ရေနွေးတစ်ဝက်လောက် သောက်ပြီးနောက် ရှုဖေးက ကျုံးမင်းကောကိုကြည့်ကာ နှုတ်ခမ်းကိုကိုက်လိုက်သည်။
“ဒါဆို…”
“မယ်တော်၊ စိတ်မပူပါနဲ့”
ကျုံးမင်းကောက ရှုဖေး၏လက်ကို ဆုပ်ကိုင်ရင်း နူးညံ့သောအသံဖြင့် ပြောသည်။
“မယ်တော် စိတ်ထဲထင့်နေရင် နန်းကျမင်းသားကို သီးသန့်စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလို့ရတယ်။ ခုချိန်သူ့သတင်းတွေက ရစရာမှမရှိတာ၊ ဘယ်သူကသူ့ကိုအားပေးကြတော့မှာလဲ။ နောက်ပြီး သူက မြို့တော်ကိုတောင် မပြန်နိုင်ဘူး၊ ဘာများစိုးရိမ်စရာရှိလဲ။ သူတကယ်လို့သေသွားရင်တောင် ခမည်းတော်မှာ ကျန်းမာသန်စွမ်းဖြတ်လတ်နေတဲ့ မင်းသား သုံးယောက်တောင်ရှိသေးတယ်။”
“အရှင်မင်းကြီးမှာ သားတော် လေးပါးရှိနေတာတော့ အမှန်ပါပဲ။ အကြီးဆုံးမင်းသားကို နန်းချလိုက်တော့ မြို့တော်မှာ မင်းသား သုံးယောက်ပဲ ရှိတော့တယ်၊ ဒါပေမယ့် မင်းသားနှစ်ပါးက ကျောက်ကွေ့ဖေးရဲ့ သားတော်တွေပဲ”
“ဒါဆို တတိယမင်းသားပဲဖြစ်ဖြစ် စတုတ္ထမင်းသားပဲဖြစ်ဖြစ် အောင်မြင်သွားရင် မယ်တော်တို့ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူးမလား”
ကျုံးမင်းကောက လေးနက်သောလေသံဖြင့်ပြောပြီး သူ့နှုတ်ခမ်းကိုလည်း အနည်းငယ် ကာထားသည်။
“ဒါပေမယ့် ကျောက်မိသားစုအပေါ် ခမည်းတော်ရဲ့ သဘောထားကို ကြည့်ရတာ၊ သိပ်တော့မကောင်းဘူးနော်။”
ရှုဖေးက ကျုံးမင်းကော၏ပါးလွှာသောပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပြီး
ကျုံးမင်းကောသည် အမြန် ရှုဖေး၏လက်ကို ယမ်းလိုက်ရင်း သက်သာရာရစွာဖြင့်
“ဘာလို့ ဒီလိုတွေပြောနေတာလဲ။ မယ်တော့်ရဲ့ မိသားစုနောက်ခံက ကျောက်ကွေ့ဖေးလောက် မကောင်းဘူးဆိုပေမဲ့ ဒီနှစ်တွေထဲမှာ မယ်တော်က သားတော်ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ သားတော်က မယ်တော့် ကျေးဇူးတရားကို ဘယ်လိုလုပ် ပြစ်ပယ်နိုင်မလဲ။”
ရှုဖေး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေခဲ့သည်။
မေလနောက်ဆုံးရက်တွင် အားချိုးသည် ဘေးခန်းသို့ ပြောင်းသွားခဲ့သည်။ ထိုသစ်သားသေတ္တာကြီးများကို အားချိုးက ဘေးတွင် စုပုံထားသည်။ ဒီရက်ပိုင်းမှာ အားချိုးက သူမအိပ်ဖို့ရန်အတွက် ကောက်ရိုးဖျာလုပ်ခဲ့သည်။ သို့သော် သူမ အရင်က မလုပ်ဖူးတာကြောင့် နည်းနည်းကြမ်းနေပေသည်။ မြေကြီးပေါ်တွင် တိုက်ရိုက်မအိပ်သရွေ့သော သူမ နေနိုင်ပါသေးသည်။ အားချိုးက သူမ၏ လက်ရာကို အရမ်းကျေနပ်နေမိသည်။
ဒီကအလုပ်ပြီးတာနဲ့ အားချိုးက လက်ကို အမြန်ဆေးကြောပြီး ကျုံးမင်းဝေ၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။ ယခုရက်ပိုင်းအတွင်း ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ရှိ အနာများသည် အမြန်သက်သာလာသည်။ အားချိုးသည် ကျုံးမင်းဝေကို နေ့တိုင်း လိမ်းဆေး လိမ်းပေးရင်း နှိပ်ပေးခဲ့သည်။
အားချိုးက သူ့လက်မောင်းကို နှိပ်နယ်ရင်း ကျုံးမင်းဝေကို မေးသည်။
ကျုံးမင်းဝေက ပြန်ဖြေလာသည်။ ပူပြင်းတဲ့ ရာသီဥတုကြောင့်လား ဒါမှမဟုတ် အားချိုးရဲ့ ခွန်အားက အရမ်းပြင်းနေတာကြောင့်လား မသိချေ။ ကျုံးမင်းဝေ၏ ခန္ဓာကိုယ်သည် နွေးထွေးပြီး ချွေးတွေ ကောင်းကောင်း စိမ့်ထွက်လာခဲ့သည်။ ကျုံးမင်းဝေ ခေါင်းမော့ပြီး သူ့မျက်လုံးတွေ ဖွင့်လိုက်ရာ အပေါ်ကနေ ဆံပင်များ ပြုတ်ကျလာလေသည်။ သူမ၏ ဆံမြီးသည် ကျုံးမင်းဝေ၏နဖူးကို ညင်သာစွာ ပွတ်သပ်နေသဖြင့် ယားယံလာခဲ့သည်။ ကျုံးမင်းဝေ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး
အားချိုးက ကျုံးမင်းဝေရဲ့ ပုခုံးကို ဖွဖွနှိပ်ရင်း
“ကျွန်မပုံစံကသာ အားနည်းတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ ကျွန်မ အဝတ်လျှော်ဌာနမှာတုန်းကဆို တစ်ရက်မှာ အဝတ်ရာနဲ့ချီ လျှော်ခဲ့ရတာ။ တစ်ခါတလေ ကိုယ့်ရဲ့တာဝန်အဝတ်ကို လျှော်ပြီးသွားရင် သူများတွေကိုတောင် ကူလျှော်ပေးသေးတယ်။ ဟားဟား၊ ခုပြန်စဉ်းစားရင် မနေ့ကလိုပါပဲ။”
ထိုဆံနွယ်စလေးတွေက အားချိုးရဲ့ လှုပ်ရှားမှုတွေကို လိုက်ပြီး ကျုံးမင်းဝေရဲ့ ဘယ်ဘက်မျက်ခုံးကနေ ညာဘက်မျက်ခုံးအထိ ရွေ့လျားနေသည်။ ထို့နောက် သူ့ရဲ့ နှာခေါင်းကိုဖြတ်ပြီး နောက်ဆုံးတွင်တော့ ဘယ်ဘက်ပါးပြင်ပေါ်၌ ရပ်တန့်သွားခဲ့သည်။
***