ကျုံးမင်းဝေက မုန့်ကို မျိုချလိုက်ပြီးနောက် အလျင်အမြန် ရေနှစ်ငုံ သောက်လိုက်သည်။ နောက်ဆုံးတွင် သူ အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း မုန့်ကို အမြန်ထပ်မစားရဲတော့ပေ။ သူနည်းနည်းစိတ်ရှုပ်သွားသည်။ သူသည် အသက်သုံးဆယ်ရှိနေပြီဖြစ်ပြီး အမြဲတမ်းတည်ငြိမ်ကာ ဆင်ခြင်တုံတရားရှိသည်။ ဒီကောင်မလေးရှေ့မှာမှ ဘယ်လိုလုပ်ပြီး ပျာယာခတ်နေရတာလဲ။ ဒီကောင်မလေးဆီက ကူးစက်ခံရတာဖြစ်မယ်။
ဒါပေမယ့် ဒီပေါင်မုန့်ကြီးကတော့ တကယ်အရသာရှိတယ်။
အားချိုးက သူ့လက်ထဲက ပေါင်မုန့်တစ်ဝက်ကို လေမှုတ်လိုက်သည်။ သူမက နောက်ထပ်ကိုက်ကြည့်ပြီး မပူတော့ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် ကျုံးမင်းဝေထံသို့ ပို့လိုက်သည်။
“မပူတော့ဘူး၊ စားလိုက်ပါဦး”
ကျုံးမင်းဝေသည် လျှာကျက်နေဆဲဖြစ်သော်လည်း မွှေးပြီး ဆီနစ်နေသော ပေါင်မုန့်ကြီးကို ခုခံနိုင်စွမ်းမရှိပေ။
အားချိုးက သူ့ကို လက်တစ်ဖက်နဲ့ ကျွေးပြီး နောက်လက်တစ်ဖက်နဲ့ ဖက်ထုပ်ကို စားနေသည်။ စားနေတုန်း သူမက
“ဒီနေ့ နဂါးလှေတော်ပွဲတော်လေ။ ဇုံဇီမစားဘဲ ဖက်ထုပ်တွေ စားနေကြတာ ဟား၊ ရယ်ရတယ်နော်”
ကျုံးမင်းဝေသည် သူ့စိတ်ထဲတွင် တိတ်တိတ်လေး မထီမဲ့မြင်ပြုနေသော်လည်း ပါးစပ်က ဘာမှမပြောပေ။ ပေါင်မုန့်တစ်ဝက်ကို သုံးကိုက်လောက်နှင့် စားကုန်သွားခဲ့သည်။ စားပြီးတာတောင် သူ့နှုတ်ခမ်းပေါ်ဆီနစ်နေဆဲဖြစ်ပြီး ထပ်စားချင်နေသေးသည်။
အားချိုးက ကျုံးမင်းဝေဆီ ပေါင်မုန့်ကြီးတစ်လုံးကို ပေးလိုက်ပြီး
ကျုံးမင်းဝေက အနည်းငယ် ပြန်တွေးပြီး ချက်ခြင်းပင် ပေါင်မုန့် မစားချင်တော့ပေ။ သို့သော် နောက်ဆုံးတွင် သူသည် မုန့်ပေါင်းအကြီးလေးလုံးအထိ စားခဲ့သည်။ ခေါင်းမဖော်တမ်းစားပြီးနောက် နောက်ဆုံးတွင် သူ ရပ်တန့်သွားသည်။ ထိုအချိန်မှစ၍ အစားအသောက်တိုင်းသည် အားချိုး ၏ “သတိထားဦး” စကားဖြင့် စတင်ခဲ့သည်။
ပေါင်မုန့်ကိုစားပြီးနောက် အားချိုးသည် ရေနွေးအိုးနှစ်လုံးကို တည်လိုက်သည်။ အရင်နေ့ကတည်းက သူမ ကျုံးမင်းဝေရဲ့ခေါင်းကို လျှော်ပေးဖို့စဉ်းစားထားပေမယ့် အလုပ်များနေတာကြောင့် မလုပ်အားခဲ့ပေ။ သူမ တောင်ပေါ်မှဆင်းတုန်းက ဆပ်ပြာ၊ ပုံးနှင့် အခြားပစ္စည်းများကို ဝယ်ခဲ့သည်။ နောက်ဆုံးတော့ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
အားချိုးသည် အခန်းထဲရှိ ရေပုံးကြီးတစ်ခုနှင့် ရေနွေးပုံးတစ်ပုံးကို ဆွဲကာ ဝင်လာခဲ့သည်။ ထို့နောက် ကျုံးမင်းဝေကို ကုတင်အစွန်းဘက်သို့ ရွှေ့ကာ ခေါင်းလျှော်ရန် ကုတင်စွန်းတွင် ခေါင်းကို လှဲချလိုက်သည်။
ကျုံးမင်းဝေက ခေါင်းအုံးကို ရေစိုစွတ်သွားမည်စိုးသောကြောင့် ဆောလျင်စွာပြောသည်။
“ဟုတ်ပြီ၊ အရှင့်သား နေလို့မကောင်းဘူးဆို ကျွန်မကို ချက်ချင်းပြောနော်။”
အားချိုးက ခွေးခြေခုံရှာပြီး ကုတင်အစွန်းအောက်တွင်ထား၍ ရေဇလုံကို ထိုခုံပေါ်မှာ တင်ထားလိုက်သည်။ အားချိုးသည် ကျုံးမင်းဝေ၏ ဆံထုံးကို ဖြည်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို စုစည်းကာ ရေဇလုံထဲသို့ ထည့်လိုက်သည် ။ သူမလက်က ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ကျုံးမင်းဝေရဲ့ ဆံပင်တွေက တကယ့်ကို ညစ်ပတ်နေသည်ပင်။ ပထမရေဇလုံနှစ်ထပ်ကွမ်းသည် သူ့ခေါင်းပေါ်ရှိ အညစ်အကြေးများကို ချွတ်နေသော်လည်း ပြောင်အောင်အထိ မဆေးကြောနိုင်သေးပေ။ ရေက ညစ်နောက်နေခဲ့ပြီး တတိယရေရောက်သည့်အခါတွင်တော့ အရမ်းနောက်ကျိမနေတော့ချေ။ အားချိုးသည် ဆပ်ပြာကို ကိုင်လိုက်ပြီး ကျုံးမင်းဝေ၏ဆံပင်ပေါ်တွင် ပွတ်လိုက်သည်။ သူမက ကျုံးမင်းဝေရဲ့ ဦးရေပြားကို ပွတ်သပ်ရင်း မေးလိုက်သည်။
ကျုံးမင်းဝေက သူ့မျက်လုံးတွေကို မှိတ်ထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ အားချိုးရဲ့ လှုပ်ရှားမှုတွေကြောင့် သူ့မျက်ခုံးတွေက ခဏရွေ့သွားသည်။
အားချိုးသည် သူ့သက်တောင့်သက်သာရှိဖို့ကို အလွန်အာရုံစိုက်တာကြောင့် အင်အားနည်းနည်းထပ်ဖြည့်လိုက်ရာ ကျုံးမင်းဝေက ပိုကျယ်လောင်စွာ ညည်းတွားလိုက်မိသည်။ အားချိုးက မရယ်ဘဲမနိုင်ခဲ့ပေ။
“အရှင့်သား ခေါင်းလျှော်ခံရင် ဒီလိုအသံမျိုးစုံထွက်နေကျလား။ အစေခံတွေ ရယ်ကြမှာမစိုးဘူးလား
***