ညနေမှာတော့ သိုးကျောင်းသားရဲ့ ပိုက်ဆံအိတ်နဲ့ ကြာဇံမုန့်တွေက ကျန်နေတုန်းပင်။ ထို့ကြောင့်အားချိုးက အကုန်ရောပေါင်းပြီး ဟင်းပေါင်းချက်ခဲ့လိုက်သည်။ ပုံစံက ယာဂုနဲ့တူသည်။ ချက်ပြုတ်နေတုန်း ဆားတစ်ဇွန်းပိုထည့်လို့ရပြီး အရသာကတော့ ဂျုံယာဂုထက် ပိုကောင်းပေသည်။
ကျုံးမင်းဝေသည် ဂျုံယာဂုအငန်၊ မှိုနှင့်ကြက်ရေခွံ ဂျုံယာဂု၊ နံရိုးယာဂု၊ ဆာရှိမီယာဂု စသဖြင့် စာဖိုမှူးက အစုံ ချက်ပြုတ်ကျွေးဖူးသော်လည်း အားချိုး ပြုလုပ်သော ဂျုံယာဂုသည် ယခင်ပုံစံနှင့်မတူ ပေါ့ပါး၍ ရိုးရှင်းနေသည်။ ကျုံးမင်းဝေက ယာဂုနှစ်ပန်းကန် သောက်လိုက်တာတောင် မကျေနပ်နိုင်သေးပေ။ ပန်းကန်ပြားပေါ်ရှိ မုန့်လုံးကြီးကြီးကို ကြည့်လိုက်မိသည်။
နေ့လည်က အဖြစ်အပျက်ကြောင့်လား မသိ၊ အားချိုးမှာ စည်းကမ်းတွေ အများကြီးရှိလာခဲ့သည်။ ကျုံးမင်းဝေကို ယာဂုနှစ်လုံးကို ဖြည်းဖြည်းချင်း ကျွေးပြီး စကားသိပ်မပြောခဲ့ပေ။ တတိယမြောက်ပန်းကန်ကို ကောက်ယူလိုက်သောအခါ ကျုံးမင်းဝေက ခေါင်းယမ်းလိုက်သည်။ သူ မစားချင်တော့ပေပ။ အားချိုးက မုန့်ပေါင်းကို သူ့ပါးစပ်ထဲကို ထည့်ပေးလိုက်သည်။
“မင်း ညက မီးဖိုချောင်ထဲအိပ်တာလား”
သူ့ပါးစပ်ထဲ မုန့်ကို မျိုချပြီးနောက် ကျုံးမင်းဝေက သူ့နှလုံးသားထဲမှာ ရက်အတော်ကြာအောင် မြိုသိပ်ထားတဲ့ မေးခွန်းကို မေးလိုက်သည်။ နေ့ခင်းဘက်တုန်းက၊ အားချိုးသည် သွမ့်မိသားစု မီးဖိုချောင်တွင်နေထိုင်ရင်း အမြဲအေးကာ နိုးလာသည်ဟုပြောတုန်းက ကျုံးမင်းဝေ ဝမ်းနည်းခဲ့မိသည်။ ထိုအချိန်တွင် အားချိုး၏ဆံပင်ပေါ်ရှိ ကောက်ရိုးကိုကြည့်ရင်း သူပို၍ပင် စိတ်မကောင်းဖြစ်လာသည်။
“ဘေးခန်းကို သန့်ရှင်းရေးလုပ်ပြီးရင် ဘေးခန်းမှာနေလို့ရတယ်၊ မီးဖိုချောင်ထဲမှာမနေနဲ့”
ကျုံးမင်းဝေက တိုးတိုးလေးပြောသည်။ သူဒီလိုမပြောချင်ပေမယ့် မပြောဘဲမနေနိုင်တော့ပေ။
“တောင်ဘက်နံရံကိုကပ်ပြီးအိပ်၊ ပူနွေးပြီး နေရောင် ရနိုင်တယ်။”
အားချိုး၏နှလုံးသား နွေးထွေးလာကာ သူမ၏မျက်လုံးများသည် အနည်းငယ်စိုစွတ်လာခဲ့သည်။ သူမ ပါးစပ်ထဲသို့ နှစ်လုတ်သုံးလုတ်စားပြီးနောက် အောက်ကိုငုံ့ကြည့်ကာ ပြောလိုက်သည်။
“ရပါတယ်၊ မီးဖိုခန်းထဲမှာ ရေမယိုစိမ့်ပါဘူး။ နေရာကလဲကြီးတော့ အဆင်ပြေတယ်”
“မင်းဘာလို့ အခန်းထဲမှာ မနေရတာလဲ။ ဘယ်မိန်းကလေးက မီးဖိုခန်းမှာနေလို့လဲ”
ကျုံးမင်းဝေက အနည်းငယ် စိတ်ဆိုးသွားပြီး စကားစမြည်ပြောသောအခါ အနည်းငယ် အသံကျယ်သွားခဲ့သည်။
“မင်း ဆံပင်မှာ တနေကုန် ကောက်ရိုးတွေနဲ့ရှုပ်နေတာ မင်းမြင်လား။ ဘယ်မိန်းကလေးက မင်းလိုနေလို့လဲ။”
အားချိုးသည် ပန်းကန်များကို ချလိုက်ပြီး အမြန်ဆံပင်ကို သပ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမသည် ကောက်ရိုးတစ်မျှင်ကို တွေ့ရှိခဲ့သည်။ သူမသည် ကောက်ရိုးမျှင်ကို ခပ်ဖွဖွကိုင်ရင်း
ကျုံးမင်းဝေက သူမ၏မျက်နှာကို မမြင်နိုင်ပေ။ သူ့မျက်နှာကို နံရံဘက်သို့ လှည့်ထားပြီး သူ့ကိုယ်သူအနည်းငယ် ဒေါသထွက်နေခဲ့သည်။ သူသည် သူမကို ကိုယ်တိုင်ရှင်းခိုင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပေ။ သူသည် အသက်သုံးဆယ်ကျော်ယောက်ျားတစ်ယောက် ဖြစ်သော်လည်း ဒေါသထွက်သော အခါ ဆယ်ကျော်သက်မိန်းမငယ်လေး၏ သက်ရောက်မှုကို ခံနေရဆဲပင်။
အားချိုးသည် ကျုံးမင်းဝေကိုကြည့်ကာ စကားရပ်လိုက်သည်။ သူမ ဘာမှမပြောတော့ဘဲ ပန်းကန်များနှင့် တူများအားလုံးကို ထုတ်သွားခဲ့သည်။
သူမ ခန်းမဆောင်မှ ထွက်လာသောအခါ ဘေးခန်းဆီသို့ လျှောက်သွားကာ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး သစ်သားသေတ္တာကြီးအနည်းငယ်မှလွဲ၍ လွတ်နေသော အခန်းကို ကြည့်လိုက်သည်။ သူမ၏မျက်ခုံးသည် အလွန်စိုးရိမ်သောကြောင့် ကြုတ်သွားသည်။
အားချိုးသည် တောင်ပေါ်မှဆင်းခဲ့ရပြန်သည်။ အိမ်ထဲမှာ ထမင်း သိပ်မကျန်တော့တာကြောင့် အစားအသောက်နှင့် အသားဟင်းသီး ဟင်းရွက်အချို့ဝယ်ရန် တောင်ပေါ်မှဆင်းခဲ့ရသည်။ တကယ်တော့ တောင်ပေါ်မှာ စားလို့ရတဲ့ ဟင်းရွက်အများကြီးရှိပေသည်။ သူမသည် တောရိုင်း ဟင်းသီးဟင်းရွက်များကိုလည်း နှစ်သက်သော်လည်း ကျုံးမင်းဝေမှာ နေ့တိုင်းမစားနိုင်ပေ။ ထိုနေ့တွင် သူမ ဆေးရုံတက်နေချိန် သမားတော်သတိပေးလိုက်သလို သူ့လို လူနာတစ်ယောက်က အာဟာရမပြည့်စုံလို့ မရချေ။
***