ကျောက်ကွေ့ဖေးသည် အံကြိတ်ကာ မိန်းမစိုးကို လက်ညှိုးထိုးပြီး
“အခါရှစ်ဆယ်၊ ကိုယ်တိုင်လုပ်”
“ဟုတ်ကဲ့ ကျွန်တော်အပြစ်ခံယူပါတယ်”
မိန်းမစိုးသည် အမြန် မတ်မတ်ဒူးထောက်ကာ ပါးစပ်ကို သူ့ဘာသူ ရိုက်တော့သည်။
ကျောက်ကွေ့ဖေးက ကြည့်ရတာ ပျင်းလွန်းလှတာကြောင့် လှည့်ပြီး ခန်းမထဲကို ဝင်သွားလေသည်။ ကျုံးမင်းကျန်းသည် သူ့မျက်နှာတစ်ဝက်ပေါ်တွင် သွေးများဖြင့် ပေးနေသော မိန်းမစိုးကို စိုက်ကြည့်နေပြီးနောက် အမြန် ကျောက်ကွေ့ဖေး နဲ့အတူ ခန်းမထဲကို လိုက်ဝင်သွားခဲ့သည်။
“စိတ်မဆိုးပါနဲ့ မယ်တော်”
ကျုံးမင်းကျန်းက ကိုယ်လုပ်တော်ကျောက်အတွက် လက်ဖက်ရည်ငှဲ့ရင်း ပြောလိုက်သည်။
“ခမည်းတော် ကျင်းရန်နန်းဆောင်ကို သွားလို့ ဘာမှမဖြစ်ပါဘူး၊ သေတော့မဲ့လူပဲလေ၊ မယ်တော် အရမ်းဒေါသထွက်နေဖို့ မထိုက်တန်ပါဘူး...”
ကျောက်ကွေ့ဖေးက တိုးတိုးလေးပြောရင်း သွားတွေကို ကိုက်လိုက်သည်။
ကျောက်ကွေ့ဖေးက ဆက်မပြောတော့ဘဲ ရွှေရောင်လည်ဆွဲကို ဆွဲဖြုတ်ကာ စားပွဲငယ်လေးပေါ် လေးလံစွာ ပစ်ချပြီး လက်သီးကို အသေဆုပ်လိုက်သည်။
ဧကရာဇ်နှင့် နတ်ရွာစံဧကရီတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်ကြသည်။ ဧကရီရွှီစစ်ယောင် ကွယ်လွန်ခဲ့သည်မှာ သုံးဆယ့်နှစ်နှစ်ရှိပြီဖြစ်သော်လည်း အရှင်မင်းကြီးက သူမအကြောင်းကို အမြဲတွေးနေသေးသည်။ ယခု ကျောက်ကွေ့ဖေးသည် အချစ်ခံရဆုံးဖြစ်ပြီး အမတ်များ၏တိုက်တွန်းသံများက မြင့်မားနေသော်လည်း အရှင်မင်းကြီးသည် နောက်ထပ်ဧကရီကို တင်မြှောက်ရန် ရည်ရွယ်ချက်မရှိသေးပေ။ နတ်ရွာစံဧကရီ၏ အိမ်ရှေ့မင်းသား ကျုံးမင်းဝေကို အကြီးဆုံးသားတော်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် မင်းသားနှစ်ပါးကို မွေးဖွားပေးခဲ့တာတောင် ကျောက်ကွေ့ဖေးအတွက် နေရာမရှိခဲ့ပေ။ သို့သော် ဧကရီ၏ ကျင်းရန်နန်းဆေုင်သည် သူမ၏ယန်ရှီးနန်းတော်ဘေးတွင်ရှိသည်။ သူမ၏ယန်ရှီးနန်းတော်သည် မည်မျှပင် အရောင်စုံနေပါစေ ဘေးအဆောင်၏ ခါးသီးမှုအပြည့်ရှိနေဆဲပင်။
“မယ်တော်၊ အရှင်မင်းကြီးက ဟိုဘက်အဆောင်ကိုသွားပြီး စိတ်ပျော့သွားမှာကို စိုးရိမ်နေတာလား။ နတ်ရွာစံဧကရီကြောင့် အရှင်မင်းကြီးက ဟိုမင်းသားကိုလွှတ်ပေးမယ်လို့ ထင်တာလား”
“ဘယ်သူသိမလဲ မင်းသားလေးက နတ်ရွာစံမိဖုရားကြီးရဲ့ တစ်ဦးတည်းသောသားပဲ”
“ မဟုတ်ဘူး၊ ဒီညချက်ချင်း နင်းဂုတက ငါတို့လူတွေကို အကြောင်းကြားလိုက်။ ကြင်နာနေစရာ မလိုတော့ဘူးလို့...”
“ဒါပေမယ့် မိဖုရားကြီးက ခမည်းတော်ရဲ့ စိတ်ကို ပျော့စေတယ်ဆိုရင်တောင် သူက အခုတစ်ကိုယ်လုံးလေဖြတ်နေပြီ။ သူ့အပြစ်ကိုလျှော့ပေါ့ပြီး ဘေကျင်းကို ပြန်လာရင်တောင် လက်ခြေသေနေပြီလေ ရာဇပလ္လင်ကို သိမ်းပိုက်နိုင်ပါ့မလား”
ကျုံးမင်းကျန်းက ကျောက်ကွေ့ဖေးရဲ့ သဘောထားကို သဘောမတူပေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျောက်ကွေ့ဖေးသည် ကျုံးမင်းကျန်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး
“သူလေဖြတ်နေတာကို မင်း မျက်စိနဲ့ကိုယ်တိုင် မြင်လား”
ကျုံးမင်းကျန်းက စကားပြောတော့မည့်အချိန် ကျောက်ကွေ့ဖေး၏ အနီးကပ်အစေခံက ဝင်လာသဖြင့် အမြန်ရပ်လိုက်လေသည်။
အစေခံက အမြန်တောင်းပန်ရန် ဦးညွှတ်၍ ပြောလိုက်သည်။
“ ကျိုးမိန်းမစိုးရောက်နေပါတယ် ဆွေးနွေးစရာရှိလို့ပါတဲ့။”
ခဏအကြာတွင် ကျိုးရူဟိုင်ဝင်လာပြီး ကျောက်ကွေ့ဖေးနှင့် ကျုံးမင်းကျန်းအား အပြုံးဖြင့် ဉီးညွတ်လိုက်သည်။
“ဒီအစေခံက မယ်မယ်နှင့် တတိယမင်းသားကို ဂါဝရပြုပါတယ်”
***