နွေးထွေးသော နေရောင်ခြည်အောက်တွင် စိမ်ပြေနပြေ အနားယူရင်း ကျန်းမင်က မျက်လုံးများကို မှေးစင်းကာ ဖြည်းညှင်းစွာ လှုပ်ယိမ်းနေ၏။
" အစ်ကိုကြီးး... ဘာလို့ အခုတလော ကျင့်ကြံခြင်း မလုပ်တာလဲ" ဓာတ်ကြီးငါးပါး လင်းလုံက စပ်စုချင်စိတ်ဖြင့် မေးလာသည်။ "အရင်တုန်းက နေ့တိုင်း ကျင့်ကြံဖို့ အတင်း တိုက်တွန်းတတ်ပြီး အခုတော့ အစ်ကိုက တော်တော်လေး ပျင်းနေပုံပဲ"
"ငါက တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု လုပ်နေတာလေ" ကျန်းမင်က မျက်လုံးမှိတ်ထားလျက် ပြန်ဖြေ၏။ "ငါက ပျင်းရိပြီး အလကား လှဲနေတယ်လို့ မင်း မြင်ကောင်း မြင်နိုင်ပေမယ့် တကယ်တော့ အချိန်တိုင်း ကျင့်ကြံနေတာပဲ"
"တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု ဟုတ်လား... အစ်ကိုလည်း ကျွန်မလို ကိုယ်ပွားလေးတွေ လုပ်ကြည့်ချင်တာလား" လင်းလုံက အကြံပြုပေးသည်။
"ငါက ဘာကိစ္စ အဲဒီလို လုပ်ရမှာလဲ"
"ဒါဆိုရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် အစစ်တွေက အတူတူ ချစ်ရည်လူးပြီး ကိုယ်ပွားတွေကို အလယ်မှာ ထားကြည့်လို့ ရတာပေါ့... အဲဒီလိုဆို ဘယ်လို ခံစားရမလဲ မသိဘူးနော်" လင်းလုံက ပြန်ဖြေလိုက်၏။
"မိန်းကလေး... မင်း အခုတလော တော်တော် ဆိုးလာတယ်နော်"
"လိင်ပိုင်းဆိုင်ရာ ကိစ္စတွေက တကယ်တော့ သင့်လျော်တဲ့ အလုပ်တွေပါပဲ" လင်းလုံက ကျန်းမင် အပေါ် မှီချလျက် သူမ လက်ချောင်းလေးများဖြင့် ကျန်းမင် ကိုယ်ပေါ်တွင် စက်ဝိုင်းများ စတင် ရေးဆွဲနေတော့သည်။
"ဟီးဟီး... အရမ်း သင့်လျော်နေတာလား... မင်းနဲ့ အာကာသ လင်းလုံက မြန်မြန်ဆန်ဆန် ပေါ်လာခဲ့ပေမယ့် နောက်တစ်ယောက်က ဘာလို့ ဒီလောက် ကြာနေရတာလဲ" ကျန်းမင်က တွေးတောစွာ မေးလိုက်သည်။
"စီနီယာ အစ်ကို... တတိယ ကိုယ်ပွားက ပုံပေါ်နေပြီလေ... စတုတ္ထ တစ်ယောက်လည်း မကြာခင် ရောက်လာတော့မှာ... ကျွန်မက အစ်ကို့ဘေးမှာ ရှိနေလို့ တတိယ တစ်ယောက်က ဒီကို မလာသေးဘဲ အဆက်မပြတ် ကျင့်ကြံနေတာ... သူ့ကိုလည်း ဒီလာဖို့ ခေါ်လိုက်ရမလား... စီနီယာ အစ်ကိုက ကျွန်မတို့ နှစ်ယောက်ကို ဘေးတစ်ဖက်တစ်ချက်စီကနေ တစ်ပြိုင်နက်တည်း ဖက်ထားချင်လို့လား... ကျွန်မတို့ နှစ်ယောက်လုံးကို အစ်ကို တကယ် ကိုင်တွယ်နိုင်ပါ့မလား" လင်းလုံက သူ့တင်ပါးကို ပွတ်သပ်ရင်း ပြောလာသည်။
ကျန်းမင်က ခေါင်းစောင်း၍ ကောင်းကင်ကို မော့ကြည့်၏။
ကျင့်ကြံခြင်း၏ ကောင်းကျိုး တစ်ခု ရှိသည်။ ယင်းမှာ အမျိုးသား တစ်ယောက်ကို ပို၍ အချိန်ကြာရှည်စွာ စွမ်းဆောင်နိုင်စေခြင်းပင်။
သို့သော် ဆိုးကျိုး တစ်ခုလည်း ရှိနေပြန်သည်။ ယင်းမှာ သူ့ညီမလေးအား ခံနိုင်ရည် အလွန် ကောင်းမွန်စေခြင်းပင်။
"စီနီယာ အစ်ကို... ကျွန်မ အခု စပြီး ကျင့်ကြံတော့မယ်နော်" လင်းလုံက ပြောရင်း သူ့ဘေးသို့ လိမ့်သွားကာ ကျန်းမင်၏ လက်မောင်းကို ဖက်ထားလျက် မျက်လုံးများကို မှေးစင်းထားသည်။ သူမ အိပ်ပျော်သွားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် သူမ၏ နှလုံးသားမှာ သမုဒ္ဒရာပမာ နက်ရှိုင်းနေပြီး အထူးစွမ်းရည်များကို ကျင့်ကြံနေခြင်း ဖြစ်သည်။
ကျန်းမင်က လူအချို့၏ အခြေအနေ အပြောင်းအလဲများကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူ၏။
စာမျက်နှာ အနည်းငယ် လှန်ကြည့်လိုက်ရာ ကျိုးထျန်၏ အခြေအနေကို တွေ့ရသည်။ မဟာကျိုး မင်းဆက်၏ ဆယ့်ရှစ်ယောက်မြောက် မင်းသား၏ အခြေအနေမှာ အလွန် သက်ဝင်လှုပ်ရှားနေလေသည်။
အမည် - ကျိုးထျန်
အခြေအနေ - ကျိုယန်ဂိုဏ်း၏ ချူယန် တောင်ထွတ်တွင် အရှက်ခွဲခံရပြီးနောက် ဇီလင်းလုံက သူတော်စင် သားတော်များနှင့် သူတော်စင် သမီးတော် အများအပြားကို အနိုင်ယူခဲ့ကြောင်းနှင့် ထျန်းယွမ် ကျောင်းတော်မှ ထျန်းစစ်ပင် သူမ၏ ပြိုင်ဘက် မဟုတ်ကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် သူ့ စိတ်ခံစားချက်မှာ ရုတ်တရက် အလွန် ကောင်းမွန်သွားခဲ့၏။
ကျုံးနယ်မြေရှိ မဟာကျိုး မင်းဆက်သို့ ပြန်ရောက်ပြီးနောက် ကျင့်ကြံခြင်းတွင် အပြည့်အဝ နစ်မြုပ်ခဲ့ပြီး မူလဝိညာဉ် အဆင့်သို့ ခုန်တက်သွားခဲ့သည်။ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာချိန်တွင် အရှေ့ဘက် ဒေသ မဟာစစ်ပွဲ အကြောင်း ကြားသိရပြီး အလွန် အံ့အားသင့်သွားခဲ့သည်။ ထိုအချိန်မှာပင် မင်းဆက်က အရှေ့ဘက် ဒေသ အတွင်းရှိ အခွင့်အရေး အချို့ကို ရယူလိုနေခဲ့သည်။ တတိယ မင်းသား၏ အကြံပြုချက်ဖြင့် ကျိုးထျန်က အရှေ့ဘက် ဒေသသို့ ထပ်မံ ထွက်ခွာလာခဲ့၏။
သူ့ စစ်သင်္ဘောပေါ်တွင် တပ်မတော် တစ်ရပ်ကို ဦးဆောင်ကာ ရွက်လွှင့်လာစဉ် ယခင် အရှက်ကွဲမှုမှ သူ့ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန်၊ ကျိုယန်ဂိုဏ်းကို အနိုင်ယူပြီး ဇီလင်းလုံကို ဖမ်းဆီးရန် မြင့်မားသော စိတ်ဓာတ်များဖြင့် ဤတစ်ကြိမ် ရောက်ရှိလာခဲ့သည်။ ယုံကြည်မှု အပြည့်ဖြင့် အရှေ့ဘက် ဒေသရှိ နယ်မြေ တစ်ခုကို ထိန်းချုပ်ကာ မင်းဆက်၏ လက်အောက်ခံ နယ်မြေခွဲ တစ်ခုအဖြစ် ဖန်တီးရန်လည်း ရည်ရွယ်ထားသည်။
ကျိုယန်ဂိုဏ်းသို့ ရောက်ရန် မိုင်တစ်သောင်း အကွာတွင် ချင်းယွင်ဂိုဏ်း အတွင်းရှိ သူလျှို တစ်ဦးထံမှ သတင်းတစ်ခု ရရှိခဲ့သည်။ ယင်းမှာ မနေ့ညက တိုက်ပွဲတွင် အနည်းဆုံး သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နှင့် အန္တိမအဆင့် တစ်ဦး ပါဝင်သော ဖိုဂိုဏ်းကို ကျိုယန်ဂိုဏ်းက အမြစ်ပြတ် ချေမှုန်းလိုက်ကြောင်းပင်။
သတင်းရရှိပြီးနောက် သူ အလွန် ထိတ်လန့်သွားပြီး စစ်သင်္ဘောကို နောက်ကြောင်းပြန်လှည့်ကာ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။
"မဟာကျိုး မင်းဆက်... ဘာလို့ ငါ သူတို့ကို စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ရင်ဆိုင်ရတော့မယ်လို့ ခံစားနေရတာလဲ" ကျန်းမင် တွေးမိသည်။
ယခင် သင်ခန်းစာက ဤဆယ့်ရှစ်ယောက်မြောက် မင်းသားအတွက် မလုံလောက်ခဲ့သဖြင့် ကျိုယန်ဂိုဏ်းသို့ ထပ်မံ လာရောက်ရဲခြင်းပင်။ သူက သတင်းကို ကြိုတင် ရရှိခဲ့သဖြင့် ကံကောင်းသွား၏။ မဟုတ်ပါက ဤတစ်ကြိမ်တွင် သေချာပေါက် ပြန်ခွင့်ရမည် မဟုတ်ပေ။
ကျိုယန် ဂိုဏ်းချုပ်၏ တပည့်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲကာ နောက်ကွယ်မှ အကြံအစည်များ ကြံစည်ခဲ့သော တတိယ မင်းသားကို ကျန်းမင်က ကံကြမ္မာ ခုတ်ထစ်ခြင်းဖြင့် ခုတ်ပိုင်းခဲ့သော်လည်း အဆုံးတွင် မသေဆုံးခဲ့ချေ။
ကျန်းမင်က ဆယ့်ရှစ်ယောက်မြောက် မင်းသားကို ခေါင်းဖြတ်ရန် လက်မြှောက်လိုက်သည်။ သို့သော် ခဏတာ စဉ်းစားပြီးနောက် လွှတ်ပေး၏။
ချင်းယွန်ဂိုဏ်းတွင် မဟာကျိုး မင်းဆက်က ထည့်သွင်းထားသော သူလျှို အတွက်မူ ကျန်းမင် အနည်းငယ်မျှ အံ့အားသင့်ခြင်း မရှိပေ။
ဤအဓိက အင်အားစုများ ကြားတွင် တစ်ဖက်နှင့် တစ်ဖက် သူလျှိုများ ထည့်သွင်းထားခြင်းမှာ ပုံမှန်ကိစ္စ တစ်ခုပင်။
ကျုံးနယ်မြေနှင့် နီးကပ်သော အနောက်ဘက် ဒေသရှိ တောင်တန်း တစ်ခုပေါ်တွင် ဧရိယာ တစ်ခုလုံးကို မျက်စိဖြင့် မမြင်နိုင်သော အစီအရင် ဝင်္ကပါ တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
ဤတောင်တန်း အတွင်း၌ ဘုန်းကြီး အမြောက်အမြား ရှိနေ၏။
ဘုရားကျောင်းဆောင် တစ်ခု အတွင်းတွင်တော့ အစွန်းရောက် တာအို အဆင့်အထက် ကျွမ်းကျင်သူ အယောက် နှစ်ဆယ်ခန့် ထိုင်နေကြသည်။
"အရှေ့ဘက် ဒေသကို သွားခဲ့တဲ့ ဝူဟိုင်ကတော့ မဟာယာနဗုဒ္ဓရဲ့ ရင်ခွင်ထဲကို ပြန်ရောက်သွားပါပြီ... ကျန်တဲ့ တပည့်တွေလည်း သုခလောကဆီ ကူးပြောင်းသွားကြပါပြီ... နမော အမိတာဘ" ခေါင်းနောက်တွင် ရွှေရောင် အလင်းဝန်း တစ်ခု ပါရှိသော အဘိုးအို ဘုန်းတော်ကြီး တစ်ပါးက သူတို့ထဲတွင် ခေါင်းဆောင် ဖြစ်ပြီး ကရုဏာ သက်ဖွယ် အသွင်အပြင် ရှိသည်။ သူက နမော အမိတာဘ ဟု ရွတ်ဆိုပြီးနောက် ဆက်ပြော၏။ "အရှေ့ဘက် ဒေသမှာ တရားဟောတာကတော့ ကျရှုံးမှုနဲ့ အဆုံးသတ်သွားခဲ့ပြီ... ကျုံးနယ်မြေက အခက်အခဲ တချို့နဲ့ ရင်ဆိုင်နေရပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေကတော့ တင်းမာနေဆဲပါပဲ"
"အရှေ့ဘက် ဒေသမှာ ဒီလို ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး ချင်းယွင်ဂိုဏ်းကတောင် ဒါကို လျှို့ဝှက်ထားတယ် ဆိုတော့ သူတို့ရဲ့ နောက်ခံ ဘယ်လောက် နက်ရှိုင်းလဲ ဆိုတာကို ငါတို့ မသိနိုင်ဘူး... ဒါကြောင့် သူတို့ကို လောလောဆယ် လျစ်လျူရှုထားဖို့ ငါ အကြံပြုချင်တယ်... ကျုံးနယ်မြေ ဆိုတာက ကံကြမ္မာတွေ စုဆုံပြီး တော်ဝင်မြေ အများအပြားနဲ့ ယှက်နွှယ်နေတဲ့ နေရာတစ်ခုပဲ... လွယ်လွယ်နဲ့ ဖောက်ထွင်းဝင်ရောက်လို့ ရတဲ့ နေရာ မဟုတ်တဲ့အတွက် သူတို့ အကြောင်းကို ထည့်တောင် မပြောကြတာ ပိုကောင်းမယ်... တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေ အတွက်တော့ ငါတို့ အစီအစဉ် အောင်မြင်တာနဲ့ နောက်တစ်ဆင့်က အဲဒီနေရာကို တကယ့် တရားဟောရာ နေရာအဖြစ် ပြောင်းလဲပြီး မဟာယာနဗုဒ္ဓ မြေအဖြစ် ဖန်တီးဖို့ပါပဲ"
"ဒါ အဓိပ္ပာယ် ရှိတယ်... ရုတ်တရက် အပြောင်းအလဲတွေ ထပ်မဖြစ်ခင် ငါတို့ အစီအစဉ်တွေကို ချက်ချင်း စတင်ဖို့ အကြံပြုချင်တယ်"
"ငါ သဘောတူတယ်... လောကကြီးကို ငါတို့ ဖိုဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး စွမ်းအားကို ပြသဖို့ အချိန်တန်ပြီ... ဒီနောက်တစ်ဆင့်သာ အစီအစဉ်အတိုင်း ဖြစ်သွားရင် နောက်ထပ် ပစ်မှတ်တွေက တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေ ဖြစ်လာလိမ့်မယ်... အဲဒီနောက် ငါတို့ အရှေ့ဘက် ဒေသကို သိမ်းပိုက်ပြီး နောက်ဆုံးမှာ ကျုံးနယ်မြေ တစ်ခုလုံးကို ဝိုင်းရံပစ်မယ်... မြေပြင် အားလုံးက ငါတို့ ဖိုနိုင်ငံတော် ဖြစ်လာစေရမယ်"
သူတို့ အချင်းချင်း ဆွေးနွေးပြီးနောက် အစီအစဉ် တစ်ခုကို ရေးဆွဲလိုက်ကြသည်။
ပြီးခဲ့သော အရှေ့ဘက် ဒေသ တိုက်ပွဲတွင် အရှုံးပေါ်ခဲ့ခြင်း အတွက်မူ သူတို့ သိပ်ဂရုမစိုက်ခဲ့ကြချေ။ ကျရှုံးသွားလည်း ကျရှုံးပါစေတော့။ ပုံရိပ်ကြီး တစ်ခုလုံး အတွက်မူ သိပ်အရေးမကြီးလှပေ။
"ဒါဆိုရင် သုံးရက် အတွင်း စတင်ကြတာပေါ့"
နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်ကြလေပြီ။
ချူယန် တောင်ထွတ်တွင်…
ကျန်းမင်က အမိုးပေါ်တွင် ရပ်လျက် အနောက်ဘက်သို့ လှမ်းကြည့်နေ၏။ သူ့နှလုံးသားထဲတွင် ရှင်းပြ၍ မရနိုင်သော ဂနာမငြိမ်မှု တစ်ခုကို ခံစားနေရသည်။
"အဲဒီမှာ တစ်ခုခု ဖြစ်တော့မလို့လား" ကျန်းမင် တွေးတောရင်း မျက်မှောင်ကြုတ်မိသွားသည်။ ကံမကောင်းစွာဖြင့် မည်သည့် သတင်းမျှ မရရှိခဲ့ချေ။
သူက ခေါင်းမော့၍ ကောင်းကင်ကို လှမ်းကြည့်ကာ တွေးလိုက်၏။ သံသရာ ခန်းမဆောင်က လူတွေ ငါတို့ ကမ္ဘာကို ဆင်းလာဦးမလား... ငါ သူတို့ကို လွမ်းလာပြီ'
ထိုကျူးကျော်သူများကို သူ တကယ်ပင် လွမ်းဆွတ်လာမိသည်။
သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရသူများမှာ သူ့အတွက် လှည့်ကွက် ကုဒ်များကဲ့သို့ပင်။
မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ၊ ကောင်းကင်ဘုံ အဆင့် ကျွမ်းကျင်သူ၊ အန္တိမအဆင့်နှင့် အကြိုအင်မော်တယ် တစ်ယောက်စီက သူ့အတွက် ကျင့်ကြံခြင်း အချိန် ၁ နှစ်၊ ၁၀ နှစ်၊ (၁၀၀) နှစ်နှင့် (၁,၀၀၀) နှစ် အသီးသီး သက်သာစေသည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းမင်က သူတို့ကို ဘယ်လိုလုပ် မလွမ်းဘဲ နေနိုင်မည်နည်း။
ရုတ်တရက် အထွတ်အထိပ် အမိန့်တော်က တုန်ခါလာသည်။
ကျန်းမင်က မသိစိတ်မှပင် အထွတ်အထိပ် အမိန့်တော် အတွင်းသို့ ဝင်ရောက်ပြီး ထွတ်အထိပ် စကားပြောခန်းကို ဖွင့်လိုက်၏။
[ကျန့်ကော - အားလုံးပဲ... ကျွန်တော့်ကို တကယ် တုန်လှုပ်သွားစေတဲ့ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့ခဲ့ရတယ်]
[အောက်ကျို - ထုတ်ပြောစမ်းပါ... မင်းက တွေ့ရှိချက်တွေကို လေထဲမှာ ဒီလို ချိတ်ဆွဲထားတော့ ငါလည်း ချိတ်ဆွဲခံထားရသလို ဖြစ်နေပြီ... ငါ့မိန်းမချောလေးတွေတောင် ညည်းညူနေကြပြီကွ]
[ကျန့်ကော - ဒီအဘိုးကြီး နှာဘူး... မင်းတော့ စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် မိန်းမဗိုက်ပေါ်မှာ သေလိမ့်မယ်]
[အောက်ကျို - ဒါ ငါ့ရဲ့ ပျော်ရွှင်မှုပဲကွ... ဒီလို အလှတရား၊ ဒီလို အံ့ဖွယ်ရာတွေ၊ ဒီလို စိတ်လှုပ်ရှားမှုမျိုး...]
[ကျန့်ကော - မင်းက နေ့တိုင်း မင်းရဲ့ မောင်းမဆောင်ထဲမှာပဲ ပျော်ပါးနေတာ... မင်း ဒီစကားပြောခန်းထဲ ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ ဆိုတာကို ငါ တကယ် နားမလည်နိုင်ဘူး... တကယ့်ကို ထူးဆန်းတယ်... အလွန်ကို ထူးဆန်းတယ်]
[အောက်ကျို - ငါ့ရဲ့ ပါရမီတွေက အံ့မခန်းဖြစ်ပြီး လောကမှာ ပြိုင်ဘက်ကင်းတယ်လေ... ငါက ကျင့်ကြံခြင်းကို အာရုံမစိုက်ရင်တောင် မင်းတို့အားလုံးနဲ့ ယှဉ်ရင် ရှုံးမှာ မဟုတ်ဘူးကွ... ကျစ်... ငါသာ နည်းနည်းလေး အာရုံစိုက်လိုက်ရင် မင်းတို့ကို တာအိုကိုးသွယ် အောက်ထိတောင် ရိုက်ချပစ်နိုင်လောက်တယ်]
[ကျန့်ကော - ဪ... ထားလိုက်ပါတော့... မင်းသာ ဒီလို မြန်ဆန်တဲ့ ဘဝမှာ ဆက်နေမယ် ဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းသွားတဲ့ အခါ ဒီစကားပြောခန်းထဲ ဝင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့ ငါ အာမခံရဲတယ်]
[အောက်ကျို - ဟူး... ငါလည်း စိတ်ပူနေတာ... ငါ့ရဲ့ အနာဂတ်က မှုန်ဝါးနေတော့ ရေသူမတွေ ထပ်ရှာပြီး သူတို့နဲ့ ဘဝအကြောင်း၊ အိပ်မက်တွေ အကြောင်း စကားပြောရုံပဲ ရှိတော့မယ် ထင်တယ်]
[ကျန့်ကော - ဘုရားရေ...]
[အောက်ကျို - ထုတ်ပြောစမ်းပါ... ငါ အခု မလှုပ်မယှက် လှဲနေတာ... ဦးမဆောင်ရတာက ငါ့စတိုင် မဟုတ်ဘူးကွ]
[ကျန့်ကော - သေနာကောင်... မင်း နိုင်တယ်ကွာ... မကြာသေးခင်က လုယက်တဲ့ ပွဲတစ်ခုမှာ ငါ ပါဝင်ခဲ့တယ်... စုစုပေါင်း ပြိုင်ဘက် ခြောက်ယောက် ရှိတယ်... သူတို့ရဲ့ တာအို စွမ်းအင်တွေက ငါတို့ ကမ္ဘာက အရာတွေနဲ့ သဟဇာတ မဖြစ်ဘူး ဆိုတာကို ငါ တွေ့လိုက်ရတယ်... သူတို့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေက ကောင်းကင်နဲ့ မြေကြီး အပေါ် တွန်းကန်တဲ့ သက်ရောက်မှု တစ်ခုခု ရှိနေတယ်... အရမ်းကို ထူးဆန်းတယ်]
[ကျန့်ကော - သူတို့က အရမ်း သန်မာတယ်... ငါ သူတို့ကို မမြင်ဖူးရင်တောင် သူတို့ အကြောင်း တစ်ခုခုတော့ သိထားသင့်တာပေါ့... ဒါပေမယ့် သူတို့က ငါ့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေတယ်]
[ကျန့်ကော - ငါ သူတို့ထဲက တစ်ယောက်ကို ဖမ်းမိပြီး သူတို့ မှတ်ဉာဏ်တွေကို ဖတ်ကြည့်ဖို့ စဉ်းစားခဲ့တယ်... ဒါပေမယ့် နောက်ဆုံးမှာ ဘာမှ ရှာမတွေ့ခဲ့ဘူး... စွမ်းအင် တစ်မျိုးမျိုးက သူ့ဝိညာဉ်ကို ပိတ်ဆို့ထားသလိုပဲ]
[ကျန့်ကော - သူတို့ထဲမှာ 'ခေါင်းဆောင်' လို့ ခေါ်တဲ့ သူတစ်ယောက် ရှိတယ်... သူ့ကို ငါ သတ်တော့မယ့် အချိန်မှာ သူတို့ ရုတ်တရက် ပျောက်သွားကြတယ်... ဒီကျူးကျော်သူတွေဆီက ရတဲ့ သွေးစိမ်းတွေကို သုံးပြီး ဟောကိန်းထုတ်ဖို့ ကြိုးစားကြည့်သေးတယ်... ရလဒ်ကတော့ အဲဒီလို လူမျိုး မရှိဘူးတဲ့... ပြီးတော့ သတင်းအချက်အလက် ဘာတစ်ခုမှလည်း မရခဲ့ဘူး]
[ကျန့်ကော - အဲဒီနောက် မကြာခင်မှာပဲ... ငါ့စိတ်ထဲမှာ 'အရှင်သခင် နတ်ဘုရား ဟင်းလင်းပြင်' ဆိုတဲ့ နေရာတစ်ခုကို ဝင်ရောက်ဖို့ ဖိတ်ခေါ်တဲ့ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရတယ်... အဲဒါက လူတစ်ယောက်ကို ကမ္ဘာပေါင်း သန်းချီဆီ သွားရောက်နိုင်စေပြီး အဆုံးမရှိတဲ့ အခွင့်အရေးတွေ ဖန်တီးကာ အကန့်အသတ်မရှိ အကျိုးအမြတ်တွေ ရယူနိုင်စေတယ်တဲ့... ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအား တစ်ခုက ငါ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလာပြီး ငါ့ဝိညာဉ်ကိုတောင် တုန်လှုပ်သွားစေတယ်]
[ကျန့်ကော - ငါ တွေဝေနေတုန်းမှာပဲ ငါ့ခန္ဓာကိုယ်ထဲက အထွတ်အထိပ် အမိန့်တော်က ရုတ်တရက် တုန်ခါလာပြီး အဲဒီအသံကို ဖျက်ဆီးပစ်လိုက်တယ်... ဟုတ်တယ်... အသံကို တကယ့်ကို ဖျက်ဆီးပစ်လိုက်တာ... ပြီးတော့ ငါ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကိုလည်း ချက်ချင်း ဖယ်ရှားပစ်လိုက်တယ်]
[ကျန့်ကော - ငါ့ကို ဘာဖြစ်သွားတာလဲ ဆိုတာ မင်းတို့ထဲက တစ်ယောက်ယောက် သိကြလား... ဒီ 'အရှင်သခင် နတ်ဘုရား ဟင်းလင်းပြင်' ဆိုတာက ဘာလဲ... အဲဒါက တကယ်ပဲ ကမ္ဘာပေါင်း သန်းချီကို သွားရောက်နိုင်တာလား]
***