“ငါတို့ တစ်နေ့လုံးမစားရသေးဘူးနော်”
ကျုံးမင်းဝေက ပြုံးပြပြီး နူးညံ့တဲ့အသံနဲ့ပြောသည်။
“ ဖက်ထုပ်လုပ်မှာလား
“ဟုတ်တယ်၊ အရင်တစ်ခေါက်မုန့်လုပ်တုန်းက အသားနည်းနည်း ကျန်သေးတယ်။ ဟေး ဟေး ဒီတစ်ခါဖက်ထုပ်ကိုတော့ ကျွန်မက အများကြီးလုပ်ထားမှာ”
အားချိုးက ပြုံးလျက် ကျုံးမင်းဝေ၏ နှာခေါင်းကို ဆွဲလိုက်သည်။
“ရှင်ရော ဘာစားချင်လဲ”
ကျုံးမင်းဝေ အံ့အားသင့်သွားသော်လည်း အမေးကို ခဏတာ မဖြေနိုင်ခဲ့ပေ။
ဘာမှမစားချင်ပေ၊ ဘုရင်ဆိုတာ အကြိုက်ဆုံးအစားအစာမရှိ၊ ဒါကို မယ်တော်ကြီးက သင်ပေးခဲ့တာဖြစ်သည်။
ငယ်ငယ်တုန်းက သူကြက်ကြော်ကို ကြိုက်ခဲ့သော်လည်း မယ်တော်ကြီးက ပိချောင်အား ကြက်ကြော်ပန်းကန်ကို ဖယ်ရှားရန် ပြောခဲ့သည်။ သူသည် မအူမလည်ဖြင့် ပန်းကန်ပြားပေါ်ရှိ ကြက်ကြော်ကိုသာ စိုက်ကြည့်နေခဲ့ရသည်။
သူ ဘယ်လောက်ပဲ ကြိုက်ပါစေ၊ အများဆုံး သုံးခုသာ စားလို့ရသည်။ ဒါက ငယ်ငယ်လေးကတည်းက သူ သင်ယူခဲ့ရတဲ့ ဧကရာဇ်အတတ်ပညာပင်။ ထိုအချိန်တုန်းက သူနှစ်သက်သော ကြက်ကြော်ကို အဘယ်ကြောင့် မစားသုံးနိုင်သည်အား နားမလည်ခဲ့။ ထို့ကြောင့် စီနင်းနန်းတော်တွင် သောင်းကျန်းခဲ့ဖူးသည်။
သူမက သူ့မျက်ရည်များကို သုတ်ပေးပြီး တိုးတိုးလေး ပြောလာခဲ့သည်။
နောက်ပိုင်း သူကြီးပြင်းလာတဲ့အခါ သူတကယ်နားလည်လာခဲ့သည်။
အဘွားတော်၏မျှော်လင့်ချက်အတိုင်း သူသည် နှလုံးမဲ့ပြီး မြင့်မြတ်သော အရှေ့နန်းတော်၏ အိမ်ရှေ့စံမင်းသားအဖြစ်သို့ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ သူ့စိတ်နေသဘောထားက ပိုပိုပြီး တည်ငြိမ်လာကာ၊ သူ့ရဲ့ အပြုံးကလည်း စိတ်ရင်းလျော့နည်းလာသည်။ ထို့နောက် မယ်တော်ကြီး၏ ကြီးမြတ်သော ဉာဏ်ပညာကို ပို၍ ပို၍ ကျေးဇူးတင်လာခဲ့သည်။
အစားအစာကိုသာ ကြိုက်ရင် ထိန်းချုပ်ရတာမဟုတ်၊ လူတွေအတွက်လဲ အတူတူပင်။ မဟုတ်ရင် ကိုယ့်မှာ အားနည်းချက်ရှိသွားပြီး ဓားနဲ့ထိုးလို့ရမယ့်နေရာလည်း ရှိလာပေလိမ့်မည်။
အားချိုးသည် အနည်းငယ် စိတ်မရှည်တော့ဘဲ ကျုံးမင်းဝေ၏ နှာခေါင်းကို ထပ်၍ ပုတ်လိုက်ပြန်သည်။
ကျုံးမင်းဝေက သူ့စိတ်နှလုံးပျော့သွားတယ်လို့ ခံစားနေရပြီး အားချိုးကို ပြုံးပြလိုက်သည်။
အားချိုး ဝမ်းသာအားရ ကုတင်ပေါ်မှ ခုန်ဆင်းကာ ဘယ်ကမှန်းမသိတဲ့သီချင်းကို ညီးရင်းထွက်သွားခဲ့သည်။
မိုးရွာတာ နှစ်ရက်ကြာပြီးးနောက် ယနေ့တွင် မိုးတိတ်သွားချေပြီ။ ကျုံးမင်းဝေအား မနက်စာ ကျွေးပြီးနောက် အားချိုးသည် နောက်ကျောတွင် ဝါးခြင်းတောင်းတစ်ခုနှင့် ထွက်သွားခဲ့သည်။ မိုးရွာပြီးရင် တောင်ပေါ်မှာ မှိုတွေပေါ်လာလိမ့်မည်။ အားချိုးက မှိုအမျိုးအစားတွေအကြောင်းကို သိပ်မသိပေမယ့် သူမက စားလို့ရမရကိုတော့ သိသေးသည်။ သူမ တစ်လမ်းလုံး ရပ်ပြီး ကောက်ရင်း တောင်ခြေရင်းအရောက်တွင် မှိုကို ခြင်းတောင်းတစ်ဝက်စာလောက် ကောက်ယူပြီးပြီဖြစ်သည်။
ချန်ချင်းရွှမ် ခြံထဲရေလောင်းနေရင်း ထွက်လာသည်။ သူသည် ခြံစည်းရိုးနားတွင် မှိုကောက်နေတဲ့ အားချိုးကို ကြည့်ကာ ပြောလိုက်သည်။
“ရှင်”
အားချိုး လန့်သွားသည်။ သူမသည် ခြံစည်းရိုးအစွန်းကို ဆုပ်ကိုင်ကာ မှိုကောက်နေဆဲဖြစ်သည်။ ယခုအချိန်တွင် သူမ ရှက်သွားပြီး
ချန်ချင်းရွှမ်က သူမ ပင်ပန်းနေသည်ကို မြင်လိုက်သည်။
“အိမ်မှာ ရေနွေးကြမ်းအသစ်ဖောက်ထားတယ်။ လာမြည်းလှည့်လေ မိန်းကလေး”
အားချိုးက တကယ်ကို ရှက်ရွံ့တတ်ပြီး တစ်ဖက်လူအတွက် အမြဲတမ်း အားနာတတ်သည်။ သူမ ဖိနပ်ပေါ်က ရွှံ့တွေကို ကြည့်ရင်း ပိုလို့တောင် ရှက်သွားရသည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် သူမလက်ကို ဝှေ့ယမ်းပြီး
“မလိုပါဘူး၊ ကျွန်မ ရေမဆာဘူး။ ကျွန်မ မှိုကောက်လို့ မပြီးသေးဘူး၊ ရှင့်ကို တစ်ဝက်ပေးခဲ့မယ်လေ!”
“မင်းဝင်ပြီး ရေနွေးကြမ်းမသောက်ရင် ကျွန်တော် မှိုကို လက်မခံဘူးနော်”
အားချိုးက သူ့နောက်ကနေ ခြံဝင်းထဲ လိုက်သွားပြီး ခြေလှမ်းတိုင်း သူမဖိနပ်ရှိ ရွှံ့တွေကို ဖယ်ရှားနေခဲ့သည်။ ချန်ချင်းရွှမ်က ပင်မခန်းမထဲကို ဝင်သွားသည်။ ယနေ့၌ ပင်မခန်းမဆောင်တွင် ချန်ချင်းရွှမ် တစ်ယောက်တည်းမဟုတ်ပဲ ပြတင်းပေါက်ရှေ့တွင် ပန်းထိုးနေသည့် မီးခိုးရောင်ဆံပင်နှင့် အဘွားလည်း ရှိနေသည်။
***