ကျုံးမင်းဝေ ပါးစပ်ကိုဖွင့်ပြီး ရေနွေးကြမ်းကို သောက်လိုက်သည်။ တကယ်မွှေးပေသည်။ ဖီးနစ်တန်ကွန်းကဲ့သို့သော မွှေးကြိုင်သည့် လက်ဖက်ရည်ကိုတောင် သူသောက်ဖူးသော်လည်း ဤ ကြွေထည်ကြမ်းပန်းကန်လုံးကြီးထဲမှ စျေးပေါသော စံပယ်ပန်း လောက်တော့ မမွှေးပေ။
“မွှေးလား”
အားချိုးက မျှော်လင့်ချက်ဖြင့် မေးသည်။
“အင်း မွှေးတယ်”
ကျုံးမင်းဝေ က သူမရဲ့ နက်မှောင်တဲ့ မျက်လုံးတွေကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ ဒီလောက်မွှေးတဲ့ ရေနွေးကြမ်းကို တစ်ခါမှ မသောက်ဖူးဘူး
“ဟားဟား။ ဒါပေါ့ ကျွန်မ ရေနွေးကြမ်းအိုးထဲမှာ ပန်းအကြီးကြီးတစ်ပွင့်ကို ခူးပြီး ထည့်လိုက်သေးတယ်”
အားချိုးက နည်းနည်း ဘဝင်မြင့်သွားပြီး ကျုံးမင်းဝေကို ရေနွေးကြမ်း ထပ်တိုက်လိုက်သည်။ ရေနွေးကြမ်းက နံ့သာထက်တောင် ပိုမွှေးသလိုပင်။
ကျုံးမင်းဝေ အံ့သြစွာမေးလိုက်သည်။ သူသည် အားချိုးကို ငွေအကြောင်း မမေးသော်လည်း သူတို့၏ အခြေအနေကို သူလည်း သိသည်။ အားချိုး၏ပုံစံကိုကြည့်လိုက်တာနဲ့ သူမက စျေးသက်သာတဲ့ လက်ဖက်ခြောက်ဝယ်ရန်ပင် မတတ်နိုင်ကြောင်း သူသိသည်။
“အရှင့်သား ကြိုက်ရင် ကျွန်မ နေ့တိုင်းတစ်ခွက်လုပ်ပေးမယ်”
အားချိုး အနည်းငယ်ရှက်နေခဲ့ပြီး စံပယ်လက်ဖက်ခြောက်အကြောင်း မပြောချင်ဘူးဆိုတာ သိသာနေသည်။ သူမက ရေနွေးကြမ်းခွက်အလွတ်ကို ဘေးဖယ်ထားကာ အဝါရောင် ကောက်ညှင်းအိတ်များကို ကျုံးမင်းဝေဆီသို့ အမြန်ယူဆောင်လာခဲ့သည်။
“မြည်းကြည့်ပါဦး၊ ကျွန်မ စျေးထဲမှာဝယ်ခဲ့တာ။ နင်းဂုတရဲ့နာမည်ကြီးအစားအစာတဲ့၊ ကပ်စေးနှဲလို့ခေါ်တယ်။”
သူ့လိုအိပ်ရာပေါ်ကမထနိုင်တဲ့လူကို ကောက်ညှင်းကဲ့သို့ အစာမကြေဖြစ်နိုင်သော အစာကျွေးရန် မသင့်တော်သော်လည်း အားချိုးသည် ကျုံးမင်းဝေ မြည်းစမ်းကြည့်စေချင်သေးသည်။
ကျုံးမင်းဝေက ဝါးနေတုန်းပင်။ သူသည် ဒီလို အဆီအနှစ်အရသာတွေ မစားရတာ ကြာပြီဖြစ်ပြီး ဒါက သူမ ကြိုက်တဲ့အရသာဖြစ်နိုင်သည်။ ကျုံးမင်းဝေက မေးစေ့ကို ပင့်ပြီး အားချိုးအား ကြည့်လိုက်သည်။
အားချိုးက နောက်ထပ် ကောက်ညှင်းထုတ်ကို ယူ၍ ကျုံးမင်းဝေဆီ ပေးလိုက်ပြီး
“ဘယ်လောက်ပဲ အရသာရှိရှိ နှစ်ခုပဲ စားရမယ်နော်။ ဒါတွေက အစာကြေခက်တယ်၊ အိုးထဲမှာ ရှိသေးတော့ နောက်မှ သပ်သပ် ထပ်ယူလာပေးမယ်။”
ကျုံးမင်းဝေ သည် အားချိုး ခွံ့သော နောက်ထပ် ကောက်ညှင်းထုပ်တစ်ဝက်ကို စားလိုက်သည်။ ကောက်ညှင်းထုပ်ကို စားနေစဉ် ကျုံးမင်းဝေသည် အားချိုး၏ အကျီလက်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ရုတ်တရက် ထူးထူးခြားခြား တစ်ခုခုကို သူ သတိပြုမိသွားပြီး စားနေတာကို ရပ်၍ အားချိုးအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“ဘာလို့ဒီလောက်နောက်ကျနေတာလဲ”
အားချိုး၏လက်မှာ တုန်သွားပြီး ကောက်ညှင်းထုပ်တစ်ဝက်က ကုတင်ပေါ် ပြုတ်ကျသွားသည်။ သူမ သိသိသာသာ တုန်လှုပ်သွားတာပင်။ သူမ အမြန်ကောက်ညှင်းထုပ်ကို ကောက်ကိုင်လိုက်ပြီး ကျုံးမင်းဝေကို ထပ်မကျွေးတော့ချေ။ သူမက ခေါင်းငုံ့ပြီးပြောလိုက်သည်။
“ဒီတိုင်း၊ ပစ္စည်းတွေ ပတ်ရှာဝယ်နေရတာနဲ့ အပြန်နောက်ကျသွားတယ်...”
“အရမ်းနောက်ကျနေပြီကို၊ ဘတွေထပ်ဝယ်ချင်သေးတာလဲ”
ကျုံးမင်းဝေသည် အားချိုး၏ ထူထဲသော ကော်လာကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေက အနည်းငယ် လေးလံနေသည်။ မေလကဲ့သို့ နှစ်ဝက်၏အစောပိုင်းနွေရာသီတွင် ထိုကဲ့သို့သောထူထဲသော အဝတ်အစားကိုဝတ်ဆင်ရန်မလိုအပ်ပေ။ ထို့အပြင် ကော်လာသည် အလွန်မြင့်မားနေသေးသည်။ နံနက်ခင်းတုန်းက ကောင်မလေးသည် မိုးပြားရောင် ကော်လာဝိုင်း နွေရာသီဝတ်စုံကို ၀တ်ထားပြီး အခုမှ ဆောင်းဦးပေါက်ဝတ်စုံကို ပြန်ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။
***