“မယ်တော်”
မယ်တော်ကြီးက အိပ်ရာထဲက မထနိုင်တော့တာကြောင့် ကျုံးဇီဟန်က မယ်တော်ကြီးရဲ့ အိပ်ခန်းထဲကို ဝင်သွားပြီး ရိုသေစွာ ဦးညွှတ်ကာ ကုတင်ဘေးမှာ ထိုင်၍ ဧကရီရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ကျုံးဇီဟန်က သူမလက်ကို တစ်ကြိမ်ထိလိုက်တာနှင့် မျက်မှောင်ကြုတ်၍
“မယ်တော်ကြီး၊ ဘာလို့ပိန်သွားပြန်ရတာလဲ”
မယ်တော်ကြီးက အဖြေပြန်မပေးချေ။ သူမ မျက်လုံးကို မော့ပြီး အိပ်ခန်း ပတ်လည်ကို ကြည့်လိုက်သည် ။ ထို့နောက် နန်းတွင်းသူတိုင်း ရိုသေစွာ ဆုတ်ခွာသွားကြသည်။
“မယ်တော်ကြီး၊ သားတော်ကို စိတ်ဆိုးနေသေးလား”
ကျုံးဇီဟန်သည် မယ်တော်ကြီးကိုကြည့်ကာ သူမ၏လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။
မယ်တော်ကြီးသည် သူ့ကို အေးစက်စွာ ကြည့်ကာ သက်ပြင်းရှည်ကြီးဖြင့် ခေါင်းယမ်းပြီး မျက်နှာလွှဲ၍
“မင်း မင်းဝေကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ စစ်ယောင်ကို ကတိပေးထားတယ်လေ”
မယ်တော်ကြီး၏ တူမ၊ ကျုံးဇီဟန်၏ဝမ်းကွဲ၊ ဧကရီ ရွှီစစ်ယောင်သည် နတ်ရွာစံဧကရီဖြစ်ပြီး နန်းကျမင်းသား ကျုံးမင်းဝေကို ဖွားမြင်ပေးသော မိခင်လည်း ဖြစ်သည်။
“စစ်ယောင်သာ သူ့သားတော် ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ရာဇ၀တ်မှုတွေကို သိရင်၊ သူလည်း ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ စစ်ယောင်က ဂုဏ်သရေရှိ လေးစားစရာကောင်းဆုံး အမျိုးသမီးပဲ”
မယ်တော်ကြီးက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သူမ၏ လက်ချောင်းများက တုန်ရီက အဝါရောင်မျက်လုံးများက လှုပ်ရှားနေပြီး
“မင်းဝေကို ဒီလိုဆက်ဆံတော့ ငါ့မှာ စစ်ယောင်ကို အိမ်မက်ထဲတောင် မျက်နှာမပြရဲတော့ဘူး”
“အမေ၊ စစ်ယောင်က ကျွန်တော်အိမ်မက်ထဲကို လွန်ခဲ့တဲ့ ၃၂ နှစ်ကတည်းက တစ်ခါမှပေါ်မလာဖူးဘူး”
“အိမ်မက်ကောင်းရော အိမ်မက်ဆိုးရော တခါမှကို ပေါ်မလာဖူးဘူး အမေ၊ စစ်ယောင်က ဘာဖြစ်လို့ ဒီလောက်ရက်စက်ရတာလဲ”
မိဖုရားကြီးသည် သားတော်၏ ညှိုးငယ်သောမျက်နှာကို ကြည့်ပြီး စိတ်ပျော့လာလေသည်။ သူမ၏ သွေးရင်းသားရင်း ခံစားနေတာကို သူမ ဘယ်လိုလုပ် တောင့်ခံနိုင်မည်နည်း။
“အရှင်မင်းကြီး၊ စစ်ယောင်ကို ဒီလောက်ချစ်ရင် မင်းဝေကို ပိုအာရုံစိုက်ပေးသင့်တယ်။ မင်းဝေကို ဘာလို့ ဒီလောက်အပြစ်ပေးရတာလဲ ဘယ်လိုပဲဖြစ်ဖြစ် သူက စစ်ယောင်ရဲ့ သားတော်ပဲလေ”
ဧကရာဇ် ကျုံးဇီဟန်ရဲ့လက်ကို ကိုင်ထားရင်း မယ်တော်ကြီး အလျင်စလိုပြောလိုက်သည်။
“မယ်တော်က နိုင်ငံရေးကိစ္စတွေမှာဝင်မစွက်ဖက်နိုင်တဲ့ မိန်းမတစ်ယောက်ပါ ဒါတောင် မင်းဝေက မတရားစွပ်စွဲခံရတယ်ဆိုတာ သိနေတယ်။ မင်းက အဖေတစ်ယောက်ပဲ၊ ဘာလို့နားမလည်နိုင်ရတာလဲ။ ကျားတောင် ကိုယ့်သားသမီးကိုယ် ထိခိုက်အောင်မလုပ်ဘူး။ အရှင်မင်းကြီး မင်းဝေကို ပြန်ခေါ်လိုက်ပါတော့။ သူ့ကို မင်းသားဂုဏ်မပေးချင်ရင်လဲ နန်းကျမင်းသားအနေနဲ့ပဲ ထားလေ၊ နင်းဂုတလို နေရာမျိုးမှာတော့ မထားပါနဲ့...”
ကျုံးဇီဟန်သည် မယ်တော်ကြီး၏ စကားကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမ၏ စိတ်လှုပ်ရှားမှုကြောင့် စိုစွတ်နေသော မျက်လုံးများဖြင့် သူ၏အေးစက်စက် မျက်လုံးများကို ကြည့်လိုက်သည်။ သူမ လက်ကို လှမ်းကိုင်လိုက်သည်နှင့် ကျုံးဇီဟန်၏ အသံသည် ပို၍ပင် အေးစက်လာသည်။
“မယ်တော်ကြီး နိုင်ငံရေးဆိုတာ ဝင်စွပ်ဖက်လို့ မရဘူး၊ ဒါ မယ်တော်ကြီးလဲ သိတဲ့ စည်းကမ်းပဲ၊ မယ်တော်ကြီးက ဘယ်လို မေ့နေရတာလဲ”
မယ်တော်ကြီးက ဒေါသူပုန်ထခဲ့သည်။ အဲဒီနောက်မှာတော့ သူမဟာ ပြန်လည်တည်ငြိမ်လာလေသည်။ သူမက ကျုံးဇီဟန်ကို အေးစက်စွာကြည့်ပြီး နောက်ဆုံးမှာတော့ တိုးတိုးလေးပြောလိုက်သည်။
“ဟုတ်ကဲ့ မယ်တော် ကောင်းကောင်းအိပ်ပါ။ သားတော် နောက်ရက်ကျမှ လာတွေ့ပါမယ်”
ကျုံးဇီဟန်သည် ဖြည်းညှင်းစွာထကာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။
***