အားချိုးသည် ကျုံးမင်းဝေ၏မျက်လုံးများကို သတိပြုမိသောအခါ သူမသည် ကော်လာကို မခို့တရို့ပိတ်လိုက်ပြီး ကျုံးမင်းဝေကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း
“အရှင့်သား ဘာကြည့်နေတာလဲ”
“ဒီအမာရွတ်...”
ကျုံးမင်းဝေက အားချိုးကိုကြည့်ရင်း သူ့မျက်လုံးများက အနည်းငယ် စိတ်အားထက်သန်နေသည်။
“အဲဒီနှစ်က လူတွေကို ကယ်တင်ရင်း ကျန်ခဲ့တာလား။”
“ဟုတ်ကဲ့”
အားချိုးက သက်ပြင်းချကာ ရဲရဲတင်းတင်းပြောလိုက်သည်။ သူသည် ကျုံးမင်းဝေအား နှုတ်ခမ်းစူရင်း ဆက်လက် တိုင်ကြားခဲ့သည်။
“ကျွန်မဝင်သွားတော့ ခန်းမထဲမှာ အရပ်ရှည်ရှည် လူတစ်ယောက် မူးလဲနေတာတွေ့တယ်လေ သူ့ကို အစွမ်းကုန် ကြိုးစားပြီး မီးထဲက ဆွဲထုတ်ခဲ့တာ။ အလျင်လိုနေတော့သူ့မျက်နှာကို မတွေ့လိုက်ရဘူး သူဘယ်သူလဲဆိုတာသာ သိရင် ကျွန်မလျော်ကြေး သွားတောင်းပြီးနေလောက်ပြီ။ အဲဒီနေ့ မီးလောင်ပြီးတဲ့ဒဏ်ရာတွေကို လင်ဇီးလိမ်းဆေး လိမ်းတာ အထိရောက်ဆုံးပဲလို့ကြားဖူးတယ် အမာရွတ်တွေ မကျန်တော့ဘူးတဲ့။”
“အဲဒီလူရဲ့အသက်ကို ကယ်ခဲ့တာပဲ သူ့ကို လိမ်းဆေး တောင်းတာက သိပ်အများကြီး မဟုတ်ပါဘူး၊ ပြောရရင် သူ့အဝတ်အစားတွေက သာမန်လူနဲ့မတူဘူး လင်ဇီးလိမ်းဆေးကို သူ တတ်နိုင်လောက်ပါတယ်။ “
အားချိုးက ညည်းတွားပြီး ပြောရင်း အသံက ပိုကျယ်လာသည်။
ကျုံးမင်းဝေသည် သူမ၏ ပါးစပ်ကို ကြည့်ကာ သူ၏လည်စေ့သည် အပေါ်အောက် လှုပ်ယမ်းသွားသည် ။ တစ်ခုခု ပြောချင်ပေမယ့် မပြောခဲ့ဘဲ သူ့မျက်လုံးတွေ ရုတ်တရက် နစ်မြုပ်သွားပြီး မျက်ခုံးများ ကြုံ့သွားလေသည်။
“အရှင့်သား ပြောကြည့် ကျွန်မ တကယ် ကံဆိုးတယ်မလား”
အချိန်အတော်ကြာ တုံ့ပြန်မှု မရှိတာကြောင့် အားချိုးသည် ကျုံးမင်းဝေ၏ မေးစေ့အား အနည်းငယ် ကြည့်ကာ မေးခဲ့သည်။
သူပြောတာက အမှန်ပင်။ အားချိုးသည် အလွန်ကံမကောင်းခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အမည်မသိလူကြောင့် ဤရုပ်ဆိုးသောအမာရွတ်များ ကျတ်ခဲ့သလို၊ ကျောက်ကွေ့ဖေးအား စိတ်အနှောင့်အယှက်ဖြစ်စေကာ သွမ့်အိမ်တော်သို့ ပို့ခံလိုက်ရပြီး တစ်နည်းနည်းဖြင့် ဒီနင်းဂုတသို့ ရောက်လာသည်၊၊
သို့သော် မီးကြောင့်မဟုတ်လျှင် အားချိုး နင်းဂုတသို့ ဘယ်လိုလုပ်ရောက်လာနိုင်ပါ့မလဲ။
ပြီးတော့ အကျည်းတန်တဲ့အမာရွတ်က အားချိုးကို သူ့နံဘေးကို ပို့ဆောင်ပေးတဲ့ သော့ချက်ပါပင်။
ကျုံးမင်းဝေက သူ့ကိုယ်သူ အကြိမ်ကြိမ်တွေးလိုက်သည်၊ ဒီလိုမှမဟုတ်ရင် သူမ ဒီလိုရုပ်ဆိုးမှုကို ကြုံမည်မဟုတ်ပေ။
အားချိုးသည် ကျုံးမင်းဝေ ၏ တွေးတောမှုကို လုံးဝသဘောမပေါက်ပေ။ သူမသည် ကျုံးမင်းဝေကို တည့်တည့်ကြည့်နေသည်။ မုတ်ဆိတ်ကို ရိတ်ထားတဲ့ ကျုံးမင်းဝေက အရင်ကထက် အများကြီး ပိုချောမောပြီး ပိုငယ်ပုံပေါ်နေသည်။ အရင်က ဒုက္ခိတ လူလတ်ပိုင်းအရွယ်ဆိုလျှင် အခုချိန်မှာတော့ ချောမောတဲ့ မျက်နှာရှိတဲ့ လူငယ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ဟုတ်တယ်၊ ဒီမျက်လုံးတွေကလွဲရင် ဆယ်ကျော်သက်အရွယ်နှင့်တူပေသည်။
သူမ သူ့ကို ပထမဆုံးအကြိမ်တွေ့ခဲ့တုန်းကလိုပင်။
အဲဒီနှစ်လိုပဲ၊ ကောင်းကင်ကြီး အလင်းရောင်အောက်မှာ သူဟာ လွတ်လပ်၊ သီးသန့်ဆန်ပြီး ဂုဏ်သိက္ခာရှိမြင့်မြတ်နေသည်။ သူမ သူ့ကို မော့ကြည့်လိုက်လျှင် တခြားကမ္ဘာရဲ့ မသေမျိုးလို့ ထင်ရလောက်သည်။
……
ကျုံးမင်းဝေက သူ့စိတ်ကို ငြိမ်သက်စေပြီး အားချိုးကို တည့်တည့်စိုက်ကြည့်လိုက်၏။
***