့ မှားယွင်းနေသည်ဟု သူ ခံစားနေရသည်။
"အဲဒီ ရေခဲသံကြိုးတွေ..."
သူ ပြန်လည်အမှတ်ရလိုက်သည်။
လီယောင်းသည် ကံကြမ္မာနိယာမကို ဆင်ခြင်ရန် ကြိုးစားစဉ်က အလားတူအတွေ့အကြုံမျိုး ကြုံခဲ့ရသည်ဟု ပြောဖူးသည်။
လီယောင်း၏ အဆိုအရ ထိုပညာရှိမှာ ဧကရီနှင့်တူပြီး သူ၏အမြင်တွင်မူ ဧကရီမှာ လီယောင်းနှင့် ဆင်တူနေခြင်းပင်။
သူ မေးစေ့ကိုကိုင်ကာ စဉ်းစားလိုက်သည်။
ဒီအနာဂတ်ထဲမှာ မြင်နေရတဲ့ အမျိုးသမီးက ငါ့ရဲ့ ဂျူနီယာညီမလေး မဟုတ်နိုင်ဘူး။ လီယောင်း အယောင်ဆောင်ထားတဲ့ ပညာရှိပဲဖြစ်ရမယ်လို့ ယူဆတာက ပိုပြီး ယုတ္တိရှိတယ်။ သူမက ဘာလို့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။ အသူရာနတ်ဘုရား ပြောခဲ့သလိုပဲ... သူမလက်ထဲမှာ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ ရတနာတစ်ခု ရှိနေတာကြောင့်ပဲ ဖြစ်ရမယ်။
ရှန်းယွီသည် သီအိုရီတစ်ခုကို ထုတ်ဖော်လိုက်သည်။ လီယောင်းသည် ရန်သူနှင့် ရင်ဆိုင်
တိုက်ခိုက်ရာတွင် နောက်ဆုံး၌ ရှုံးနိမ့်သွားခဲ့ပုံပင်။ ထို့နောက် ရန်သူသည် သူရှိရာသို့ ပြန်လာပြီး လီယောင်းအယောင်ဆောင်ကာ ချဉ်းကပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အနာဂတ်မှ သူသည် စနစ်၏ အကူအညီဖြင့်အဆင့်အတန်းကို ကြည့်ရှုနိုင်သောကြောင့် သူမကို မယုံကြည်ခဲ့ပေ။ သူသည် ယုံကြည်ဟန်ဆောင်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း အဖမ်းခံရပြီး ချည်နှောငခြင်း ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
အင်း ဒီလိုက ပိုပြီး ယုတ္ထိရှိတယ်။
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သို့သော်လည်း အလွန်အမင်း စိုးရိမ်စရာတော့ မရှိပုံရချေ။ သူတို့ မျက်လုံးချင်း ဆုံမိသည့် ခဏတွင် အနာဂတ်မှ သူသည် စိုးရိမ်ပူပန်နေပုံ မရပေ။ တကယ်တော့ ထိုအနာဂတ်မှ သူကိုယ်တိုင်ကပင် တစ်စုံတစ်ရာသော စွမ်းရည်ကို အသုံးပြု၍ ရှန်းယွီကို ထိုဗျာဒိတ်မြင်ကွင်းထဲမှ ကန်ထုတ်လိုက်ခြင်းပင်။
ရှန်းယွီ ပြုံးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် သံကြိုးခတ်ခံထားရချိန်မှာပင် သူ၏ အတွေ့အကြုံရမှတ်များမှာ နေ့စဉ် နှစ်ဆ တိုးပွားနေဆဲ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူ အနည်းငယ်တော့ စိုးရိမ်မိသေးသည်။
အကယ်၍ အနာဂတ်ထဲကလူက လီယောင်း အယောင်ဆောင်ထားတာပဲဆိုရင်... ငါ့ရဲ့ ဂျူနီယာညီမလေး အစစ်အမှန်က အခု ဘယ်မှာလဲ။ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် သူမက ပညာရှိကို ရှုံးနိမ့်သွားခဲ့ပြီ။ ဒါပေမဲ့... အဲဒီနောက်ပိုင်း သူမ ဘာဖြစ်သွားလဲဆိုတာ ငါ ဘာမှ မသိရသေးဘူး။ သူမ အသက်ရှင်နေသေးရဲ့လား။
ခဏအကြာတွင် ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ရန် သူ ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ပညာရှိအကြောင်းကို စိတ်ပူနေစရာ မလိုသေးဘူးဟု ဧကရီက ပြောခဲ့ဖူးသည်။ ယခုလောလောဆယ် သူ အာရုံစိုက်ရမည့်အရာမှာ မင်္ဂလာပွဲ ဖြစ်သည်။ ထိုအတွက်ကြောင့် သူသည် ကံကြမ္မာနယ်ပယ်ကို တတ်မြောက်ရန် လိုအပ်သည်။
ဧကရီ ခန့်မှန်းခဲ့သည့်အတိုင်းပင် သူသည် ယင်ယန်အယူအဆကို အသုံးပြု၍ ဗရမ်းဗတာနယ်ပယ်ကို ပြောင်းပြန်လှန်ရန် ကြိုးစားသည့်အခါ စနစ်တကျရှိခြင်း နယ်ပယ်ကို ရရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကံကံ၏အကျိုးနိယာမကို လှမ်းမြင်ခဲ့ပြီးနောက်တွင် ကံကြမ္မာဆိုသည်မှာ ဘာလဲဟူသည်ကို သူ ရိပ်မိသွားပြီး ၎င်းကို နားလည်ရန်မှာ အချိန်အကြာကြီး မလိုတော့ကြောင်း သူ ခံစားလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မိနစ်အနည်းငယ်အတွင်းမှာပင် ရှန်းယွီသည် ကံကြမ္မာနယ်ပယါသာမက ကေ့ကံ၏အကျိုးတရားနယ်ပယ်ကိုပါ နားလည်တတ်မြောက်သွားခဲ့သည်။ ၎င်းတို့မှာ ဗရမ်းဗတာနှင့် ဆန့်ကျင်ဘက်ဖြစ်သော စနစ်တကျရှိမှုနှင့် အနည်းငယ် ဆင်တူသော်လည်း တစ်ခုချင်းစီတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။
သို့သော်လည်း ဤနယ်ပယ်များမှာ အလွန်အမင်း အစွမ်းထက်သည်ဟု ရှန်းယွီ မခံစားရသေးပေ။
ဗရမ်းဗတာနယ်ပယ်ကဲ့သို့ပင် စနစ်တကျရှိမှုနယ်ပယ်သည်လည်း တိုက်ပွဲများတွင် အစွမ်းထက်မည်မှာ သေချာသော်လည်း အခြားနယ်ပယ်များမှာမူ ထိုမျှအထိ မဟုတ်သေးချေ။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဖြစ်သည်။
လောလောဆယ်တွင်မူ ၎င်းတို့မှာ နောက်ထပ် ဘဝအသက်မွေးမှု အတတ်ပညာများကဲ့သို့သာ ဖြစ်နေသည်။
ဒါတွေကို တိုက်ပွဲတွေမှာ ထိထိရောက်ရောက် သုံးလို့ရမလားဆိုတာ ထပ်ပြီး သုတေသနလုပ်ဖို့ လိုဦးမယ်။
ထိုသို့ တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ပြန်လည်စတင်ခြင်းဖြစ်ကတည်းက ဆူပွက်နေခဲ့သော သူ၏ ဝိညာဉ်အမြုတေမှာ အဆုံးစွန်သော အမှတ်သို့ ရောက်ရှိသွားတော့သည်။
ယခုအခါ နတ်ဘုရားအဆင့်သို့ အဆင့်မြှင့်တင်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
***