ရေကြည်စံအိမ် ဆွေးနွေးပွဲ စားပွဲဝိုင်း…
ဘယ်ဘက်တွင် ယွင်ဝမ်ရွှယ်နှင့် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ ရှိနေ၏။
ညာဘက်တွင် ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့နှင့် ဆရာကြီး ဇိုအန်တို့ ရှိနေကြသည်။
ကျင်းကျုံးယွဲ့ ကိုယ်တိုင် ရောက်လာသည်ကို တွေ့ချိန်မှာတော့ ယွင်ဝမ်ရွှယ် ပြုံးလိုက်၏။ မဟာမိတ် တပ် ၂ သောင်း နယ်မြေနား ရောက်နေတော့ ကျင်းကျုံးယွဲ့ မခံနိုင်တော့ဘူး မဟုတ်လား။
ယွင်ဝမ်ရွှယ်က အမိန့်ပေးလိုက်သည်။ “သက်သေတွေဖြစ်တဲ့ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်၊ သခင်လေး နင်လျန်ဟွာနဲ့ ခရိုင်ဝန်လေး ရွှီရှစ်ဇီတို့ကို သွားခေါ်လိုက်ပါ။”
နင်လျန်ဟွာက နင်ချင်း၏ တူတော်မောင်၊ ဒုတိယ အကြီးဆုံးမြို့စားကြီးရဲ့ သားဖြစ်၏။
ရွှီရှစ်ဇီက ရှန်နင်မြို့ မြို့စားကြီး၏သားဖြစ်၏။ သူတို့အိမ်မှာလည်း ဆားတွင်းရှိသော်လည်း လေခွင်းမြို့လောက် မကြီးပေ။
ဤ ၃ ယောက်သာ သက်သေအဖြစ် ရှိနေလျှင် စာချုပ်ချုပ်ပြီး ဖျက်လို့ ရတော့မည် မဟုတ်ချေ။
.................
ထိုလူ ၃ ယောက် ရောက်လာချိန်မှာတော့ ယွင်ဝမ်ရွှယ်က ပြောလိုက်သည်။ “စကြရအောင်။”
ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်၏။
ယွင်ဝမ်ရွှယ်က ဆက်ပြောလိုက်သည်။ “ပိုင်ယင်ဆားတွင်း ကိစ္စကြောင့် လူတွေ အများကြီး သေဆုံးခဲ့တယ်။ ဆားအဆိပ်သင့်မှုကြောင့်လည်း အများကြီး ထိခိုက်နစ်နာခဲ့တယ်။ ဒါကြောင့် လျော်ကြေး အရင် ပေးရမယ်။ ပြီးမှ ကျန်တာ ဆက်ဆွေးနွေးမယ်။
အရင်တုန်းက ၅ သန်း တောင်းခဲ့တယ်။ ဒီနေ့ ကျင်းကျုံးယွဲ့ ကိုယ်တိုင် ရောက်လာတော့ ၂.၅ သန်း (၂၅ သိန်း) လျှော့ပေးမယ်။ တစ်ပြားမှ ထပ်မလျှော့ဘူး။ မပေးနိုင်ရင် ဆွေးနွေးပွဲ ရပ်မယ်။ တပ်ဖွဲ့နဲ့ လာရှင်းမယ်။ ကျင်းကျုံးယွဲ့... လက်ခံမလား။ ငြင်းမလား။ ရွေးချယ်လိုက်။”
ကျင်းကျုံးယွဲ့ တိတ်ဆိတ်နေပြီးမှ ပြောဆိုလိုက်၏။ “ကျွန်မတို့ ပေးနိုင်တာ ၁ သန်း (၁၀ သိန်း) ပဲ။”
အားလုံး ဒေါသထွက်သွားကြသည်။ ‘၂၅ သိန်းအထိ လျှော့ပေးတာတောင် ၁၀ သိန်းပဲ ပေးမယ် ဟုတ်လား။’
ယွင်ဝမ်ရွှယ် ဒေါသထွက်ပြီး မတ်တတ်ထရပ်လိုက်သည်။ သက်သေ ၃ ယောက်လည်း ထရပ်လိုက်ကြ၏။
“ပြန်ကြမယ်။”
သူတို့ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
ယွင်ကျုံးဟဲ့က ရုတ်တရက် ပြောဆိုလိုက်၏။ “ခေါင်းဆောင်ယွင်... ခင်ဗျားက လောင်းကစားဘုရင် မဟုတ်လား။ လောင်းကစားမှာ ဘယ်တော့မှ မရှုံးဘူး မဟုတ်လား။”
ယွင်ဝမ်ရွှယ် ရပ်တန့်သွားသည်။ ဤစကားများမှာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားလုံးများ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ခင်ဗျား တောင်းတာ ၂.၅ သန်း။ ကျုပ်တို့ ပေးနိုင်တာ ၁ သန်း။ ကွာဟချက် ၁.၅ သန်းရှိနေတယ်။ ဒါကြောင့် ၁.၅ သန်းဖိုး လောင်းကြေးထပ်ကြမယ်။ တစ်ဖက်ကို ၇.၅ သိန်း စီ။ တစ်ပွဲတည်း အပြတ်ကစားမယ်။ ကျုပ် နိုင်ရင် လျော်ကြေး ၁ သန်းပဲ ပေးမယ်။ ကျန်တာ ခင်ဗျား စိုက်ရမယ်။”
ယွင်ဝမ်ရွှယ် စိတ်ဝင်စားသွားသည်။ “ခင်ဗျား ရှုံးရင်ကော။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “၂.၅ သန်း အပြည့်ပေးမယ်။ တစ်ပြားမှ မလျော့ဘူး။”
ယွင်ဝမ်ရွှယ်က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ခင်ဗျား... ကျုပ်နဲ့ လောင်းချင်တာလား။ ကျုပ်က လောင်းကစားလောကရဲ့ ဘုရင်ဆိုတာ မသိဘူးလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “သိတာပေါ့။ ဒါပေမဲ့ စမ်းကြည့်ချင်လို့။”
အားလုံး အံ့ဩသွားကြသည်။ ‘ရူးနေတာလား။’
ယွင်ဝမ်ရွှယ်က သက်သေ ၃ ယောက်နှင့် တိုင်ပင်ရန် အခန်းထဲသို့ ဝင်သွားလိုက်သည်။ ၁၅ မိနစ်ခန့် အကြာတွင် ပြန်ထွက်လာကြ၏။
ယွင်ဝမ်ရွှယ်က ပြောလိုက်သည်။ “ကောင်းပြီ။ လက်ခံတယ်။ ခင်ဗျားတို့ နိုင်ရင် ၁ သန်းပဲ ပေး။ ကျန်တာ ကျုပ် စိုက်မယ်။
ဒါပေမဲ့ ခင်ဗျားတို့ ရှုံးရင် ၂.၅ သန်း ပေးရမယ်။ ခင်ဗျားတို့မှာ ငွေမရှိတာ ကျုပ် သိတယ်။ ဒါကြောင့် စစ်သည် တစ်သောင်းစာ လက်နက်ကိရိယာတွေကို အပေါင်ထားရမယ်။ လန်ထျန် ဆားတွင်းရဲ့ ၅ နှစ်စာ ဝင်ငွေကို အပေါင်ထားရမယ်။ လျော်ကြေးကို ၁၂ လပိုင်း ၁ ရက်နေ့ မတိုင်ခင် ပေးရမယ်။”
ကျင်းကျုံးယွဲ့ မျက်နှာ ဖြူဖျော့သွား၏။
လန်ထျန် ဆားတွင်း ၅ နှစ်စာ ဝင်ငွေနှင့် စစ်သည် တစ်သောင်းစာ လက်နက်များဆိုသည်မှာ လေခွင်းမြို့၏ အသက်သွေးကြောများ ဖြစ်သည်။
လျော်ကြေးပေးရန် အချိန်ကလည်း တစ်လတောင် မလိုတော့ပေ။ ဆိုလိုသည်မှာ လေခွင်းမြို့ကို လက်နက် ဖြုတ်သိမ်းပြီး စီးပွားရေး ပိတ်ဆို့လိုက်သည်နှင့် အတူတူ ဖြစ်နေ၏။
“မရဲဘူးလား။” ယွင်ဝမ်ရွှယ်က လှောင်ပြောင်လိုက်သည်။
ဆရာကြီး ဇိုအန်က ကျင်းကျုံးယွဲ့ကို တားမြစ်လိုသော အကြည့်ဖြင့် ကြည့်နေမိ၏။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်လိုက်သည်။
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ပြလိုက်ပြီး ယုံကြည်မှု ရှိကြောင်း ပြသလိုက်၏။
ကျင်းကျုံးယွဲ့ စက္ကန့်ပိုင်းမျှ တွေဝေပြီးမှ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ လက်ခံတယ်။ ကျွန်မ ဒိုင်ကိုင်မယ်။ အနိမ့်ဆုံးကြေး ၁ သိန်း။ အန်စာတုံး ၃ လုံး အကြီးအသေး။ မြွေမြီးကောင်စား နည်းလမ်း။”
(မြွေမြီးကောင်စား ဆိုသည်မှာ ၁ သုံးလုံး (အငယ်ဆုံး) က ၆ သုံးလုံး (အကြီးဆုံး) ကို နိုင်တယ် လို့ ဆိုလိုခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ၆ သုံးလုံးက အကြီးဆုံးဟု ယူဆ၏။)
ယွင်ဝမ်ရွှယ်က ပြောလိုက်သည်။ “သဘောတူတယ်။”
စာချုပ် ချုပ်လိုက်ကြသည်။ ကျင်းကျုံးယွဲ့နှင့် ယွင်ဝမ်ရွှယ် လက်မှတ်ထိုးပြီး တံဆိပ်တုံး ထုလိုက်ကြ၏။
လောင်းကစားပွဲ စတင်ပြီဖြစ်သည်။
ယွင်ကျုံးဟဲ့နှင့် ယွင်ဝမ်ရွှယ် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တစ်ဖက်တွင် ၁ သောင်းတန် ချစ်ပ်ပြား ၇၅ ပြားစီ ရှိနေ၏။
အားလုံး အသက်အောင့်ထားကြသည်။ ဤပွဲမှာ အန္တရာယ် အကြီးမားဆုံး လောင်းကစား ပွဲကြီး ဖြစ်သည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “စမယ်။”
နှစ်ယောက်စလုံး အန်စာတုံးခွက်ကို လှုပ်ခါလိုက်ကြသည်။ ၅ စက္ကန့် ကြာချိန်မှာတော့ ပြိုင်တူ ချလိုက်ကြသည်။
ယွင်ဝမ်ရွှယ်က ယွင်ကျုံးဟဲ့ထက် ၀.၅ စက္ကန့်လောက် နောက်ကျပြီး ချလိုက်၏။
သူ ပြုံးလိုက်သည်။ သူက ယွင်ကျုံးဟဲ့၏ အန်စာတုံး အသံကို နားထောင်ပြီး နံပါတ် ဘယ်လောက် ဆိုသည်ကို သိနေပြီဖြစ်သည်။
ယွင်ကျုံးဟဲ့က ၁၀ မှတ် ရထားသောကြောင့် သူက ၁၂ မှတ် ရအောင် လုပ်လိုက်၏။
“၁ သိန်း...” ယွင်ဝမ်ရွှယ်က ကြေးဖွင့်လိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လိုက်တယ်။”
ယွင်ဝမ်ရွှယ်က ထပ်ခေါ်လိုက်သည်။ “နောက်ထပ် ၁ သိန်း။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လိုက်တယ်။ ဖွင့်မယ်။”
ဖွင့်ကြည့်လိုက်ချိန်မှာတော့ ယွင်ဝမ်ရွှယ်က ၉ မှတ် (၃ သုံးလုံး)၊ ယွင်ကျုံးဟဲ့က ၇ မှတ် (၂ နှစ်လုံး၊ ၃ တစ်လုံး) ဖြစ်နေသည်။
ပထမပွဲ ယွင်ဝမ်ရွှယ် နိုင်သွားပြီး ၂ သိန်း ၁ သောင်း ရသွား၏။
ဆရာကြီး ဇိုအန်၏ မျက်နှာ ဖြူဖျော့သွားသည်။
ဒုတိယပွဲ..
ယွင်ဝမ်ရွှယ်က ထပ်ပြီး ၀.၅ စက္ကန့် နောက်ကျပြီးမှ ချလိုက်ပြန်၏။
သူက ယွင်ကျုံးဟဲ့၏ နံပါတ်မှာ ၁၀ ဖြစ်ကြောင်း သိနေသောကြောင့် သူက နံပါတ် ၁၂ ရအောင် လုပ်လိုက်သည်။
ယွင်ဝမ်ရွှယ်က ခေါ်လိုက်၏။ “၁ သိန်း။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “၁ သိန်း။ ဖွင့်မယ်။”
ဖွင့်ကြည့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့ နံပါတ် ၁၀၊ ယွင်ဝမ်ရွှယ် နံပါတ် ၁၂ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့ ထပ်ရှုံးပြန်သည်။
စုစုပေါင်း ၃ သိန်း ၂ သောင်း ရှုံးသွားပြီး လက်ထဲမှာ ၄ သိန်း ၃ သောင်းပဲ ကျန်တော့၏။
ကျင်းကျုံးယွဲ့ မျက်နှာ ပျက်သွားသည်။
တတိယပွဲ...
ယွင်ကျုံးဟဲ့ စိတ်လှုပ်ရှားနေပုံ ရ၏။
သူ အန်စာတုံးကို အကြာကြီး လှုပ်နေသည်။ ပိုပိုမြန်လာသည်။
ယွင်ဝမ်ရွှယ်လည်း လိုက်လှုပ်နေသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ အန်စာတုံးသံကို နားစွင့်နေ၏။
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ထားလိုက်ပြီး အမှတ် (၂၄) အသံမိစ္ဆာ၏ စကားကို ကြားယောင်နေမိသည်။ “ကျွန်မက ဘယ်အသံမဆို တုပနိုင်တယ်။ ပါးစပ်ဟစရာ မလိုဘူး။”
ယွင်ကျုံးဟဲ့က အသံကို အတုလုပ်နေသည်လား။ ဝက်ခြံတစ်ခြံလုံး လှုပ်ခါနေသလို အသံတွေ ဆူညံနေ၏။
ယွင်ကျုံးဟဲ့ ရပ်လိုက်သည်ကို မြင်ချိန်မှာတော့ ယွင်ဝမ်ရွှယ် ပြုံးလိုက်သည်။ သူ ကြားလိုက်ရတာက ၆ သုံးလုံး (၁၈ မှတ်) အကြီးဆုံး နံပါတ် ဖြစ်နေသည်။
သို့ပေမည့် မြွေမြီးကောင်စား စည်းမျဉ်းအရ ၁ သုံးလုံးက ၆ သုံးလုံးကို နိုင်သည်။ ထို့ကြောင့် ယွင်ဝမ်ရွှယ်က ၁ သုံးလုံး ရအောင် လုပ်လိုက်၏။
ယွင်ဝမ်ရွှယ်က ပြောလိုက်သည်။ “၂ သိန်း။”
“အကုန်ပုံအောမယ်။” ယွင်ကျုံးဟဲ့က လက်ကျန် ၄ သိန်း ၃ သောင်းကို တွန်းပို့လိုက်၏။
ယွင်ဝမ်ရွှယ် ရယ်ချင်သွားသည်။ ‘ခင်ဗျားက ၆ သုံးလုံး ရလို့ နိုင်ပြီ ထင်နေတာလား။ ကျုပ်က ၁ သုံးလုံးနဲ့ စောင့်နေတာကွ။’
“ကောင်းပြီ။ ကျုပ်လည်း ပုံအောမယ်။”
သို့သော်ငြား ယွင်ဝမ်ရွှယ်ဘက်မှာ ၆ သိန်း ကျန်နေသေးသော်လည်း ယွင်ကျုံးဟဲ့ဘက်မှာ ငွေ မလောက်တော့ချေ။
ထို့ကြောင့် ယွင်ဝမ်ရွှယ်က မေးလိုက်၏။ “ကျင်းကျုံးယွဲ့... ခင်ဗျားတို့ဘက်က ငွေမလောက်ဘူး။ ဘယ်လို လုပ်မလဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာလိုချင်လဲ။”
ယွင်ဝမ်ရွှယ်က ပြောလိုက်၏။ “ခင်ဗျားတို့ မိသားစုရဲ့ ရတနာသိုက်မြေပုံကို ၆ သိန်းနဲ့ ညီမျှတယ်လို့ သဘောထားပြီး ထပ်မလား။”
ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ရတနာသိုက်မြေပုံ ရှိတယ် ဟုတ်လား။’
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်လိုက်၏။
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။
ကျင်းကျုံးယွဲ့သည် အင်္ကျီလက်ကြားမှ သေတ္တာငယ်လေး တစ်ခုကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်၏။
“ကျုပ်လည်း ပုံအောမယ်။” ယွင်ဝမ်ရွှယ်က လက်ကျန် ၆ သိန်းကို တွန်းပို့လိုက်သည်။
စုစုပေါင်း ၁ သန်း ၂ သိန်းကျော်နှင့် ရတနာသိုက်မြေပုံ တစ်ခု... အရာအားလုံး ဤပွဲမှာ အဆုံးအဖြတ် ပေးတော့မည်။
“ဖွင့်ကြည့်ကြစို့။” ယွင်ဝမ်ရွှယ်က ခွက်ကို ဖွင့်လိုက်၏။ ၁ သုံးလုံး ပေါ်လာသည်။
သူက ဝမ်းသာအားရ ပြောလိုက်၏။ “ယွင်အောက်ထျန်း... ခင်ဗျား ၆ သုံးလုံး ရထားတာ မဟုတ်လား။ ၁ သုံးလုံးက ၆ သုံးလုံးကို စားတယ်ကွ။ ခင်ဗျား ရှုံးပြီ။”
“ဟုတ်လား။ အရူးလေး...” ယွင်ကျုံးဟဲ့က ခွက်ကို ဖွင့်လိုက်သည်။
၆ သုံးလုံး မဟုတ်ပေ။ ၆ နှစ်လုံး၊ ၅ တစ်လုံး နံပါတ် ၁၇ ဖြစ်လို့နေ၏။
နံပါတ် ၁၇က နံပါတ် ၃(၁ သုံးလုံး) ထက် ကြီး၏။ ယွင်ကျုံးဟဲ့ နိုင်သွားခဲ့ပြီ ဖြစ်သည်။
***