အားချိုးက
“ မုတ်ဆိတ်မွေးကို ရိတ်ချင်တာလား”
ကျိုးမင်းဆက်တွင် အမျိုးသားများ၊ အထူးသဖြင့် မြင့်မြတ်သော အမျိုးသားများသည် မုတ်ဆိတ်မွှေးများ အရှည်ထားသည့် ဓလေ့ရှိခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် မုတ်ဆိတ်များကို မွေးမြူတတ်ကြသည်။ ကျိုးမင်းဆက်၏ အိမ်ရှေ့စံ ကျုံးမင်းဝေသည် “မြင့်မြတ်သူ” ဖြစ်ကာ မုတ်ဆိတ်မွေးလည်း ရှိခဲ့သည်။ သို့သော်လည်း သူသည် အနိမ့်အမြင့်များကို နှစ်ဝက်ကြာ ခံစားခဲ့ရသဖြင့် ကျုံးမင်းဝေရဲ့ ဘဝတစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မုတ်ဆိတ်မွေးက အရင်ကထက် နည်းနည်းပိုရှည်တာကလွဲလို့ သိပ်ပြီး ကမောက်ကမ မဖြစ်လှချေ။ အရင်တုန်းကတော့ အများကြီး ဂရုတစိုက်ရှိခဲ့တာ တွေ့ရပေသည်။
“ဟုတ်တယ်။”
ကျုံးမင်းဝေက ပြောသည်။
“မြင့်မြတ်တဲ့ အမျိုးကောင်းသားတွေက မုတ်ဆိတ်မွေးကို အလေးထားတယ်လို့ ကျွန်မ ကြားဖူးတယ်။”
အားချိုးသည် ကတ်ကြေးကိုကိုင်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။
“မြို့တော်မှာတုန်းကဆို အမတ်ကြီးသွမ့်က နေ့တိုင်း မှန်ထဲမှာ မုတ်ဆိတ်မွေးတွေကို ကြည့်နေတာကို မြင်ဖူးတယ်။ သူကိုယ်တိုင်ရဲ့ ခေါင်းကို ဖြီးတာထက်တောင် ပိုကြာတာ”
အားချိုးသည် အမျိုးသားတွေ အဘယ်ကြောင့် မုတ်ဆိတ်မွေးထားရလဲ ဆိုတာနားမလည်ပေ။ မုတ်ဆိတ်မွေးရှည်လာတာနဲ့အမျှ အားချိုးက သူ့တို့မျက်နှာကို မမြင်နိုင်ဘူးလို့ ခံစားရသည်။ ထို့အပြင် ကျုံးမင်းဝေ၏မုတ်ဆိတ်သည် ရှည်လွန်းသဖြင့် ယာဂုကျွေးရန် အဆင်မပြေပေ။ အားချိုးက သူ့စိတ်ထဲမှာ တွေးခဲ့ပေမယ့် ထုတ်မပြောရဲခဲ့ချေ။ ဒီနေ့ ကျုံးမင်းဝေက ကိုယ်တိုင်ပြောလာတာကြောင့် သူမ မုတ်ဆိတ်မွေးကို ကိုင်ထားပြီး ကတ်ကြေးနဲ့ ဖြတ်လိုက်တော့သည်။
“ကျွန်မ မုတ်ဆိတ်မွေးကို ပထမဆုံးအကြိမ် ရိတ်ဖူးတာဆိုတော့ အဆင်ပြေရဲ့လား။ ဘာတွေ ဂရုစိုက်ရမလဲ။”
သူမ မုတ်ဆိတ်မွေးတစ်ဝက်ကို ဖြတ်တောက်ပစ်လိုက်သည်။ အားချိုးသည် မုတ်ဆိတ်မွေးကို ကိုင်ကာ ကျုံးမင်းဝေအား ပြုံးပြသည်။
“ငါလဲ မုတ်ဆိတ်မွေးကို သူများဖြတ်ခိုင်းတာ ဒါပထမဆုံးအကြိမ်ပဲ။ အများအားဖြင့်တော့ ဂရုစိုက်ရမဲ့နေရာဆိုလို့ ကတ်ကြေးကို သေချာကိုင်ထားရမှာပဲရှိတယ်။”
“ဟာဟားဟား။ အရှင့်သားလဲ နောက်တတ်မယ်လို့မထင်ထားဘူး”
အားချိုးက သူ့ကို ပြင်းပြင်းထန်ထန် ရယ်မောလိုက်သည်။ သူမက စကားဆက်ပြောနေပေမယ့် သူမရဲ့ လုပ်ရပ်တွေက အရမ်း စေ့စပ်သေချာနေသည်။
“စိတ်မပူပါနဲ့ ကျွန်မလက်ကို ဖြတ်မိရင်တောင် အရှင့်သားကိုမထိစေရဘူး။”
“ဘယ်သူ”
အားချိုးသည် တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မ သူ့အိမ်ကို စရောက်တုန်းက ရာထူးခြောက်ဆင့်ကိုချခံထားရတာ။ အခု တော်ဝင်ကျောင်းတော်ကဆိုလား ဘယ်လိုလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် နေရတာသိပ်အဆင်မပြေရှာပါဘူး၊ လူတစ်ဒါဇင်ကျော်ရှိတဲ့ မိသားစုတစ်စုက အိမ်သေးသေးလေးမှာ ကျပ်သပ်နေရတာ။ အရင်က ကျွန်မတို့ အဲဒီကိုမရောက်ခင်ကဆို အဝတ်လျှော် ချက်ပြုတ်ပေးတဲ့ အစေခံတွေတောင်မရှိဘူး။”
“ဒါနဲ့ ဘယ်လိုဖြစ်လို သွမ့်ချန်းဟုန်ရဲ့အိမ်ကို ရောက်သွားတာလဲ”
ကျုံးမင်းဝေသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အားချိုးကို အံ့သြသော မျက်နှာဖြင့် ကြည့်လိုက်သည်။
“မင်းအရင်က နန်းတော်ဝတ်လျှော်ဌာနမှာ မဟုတ်ဘူးလား၊ မင်းကို ဘယ်သူက သွမ့်အိမ်တော်ကို သွားခိုင်းတာလဲ။”
နန်းတော်ရှိ အစေခံများသည် အသက်နှစ်ဆယ့်ငါးနှစ်ကျော်မှ နန်းတော်ကမှ ထွက်ခွာရန် အမိန့်တောင်းခံနိုင်သည်။ တခြားနန်းတွင်းသူတွေက အမိန့်မပါဘဲ နန်းတော်ကနေ ဘယ်တော့မှ မထွက်နိုင်ပေ။
***