ကျောက်ကွေ့ဖေးသည် သူမ၏ပါးစပ်ကို ဖွင့်တော့မည်ဖြစ်သော်လည်း မယ်တော်ကြီး လက်ဖက်ရည်ခွက်အား ချလိုက်သည်ကို သူမမြင်လိုက်ရသည်။ လက်ဖက်ရည်ခွက်သည်မောကျောပြီး စားပွဲသေးသေးလေးပေါ်တွင် တင်လိုက်ရင် အသံအနည်းငယ်ထွက်ပေသည်။ ခဏကြာတော့ ကျောက်ကွေ့ဖေး နှင့် ရှုဖေးတို့သည် တစ်ချိန်တည်းတွင် တိတ်ဆိတ်သွားကြသည်။
“ရှုဖေး ပြောတာ မှန်တယ်။ သားသမီးတွေကို တာဝန်ကျေပွန်အောင် သင်ပေးရမှာ မိဘတွေရဲ့ တာဝန်ပဲလေ။ အရှင်မင်းကြီးက သားသမီးတာဝန်ကျေပွန်သလို မင်းသားတွေလည်း ကျေပွန်သင့်တယ်။ ကိုယ့် အမေအရင်းတွေတင်မကဘူး တရားဝင်မိခင်ကိုပါ ဝတ်ပြုသင့်တာပေါ့”
မယ်တော်ကြီးက ကျောက်ကွေ့ဖေးကို တချိန်တည်းကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နတ်ရွာစံဧကရီရဲ့ နှစ်ပတ်လည်နေ့ ရောက်တော့မယ်၊ ပြင်ဆင်ပြီးပြီလား”
ဇူလိုင်လ ခုနစ်ရက်နေ့သည် နတ်ရွာစံဧကရီအား ပူဇော်သည့်နေ့ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များကတည်းက သူမသည် အခမ်းအနားကိုဦးစီးရပေသည်။ ဒါပေမယ့် ဒီနှစ်မှာတော့ အိမ်ရှေ့စံမင်းသားကို နန်းချလိုက်တာကြောင့် ကျောက်ကွေ့ဖေးဟာ မစဉ်းစားထားချေ။ အိမ်ရှေ့မင်းသားသည် နတ်ရွာစံကရီ မွေးဖွားသော တစ်ဦးတည်းသော သားတော်ဖြစ်တာကြောင့် နတ်ရွာစံဧကရီရဲ့ ဂုဏ်သတင်းဟာလည်း သူ့သားတော်ကြောင့် ထိခိုက်သွားတာ သဘာဝပင်။ ယခုအချိန်တွင် နတ်ရွာစံဧကရီအတွက် အောက်မေ့ဖွယ် အခမ်းအနားကြီးတစ်ခု ကျင်းပရန် မသင့်လျော်ပေ။
သို့သော် နန်းဆောင်ရှိ ပန်းပင်ကို ခုတ်ခံလိုက်ရကတည်းက ကျောက်ကွေ့ဖေး၏သတ္တိမှာ အလွန်သေးငယ်သွားခဲ့သည်။ ကျုံးဇီဟန် ဆိုလိုသော အဓိပ္ပါယ်ကို သူမ နားမလည်နိုင်သော်လည်း ထိုအကြောင်းကို ပြန်မမေးရဲပေ။ ထို့ကြောင့် ကျောက်ကွေ့ဖေးက မယိတော်ကြီးဆီ မေးမြန်းကြည့်မလို့ပင်။ ကံမကောင်းတာက စီနင်း နန်းဆောင်အပြင်ဘက်မှာ ဒီရှုဖေးကို ထိပ်တိုက်တွေ့မိခဲ့လေသည်။ ကျောက်ကွေ့ဖေးသည် ကံမကောင်းဟု ခံစားရသော်လည်း သူမနှင့်အတူသာ ဝင်သွားနိုင်တော့သည်။
နတ်ရွာစံဧကရီ၏ အောက်မေ့ဖွယ်အခမ်းအနားကို မယ်တော်ကြီးပြောလာသည်အား မြင်သောအခါ ကျောက်ကွေ့ဖေးသည် စိတ်မသက်မသာဖြစ်သွားပြီး
“မယ်တော်ကြီးက အရင်နှစ်တွေကလို နတ်ရွာစံဧကရီအတွက် အခမ်းအနားလုပ်ပေးဖို့ ရည်ညွှန်းနေတာပါလား”
မယ်တော်ကြီးသည် ကျောက်ကွေ့ဖေးကို စိုက်ကြည့်သည်။
“ဘာမှ မှားစရာမရှိပါဘူး ဒါပေမယ့် အခုချိန်မှာ နတ်ရွာစံဧကရီအတွက် အခမ်းအနား ကြီးကြီးမားမား လုပ်ဖို့ မသင့်တော်ဘူးထင်တယ်။ နန်းတော်အပြင်ဘက်မှာ ပြည်သူတွေ ဘယ်လောက်တောင်ပြောကြပါ့မလဲ။”
“ကျောက်ကွေ့ဖေးက အခု နန်းတော်အပြင်ဘက်က ကိစ္စတွေကိုပါ ဂရုစိုက်နေတယ်ဆိုတာ ပန်ကုန်း မသိလိုက်ဘူး”
ဧကရီက ရေနွေးကြမ်းအဖုံးကို ကိုင်ကာ ပြောလိုက်သည်။
“ကျောက်ကွေ့ဖေး ဒီအလုပ်ကို မလုပ်နိုင်တော့ဘူးထင်တယ်”
“မယ်တော်ကြီး…ကျွန်မ အဲ့လိုပြောချင်တာမဟုတ်ပါဘူး”
“ကျွန်မက အရှင်မင်းကြီးအတွက် တွေးပေးတာပါ။ ကျွန်မမှာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်မရှိပါဘူး၊ မယ်တော်ကြီး။”
မယ်တော်ကြီးက ကျောက်ကွေ့ဖေး၏နူးညံ့သိမ်မွေ့သော မေးစေ့ကို ကိုင်ကာမော့စေလိုက်သည်။ သူမသည် ကျောက်ကွေ့ဖေးအား မြင့်မားသော အနေအထားမှ လှမ်းကြည့်နေရာ ကျောက်ကွေ့ဖေး၏ နဖူးမှ ချွေးများ စိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက
“အရှင်မင်းကြီးက မင်းအပေါ် သဘောကျတယ်ဆိုတာ ငါသိတယ်၊ ဒါက မင်းရဲ့အားသာချက်ပဲလေ။ အနောက်နန်းဆောင်မှာ အမှားတွေ အများကြီးလုပ်ခဲ့တာတောင် မင်းကို အရှင်မင်းကြီးက ဝင်မစွက်ဖက်ဖူးသလို အပြစ်လဲမတင်ဘူး။ ဒါပေမဲ့တစ်ခုကိုတော့မှတ်ထား၊ အနောက်တောင်မှာ ဘယ်လောက်ပဲ မောင်းမတွေများပါစေ၊ ငါနဲ့ အရှင်မင်းကြီးရဲ့ နှလုံးသားထဲမှာ၊ ပြီးတော့ ကျိုးမင်းဆက်မှာ ဧကရီတစ်ပါးပဲရှိလိမ့်မယ်။”
***