ဒါပေမယ့် ချန်ချင်းရွှမ်က အားချိုးကို သဘောမကျမဖြစ်ခဲ့ပေ။ ထိုအချိန်တွင် သူသည် လက်ဖက်ရည်ခွက် ကိုင်ကာ စံပယ်ရနံ့အား နမ်းကြည့်ရင်း ခွက်ထဲကပွင့်ဖတ်ကို မျက်တောင်မခတ်စိုက်ကြည့်နေတဲ့ ကောင်မလေးကို ကြည့်နေသည်။ ကြည်လင်သော မျက်လုံးတစ်စုံသည် ပွင့်ဖတ်နှင့်အပြိုင်လှပနေသည်၊ သူ့မျက်လုံးထဲက မျက်စံလေးဟာ ခွက်ထဲက ပွင့်ဖက်ထက် အများကြီး ပိုလှတယ်ဆိုတာကို မိန်းကလေးက မသိပုံပင်။
ချန်ချင်းရွှမ်က သူ့နှုတ်ခမ်းထောင့်ကိုပင့်ပြီး လက်ဖက်ရည်ကို ငုံ့ကြည့်ရုံမှလွဲ၍ မတတ်နိုင်တော့။
“သခင်လေးချန်၊ လက်ဖက်ရည်ကို ဘယ်မှာဝယ်တာလဲ။”
ပန်းကို ကြည့်ရတာ ဝပြီးနောက် အားချိုးက ချန်ချင်းရွှမ် ကိုမေးလိုက်သည်။
“ စျေးထဲမှာပဲဝယ်ခဲ့တာလား။”
ချန်ချင်းရွှမ် က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ပြီး
တကယ်တော့ အားချိုးက သောက်လို့ကောင်းတယ်ဆိုတာထပ် မွှေးပြီး လှပတယ်ဟု ပိုတွေးမိသည်။ သူမအတွက် ရေနွေးကြမ်းဟာ နည်းနည်း ခါးတာကြောင့် သောက်လေ့မရှိပေမယ့် ကျုံးမင်းဝေကတော့ ကြိုက်လောက်သည်။
မျိုးရိုးမြင့်တို့သည် ရေနွေးကြမ်းကို အမြဲ နှစ်သက်ကြသည်။ စာအုပ်တွေအကြောင်းပြောရင်းဖြစ်ဖြစ် ပန်းတွေကိုရှုစားချိန်နှင့် စစ်တုရင်ကစားချိန်တို့တွင် သူတို့က အမြဲတမ်း ရေနွေးကြမ်းသောက်ကြပြီး စည်းစိမ်တစ်မျိုးဟု ဆိုကြသေးသည်။ အားချိုးသည် ထိုစည်းစိမ်ကို နားမလည်သော်လည်း ကျုံးမင်းဝေကို သတိရမိသည်။ သူလဲ အရင်က တစ်နေ့လုံး ရေနွေးကြမ်းတွေ သောက်ခဲ့မှာပဲဆိုတော့၊ မွှေးပြီး ခါးတဲရေနွေးကြမ်းကို သောက်ချင်နေမလားပဲ။
“ဒီလက်ဖက်ခြောက်ကို တခြားနယ်ကမိတ်ဆွေက ယူလာပေးဆိုတော့ ဈေးထဲမှာတော့ မရလောက်ဘူး။”
“ဒါဆို ကျွန်မကို နည်းနည်းလောက် ရောင်းပေးနိုင်မလား”
အားချိုးက သနားစရာကောင်းတဲ့ သမင်တစ်ကောင်ကဲ့သို့ ချန်ချင်းရွှမ် ကို အနက်ရောင်မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ရင်း သတိကြီးကြီးထားပြီး မျှော်လင့်တကြီး မေးလိုက်သည်။
ချန်ချင်းရွှမ် က ပြန်မဖြေဘဲ ခွက်ကိုချ၍ ထပြီး စင်ပေါ်မှ လက်ဖက်ခြောက်အိုးကိုယူကာ အားချိုးရှေ့မှာထားလိုက်သည်။
အားချိုးက လက်ဖက်ခြောက်အိုးကို ကြည့်ပြီး အရမ်းပျော်သွာသော်လည်း စျေးနှုန်းအတွက် အနည်းငယ် စိတ်ပူနေသေးသည်။
ဒီလိုပြောတဲ့အခါ အားချိုးရဲ့ သွားတွေ အံကြိတ်လွန်းလို့ ကျိုးတော့မတတ်ပင်။ နန်းတော်တွင် သူမသည် အဝတ်အစားများကို နေ့ရောညပါ လျှော်ဖွပ်လေ့ရှိတာတောင် တစ်လစာသည် ငွေတစ်စသာဖြစ်သည်။
ချန်ချင်းရွှမ်သည် သူမအံကြိတ်တာကိုမြင်ပြီး ရယ်ချင်နေသည်။
အားချိုး မတ်မတ်ထိုင်ပြီး ချန်ချင်းရွှမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“သခင်လေးချန်ရဲ့ စိတ်ကောင်းသဘောကောင်းတွေကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် သူများအပေါ် ဒီလောက်အနွံတာခံဖို့ထိမလိုပါဘူး။”
“ဒီနေ့ ကျွန်မကို လက်ဖက်ခြောက်တွေ အလကား ပေးလိုက်တယ်။ မနက်ဖြန် ကျွန်မ ရေနွေးခွက်ကိုတောင်းလာရင်ရော၊ ကျွန်မကို အလကားမပေးနိုင်ဘူးလား။ အဲ့လိုဆို ကျွန်မ ရှင့်အိမ်မှာ လိုချင်တာတိုင်းလာတောင်းနေတော့မှာပေါ့။ သခင်လေးချန်က ကြင်နာတတ်တယ်ဆိုပေမယ့် ကျွန်မကို လောဘကြီးတဲ့သူ ပြောင်းလဲပေးလိုက်သလိုပဲမလား”
နှစ်နှစ်ကြာ ဆရာလုပ်ခဲ့သော ချန်ချင်းရွှမ် သည် ယနေ့တွင် မိန်းကလေးတစ်ဦးမှ ပညာရခဲ့သည်။ သူက အမြန်ထပြီး အားချိုးကို ဦးညွှတ်၍
အားချိုးက မျက်နှာနီပြီး ချန်ချင်းရွှမ် ထလာရန် ကူညီပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ခေါင်းကုတ်ပြီး
“သခင်လေးချန်၊ ကျွန်မက ဒီတိုင်းလျှောက်ပြောလိုက်တာပါ၊ သခင်လေးချန် စိတ်ထဲမထားပါနဲ့ လက်ဖက်ေခြာက်က ဘယ်လောက်လဲ”
ချန်ချင်းရွှမ်က ထပ်ပြီး ရယ်ချင်စိတ်ကို ထိန်းထား၍ ပြောလိုက်သည်။
“ဒီလောက်ကြီးတဲ့အိုးကြီးက တကယ် ယွမ်သုံးဆယ်ပဲလား”
***