တိုက်ခိုက်ရေး ရုပ်သေးရုပ်က သုခဘုံ အဆင့် သိုင်းပညာရှင် ခြောက်ယောက်ကို အဝေးသို့ ခေါ်ဆောင်သွားသည်။
သူ့ဓားချက်က ထက်မြက်လှပြီး သူတို့ထဲမှ တစ်ယောက်ကို လွင့်စင်သွားစေသော်လည်း ကျန်ငါးယောက်ကမူ တုန်လှုပ်သည့် အရိပ်အယောင်မျှ မပြချေ။
သို့သော် ရုပ်သေးရုပ် လေထဲတွင် ပျံသန်းနေစဉ် သူ့အနောက်ဘက်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ပြိုကျသွားပြီး အတွင်းသို့ စုပ်ယူခံလိုက်ရသည်။ သူ ပြန်ပေါ်လာချိန်တွင် အခြား နေရာတစ်ခုသို့ ရောက်ရှိနေလေပြီ။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ စစ်တလင်းနှင့် အလွန် ဝေးကွာသော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
"မင်းက ဘယ်သူလဲ"
'သူက ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်ပြီး ငါ့ကို ဒီနေရာထိ ခေါ်လာနိုင်တယ်... ဒီလူက တော်တော် သန်မာတာပဲ'
ကျန်းမင်က သူ့ကို ပြန်မဖြေခဲ့ပေ။ သူက နဖူးကို လက်ညှိုးဖြင့် ထောက်ကာ သုခကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
လူလတ်ပိုင်း အမျိုးသား၏ သုခကမ္ဘာ အတွင်းတွင်တော့ မီးပင်လယ်ကြီး တစ်ခု ရှိနေ၏။
ကြည့်ရသလောက် သူက မီးတာအိုကို နားလည် သဘောပေါက်ထားခြင်း ဖြစ်ပေမည်။
သုခကမ္ဘာ၏ ဗဟိုချက်မှာ ဝိညာဉ် တည်ရှိရာ နေရာပင်။
ကျန်းမင်က ဝိညာဉ် အထူးစွမ်းရည်ကို အသက်သွင်းပြီး လူလတ်ပိုင်း အမျိုးသား၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူ့စိတ်ကို စတင် ဖတ်ရှုတော့၏။
လွန်ခဲ့သော အခိုက်အတန့် အနည်းငယ်က လူသားလမ်းစဉ် မှတ်တမ်းမှ သူ့အတွက် စိတ်ဝင်စားစရာ ကောင်းသော အချက်အလက် တစ်ခုကို သတိပြုမိခဲ့သည်။ ထို့ကြောင့် သူ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
အမည် - ချိုက်ပင်း
အခြေအနေ - မိသားစု ပျက်စီးသွားသော ထူးဆန်းသည့် သန်မာသော လူတစ်ယောက်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ကလဲ့စားချေရန် ကျိုယန်ဂိုဏ်းကို ပူးပေါင်း ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
သူ့အခြေအနေတွင် ရိုးရှင်းသော စာကြောင်း တစ်ကြောင်းသာ ရှိသည်။
ထိုလူမှာ အနည်းဆုံးတော့ ဤလူလတ်ပိုင်း အမျိုးသားလောက် သန်မာရမည်ဟု ကျန်းမင် တွက်ဆလိုက်သည်။ သို့မဟုတ်ပါက သူ့ကို ဤမျှ လွယ်ကူစွာ သိမ်းသွင်းနိုင်မည် မဟုတ်ပေ။
ကျန်းမင် ခေါင်းထဲ ပထမဆုံး ဝင်လာသူမှာ "ရှောင်ရွှမ်" ပင်။ ထို့ကြောင့် ဤလူလတ်ပိုင်း အမျိုးသား နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် ထိုလူ၏ စိတ်ထဲမှ မှတ်ဉာဏ် အပိုင်းအစ တစ်ခုကို သူ ရှာတွေ့ခဲ့သည်။
မှတ်ဉာဏ်ထဲတွင် သူက လူငယ် တစ်ယောက်နှင့် စကားပြောနေ၏။
"သူက မျက်မှန် တပ်ထားတာလား... အဲဒါ မင်းပဲ မဟုတ်လား"
ထိုအတွေး ကျန်းမင် ခေါင်းထဲ ပေါ်လာသည်နှင့် တပြိုင်နက် ကံကြမ္မာတာအိုကို အသုံးပြု၍ ကံကြမ္မာ ကြိုးမျှင် တစ်ခုကို အလွယ်တကူ ရှာဖွေသည်။
ကံကြမ္မာ ကြိုးမျှင်မှာ ပါးလွှာပြီး အချိန်မရွေး ပြတ်တောက်သွားမည့်ပုံ ပေါ်နေ၏။
သူက ကံကြမ္မာ ကြိုးမျှင်ကို လက်ချောင်း နှစ်ချောင်းဖြင့် ညှပ်ကိုင်ကာ ကံကြမ္မာ ဥပဒေသကို အသက်သွင်းလိုက်သည်။ ထိုအခါ ကံကြမ္မာ ကြိုးမျှင်၏ အခြားတစ်ဖက်တွင် လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေသည့် စွမ်းအားကြီးသူ တစ်ယောက် ရှိနေကြောင်း သတိပြုမိလိုက်သည်။
"ကြည့်ရတာ ငါ အခု လှုပ်ရှားမှ ဖြစ်တော့မယ် ထင်တယ်... မဟုတ်ရင် ကြွက်ကလေး လွတ်သွားလိမ့်မယ်" ကျန်းမင်က ရယ်မောလိုက်သည်။ သူက ချိုက်ပင်းကို ဆွဲကိုင်၍ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အတွင်းသို့ ခုန်ဝင်သွားတော့သည်။
မကြာမီ သူက လူငယ် တစ်ယောက်၏ ရှေ့တွင် ပေါ်လာ၏။
"ရှောင်ရွှမ်... မင်းကို ရှာရတာ ဘယ်လောက် ခက်လဲ သိလား" သူက ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်ပြီး လူသားလမ်းစဉ် မှတ်တမ်းကို ဆင့်ခေါ်လိုက်သည်။
လူငယ်၏ အချက်အလက်များက သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျားနက် အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ပင်။
"မင်း တော်တော် မြန်တာပဲ" ရှောင်ရွှမ် အံ့အားသင့်သွားသည်။ သူက မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို သူ ဘယ်သောအခါမှ မဖောက်ထွင်းနိုင်သည့် စွမ်းအား တစ်ခုဖြင့် ချိပ်ပိတ်ခံထားရကြောင်း အာရုံခံမိလိုက်သည်။ သူ့ကံကြမ္မာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချမိ၏။ "သူတို့ကို သတ်ခဲ့တာ မင်းမလား... သေချာပေါက် ဟုတ်ရမယ်... ငါတို့က တော်တော် သတိထားပြီး နေခဲ့တာ... ပြီးတော့ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်း ထွက်ပြေးဖို့ ပြင်ထားတာလေ... မင်းလို ကံကြမ္မာ တာအိုကို ကျွမ်းကျင်တဲ့ သူတွေ ငါတို့ကို ရှာမတွေ့အောင် ဒီနေရာကို မလာခင်ကတည်းက ငါတို့ကြားက ကံကြမ္မာကြိုးကို ဖြတ်တောက်ခဲ့သေးတယ်... ဒါပေမယ့် မင်းက ငါ့ခေါင်းဆောင်ကို ရှာတွေ့လိမ့်မယ်လို့ ငါ နည်းနည်းလေးတောင် မထင်ထားခဲ့ဘူး"
ကျန်းမင်က ပြုံးကာ…"ကမ္ဘာကြီးက တော်တော် ကျဉ်းပါတယ်... မင်း လုပ်ရမှာက သေချာ ရှာကြည့်ဖို့ပဲ... ဒါဆိုရင် မင်း ရှာတွေ့လိမ့်မယ်"
"အဲဒါ မဖြစ်နိုင်ဘူး... ပြောရတာ လွယ်သလောက် တကယ် လုပ်ဖို့က ခက်တယ်" ရှောင်ရွှမ်က တည်ငြိမ်စွာ ငြင်းဆိုသည်။ "ငါတို့ ငါးယောက်ကြားက ကံကြမ္မာကြိုးကို ဖြတ်တောက်ထားပြီး မင်းက ငါတို့ ဘယ်သူလဲ ဆိုတာ မသိဘူး... ဒါကြောင့် မင်း ငါတို့ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ဒါပေမယ့် မင်း ငါတို့ကို ရှာတွေ့ခဲ့တယ် ဆိုတော့ ငါ စဉ်းစားလို့ရတဲ့ အကြောင်းရင်း တစ်ခုပဲ ရှိတော့တယ်... မင်း ငါတို့ အကြောင်းကို သိနေတာပဲ... မဟုတ်ရင် မင်း ငါတို့ကို ရှာတွေ့နိုင်စရာ အကြောင်း မရှိဘူး... ပြီးတော့ ချိုက်ပင်းက တစ်ဆင့် ငါ ဘယ်မှာ ရှိနေလဲ ဆိုတာကိုလည်း မင်း သိနိုင်မှာ မဟုတ်ဘူး... မင်းက ကံကြမ္မာ ဥပဒေသကို နားလည် သဘောပေါက်ထားတယ်၊ ငါတို့ အကြောင်းကို သိတယ်၊ ငါတို့ ငါးယောက် ရှိတယ် ဆိုတာကိုတောင် သိနေတယ်... ဒီအချက် သုံးချက်ထဲက တစ်ခုခုသာ လိုအပ်နေရင်တောင် မင်း ငါတို့ အားလုံးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
ကျန်းမင်က ပြုံးနေရုံမှလွဲ၍ ဘာမှ မပြောခဲ့ပေ။
ဝမ်ရွှမ် ပြောသည်မှာ မှန်ပေသည်။
လူသာတာအို မှတ်တမ်းသာ မရှိလျှင် သူ ကံကြမ္မာ ဥပဒေသကို အပြည့်အဝ ကျွမ်းကျင်ထားလျှင်ပင် သူတို့ အားလုံးကို ရှာတွေ့နိုင်မည် မဟုတ်သလို သူတို့ ငါးယောက် ရှိနေကြောင်းကိုလည်း သိနိုင်မည် မဟုတ်ချေ။
"မင်း ငါ့ကို သတ်တော့မှာမလား" ဝမ်ရွှမ်က သက်ပြင်းချမိ၏။ "မင်း ဘယ်သူလဲ ဆိုတာ ငါ့ကို ပြောပြနိုင်မလား... ဒါပေမယ့် မင်း ပြောပြမှာ မဟုတ်ဘူး ဆိုတာ ငါ သေချာတယ်... ဟူး... ငါ ငယ်ငယ်တုန်းက ရှင်သန်ဖို့အတွက် အမြဲတမ်း ရုန်းကန်ခဲ့ရတယ်... ကျင့်ကြံခြင်း လောကထဲ ဝင်လာတဲ့ အချိန်မှာ ငါ့ကံကြမ္မာကို ငါကိုယ်တိုင် ထိန်းချုပ်ချင်ခဲ့တာ... စွမ်းအားတွေ ရလာတဲ့ အချိန်မှာတော့ ထာဝရ အသက်ရှင်ဖို့ တောင့်တလာပြန်တယ်... ငါ ပိတ်လှောင်ခံရတဲ့ အချိန်မှာတော့ လွတ်လပ်မှုကို တောင့်တတယ်... လူတစ်ယောက်က ဘဝရဲ့ မတူညီတဲ့ အဆင့်တွေမှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိတတ်ကြတယ်... ဒါပေမယ့် နောက်ဆုံးမှာတော့ ငါတို့ အားလုံးက မပြည့်ဝနိုင်တဲ့ အိပ်မက်တွေနဲ့အတူ တူညီတဲ့ နေရာကိုပဲ ပြန်သွားကြရတာပဲလေ"
"လူတွေက ဘဝရဲ့ မတူညီတဲ့ အဆင့်တွေမှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိတတ်ကြတယ် ဆိုတာ မှန်ပါတယ်" ကျန်းမင်က စကားပြန်သည်။ "ဒါပေမယ့် မင်းက ငါ့မိသားစုကို အန္တရာယ် ပေးခဲ့တယ်... ဒါကြောင့် မင်းကို ငါ သတ်ရမယ်... ငါတို့ကြားမှာ အမှားအမှန် ဆိုတာ မရှိဘူး... ငါတို့က မတူညီတဲ့ ရပ်တည်ချက်တွေမှာ ရှိနေကြရုံပဲ... ဒီနေ့ မင်းကို ရှာတွေ့ပြီ ဆိုတော့ မင်းကို ငါ လွှတ်ပေးမှာ မဟုတ်ဘူး... ဒါပေမယ့်..."
သူက သူ့ခေါင်းပေါ်သို့ လက်ညှိုးထိုးပြကာ ဆက်ပြော၏။ "မင်း ပြောနိုင်သလောက်တော့ ပြောသွားလို့ ရပါတယ်"
ရှောင်ရွှမ်က ပြုံးကာ…"ကောင်းပြီလေ… မင်းပြောတာ မှန်တယ်... ငါတို့ကြားမှာ အမှားအမှန် ဆိုတာ မရှိဘူး... ငါတို့က မတူညီတဲ့ သခင်တွေကို အလုပ်အကျွေး ပြုနေတဲ့ မတူညီတဲ့ ရပ်တည်ချက်တွေမှာ ရှိနေကြရုံပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ သေရတော့မှာ ဆိုတော့ စိတ်ပူစရာ ဘာမှ မရှိတော့ပါဘူး... ငါတို့ အားလုံး သေသွားရင်တောင် တခြားလူတွေ ထပ်ရောက်လာဦးမှာပဲ...
"ဒါပေမယ့် ဒါက သတ်မှတ်ထားတဲ့ စည်းမျဉ်း တစ်ချို့ကိုတော့ လိုက်နာလိမ့်မယ်... ခံနိုင်ရည် ကန့်သတ်ချက် တစ်ခုကိုတော့ ကျော်လွန်သွားမှာ မဟုတ်ဘဲ အတော်လေး တရားမျှတမှု ရှိတယ်... ဒါပေမယ့် အထူး အခြေအနေ တစ်ခုကတော့ ကမ္ဘာကြီး ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မယ်..."
ရှောင်ရွှမ်၏ မျက်နှာထား ရုတ်တရက် အေးခဲသွားပြီး သူ့ခေါင်းထဲတွင် အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
(ဒင်... ပထမအကြိမ် သတိပေးချက်... အကျိုးခံစားခွင့်ရှိသူ ရှောင်ရွှမ်၊ သင်သည် သံသရာ ခန်းမဆောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားစေခဲ့သည်။)
(ဒင်... ဒုတိယအကြိမ် သတိပေးချက်... အကျိုးခံစားခွင့်ရှိသူ ရှောင်ရွှမ်၊ သင် လက်ရှိ လုပ်ဆောင်နေသမျှကို ချက်ချင်း ရပ်တန့်ပါ။)
(ဒင်... အကျိုးခံစားခွင့်ရှိသူ ရှောင်ရွှမ်၊ သံသရာ ခန်းမဆောင်နှင့် ပတ်သက်သော အရေးကြီးသည့် သတင်းအချက်အလက်များကို ထုတ်ဖော် ပြောဆိုသည့်အတွက် သင့်အား ကွပ်မျက်မည် ဖြစ်သည်။)
ရှောင်ရွှမ် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း မျက်လုံးများထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားလေပြီ။
သူ့ဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီး မှတ်ဉာဏ်များ အားလုံး ပျောက်ဆုံးသွားခဲ့သည်။
သူ့ခေါင်းပေါ်မှ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာ၏။ ကျန်းမင်က ၎င်းကို ဆွဲယူလိုက်ပြီး ဒေါသထွက်သွားသည်။
သူက ခေါင်းမော့၍ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် မြေကြီးကို ဆောင့်နင်းလိုက်ရာ မြေပြင်ပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာ၏။ ဝမ်ရွှမ်၏ အလောင်းကို မြေကြီးထဲ မြှုပ်နှံလိုက်ပြီး အက်ကွဲကြောင်းကို ပြန်လည် ပိတ်ဆို့လိုက်သည်။
ချိုက်ပင်းအတွက်လား...
သူက မြေကြီးကို နောက်တစ်ကြိမ် ဆောင့်နင်း၍ ထိုလူအား သွေးမြူများအဖြစ် ပြောင်းလဲပစ်လိုက်သည်။
"သူတို့ နောက်ထပ် လာဦးမှာပေါ့လေ... သူတို့ လာရဲသရွေ့တော့ ဒီကမ္ဘာကြီးကို မင်းတို့ရဲ့ သင်္ချိုင်း ဖြစ်စေရမယ်... ဒါပေမယ့် သူ ကမ္ဘာကြီး ပျက်စီးခြင်း အကြောင်း တစ်ခုခု ပြောသွားတယ်... အဲဒါက ကမ္ဘာကြီးကို ဖျက်ဆီးရမယ့် တာဝန် တစ်ခုခုနဲ့ ပတ်သက်နေတာလား... နောက်တစ်ခါ ကျွင်းစန်းချန်နဲ့ တွေ့ရင် သူ့ကို မေးကြည့်ရမယ် ထင်တယ်"
ကျန်းမင် စဉ်းစားခန်း ဝင်ပြီးနောက် ချင်းနယ်မြေသို့ ပြန်လာခဲ့သည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲပင်။
တိုက်ခိုက်ရေး ရုပ်သေးရုပ်က နောက်ထပ် သုခဘုံ အဆင့် သုံးယောက်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ ဖိုဂိုဏ်းမှ ကျွမ်းကျင်သူ သုံးယောက်သာ ကျန်ရှိတော့၏။ တိုက်ခိုက်ရေး ရုပ်သေးရုပ်၏ လက်ချက်ဖြင့် သူတို့ ရှုံးနိမ့်တော့မည့် ဆဲဆဲတွင် ဗုဒ္ဓ လက်ဝါးကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်ရေး ရုပ်သေးရုပ်အား မြေကြီးထဲသို့ ရိုက်ချလိုက်တော့သည်။
"ဖိုဂိုဏ်းက အန္တိမအဆင့်လား" ကျန်းမင်က အေးစက်စွာ ပြုံးမိသွားသည်။
ထိုအရပ်သို့ လှမ်းကြည့်လိုက်သည်နှင့် လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာ၏။
အမည် - ရှီကွမ်
လူမျိုး - လူသား
ကျား/မ - ကျား
ကျင့်ကြံခြင်း အဆင့် - အန္တိမအဆင့်
နောက်ခံ - ဖိုဂိုဏ်း၏ မဟာ အကြီးအကဲများထဲမှ တစ်ဦး။
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့်
အခြေအနေ - ဖိုဂိုဏ်းက မိစ္ဆာဂိုဏ်း ငါးခုကို တမင်တကာ အရှုံးပေးခဲ့ပြီး အရှေ့ဘက် ဒေသတွင် ပိတ်လှောင်ခံရမည့် အခြေအနေကို ချိုးဖျက်ကာ ကမ္ဘာတစ်ဝန်းသို့ သူတို့၏ လွှမ်းမိုးမှုကို ဖြန့်ကျက်ရန် ပုန်းအောင်းနေခဲ့သည်။ သူက လွှမ်းမိုးမှု ဖြန့်ကျက်ရန် စေလွှတ်ထားသော အဖွဲ့ ခုနစ်ဖွဲ့ကို ကူညီ ထောက်ပံ့ရန် အရှေ့ဘက် ဒေသသို့ တိတ်တဆိတ် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချင်းနယ်မြေရှိ အဖွဲ့တစ်ဖွဲ့ အပြတ်အသတ် ချေမှုန်းခံလိုက်ရချိန်တွင် သူ အလွန် ဒေါသထွက်သွားခဲ့သည်။ ကျိုယန်ဂိုဏ်း၏ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်မှာ မိစ္ဆာဂိုဏ်းမှ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ့အတွက် အခွင့်အရေး ရပြီဟု တွေးတောခဲ့၏။ သူက ကျိုယန်ဂိုဏ်းကို လူသိရှင်ကြား အပြစ်ပေးနိုင်ပြီ မဟုတ်ပါလား။ သူက ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ရန် အဖွဲ့ သုံးဖွဲ့ကို ဦးစွာ စေလွှတ်ခဲ့သည်။ သို့သော် အန္တိမအဆင့် တစ်ဦး ပေါ်လာပြီး သူတို့ကို ဟန့်တားလိမ့်မည်ဟု နည်းနည်းလေးမျှ မထင်မှတ်ထားခဲ့ပေ။ ထိုအန္တိမအဆင့်က သုခဘုံ အဆင့် ကျွမ်းကျင်သူ လေးယောက်ကို အနိုင်ယူသွားသည်အား သူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူ့ အဖွဲ့ဝင်များ အသက်အန္တရာယ် ကြုံတွေ့လာရချိန်တွင်သာ ဝင်ပါရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"သုခဘုံ အဆင့် ခုနစ်ယောက်နဲ့ အန္တိမအဆင့် တစ်ယောက်... သူတို့ အရှေ့ဘက် ဒေသရဲ့ အခြေအနေကို အခွင့်ကောင်း ယူချင်နေတာ သေချာတယ်... မဟုတ်ရင် ဒီလောက် ကျွမ်းကျင်သူ အများကြီး စေလွှတ်စရာ အကြောင်း မရှိဘူး... ယေဘုယျ ပြောရရင် ချင်းယွင်ဂိုဏ်း အင်အား နည်းနေတဲ့ အချိန်မျိုးမှာ ဒီလိုအဖွဲ့နဲ့ ဆိုရင် အရှေ့ဘက် ဒေသမှာ အခြေချဖို့ လုံလောက်ပါတယ်..."
"ကံမကောင်းစွာနဲ့ပဲ... သူတို့က လုံးဝ မပြစ်မှားသင့်တဲ့ သူကို လာပြစ်မှားမိနေတယ်... အဲဒီလူက ငါပဲ"
ကျန်းမင်က ခေါင်းယမ်းကာ…"ဒါပေမယ့် ဖိုဂိုဏ်းက မိစ္ဆာဂိုဏ်း ငါးခုကို တမင်သက်သက် အရှုံးပေးခဲ့တယ် ဆိုတာကိုတော့ ငါ မသိခဲ့ဘူး... သူတို့က တကယ့် အရူးအမူးတွေပဲ"
"အခုတော့ မိစ္ဆာဂိုဏ်း ငါးခု မကြာခင် ပျက်စီးတော့မယ် ဆိုတာ ငါ အတည်ပြုလို့ ရပြီ"
ထိုအတွေးနှင့်အတူ သူက အဝေးဆီသို့ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးချက်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဖိုဂိုဏ်းမှ အန္တိမအဆင့်ကို သတ်ဖြတ်ပစ်တော့သည်။
အန္တိမအဆင့်လား... သူတို့က သူ့အတွက်တော့ ဘာမှ မဟုတ်ပေ။
"မင်းတို့ သဘောကျ ဖြစ်ခွင့် မပေးနိုင်ဘူး" ကျန်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ချူယန် တောင်ထွတ်သို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
***