“အရှင်မင်းကြီး၊ ပြန်ကြွတော်မူပါမယ်”
မိန်းမစိုး၏ စူးရှသောအသံပြီးနောက် မယ်တော်ကြီးသည် ရုတ်တရက် သွေးများအန်ထွက်လာလေသည်။
“မယ်တော်ကြီး၊ မယ်တော်ကြီး”
မယ်တော်ကြီး၏ အစေခံ ပိချောင်သည် အသံကြားပြီးနောက် အိပ်ခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ သွေးစက်များကို ကြည့်ပြီး ကြောက်ရွံ့ထိတ်လန့်ကု ခြေထောက်များ ပျော့ပျောင်းလာသဖြင့် ကုတင်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ အမြန် မယ်တော်ကြီး၏ ပါးစပ်ကို သုတ်ကာ မျက်ရည်များဖြင့်
“မယ်တော်ကြီး ဘယ်လိုဖြစ်ရတာလဲ။”
“စစ်ယောင် စစ်ယောင်...”
မယ်တော်ကြီးသည် ခေါင်းကို ငုံ့ကာ ခါလိုက်သည်။
“စစ်ယောင် အရီးတော် တောင်းပန်ပါတယ် မင်းကို တကယ် တောင်းပန်ပါတယ်... “
“သမားတော် သွားခေါ်ကြ သမားတော် အမြန်။”
အစေခံက အမြန် မယ်တော်ကြီးအား လှဲလျောင်းစေပြီးမှ သမားတော်ကို ခေါ်ခိုင်းသည်။
နေရောင်အောက်တွင် တံခါးကို ဖြည်းညှင်းစွာ ဖြတ်သွားသည့် ကျုံးဇီဟန်၏ မျက်နှာသည် စိတ်တိုနေပုံပေါ်သည်။ သူ့မေးစေ့ကို လက်တစ်ဖက်နှင့် ကိုင်ကာ နန်းတော် နံရံအနီပေါ်ရှိ သစ်ကိုင်းများနှင့် နွယ်များ ရောင်ပြန်ဟပ်နေသည့် ဘီလူးတစ်ကောင်ဟု ထင်ရသည့် အရိပ်ကို ကြည့်လိုက်သည်။
“မယ်တော်ကြီးရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းတဲ့ပုံပါပဲ။ စီနင်းနန်းဆောင်က တော်ဝင်သမားတော်ကို သွားပင့်နေကြတာပါ။”
ကျုံးဇီဟန်သည် မျက်ခုံးများကို တင်းတင်းကြပ်ကြပ် ကြုံ့ထားပြီး နံရံပေါ်ရှိ သစ်ကိုင်းများနှင့် နွယ်ပင်များ၏ ရောင်ပြန်ဟပ်မှုကို စိုက်ကြည့်နေသည်။ အကြာကြီး တိတ်နေပြီးနောက် သူက
ကျိုးရူဟိုင်သည် နွေဦးပန်းပင်များကို ကြည့်လိုက်ရင်း သူ့မျက်နှာမှာ အနည်းငယ် ကြောက်လန့်သွားသည်။ သူက တိုးတိုးပြောလိုက်သည်။
“အရှင်မင်းကြီး၊ ဒါစတုတ္ထမင်းသားလေးမွေးလာတုန်းက စိုက်ဖို့ အမိန့်ပေးထားတာတဲ့အပင်တွေပါ။”
ကျောက်ကွေ့ဖေးသည် “ယွီတန်ချွန်း”ကို အနှစ်သက်ဆုံးဖြစ်သော်လည်း ယွီတန်ချွန်းသည် တောင်ဘက်ရှိ ပန်းပင်တစ်ပင်ဖြစ်သည်။ မြောက်ဘက်ရှိ လေအေးသည် ယွီတန်ချွန်းကိုစိုက်ရန် မလွယ်ကူပေ။ သို့သော်လည်း အရှင်မင်းကြီးက ဂရုတစိုက် ပြုစုပျိုးထောင်ရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံး စတုတ္ထမင်းသားလေး ဖွားမြင်တဲ့နှစ်၌ ဧကရာဇ်မြို့တော်မှာ အမြစ်ကို စိုက်ထားခဲ့ပြီး ယွီတန်ချွန်းပန်းများသည် နှစ်စဉ်ပွင့်နေခဲ့သည်။
ကျုံးဇီဟန်က စကားမပြောဘဲ ကျိုးရူဟိုင်ကို မျက်စောင်းထိုးလိုက်သည်။ ကျိုးရူဟိုင်က အမြန်ပင် သူ့ကို ဦးညွှတ်ပြီး
“ ကျောက်ကွေ့ဖေးက ညစာပြင်ဆင်ပေးထားပါတယ်တဲ့ “
“မယ်မယ်၊ အရှင်မင်းကြီး ကျွန်တော်တို့နန်းဆောင်ကို လာတော့မယ်ထင်ပါရဲ့၊ ကျင်းယွမ်ဂိတ်ကို ကျော်လာပြီ”
ယန်ရှီး နန်းဆောင်ရဲ့ ခေါင်းဆောင် မိန်းမစိုးက ဝမ်းသာအားရ ဝင်လာပြီး
ကျောက်ကွေ့ဖေး အရမ်းပျော်သွားခဲ့သည်။ အမြန် လှပသော အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ခင်းကျင်းနေစဉ် သူမ၏နောက်ကွယ်မှ တတိယမြောက်မင်းသား ကျုံးမင်းကျန်းအားအပြုံးဖြင့် ပြောလိုက်သည်။
“ဒီနေ့ မိတ်ကပ်လိမ်းရင် လှပါ့မလား၊ များသွားမလားမသိဘူး။”
“မယ်တော်က နဂိုကတည်းကလှပြီးသားပါ၊ ပေါ့ပေါ့ပါးပါးဖြစ်ဖြစ် ထူထပ်တဲ့မိတ်ကပ်ပဲဖြစ်ဖြစ် အမြဲလှပါတယ်”
ကျုံးမင်းကျန်းက ပြုံးလျက် ကျောက်ကွေ့ဖေးကို ခန်းမအပြင်သို့ ခေါ်ဆောင်ရင်း
“ခမည်းတော်က မယ်တော့်ကို ကောင်းကောင်း ဆက်ဆံတာပဲ၊ ပွဲတော်ရက်တွေမှာ မယ်တော့်ဆီကိုလာတယ်။”
“သားတော် ပြောတာမှန်တယ်။ အရှင်မင်းကြီးက မယ်တော်တို့နန်းဆောင်ကို အရမ်းကြင်နာပေးတယ်။ ဒါပေမယ့် တချို့ ဒါကိုမမြင်နိုင်တဲ့ နှိမ့်ချတဲ့လူတချို့ရှိနေသေးတယ်လေ။ မယ်တော်တို့နန်းဆောင်ကို ပြိုင်ပြီး မျက်နှာသာရဖို့ တိုက်ခိုက်နေကြတာ အရှက်လဲမရှိဘူး။”
သူမက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူမလက်ကို မြှောက်လိုက်ပြီး အနီရောင်ပတ္တမြားနားကပ်အသစ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ခမ်းနားထည်ဝါစွာ ကွပ်ထားသောရွေသည် အရောင် တောက်ပနေခဲ့သည်။
***