ကျုံးမင်းဝေ သည် မျက်တောင်မခတ်ဘဲ အနီရောင်အကွက်အမာရွတ်ကို စိုက်ကြည့်နေသည်။ အမာရွတ်က တကယ်ကို ကြည့်မကောင်းလှချေ။ သူ့ဘေးနားက ဖြူဖွေးတဲ့အသားအရည်နဲ့ ယှဉ်လိုက်ရင် ပိုပိုပြီး သိသာထင်ရှားနေခဲ့သည်။ ကျုံးမင်းဝေ သည် ကျောက်စိမ်း၏ အပြစ်အနာအဆာကို စိုက်ကြည့်နေသကဲ့သို့ အမာရွတ်ကို စိုက်ကြည့်နေသည်။ ရုတ်တရက် ကျုံးမင်းဝေ က
“အရင်က မင်းရဲ့ကျောက်စိမ်းလည်ဆွဲရော”
ဟုမေးလိုက်သည်။
အားချိုး၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မတ်တတ်ထထိုင်ကာ သူမလက်ချောင်းများက ကြယ်သီးကို လျင်မြန်စွာ တပ်လိုက်သည်။ ဒါပေမယ့် မည်သို့အသုံးဝင်မည်နည်း။ ကျုံးမင်းဝေ က သူမလည်ပင်းမှာ ဘာမှမရှိတာကို တွေ့လိုက်ပြီပင်။ ကျုံးမင်းဝေ ၏ အသံသည် ရုတ်တရက် ဖိအားပေးလာသည်။
“ပြုတ်ကျတာလား တစ်ယောက်ယောက်လုသွားတာလား။”
“ဟင့်အင်း မဟုတ်ဘူး”
အားချိုး လည်ပင်းကို ထိတ်လန့်တကြားနဲ့ ခါပြီး ခေါင်းယမ်းလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီတိုင်း မှောင်နေလို့ ဘာမှမြင်ရဘဲ ပြုတ်ကျပျောက်သွားခဲ့တာ...”
ကျုံးမင်းဝေသည် အားချိုး၏ အထိတ်တလန့် အသွင်အပြင်ကို ကြည့်ကာ သူ့ရင်ဘတ်သည် ဒေါသတကြီး နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သူ သွားတွေ အံကြိတ်ပြီး
တမင် မြင့်မားသော ကော်လာနှင့် ဝတ်စုံကို ပြောင်းလဲရန်အထိ သူမ ပါးနပ်စွာ တွေးခဲ့မိတာကြောင့် ကျုံးမင်းဝေ ရှာဖွေတွေ့ရှိမည်မဟုတ်ဟု ထင်ခဲ့သော်လည်း သံသယ ဖြစ်နေခဲ့သေးသည်။
သူက ဘယ်လိုလူမျိုးမို့လို့လဲ။ ဒီလို ပါးနပ်တဲ့ အကြံအစည်လေးက အိမ်ရှေ့စံမင်းသားရဲ့ မျက်လုံးကို မည်သို့တားနိုင်မည်နည်း။
ကျုံးမင်းဝေက သူမကို ဒေါသအရမ်းထွက်ပြီး မျက်နှာကို လှည့်လိုက်သည်။ သူ ဒေါသအရမ်းထွက်နေတာကြောင့် နှလုံးနဲ့ အဆုတ်တွေ ပေါက်ကွဲတော့မတတ်ပင်။
အားချိုးက ပြန်ချော့နေသည်၊ သူမ ကျုံးမင်းဝေကို ကြောက်သည်ပင်။ ထို့ထက်ပို၍ ယခုက ကျုံးမင်းဝေသည် သိသိသာသာ ဒေါသထွက်နေတာ ဖြစ်သည်။ သူက ပိုလို့တောင် ကြောက်နေရပြီး ကုတင်အစွန်းမှာ ထိုင်ရင်း ကျုံးမင်းဝေရဲ့ နောက်ကျောကို မဝံ့မရဲ စိုက်ကြည့်နေသည်။
ကျုံးမင်းဝေသည် သူ့ရှေ့က နံရံကို စိုက်ကြည့်ရင်း ပြင်းပြင်းထန်ထန် မောဟိုက်လာသည်။
ဒါပေမယ့် အရှင့်သား ဒေါသထွက်နေတာ သိသာပါတယ်။
အားချိုးက သူ့ခေါင်းနောက်ကို စိုက်ကြည့်နေပြီး ဘာမှ ဆက်မပြောနိုင်တော့ပေ။
အပြင်တွင် အနိုင်ကျင့်ခံခဲ့ရတာက သူမ ဖြစ်သော်လည်း ကျုံးမင်းဝေအား ချော့ပေးနေရသည်။ အားချိုး ပါးစပ်က ဘာပြောရမှန်းတောင် မသိတော့ပေ။ သူမ၏လက်ချောင်းများသည် အိပ်ရာခင်းခင်းပေါ်၌ စက်ဝိုင်းပုံအထပ်ထပ်ဆွဲပြီး နောက်ဆုံးတွင်၊ သူမ၏လက်ချောင်းများသည် ကျုံးမင်းဝေ ၏လက်ချောင်းများကို မဝံ့မရဲနှင့်ထိလိုက်သည်။
အားချိုးသည် ထိုလူ၏လက်ကို ကြည့်လိုက်သည်။ သူမ မြင်လေလေ ပိုဝမ်းနည်းလေလေဖြစ်သည်။ သူမ ဘာကို စိတ်မကောင်းဖြစ်မှန်းမသိတော့ချေ။ ဒါပေမယ့် သူမ ဝမ်းနည်းသလို ခံစားနေရသည်။ ခဏကြာတော့ သူမက အသက်ရှုသွင်းပြီး
သူ့ရဲ့ ပုံမှန်တည်ငြိမ်မှုကို ပြန်ရရှိသွားတဲ့ ကျုံးမင်းဝေက အချိန်အတော်ကြာပြီးမှ ပြောလိုက်သည်။
“ဟင့်အင်း မဟုတ်ဘူး ဘာလို့ အရှင့်သား ကိုယ့်ဘာသာကိုယ် အပြစ်တင်နေတာလဲ။ ဒါကျွန်မရဲ့ ပေါ့လျော့မှုပဲကို”
အားချိုးက အလျင်စလိုပြောပြီး သူမမျက်နှာကို ပေါ့ပေါ့ပါးပါး သုတ်၍ စိတ်လျော့ပါးသွားဟန် ဆောင်လိုက်သည်။
“ တစ်ပတ်လောက်ဆို သူ့ဘာသူ ပျောက်သွားမှာပါ။ ကံကောင်းထောက်မစွာနဲ့ တခြားနေရာ ဘာမှမဖြစ်သွားဘူး။ တကယ်တော့ အဲဒီဆွဲသီးလေး ဝတ်ထားတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ ငြီးငွေ့သွားပြီလေ၊ နောက်မှ တခြားဟာထပ်ဝယ်တော့မယ်...”
ရုတ်တရက် ကျုံးမင်းဝေက အားချိုး စကားကို ဖြတ်လိုက်သည် ။
***