“သူတို့ မရယ်ရဲပါဘူး”
ကျုံးမင်းဝေက နှေးကွေးသော အသံဖြင့် ပြောသည်။ သူ့လည်စေ့က လှုပ်သွားတာကြောင့် အားချိုးသည် မျက်လုံးဖွင့်တော့မည်ဟု ထင်ခဲ့သော်လည်း မျက်လုံးမှိတ်ထားဆဲဖြစ်သည်။ ခဏကြာတော့ အားချိုးက သူ့အသံကို ကြားလိုက်ရပြန်သည်။
“သူတို့က မင်းလောက် ခေါင်းလျှော်တာ မကောင်းဘူး။”
အားချိုးသည် သူ့ပါးစပ်က ထွက်လာသော စကားကြောင့် အနည်းငယ် ဘဝင်မြင့်သွားသည်။
“ကျွန်မလို ချက်ပြုတ်၊ အဝတ်လျှော်၊ ကောင်းကောင်းခစားပြီး ခေါင်းပါလျှော်ပေးတဲ့ အစေခံမျိူး မင်းသားတွေ့ဖူးလို့လား။”
မင်းက အစေခံမဟုတ်ဘူး။
ကျုံးမင်းဝေ ရဲ့ နှလုံးသားက ပထမဆုံးအကြိမ် တုံ့ပြန်ခဲ့ပေမယ့် သူ ထုတ်မပြောခဲ့ပေ။
ဆံပင်များကိုဆေးကြောပြီးနောက် အားချိုးသည် အဆင်သင့်ရှိနေသော တဘက်ကိုယူကာ ကျုံးမင်းဝေ၏ဆံပင်ကို သေချာသုတ်ပေးသည်။ ကျုံးမင်းဝေရဲ့ ကျန်းမာရေးက မကောင်းတာကြောင့် ကျုံးမင်းဝေ အအေးမိသွားမှာကို သူမ ကြောက်သဖြင့် မနက်စောစောကတည်းက စောင်သုံးလေးခုလောက် ပြင်ဆင်ထားခဲ့သည်။ ယခုတော့ ဤစောင်တစ်ထည်သည် အားချိုး၏လက်ထဲတွင် ရှိနေပြီး ကျုံးမင်းဝေ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“အခန်းက ကုတင်ပေါ်မှာ နေရောင်မထိုးနိုင်လောက်အောင်ကို ကျယ်တယ်”
“အရှင့်သားရဲ့ အိပ်ရာကသာ တောင်ဘက်နံရံဘက်ကိုကပ်နေရင် အဲ့ဒီမှာ ပြတင်းပေါက်တွေ ရှိတော့ အပြင်မထွက်ဘဲတောင် နေရောင်ကို ရနိုင်တယ်။ အခုထက် ပိုသက်သာမှာပဲ။”
ကျုံးမင်းဝေက အမှန်အတိုင်းပြောနေတာဖြစ်သည်၊ အားချိုးသည် လုံ့လဝီရိယရှိပြီး မနက်တိုင်း သူ့ခန္ဓာကိုယ်ကို ဘယ်တော့မှ မညစ်ပတ်စေပေ။ စောင်သည်လည်း နေ့တိုင်း နေပူထဲ လှန်းထားတာကြောင့် နေရောင်ခြည်၏ရနံ့နှင့်အတူ ပူနွေးနေသည်။ အရင်ကထက် အဆပေါင်း ထောင်ချီ ပိုအဆင်ပြေပေသည်။ မြို့တော်တုန်းကဆိုလဲ သူ့အိပ်ရာခင်းတွေက ရေနဲ့အမွှေးဆီတို့နဲ့ရောလျှော်တာကြောင့် အိပ်ရာပေါ် အမွှေးနံ့များသာ ရှိနေသည်။ အစေခံများသည် နေရောင်ခြည်၏အရသာကို တစ်ခါမျှ မသိကြပေ။
ထိုအရာက ခေါင်းမှ ခြေထောက်အထိ နွေးထွေးစေနိုင်တဲ့ အနံ့တစ်ခုပင်။
ဒါက အားချိုးက သူ့ဆီ ယူဆောင်လာတဲ့ အရသာပင်။ ဤသည်မှာ အသစ်စက်စက်ဖြစ်ပြီး လိုက်လျောညီထွေဖြစ်ရန် လွယ်ကူသည်။
“နေပူစာမလှုံရင် ဆောင်းရာသီမှာ အရမ်းအေးနေမှာ။ နင်းဂုတမှာ ဆောင်းရာသီက အရမ်းအေးပြီး ရှည်တယ်လို့ ကြားခဲ့တယ်။ ဒီကုတင်ပေါ် နေရောင်ခြည်မရောက်ရင် အရမ်းအေးနေလိမ့်မယ်”
ကျုံးမင်းဝေ စကားမပြောပေ။ နင်းဂုတရဲ့ ဆောင်းရာသီမှာ နေ့ရောညပါ အေးနေပြီး ပါးစပ်တောင် မပိတ်နိုင်ဘူးဆိုတာ သူသိထားခဲ့သည်။ စူးရှသောအအေးဓာတ်က သူ့အား ပြန်အမှတ်ရလာစေသည်။ ထိုအချိန်တွင် ကျုံးမင်းဝေသည် အနွေးထည်ပုဝါဖြင့် ဖုံးလွှမ်းထားခံရတောင် ပြန်တုန်ရီလာခဲ့သည်။
အားချိုးက အံ့အားသင့်သွားပြီး ချက်ချင်း မိမိကိုယ်ကို ကြိမ်းမောင်းလိုက်သည်။
“ကျွန်မ အရှင့်သား ခေါင်းကို အကြာကြီးလျှော်လိုက်မိတာပဲ၊ အရှင့်သား အေးနေမှာသေချာတယ်။”
အားချိုး၏ မျက်ခုံးသည် ပို၍ပင် တွန့်သွားသည်။ ထိုအခိုက်တွင် သူမဘာမှပြန်မပြောဘဲ ချည်ထည်တစ်ထည်ကို ရှာဖွေကာ ကျုံးမင်းဝေ ၏ဆံပင်ကို စည်းလိုက်သည်။ ထို့နောက် ကျုံးမင်းဝေကို ကုတင်ဆီသို့ ရွှေ့ကာ ကောင်းကောင်းအိပ်ပျော်စေခဲ့သည်။ အားချိုးသည် နောက်ထပ် ချည်ထည်တစ်ထည်ကို ရှာပြီး ကျုံးမင်းဝေ၏ ခေါင်းပေါ်တွင် ပတ်ထားသည်။ လေယိုစိမ့်မှု မရှိစေရန် ဂရုတစိုက် စစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရစေခဲ့သည်။ တစ်ဖန် ကျုံးမင်းဝေက
“ဆံပင်က တစ်ဝက်ခြောက်နေပြီမို့ ခဏကြာရင် ခြောက်သွားလိမ့်မယ်။”
ကျုံးမင်းဝေက သူမကို မိုက်မဲတယ်လို့ ထင်ခဲ့ပေမယ့် လုံးဝစိတ်မခုသလို နွေးထွေးမှုကိုပါ ခံစားလိုက်ရသည်။ ကျုံးမင်းဝေက အားချိုးအား
“ဟိတ်၊ ငါ့ကို မုတ်ဆိတ်ရိတ်ပေးပါဦး”
***