“တကယ်တော့ ဒါက စံပယ်ပန်းလက်ဖက်ခြောက်လေးတင်ပါ။ ပိုက်ဆံအများကြီး မတန်ဘူး”
ချန်ချင်းရွှမ် က အားကိုးရာမဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။
“ဟုတ်ပြီ၊ ကျွန်မ အခုပဲ ပိုက်ဆံ ပေးလိုက်မယ်”
အားချိုးက သူမခါးအိတ်ကပ်ထဲက ပိုက်ဆံအိတ်ကိုယူပြီး အံကြိတ်ရင်း ပြောလိုက်သည်။ ထို့နောက် ယွမ်သုံးဆယ်ကိုယူကာ အိတ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ပြီးလျှင် သူမက လှည့်၍ ယွမ်သုံးဆယ်ကို ချန်ချင်းရွှမ်အား ပေးလိုက်သည်။
“သခင်လေးချန်၊ ရေကြည့်ပါဦး ကွက်တိပဲ။”
ချန်ချင်းရွှမ် က ခေါင်းညိတ်ပြီး
“ဟုတ်ပါပြီ”
အားချိုးက
“ရှင် ရေကြည့်လိုက်ပါဦး”
ချန်ချင်းရွှမ်သည် သူမရှေ့တွင် ရေတွက်ခဲ့ရပြီးနောက် အားချိုးအား အားကိုးရာမဲ့ပြောလိုက်သည်။
“ယွမ်သုံးဆယ်ပြည့်တယ် ၊ မိန်းကလေး အခု စိတ်အေးသွားပြီလား?”
“ကျွန်မ ဘာမှမစိုးရိမ်ပါဘူး။ ရှင်ကသာ ကိုယ့်ဘက်က ဆုံးရှုံးရမှာကို မကြောက်တာ။”
အားချိုးက လက်ဖက်ခြောက်အိုးကို ဝါးခြင်းတောင်းထဲသို့ထည့်ကာ ခြင်းတောင်းကို ထမ်းပြီး ချန်ချင်းရွှမ်အား နှုတ်ဆက်လိုက်သည်။
ချန်ချင်းရွှမ် က ပြောရင်း သူ့ကိုယ်သူ လက်ဖက်ရည်ဆိုင်က စားပွဲထိုးအတိုင်းတူညီနေတာကို သတိထားမိပြီး ရယ်ချင်သွားသည်။
အားချိုးသည် ကြားကြောင်းပြသရန် လက်ဝှေ့ယမ်းပြပြီးနောက် ခြံစည်းရိုးဆီသို့ ခြေလှမ်းလိုက်သည်။
“ဘာတွေသဘောကျနေတာလဲ ပါးစပ်ကိုမစိဘူး။”
နေ့လယ်စာစားချိန်အထိ ချန်ချင်းရွှမ်က ပြုံးနေသေးသဖြင့် အဖွားချန်က မတတ်နိုင်စွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့လို့”
ချန်ချင်းရွှမ်က စံပယ်ပွင့်ဖက်ကိုကြည့်ရင်း ငေးငိုင်နေသော အားချိုးကို တွေးမိပြီး ခဏလောက် စိတ်ရှုပ်သွားပေမယ့် သူ့ပါးစပ်က ခုထိမစိနိုင်သေးပေ။
“မိန်းကလေးလား”
အဖွားချန်ရဲ့ ဆဌမအာရုံက အရမ်းတိကျပေသည်။
“နာမည်က ဘာလဲ၊ ဘယ်ကလဲ၊ မိသားစုထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ၊ သူ့လယ်ထဲမှာ နွားဘယ်နှစ်ကောင်ရှိလဲ၊ မြန်မြန်ပြောစမ်း”
“အဖွား”
ချန်ချင်းရွှမ်၏ ပါးစပ်သည် ရုတ်တရက် အောက်သို့ ပြန်ရွေ့သွားသည်။
……
အဲဒီနေ့မှာတွင် အားချိုး ပြန်ရောက်တာ အရမ်းနောက်ကျတာကြောင့် မှောင်မည်းနေခဲ့ပြီဖြစ်သည်။
ကျုံးမင်းဝေသည် အချိန်အကြာကြီး စောင့်ဆိုင်းနေပြီး သူမကို စိတ်ပူနေခဲ့သည်။ ထိုအချိန်တွင် တံခါးဖွင့်သံကိုကြားလိုက်သောအခါ နှလုံးသားက မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားကာ စိတ်အေးရသော်လည်း အားချိုးကို ထပ်၍ ဒေါသဖြစ်မိသည်မှာ မလွဲမသွေပင်။ ဒီကောင်မလေးက စည်းကမ်းမဲ့လွန်းလှသည်။ တောင်ပေါ် ဒီလောက်အကြာကြီး လျှောက်သွားပြီး ခုမှအိမ်ပြန်လာဖို့သတိရတယ်။
တံခါးက ပွင့်သွားလေသည်။ အားချိုးက ဗန်းကို ကိုင်ပြီး ကုတင်ရှေ့မှာ ချလိုက်သည်။ သူမ ကျုံးမင်းဝေ ရဲ့ မျက်နှာကို သုတ်ဖို့ အဝတ်ထည်လေးကို ယူပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
ကျုံးမင်းဝေ သည် စိတ်ဆိုးနေဆဲမို့ အားချိုးကို မတွေ့ချင်ပေ။ မျက်နှာ သုတ်ပေးနေတာကို မျက်လုံးပိတ်လျက် ခံယူနေရာမှ ကျုံးမင်းဝေ ရုတ်တရက် မျက်လုံးပွင့်လာပြီး မေးလိုက်သည်။
“ဘာအနံ့လဲ။”
အားချိုးသည် အမြန် ဗန်းထဲမှ ကြွေထည်အထူကြီးတစ်ပန်းကန်ကို ယူကာ ကျုံးမင်းဝေ ဆီ ပို့ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက
“ကျွန်မ ယူလာခဲ့တာကို ကြည့်၊ ကြိုက်ကိုကြိုက်စေရမယ်”
ကျုံးမင်းဝေ က သူ့ရှေ့က စံပယ်ပွင့်ဖက် လက်ဖက်ခြောက်များဖြင့် ပြည့်နေသာ ကြွေထည်ပန်းကန်လုံးကြီးကို ကြည့်လိုက်သည်။ သူတို့ အနံ့က အရမ်းပြင်းလေသည်။ ကျုံးမင်းဝေ သည် ကြွေထည်ပန်းကန်လုံးကြီးနှင့် ထူထပ်သော စံပယ်ပန်းပွင့်ဖက်များကို ကြည့်နေမိသည်။ သူ နည်းနည်း ရယ်ချင်သွားရသည်။ ဒီမိန်းကလေးက ဒီလောက် သိမ်မွေ့တဲ့အလုပ်ကို တစ်ခါမှ မလုပ်ဖူးလောက်ပေ။
“ရှင်တို့မျိုးရိုးမြင့်သခင်လေးတွေက ဇီဇာကြောင်တာ ကျွန်မသိထားတယ် ဒါကြောင့် မီးဖိုချောင်ထဲမှာ ခွက်သွားရှာတာ၊ မတွေ့လို့ ပန်းကန်လုံးနဲ့ ရေနွေးကြမ်းလုပ်လိုက်ရတယ်”
အားချိုး ရှက်သွားပြီး နှာခေါင်းကို အနည်းငယ်ပွတ်ကာ ပန်းကန်လုံးကို ကျုံးမင်းဝေ ၏ပါးစပ်ဆီသို့ ထပ်မံ ပေးလိုက်ပြန်သည်။
“ပန်းကန်က သိပ်မကောင်းပေမယ့် ရေနွေးကြမ်းက ကောင်းပါတယ်၊ အနံ့လည်း ကောင်းတယ် ရှင်ကြိုက်လောက်မှာ။”
***