မင်းသားအား ရာထူးမှ နန်းချရန် ကျောက်ကွေ့ဖေးသည် ကြီးမားသော အားထုတ်မှုကို ပြုလုပ်ခဲ့သည်။ မင်းသား၏ ဘက်တော်သား သွမ့်ချန်းဟုန်သည် သူမကိုအမုန်းဆုံး ဖြစ်ပေသည်။ ထိုကဲ့သို့သူမ ပို့ပေးသော အစေခံကိုလဲ သဘာဝကျကျ သူမ၏သူလျိုဟု တွေးကာ မုန်းတီးမည်ပင်။ အဲဒါကိုမြင်တော့ အားချိုးက ကျောက်ကွေ့ဖေးက သူမကို သတ်တော့မယ်ဆိုတာ နားလည်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း သွမ့်ချန်းဟုန်သည် ကျောက်ကွေ့ဖေး၏အစီအစဉ်အတိုင်း မလုပ်ပေးနိုင်ပေ။ သွမ့်ချန်းဟုန်သည် သူမအား အလွန်နှင်ထုတ်ချင်ခဲ့သည်၊ သို့သော် သွမ့်ချန်းဟုန်၏ မိသားစုနောက်ခံကား ရာထူးကျနေပြီပင်။ ဒီလို နိမ့်ကျတဲ့ အနေအထားမျိုးမှာ သူနှင်မထုတ်နိုင်တာတောင် အေးစက်တဲ့နေ့တွေမှာ ထင်းခုတ်ပြီး တစ်နေ့လုံး ထမင်းချက်ရသည်။ သွမ့်မိသားစု၏ ပါးစပ်တစ်ဒါဇင်က သူမ ထမင်းကျွေးတာကိုပဲ စောင့်နေသည်။ သူမသည် တနေကုန် ချက်ပြုတ်ပြီး ပန်းကန်များကို ဆေးနေရတာတောင် မလုံလောက်ခဲ့ပေ။
သုံးလအကြာတွင် အားချိုးသည် သူမ၏ ကံကြမ္မာက တကယ့်အဆိုးဆုံးသို့ ရောက်ရှိသွားသည်ဟု ထင်ခဲ့သော်လည်း သွမ့်ချန်းဟုန်က သူမအား နင်းဂုတသို့ပို့လိုက်တော့သည်။
……
မုတ်ဆိတ်မွေးကို ဖြတ်ပြီးနောက်တွင်ပင် အားချိုး၏ စကားက မပြီးသေး။သူမ ကျုံးမင်းဝေ ရဲ့ မျက်နှာကို သုတ်ဖို့ ပြင်လိုက်ပြီး
“ကျွန်မ ကံက တော်တော် မကောင်းဘူးမလား။ မီးကို ရှေ့ဆုံးကငြိမ်းပြီး လူတွေကိုတောင် ဝင်ကယ်ပေးခဲ့တာကို၊ ဆုချီးမွှမ်းမခံရတာထားပါတော့၊ ကိုယ်လုပ်တော်ကျောက်က အမြင်မကြည်ပါဖြစ်သွားသေးတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ဘယ်လောက်တောင် စိတ်ညစ်နေရသလဲ။ အိပ်ရာထ၊ အဝတ်လျှော်၊ စကားတောင် ပြီးစလွယ် မပြောနိုင်ဘူး။ ကျွန်မအတွက် အဝတ်လျှော်ဌာနက အကောင်းဆုံးနေရာပဲ။ သွမ့်မိသားစုဆိုရင်လဲ အိမ်ထဲကို ရောက်ကတည်းက ထင်းခုတ်ရတယ်၊ အဝတ်လျှော်ရတယ်၊ အရေးကြီးဆုံးကတော့ ကျွန်မနေတဲ့ မီးဖိုချောင်က အပေါက်တွေနဲ့ဆိုတော့ ခေါင်မိုးပေါ်က နှင်းရေတွေက အမြဲ စီးကျနေတာ။ မွေ့ရာကို ဘယ်မှာထားပါစေ စိုစွတ်နေတော့ ညသန်းခေါင်မှာ အိပ်ရာက နိုးလာတတ်တယ်။ ဒီလောက်အေးတဲ့ ဆောင်းရာသီမျိုး တစ်ခါမှ မကြုံဖူးဘူး..”
ကျုံးမင်းဝေ၏ စိတ်ထဲမှာ တုန်လှုပ်သွားသည်။ သူသည် အားချိုး၏ စကားပြောနေသော ပါးစပ်ကို ကြည့်နေသေးသော်လည်း ဘာမှ မကြားရတော့ပေ။ သူ့စိတ်ထဲမှာ “ မီးကို ရှေ့ဆုံးကငြိမ်းပြီး လူတွေကိုတောင် ဝငိကယ်ပေးခဲ့တာ” ဆိုတဲ့ စကားတစ်ခွန်းပဲ ကျန်တော့သည်။ သူ့နှုတ်ခမ်းတွေက အချိန်အတော်ကြာ တုန်လှုပ်သွားပြီး နောက်ဆုံးတော့ သူ ပါးစပ်ကို ဖွင့်လိုက်သည်။
“မီးကို ဘယ်မှာ ငြိမ်းခဲ့တာလဲ၊ အဲ့ကလူကိုရော ဘယ်တုန်းက ကယ်တာလဲ”
“မနှစ်က နှစ်သစ်ကူးအကြို ကျွန်မ ယန်ရှီးနန်းတော်မှာ နေခဲ့တုန်းက။ ကျင်းရန်နန်းတော်ရဲ့ အော်သံတွေကို ကြားပြီး အပြင်ထွက်ကြည့်လိုက်တော့ မီးက အရမ်းတောက်နေတာပဲ။ မီးက ယန်ရှီး နန်းတော်ကနေ ကျင်းရန်နန်းတော်ထိ မီးမပြန့်အောင် ငြိမ်းရမှာပေါ့။ အဲဒီအချိန်မှာ ကျွန်မ တာဝန်ချိန်က ကျနေတော့ ကျွန်မအမှားလို့တွေးမိလိုက်တာလေ။”
ကျုံးမင်းဝေက အားချိုးကို အောက်ကနေ အပေါ်ထိကို ကြည့်လိုက်သည်။ အားချိုး၏ မေးစေ့မှ အမာရွတ်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် အနီရောင် အမာရွတ်ကို သေသေချာချာ ကြည့်လိုက်မိသည်။ တကယ်ရုပ်ဆိုးပေမယ့် အနီရောင်အမာရွတ်က ကျုံးမင်းဝေရဲ့အကြည့်ကို မနှောင့်ယှက်နိုင်ပေ။ သူ့မျက်လုံးများက နီရဲနေသော အမာရွတ်ပေါ်တွင် အေးခဲနေရင်း အမာရွတ်ပေါ်၊ မေးစေ့မှ လည်တိုင်အထိ၊ အပြန်ပြန်အလှန်လှန်ကြည့်နေသည်။
***