“နင်းဂုတမှာ၊ အကြောက်တရားရှိတာက ကောင်းတဲ့အရာပဲ။ အကြောက်တရားရှိမှ နာခံတတ်မှာ အဲဒါက မင်းအတွက်ရှင်သန်ဖို့လမ်းပဲ။”
လောင်ကျန်းသည် အားချိုး၏ မျက်နှာကို ပွတ်သပ်ပြီး ခပ်ဖွဖွအော်ရင်း လှည့်ထွက်သွားသည်။
အားချိုး၏ ခြေထောက်များ ပျော့သွားပြီး တပြိုင်နက် သူမသည် ရုတ်တရက် နံရံအောက်ခြေအထိ ထိုင်ကျသွားလေသည်။
……
အားချိုးသည် မီးဖိုချောင် စားပွဲရှေ့တွင် ထိုင်ကာ ကျုံးမင်းဝေ ကျန်ခဲ့သော ကောက်ညှင်းထုပ်များကိုစားရင်း မထချင်တော့ပေ၊ သူမ အိပ်ယာပေါ်လှဲချလိုက်သည်။ သူမ အနက်ရောင်ခေါင်မိုးကို စိုက်ကြည့်ရင်း လက်ချောင်းများက လည်ပင်းကို ညင်သာစွာ ဖုံးအုပ်ထားခဲ့သည်။ ထိုနေရာ၌ အနီရောင်လက်ရာကြီးအပြင် ဘာမှမရှိတော့ချေ၊ အားချိုး အနည်းငယ် တုန်လှုပ်သွားကာ ငိုချင်သလို ခံစားလိုက်ရသည်။
အခုချိန်ကစပြီး သူမ မိဘတွေနဲ့ ဘာမှ ဆက်သွယ်မှုမရှိတော့ပေ။
အားချိုး သူ့ကိုယ်သူ စောင်ထဲတွင် မြှုပ်လိုက်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်သည်။
မယ်တော်ကြီးသည် ကာလအတန်ကြာ နာမကျန်းမှုမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကျုံးဇီဟန်မှာ ပျော်ရွှင်ပြီး သူအားတဲ့အချိန်တိုင်း မယ်တော်ကြီးဆီ အတူထမင်းစားပြီး စကားပြောဖို့ လာလေ့ရှိသည်။ အနောက်ဆောင်ရှိ မောင်းမမိဿံများစွာကလည် မယ်တော်ကြီးဆီ လည်ပတ်ရန် စီနင်း နန်းတော်သို့ ရောက်ရှိလာတတ်သည်။ မယ်တော်ကြီးသည် ထိုကိုယ်လုပ်တော်များကို တွေ့ရန် ပျင်းလွန်းလှသော်လည်း ကျောက်ကွေ့ဖေးနှင့် ရှုဖေးတို့လို ကိုယ်လုပ်တော်ကရောက်လာလေသည်။
“မယ်တော်ကြီး၊ ရှုဖေးနဲ့ ကျောက်ကွေ့ဖေးတို့ အခု အပြင်မှာ တူတူစောင့်နေကြပါတယ်။”
မယ်တော်ကြီးသည် ပင်မခန်းမထဲတွင် ကျမ်းဂန်များကို ဖတ်ရှုနေစဥ် သူမ၏အစေခံပိချောင် ဝင်လာပြီး
“သူတို့တွေ ဒီလောက်သဟဇာတဖြစ်ဖို့ဆိုတာ ရှားတယ်။ ဝင်ခိုင်းလိုက်ပါ”
မယ်တော်ကြီးက တိုးတိုးလေးပြောကာ တာအိုဗုဒ္ဓပုတီးစေ့များကို ဖြည်းညှင်းစွာချ၍ ပြတင်းပေါက်ဆီသို့ငေးရင်း သက်ပြင်းချလိုက်သည်။
“မကြာခင် နွေရာသီရောက်လာပြန်တော့မယ်”
“ဟုတ်ကဲ့။”
ပိချောင်သည် ဦးညွှတ်ပြီး မကြာမီ ကျောက်ကွေ့ဖေးနှင့် ရှုဖေးကို ခေါ်လာခဲ့သည်။
“မယ်တော်ကြီးကို ဂါဝရပြုပါတယ်”
လူနှစ်ယောက်က မယ်တော်ကြီးကို နှုတ်ဆက်လာသည်။
“ထတော့”
မယ်တော်ကြီးသည် ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း ထိုင်ခုံများကို ကြည့်ရင်း ပိချောင်အား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မယ်တော်ကြီး”
ကျောက်ကွေ့ဖေး နှင့် ရှုဖေးတို့ ထိုင်လိုက်ကြသည်။ သူတို့ထိုင်နေကြပေမယ့် မပျင်းရိရဲ မတ်နေကြသည်ပင်။ ယခုအချိန်တွင် ပိချောင်သည်တင် သူတို့၏ လေးလံသော ပုလဲခေါင်းဆောင်းကြီးများကို ကြည့်ပြီး သူတို့အစား ပင်ပန်းမိသည်။ မယ်တော်ကြီးအား သူတို့က ဘယ်တုန်းကမှ အမှားမလုပ်ရဲပေ၊ အချစ်ဆုံး ကျောက်ကွေ့ဖေး ပင်လျှင် အမှားအယွင်းမရှိဝံ့။
“မယ်တော်ကြီးရဲ့အသားအရေက အရင်တုန်းကထပ် တော်တော်ကောင်းနေတာကို မြင်ရတာ ပျော်ရွှင်မိပါတယ်”
ပြုံးရင်း ရှုဖေးက အကျီလက်ထဲမှ တစ်စုံတစ်ရာကိုထုတ်ပြီး မယ်တော်ကြီးအားဦးညွတ်ကာ ပေးလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းကော တောင် မယ်တော်ကြီးဆီ လာနှုတ်ဆက်သေးတယ်။ မယ်တော်ကြီးက ဆေးအနံ့တွေပြင်းတယ်ဆိုလို့ ကျွန်မကို အမွှေးအိတ်လုပ်ပြီး ပို့ပေးဖို့ ပြောခဲ့သေးတာ။”
ကျုံးမင်းကောသည် ဒုတိယမြောက်မင်းသားဖြစ်သည်။
မယ်တော်ကြီးသည် အိတ်ကိုယူ၍ အပေါ်တွင် ပန်းထိုးထားသည်များကို ကြည့်ရှုလိုက်သည်။ သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
“မင်းကောက စဉ်းစားတတ်သားပဲ”
“ဟုတ်တယ်၊ မင်းကောကသားသမီးတာဝန်ကျေပွန်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင်မင်းကြီးလည်း ကျန်းမာရေး မကောင်းဘူးဆို။ မင်းကောက အစ်မတော်ကို အရှင်မင်းကြီးအတွက်ကော မလုပ်ပေးခိုင်းဘူးလား။”
ကျောက်ကွေ့ဖေးက ရှုဖေးကို ကြည့်ပြီး ရယ်မောရင်း
“အစ်မတော် အပင်ပန်းခံရှာသားပဲ။ ညီမတော်သာဆိုရင် အဲ့လိုအမွှေးအိတ်တွေ အများကြီးကို မြန်မြန် မချုပ်လုပ်နိုင်လောက်ဘူး “
ရှုဖေး၏ မျက်နှာသည် ရုတ်တရက် အေးခဲသွားပြီးနောက် သူမက ထပ်မံပြုံးလိုက်ပြီး
“ညီမတော် အရွှန်းဖောက်နေပါပြီ။ မိဘတွေရဲ့ တာဝန်က သားသမီးတွေကို လူကြီးမိဘအပေါ်သိတတ်ဖို့သင်ပေးရမှာပဲ၊ ဒီလိုလုပ်ပေးရတာက မိခင်တစ်ယောက်ရဲ့တာဝန်ပါပဲ”
***