“ဘယ်လိုခံစားရလဲ။ ဟိုနေ့ကထက် အများကြီး ပိုကောင်းလာပြီမလား”
ကျုံးမင်းဝေရဲ့ ဘယ်ဘက်ပခုံးကို ကိုင်ပြီး အားချိုးက
“မနေ့တုန်းကဆို ကျောက်တုံးလို မာကျောနေတာ အခုတော့ ပျော့သွားပြီ။ ဘယ်လို ခံစားရလဲ၊ ညောင်းနေတုန်းပဲလား။”
“မြေပဲကြိုက်လား”
ကျုံးမင်းဝေက ပြန်မဖြေဘဲ အားချိုးကို မေးသည်။
“ကျွန်မ အရမ်းကြိုက်တယ်။ ကြော်လိုက်ရင်ဆို မွှေးလွန်းလို့ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပဲဟီးဟီး”
အားချိုးက ဖြေလိုက်သည်။ မြေပဲအကြောင်း ပြောတာနဲ့ အားချိုးရဲ့ မျက်လုံးတွေက မျဉ်းနှစ်ကြောင်းအဖြစ် ကွေးသွားလေသည်။ သူမက ကျုံးမင်းဝေ၏ ပုခုံးကိုဆွဲ၍ ရယ်ရင်း
“အဝတ်လျှော်ဌာနအတွက် အစားအစာတွေထဲမှာ တစ်နေ့တစ်နေ့ ပေါက်စီမဟုတ်ရင် အရွက်ချဉ်တွေပဲပေးတာ။ မြေပဲကို မစားရဘူးလေ၊ အဲ့တော့ နန်းတော်မှာ စားရဖို့ နည်းလမ်းရှာရမှာပေါ့။ ဥပမာ၊ တခြားလူတွေအတွက် အဝတ်လျှော်ပေးရင် အဝတ်ဆယ်ထည်ဆို သရေစာ တစ်ခုခုရနိုင်တယ်။”
“အင်း၊ မြေပဲနဲ့ သရေစာတွေအပြင် ဘာစားချင်သေးလဲ”
ကျုံးမင်းဝေက ထပ်မေးသည်။ အားချိုး၏ နွေးထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့ အတိတ်အကြောင်း ပြောသည်အား သူနားထောင်ရတာ ကြိုက်ပေသည်။
“အများကြီးရှိတယ်၊ ကျွန်မပြောပြမယ်၊ ကျွန်မက အဝတ်လျှော်ဌာနက တခြားနန်းတွင်းသူတွေထက် ပိုကံကောင်းတယ်လေ”
အားချိုးက လှောင်ပြောင်ပြီး ကျုံးမင်းဝေ၏ နှာသီးဖျားကို ညင်သာစွာ ညှစ်လိုက်သည်။
ကျုံးမင်းဝေနှင့် အချိန်အတော်ကြာ ဆက်ဆံပြီးနောက် သူမ ပို၍ ရဲရင့်လာခဲ့သည်။ အစတုန်းက ဒူးထောက်ပြီး ခွင့်လွှတ်ဖို့တောင်းဆိုခဲ့သော်လည်း ယခုအခါ ကျုံးမင်းဝေအား အခါအားလျော်တိုင်း အနိုင်ကျင့်လေ့ရှိသည့် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း အားချိုးနှင့် ကျုံးမင်းဝေတို့က မသင့်လျော်ဟု မထင်ခဲ့ပေ။
အကြောင်းမှာ သူတို့ တောင်ပေါ်မှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိတာကြောင့်ပင်။ တောင်ပေါ်၌ အကြာကြီး ပျင်းစရာကောင်းသော အချိန်များကို ဖြတ်သန်းနေရသည်။ ထို့ကြောင့် သူတို့ရဲ့ ဖုံးကွယ်မှုကို တဖြည်းဖြည်း ဆုတ်ခွာပြီး စစ်မှန်တဲ့ အသွင်က ထွက်ပေါ်လာခဲ့သည်။ သူသည် ဂုဏ်အသရေပေါင်းများစွာရှိသော မင်းသားတစ်ပါးမဟုတ်သလို သူမသည်လည်း နိမ့်ကျသောအရည်အချင်းရှိသည့် နန်းတွင်းသူမဟုတ်ပါပေ။
“စဉ်းစားကြည့်လေ။ တော်ဝင်မီးဖိုချောင်ကလူတွေက တစ်နေ့လုံးဘာလုပ်ရသလဲ၊ ကြက်၊ ဝက်၊ ငါး၊ အမဲတွေရဲ့ သွေးတွေကို အမြဲကိုင်နေရတာ။ ပြီးတော့ ဟင်းချက်တဲ့အိုးတွေက မီးခိုးတွေ၊ ဆီတွေနဲ့ ပြည့်နေသေးတယ်။ လျှော်ရခက်တာပေါ့။ ဒါကြောင့် တော်ဝင်မီးဖိုချောင်က ပို့တဲ့အဝတ်တွေကို အဝတ်လျှော်ဌာနက နန်းတွင်းသူတွေက ရှောင်ကြတယ်။ အဲဒီတုန်းက ကျွန်မက အလုပ်စလုပ်ခါစဆိုတော့ ဘာမှ နားမလည်ခဲ့ဘူး။ တော်ဝင်မီးဖိုချောင်က အဝတ်အစားတွေကို ယူလျှော်နေခဲ့တာ။ “
အားချိုးဟာ အတိတ်က မိုက်မဲတဲ့ အရာတွေကို တွေးပြီး ရယ်မိသည်။
“လျှော်လို့လဲပြီးရော ကျွန်မ လက်တွေများ ရစရာကိုမရှိဘူး။ အဲ့တုန်းက တော်ဝင်မီးဖိုချောင်က အဝတ်အစားတွေကို ဘယ်တော့မှ မလျှော်တော့ဘူးလို့ ကျိန်ဆိုခဲ့တယ်၊ ဒါပေမယ့် နောက်တစ်ခါ ထပ်လျှော်ခဲ့တယ်။ ဘာလို့လဲဆိုတာ သိလား”
ကျုံးမင်းဝေက သူ့နှုတ်ခမ်းတွေကို ဖွဖွပြုံးရင်း အားချိုးရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်မှာလည်း ဆက်တိုက်တက်လာသည်။
“ဟာဟားဟား၊ အရှင့်သားရဲ့ဥပမာက အရမ်းသင့်လျော်တယ်”
အားချိုးက ပြောလိုက်သည်။
“နောက်နေ့ ကျွန်မ တော်ဝင်မီးဖိုချောင်ကို အဝတ်အစားတွေ ပို့လိုက်တော့ အဲ့ကစားဖိုမှူးတွေက ကျွန်မကို ကျေးဇူးအများကြီးတင်ပြီး စာဖိုမှူးရှဲ့ဆို ကျွန်မကို မြေပဲဆန်အထုပ်အကြီးကြီးတစ်ထုပ်ကိုတောင် ပေးခဲ့သေးတယ်”
***