ဝူနယ်မြေ၊ ယန်ယွီ မြို့တော်တွင်…
စားသောက်ဆိုင် တစ်ဆိုင်၌ ရှောင်ရွှမ် တစ်ယောက် မျက်နှာထား တင်းမာစွာဖြင့် အစာစားနေ၏။
'ငါ လုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ... အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ရင်တော့ ကျိုယန်ဂိုဏ်းရဲ့ ကံကြမ္မာ အဆုံးသတ်သွားပြီပဲ... ဖိုဂိုဏ်းက အဖွဲ့သုံးဖွဲ့ စေလွှတ်လိုက်ပြီး သုခဘုံ အဆင့် ကျွမ်းကျင်သူ နှစ်ယောက်လည်း သူတို့နဲ့အတူ လိုက်သွားတယ်... တစ်ယောက်က သူ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီး ကျန်တစ်ယောက်ကတော့ မိသားစု တစ်စုလုံး အသတ်ခံလိုက်ရတာ... သူတို့နှစ်ယောက်လုံးက ကျိုယန်ဂိုဏ်းကို အရိုးထဲထိ မုန်းတီးနေကြတယ်... ကျိုယန်ဂိုဏ်းရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်က မိစ္ဆာဂိုဏ်းကမှန်း သိသွားရင် ကလဲ့စားချေဖို့ သေချာပေါက် သွားကြမှာပဲ... တခြား သုခဘုံ အဆင့် ကျွမ်းကျင်သူတွေလည်း သူတို့နောက် လိုက်သွားလောက်တယ်'
'ငါ အစာစားပြီးရင် ပြန်သွားတာ ကောင်းမယ် ထင်တယ်... တစ်နည်းနည်းနဲ့ သူတို့ကို အကူအညီ ပေးနိုင်ကောင်းရဲ့'
ထိုအတွေး ဝင်လာစဉ်မှာပင် သူ ရုတ်တရက် အေးခဲသွားပြီး မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"ငါတို့ ခေါင်းဆောင် သေသွားပြီ... ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှောင်ရွှမ် အံ့အားသင့်သွား၏။
သူက မျက်လုံးများကို မှိတ်ပြီး စိတ်အေးသွားစေရန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ… 'ကျိုယန်ဂိုဏ်းကများ သူတို့ကို သတ်လိုက်တာလား... တကယ်လို့ ဒါသာ အမှန်ဆိုရင် အခြေအနေ တော်တော် ဆိုးသွားပြီ... လျူယွီနဲ့ မင်ဟိုင်... သူတို့...'
ပြင်းထန်သော ဒေါသလှိုင်း တစ်ခုက သူ့ဝမ်းဗိုက် အောက်ခြေမှ ထိုးတက်လာပြီး သူ့ဒေါသများကို ဖြေဖျောက်ရန် ဤမြို့လေးကို ဖျက်ဆီးပစ်ချင်စိတ်များ ပေါ်ပေါက်လာသည်။ သို့သော် သူ ထိုသို့ မလုပ်ဆောင်ခဲ့ဘဲ အစာကိုသာ ဆက်စားနေ၏။
အချိန် အနည်းငယ် ကြာပြီးနောက် ရှောင်ရွှမ် နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်သည်။
(ဒင်... အကျိုးခံစားခွင့်ရှိသူ ရှောင်ရွှမ်၊ သင့်အဖွဲ့ဝင်များ ဖြစ်ကြသော လျူယွီနှင့် မင်ဟိုင်တို့ သေဆုံးသွားပြီ ဖြစ်သည်။ ကျားနက် အဖွဲ့တွင် သင် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သင့်တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ပါ။)
သူ့ခေါင်းထဲ ပေါ်လာသော အသိပေးချက်မှာ တိုတောင်းလှသော်လည်း ရှောင်ရွှမ် အနေဖြင့် ရေခဲလိုဏ်ဂူထဲ ကျရောက်သွားသကဲ့သို့ အလွန် အေးစက်သွားပြီး ကျောရိုး တစ်လျှောက် ကြောက်ရွံ့မှုများ စိမ့်ဝင်လာသည်။
"ငါတို့ လှုပ်ရှားဖို့ အချိန်တောင် မရလိုက်ဘဲ လေးယောက်လုံးကို သတ်ပစ်လိုက်တာလား... ဘယ်လို... သူတို့ ဘယ်လို လုပ်လိုက်တာလဲ... နောက်ထပ် ငါ့ဆီများ လာနေပြီလား မသိဘူး"
ရှောင်ရွှမ်က ကျန်ရှိနေသော အမှတ်များကို စစ်ဆေးကြည့်ပြီးနောက် မျှော်လင့်ချက်မဲ့စွာ ခေါင်းယမ်းလိုက်မိ၏။
သူ့တွင် တာဝန် ကျရှုံးမှု ဒဏ်ကြေး သို့မဟုတ် တာဝန်ကို စွန့်လွှတ်ပြီး ဝင်စားခြင်း ခန်းမဆောင်သို့ ပြန်သွားရန် အမှတ် အလုံအလောက် မကျန်တော့ပေ။
'အချိန်ကုန်သွားတဲ့ အထိ စောင့်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်'
ကလဲ့စားချေဖို့လား...
ထိုအကြောင်းကို သူ တွေးပင် မတွေးရဲတော့။
အစာစားပြီးနောက် သူက အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကျိုယန်ဂိုဏ်းနှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်ခွာသွားလေတော့သည်။
ချူယန် တောင်ထွတ်...
"အစ်ကိုကြီး... သူတို့ကို ရှင်းပစ်လိုက်ပြီလား"
လင်းလုံက ခုန်တက်ပြီး ကျန်းမင်၏ လည်ပင်းကို သိုင်းဖက်သည်။
"အင်း" ကျန်းမင်က ကြိမ်ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ဂျူနီယာ ညီမလေးကို သူ့ဘေးတွင် ထိုင်စေ၏။ "အမူအကျင့်လေး ဘာလေးလည်း ဆင်ခြင်ပါဦး ဂျူနီယာ ညီမလေးရယ်... တခြားလူတွေ ကြည့်နေတယ်လေ"
"သူက သူစိမ်းမှ မဟုတ်တာ" လင်းလုံက ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
ကျန်းမင် စကာမဆိုနိုင်တော့ပေ။
ရှီယောင်က သူတို့ကို တစ်ချက် လှမ်းကြည့်ပြီး အင်္ကျီလက်ကို ခါယမ်းကာ ထွက်ခွာသွားရင်း ပြောလိုက်သည်။ "နင်တို့ နှစ်ယောက် ငါ့ရှေ့မှာ အရမ်းကြီး အချစ်မလွန်ပြလို့ မရဘူးလား... ငါ့မျက်စိတွေ နောက်လာပြီ"
"နင်လည်း အချိန်မရွေး ဝင်ပါလို့ ရပါတယ်" လင်းလုံက ရယ်မောရင်း မှတ်ချက်ပေးသည်။
ရှီယောင် အေးခဲသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
ကျန်းမင်က ဂျူနီယာ ညီမလေးကို ပုတ်ကာ… "သူ့ကို စမနေနဲ့... သူက သူတော်စင်သမီးတော်"
"အစ်ကိုကြီး မလိုချင်ဘူးလား"
"ဘာကို လိုချင်ရမှာလဲ"
"ဟွန့်... မသိချင်ယောင် ဆောင်နေပြန်ပြီလား... ကျွန်မ ဘာပြောချင်လဲ ဆိုတာ အစ်ကို နားမလည်ဘူး ဆိုတာကို မယုံဘူး"
"တကယ် မသိတာပါ... မင်းက ဘာပြောချင်လို့လဲ"
"အစ်ကိုကြီး သူ့ကိုလည်း အစ်ကို့ မိန်းမ ဖြစ်စေချင်နေတာမလား"
"ဘာတွေ လျှောက်ပြောနေတာလဲ... ငါ့အတွက် မင်းတစ်ယောက်တည်း ရှိရင် လုံလောက်နေပါပြီ... နောက်ထပ် မိန်းမ တစ်ယောက်ကို ဘာလုပ်ရမှာလဲ"
"တကယ်လား"
"တကယ်ပေါ့"
"ဟွန့်... အစ်ကို လိမ်နေတာ... သူ့ကို ကြည့်ပါဦး... စိတ်သဘောထားလည်း ကောင်းတယ်၊ ကျင့်ကြံခြင်း အဆင့်လည်း မြင့်တယ်၊ အဆင့်အတန်းလည်း ရှိတယ်... အရေးအကြီးဆုံးက သူ့ခန္ဓာကိုယ် အချိုးအစားက ကျွန်မ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ... ကျွန်မ အကူအညီ လိုလား... အစ်ကို လိုချင်ရင် သူ့ကို အပိုင်ရအောင် ကျွန်မ ကူညီပေးမယ်လေ"
"မင်းတော့ အရိုက်ခံချင်နေပြီ ထင်တယ်"
"လာလေ..."
သုံးရက် ကြာပြီးနောက် အဆောင်ငယ်လေး အတွင်းတွင်...
"စီနီယာ အစ်ကို... လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း နည်းလမ်းက ဒီလောက်တောင် ကောင်းမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... တာအိုမျိုးစေ့ အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ရုံသာမက ဓာတ်ကြီးငါးပါး သမ္ဗောဓိကိုပါ ပြီးပြည့်စုံစေနိုင်တဲ့ အပြင် သစ်၊ မီး၊ မြေ၊ သတ္တုနဲ့ ရေ ဆိုတဲ့ ဒီဥပဒေသ ငါးခုကိုပါ နားလည်သွားတယ်... အစ်ကိုက အရမ်း တော်တာပဲ စီနီယာ အစ်ကိုရယ်... ကျွန်မတို့ နောက်တစ်ခါ ထပ်လုပ်ကြမလား"
"အဟမ်း..."
ကျန်းမင်က လင်းလုံကို မျက်စောင်းထိုးလာသည်။
ထို့နောက် ကျိုယန်ဂိုဏ်း၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ကျိုယန်ဂိုဏ်း အပြင်ဘက်တွင် ကျွမ်းကျင်သူ အများအပြား စုရုံးနေကြသည်။ ကြည့်ရသလောက် သူတို့မှာ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် လာရောက်သော အဖွဲ့ ဖြစ်ပုံရသည်။ သူတို့ထဲမှ အချို့မှာ ဖိုဂိုဏ်းမှ တပည့်များ ဖြစ်ကြပြီး ကျန်သူများမှာ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဘုံ အဆင့်သို့ ရောက်ရှိနေသူ အနည်းငယ်ပင် ပါဝင်နေသေး၏။
လင်းလုံက စပျစ်သီး တစ်လုံးကို ကျန်းမင် ပါးစပ်ထဲ ခွံ့ပေးကာ…"အစ်ကိုကြီး... ကျွန်မ သွားတွေ့ရမလား"
ကျန်းမင်က ခေါင်းယမ်းလိုက်ပြီး… "မလိုပါဘူး… ငါတို့ ဂိုဏ်းက နာမည်ဂုဏ်သတင်း တည်ဆောက်ဖို့ရော၊ အဖွဲ့ဝင်တွေကို သွေးဆူစေဖို့ပါ စစ်ပွဲ တစ်ပွဲ လိုအပ်နေတယ်... အရာရာတိုင်းမှာ ငါတို့ကချည်း ဦးဆောင်နေရင် ငါတို့ဂိုဏ်းက တပည့်တွေ ပျက်စီးကုန်လိမ့်မယ်"
"ဒါပေမယ့် ငါတို့ ဘာမှ မလုပ်ရင် လူအများကြီး သေကုန်မှာပေါ့"
"ဒီအတွက်တော့ ငါတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး... သေကြေ ဒဏ်ရာရမှု မရှိတဲ့ စစ်ပွဲဆိုတာ ဘယ်ရှိမလဲ... သေမင်းနဲ့ ရင်ဆိုင်ရမှသာ သူတို့ ကြီးပြင်းလာပြီး ကျင့်ကြံခြင်းမှာ ပိုအားထုတ်ကြမှာ... ဒါပေမယ့် ဆရာနဲ့ ယင်ယွဲ့ကိုတော့ စောင့်ရှောက်ဖို့ လိုတယ်"
"ဟုတ်ကဲ့ပါ"
ယန်ယန်က သူတို့၏ ရန်သူများနှင့် သွားရောက် ညှိနှိုင်းနေစဉ် သူတို့ နှစ်ယောက်ကတော့ အချိန်များကို ဆက်လက် ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။ သို့သော် ရန်သူများက နောက်ဆုတ်ရန် ငြင်းဆန်ခဲ့ကြ၏။ သူတို့က ရန်ယန်အား ယွဲ့ချန်ကို ပေးအပ်ရန်သာမက ကျိုယန်ဂိုဏ်း အတွင်း ဝင်ရောက်၍ တစ်ဂိုဏ်းလုံးကို စစ်ဆေးခွင့် ပြုရန်ပါ တောင်းဆိုခဲ့ကြသည်။
ယန်ယန် အနေဖြင့် သူတို့ကို ထိုသို့ လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။
သဘောတူညီမှု မရနိုင်သဖြင့် တိုက်ခိုက်ခြင်းမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
ရန်သူများက မူလ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးလိုက်သော်လည်း ယန်ယန်က အသက်နှင့် သေခြင်း ပျက်စီးခြင်း ဝင်္ကပါချပ်ပြားကို ချက်ချင်း အသက်မသွင်းခဲ့ပေ။ ရန်သူများ အတွင်းသို့ ပိုမို ဝင်ရောက်လာသည် အထိ စောင့်ဆိုင်းပြီးမှ အသက်နှင့် သေခြင်းး ပျက်စီးခြင်း ဝင်္ကပါချပ်ပြားကို အသက်သွင်းကာ တစ်ပြိုင်နက်တည်း အမြောက်အမြားကို ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ အတော်များများ ပါဝင်နေသဖြင့် သူတို့ကို ရှင်းလင်းရန်မှာ ခက်ခဲပေလိမ့်မည်။
စစ်ပွဲ စတင်လာပြီး လေထုထဲတွင် သွေးနံ့များ ပြည့်နှက်သွားတော့သည်။
ကျန်းမင်က မတ်တတ်ရပ်ပြီး တောင်တံခါးဘက်သို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်ဘုံ အဆင့် ကျွမ်းကျင်သူ စုစုပေါင်း ခုနစ်ယောက် ရှိပြီး သုံးယောက်မှာ ဖိုဂိုဏ်းမှ ဖြစ်သည်။ အခြား အစီအရင် တစ်ခုကို မြင်လိုက်ရချိန်တွင် သူတို့ အားလုံး အံ့အားသင့်သွားကြသည်။
"နင် သူတို့ကို မကူညီတော့ဘူးလား" ရှီယောင် ရောက်လာသည်။ "အစီအရင်က အစွမ်းထက်တယ် ဆိုပေမယ့် မူလဝိညာဉ် အဆင့်တွေ အရမ်း များလွန်းနေတယ်... နင့်သူငယ်ချင်း တစ်ချို့ သေသွားနိုင်တယ်... ငါ သွားကူညီပေးရမလား... အစီအရင်ရဲ့ အကူအညီနဲ့ ဆိုရင် သူတို့ထဲက နှစ်ယောက်လောက်ကိုတော့ ငါ ထိန်းထားနိုင်မယ် ထင်တယ်"
"မလိုအပ်ပါဘူး" ကျန်းမင်က ခေါင်းယမ်းလိုက်သည်။ "ဂိုဏ်းချုပ်က သူတို့ကို ကိုင်တွယ်နိုင်မယ် ဆိုတာ ငါ ယုံကြည်တယ်... ကျန်တဲ့ သုခဘုံ အဆင့် ကျွမ်းကျင်သူတွေကိုတော့ သူတို့သဘောအတိုင်း လွှတ်ထားလိုက်"
"သူတို့ထဲမှာ သုခဘုံ အဆင့် ကျွမ်းကျင်သူတွေ ပါနေတာလား" ရှီယောင် အံ့အားသင့်သွား၏။
တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါးရှိ တိုက်ခိုက်ရေး ရုပ်သေးရုပ်မှာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး မကြာမီ စစ်တလင်းသို့ ရောက်ရှိသွားတော့သည်။
"သူက အရမ်း သန်မာတာပဲ" ရှီယောင်က အာမေဍိတ်သံ ပြောလာသည်။ "သူက နင့် အစောင့်အရှောက်လား"
ကျန်းမင်က ဘာမှ ပြန်မပြောဘဲ သူမကို ပြုံးပြရုံသာ ပြုံးပြလိုက်သည်။
ထို့နောက် သူ လှည့်၍ အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်၏။
သူ့မြင်ကွင်းထဲတွင် တိမ်တိုက်များမှလွဲ၍ ဘာမှ မရှိသော်လည်း တိမ်တိုက်များကြားတွင် ကျွမ်းကျင်သူ တစ်ယောက် ပုန်းအောင်းနေသည်။ ထိုသူက စစ်ပွဲကို စောင့်ကြည့်နေခြင်းပင်။
"သူက အဲဒီညက ယင်မိစ္ဆာဂိုဏ်းရဲ့ အန္တိမအဆင့် နှစ်ယောက် တိုက်ခိုက်တာကို ခံခဲ့ရတဲ့ သူပဲ... သူက မိစ္ဆာဂိုဏ်းက မဟုတ်ဘဲ ကျိုယန်ဂိုဏ်းကလား... ဒါတင်မကဘူး သူက အင်မော်တယ် လက်နက် တချို့တောင် ပိုင်ဆိုင်ထားပုံ ရတယ်"
ထိုလူမှာ တခြားသူ မဟုတ်ဘဲ ချင်းဖုန်းဇီ ဖြစ်ပြီး တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
အရှေ့ဘက် ဒေသတွင် ဖြစ်ပျက်သမျှ အရာအားလုံးက သူ့မျက်စိအောက်မှ လွတ်ကင်းနိုင်ခြင်း မရှိပေ။ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် ကျွမ်းကျင်သူ တစ်စု လာရောက်နေကြောင်း သူ သိထားသဖြင့် အခြေအနေကို လေ့လာရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကျိုယန်ဂိုဏ်းသာ ဤအတိုင်း ကျဆုံးသွားမည် ဆိုလျှင် အကောင်းဆုံး ဖြစ်သော်လည်း ဤစစ်ပွဲမှ ရှင်သန်နိုင်ခဲ့လျှင်ပင် ကျိုယန်ဂိုဏ်း အကြောင်း ပိုမို လေ့လာနိုင်မည် မဟုတ်ပါလား။
ရုတ်တရက် ချင်းဖုန်းဇီ၏ ကျောရိုး တစ်လျှောက် ချမ်းစိမ့်သွားပြီး ဝမ်းဗိုက် အောက်ခြေမှ မကောင်းသော ခံစားမှု တစ်ခု ထိုးတက်လာသည်။
သူက နှစ်ခါ မစဉ်းစားတော့ဘဲ ချက်ချင်း ထွက်ပြေးလေတော့သည်။
"သူ တော်တော် ပါးနပ်တာပဲ" ကျန်းမင်က ထွက်ခွာသွားသော ချင်းဖုန်းဇီ၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။
အစောပိုင်းက ချင်းဖုန်းဇီကို သတ်သင့်၊ မသတ်သင့် သူ စဉ်းစားနေခဲ့သော်လည်း ချင်းဖုန်းဇီ ဤမျှ ပါးနပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ လှည့်ပြီး တောင်တံခါးဘက်သို့ လှမ်းကြည့်လိုက်၏။
တိုက်ခိုက်ရေး ရုပ်သေးရုပ်မှာ သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နှင့် လက်ရှိ တိုက်ခိုက်နေသည်။
အစောပိုင်းက တစ်ယောက်ကို သတ်လိုက်ပြီး ဖြစ်ရာ ကျန်ခြောက်ယောက်က ပူးပေါင်း၍ သူ့ကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ကျန်းမင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် တိုက်ပွဲကို စောင့်ကြည့်နေလိုက်သည်။
လူားတာအို မှတ်တမ်း ပွင့်လာ၏။
"မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ"
ကျန်းမင်၏ မျက်လုံးများထဲတွင် ဝမ်းသာသော အရိပ်အယောင်များ တောက်ပသွားပြီး ထိုလူဆီသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
***