ထိုအချိန်တွင် ယွင်ဝမ်ရွှယ် သည် အောင်ပွဲခံနေဆဲ ဖြစ်၏။
“ကျင်းကျုံးယွဲ့... ဒီနေ့ကစပြီး ၁ လအတွင်း ငွေ ၂.၅ သန်း (၂၅ သိန်း) ရှာပေးရမယ်။ မပေးနိုင်ရင် စစ်သည် တစ်သောင်းစာ လက်နက်တွေ ကျုပ်တို့ပိုင်ပြီ။ လန်ထျန် ဆားတွင်းရဲ့ ၅ နှစ်စာ ဝင်ငွေလည်း ကျုပ်တို့ပိုင်ပြီ။
ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး ရူးသွပ်အောင် လုပ်တတ်တယ်။ ခင်ဗျား ဒီလောက် ရူးသွပ်လိမ့်မယ်လို့ မထင်ထားဘူး။ သူတောင်းစားစကား နားထောင်ပြီး လောင်းကစား ဘုရင်ကို လာစိန်ခေါ်ရဲတယ်။
ကျုပ်ရဲ့ လောင်းကစား အရည်အချင်းက မွေးရာပါ ပါရမီပဲ။ ကျုပ် မရှုံးတာ ၁၀ နှစ်ကျော်ပြီ။ ပြိုင်ဘက်မရှိတာ တော်တော် ပျင်းစရာ ကောင်းတာပဲ။ ဒီပွဲက အပျင်းပြေဆုံးနဲ့ အန္တရာယ် အများဆုံး ပွဲပဲ။
ကျေးဇူးတင်ပါတယ် ကျင်းကျုံးယွဲ့။ ကျေးဇူးတင်ပါတယ် သူတောင်းစားလေး။ ခင်ဗျားတို့ကြောင့် ကျုပ် ငွေ ၁ သန်းလောက် အလကား ရလိုက်ပြီ။ ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာကွာ...”
သို့ပေမည့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အားလုံးက ယွင်ကျုံးဟဲ့၏ အန်စာတုံးများကို စိုက်ကြည့်နေကြသည်။
နောက်ဆုံး ယွင်ဝမ်ရွှယ် သတိထားမိသွား၏။ ‘ဘာဖြစ်ကြတာလဲ။ ကျုပ် နိုင်သွားလို့ မနာလို ဖြစ်နေကြတာလား။’
“အဟွတ်...”
နင်လျန်ဟွာက ချောင်းဟန့်ကာ ပြောလိုက်သည်။ “ခေါင်းဆောင်ယွင်... သေချာ ကြည့်ပါအုံး။”
“ကြည့်စရာ မလိုပါဘူး။ ကျုပ် နားထောင်ပြီးသား။ ၆ သုံးလုံးပဲ။” ယွင်ဝမ်ရွှယ် ကြည့်လိုက်၏။
“အွတ်...”
ဘဲတစ်ကောင် လည်ပင်းညှစ်ခံလိုက်ရသလို အသံထွက်လာသည်။ မျက်လုံးများ ပြူးကျယ်သွားသည်။
‘ဘာလဲဟ။ မျက်စိမှားနေတာလား။ ၆ သုံးလုံး ဖြစ်ရမှာလေ။ ၁ သုံးလုံးနဲ့ အစားခံရမှာလေ။ ဘာလို့ ၆ နှစ်လုံး၊ ၅ တစ်လုံး (နံပါတ် ၁၇) ဖြစ်နေရတာလဲ။
ယွင်ဝမ်ရွှယ်က ၁ သုံးလုံး (၃)၊ ယွင်ကျုံးဟဲ့က ၁၇၊ ယွင်ကျုံးဟဲ့ နိုင်သွားပြီ။ တစ္ဆေခြောက်တာလား။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ကျုပ် ဘယ်တော့မှ မမှားဘူး။ ၆ သုံးလုံး အသံက အပီပြင်ဆုံးပဲ။ မှားစရာ အကြောင်းမရှိဘူး။’
“မဖြစ်နိုင်ဘူး။ ကျုပ် နားကြားမမှားနိုင်ဘူး။ ယွင်အောက်ထျန်း... ခင်ဗျား လိမ်တာ။” ယွင်ဝမ်ရွှယ်က ထိတ်လန့်တကြား အော်လိုက်၏။
ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။ “ခင်ဗျားက အသံနားထောင်တာ တော်တယ် မဟုတ်လား။ ကျုပ်က အသံတု လုပ်တာ တော်တယ်။”
“အားနည်းတယ်။” (ကလေးအသံ)
“မလုပ်ပါနဲ့။” (မိန်းမကြီးအသံ)
အားလုံး ကြက်သီးထသွားကြ၏။ ယွင်ကျုံးဟဲ့က ပါးစပ်ပိတ်ထားလျက်နှင့် အသံထွက်နေခြင်းပင်။ မိန်းမသံထက် ပိုတူနေသေး၏။
ယွင်ကျုံးဟဲ့ စားပွဲပေါ် တက်ကလိုက်သည်။ “အထီးကျန်လိုက်တာကွာ... ပြိုင်ဘက်ကင်းရတာ ပျင်းစရာကြီး။”
ယွင်ဝမ်ရွှယ်၏ အသံနှင့် တစ်ထေရာတည်း တူနေ၏။
ကျင်းကျုံးယွဲ့ တုန်ယင်သွားသည်။ ‘ဒီလူ ဒီလောက်ထိ အရည်အချင်းရှိမှန်း မသိခဲ့ဘူး။ နင်ချင်းအခန်းထဲမှာ ဘယ်လို သရုပ်ဆောင်ခဲ့လဲ ဆိုတာ အခုမှ သဘောပေါက်တော့တယ်။’
သီချင်းဆိုပြီးတဲ့နောက် ယွင်ကျုံးဟဲ့က ယွင်ဝမ်ရွှယ်ကို ပြောလိုက်၏။ “အစ်ကိုကြီး... ကျုပ်က လောင်းကစား မတော်ပေမဲ့ အသံတု လုပ်တာတော့ တော်တယ်။ အန်စာတုံး လှုပ်သံနဲ့ ၆ သုံးလုံး အသံတုကို ရောလိုက်တာလေ။”
ဤတစ်ကြိမ်မှာတော့ နင်ချင်း၏ အသံနှင့် ပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် အန်စာတုံး လှုပ်သံကို တုပပြလိုက်သည်။ ၆ သုံးလုံး အသံ အစစ်ဖြစ်၏။
“တူတယ် မဟုတ်လား အစ်ကိုကြီး။ ဒါကြောင့် လျော်ကြေး ၁ သန်းကို လက်ခံလိုက်ပါ။ ကျန်တဲ့ ၆ သိန်းကိုတော့ အစ်ကိုကြီး စိုက်လိုက်တော့။ ကျေးဇူးပါဗျာ။”
အားလုံး ကြက်သေ သေသွားကြသည်။
ယွင်ဝမ်ရွှယ်၏ မျက်လုံးများ နီရဲလာသည်။ ၆ သိန်း ဆုံးရှုံးရတာ နှမြောစရာ ကောင်းသော်ငြား သူတောင်းစားတစ်ယောက်၏ လှည့်စားမှုကို ခံလိုက်ရတာက ပိုနာကျင်စရာ ကောင်းသည် မဟုတ်ပါလား။
“ကျုပ် ခင်ဗျားကို သတ်မယ်။” ယွင်ဝမ်ရွှယ် လက်ဝါးဖြင့် ရိုက်ချလိုက်၏။
“ဘုန်း..”
နောက်တစ်စက္ကန့်တွင် ယွင်ဝမ်ရွှယ် လွင့်ထွက်သွားသည်။
ကျင်းကျုံးယွဲ့က ကန်ထုတ်လိုက်ခြင်း ဖြစ်၏။
“ရှုံးတာကို လက်မခံနိုင်ဘူးလား။” ကျင်းကျုံးယွဲ့က လှောင်ပြောင်လိုက်သည်။
ထို့နောက် သက်သေ ၃ ယောက်ကို မေးလိုက်၏။ “လူကြီးမင်းတို့.. ဒီလောင်းကစားပွဲမှာ ပြဿနာ ရှိလား။”
သူတို့ ဘာမှ ပြောလို့ မရတော့ပေ။ “ပြဿနာ မရှိပါဘူး။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဒါဆို လောင်းကြေး အတည်ပဲနော်။”
သက်သေများက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါဆို စာချုပ်ချုပ်ကြမယ်။ လျော်ကြေး ၁ သန်း။”
.................
၁၅ မိနစ် ကြာချိန်မှာတော့ စာချုပ် ချုပ်ပြီးသွားပြီဖြစ်၏။
ကျင်းကျုံးယွဲ့က လျော်ကြေး ၁ သန်း ပေးမည်။ ကျန်ငွေကို ယွင်ဝမ်ရွှယ်က စိုက်ထုတ်ရမည်။
ယွင်ဝမ်ရွှယ် လက်မှတ်ထိုးရင်း သွေးအန်ထွက်လာသည်။ သူ တစ်ခါမှ ဤမျှလောက် မရှုံးခဲ့ဖူးချေ။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က စာချုပ်တစ်စောင်ကို သိမ်းဆည်းလိုက်သည်။ “ကျင်းနယ်စားမင်း... ၁၂ လပိုင်း ၁ ရက်နေ့ မတိုင်ခင် ပေးရမယ်နော်။ မပေးရင် လက်နက်တွေ အသိမ်းခံရမယ်။”
“ကောင်းပါပြီ။ ပြန်ကြစို့။” ကျင်းကျုံးယွဲ့နှင့် အဖွဲ့ ထွက်ခွာသွား၏။
ယွင်ဝမ်ရွှယ်က အနောက်မှ အော်ဟစ်လိုက်သည်။ “၁ သန်းလည်း သူတို့မှာ မရှိပါဘူး။ ဘယ်သူမှ ငွေမချေးရဘူး။ တခြားနိုင်ငံတွေဆီက ငွေချေးရင် သစ္စာဖောက်ပဲ။ ဝိုင်းသတ်ကြ။”
လေခွင်းမြို့စားအိမ်တော်
“ရှင် တော်တယ်။ ဘာဆုလိုချင်လဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မလိုပါဘူး။ နယ်မြေပြန်ရမှ လက်ထပ်ခွင့် တောင်းမှာပါ။”
ဆရာကြီး ဇိုအန်က ဝင်ပြောသည်။ “ယွင်အောက်ထျန်းကြောင့် ၁ သန်းပဲ ပေးရတော့မယ်။ ဒါပေမဲ့ အချိန်က ၂၅ ရက်ပဲ ကျန်တော့တယ်။”
“ကယ်ဆယ်ရေးအတွက် ၂ သိန်း သုံးလိုက်ပြီ။”
ကျင်းကျုံးယွဲ့က ရှင်းပြလိုက်၏။ “စစ်စရိတ်၊ လစာ၊ ရွှေငွေတွေ ပေါင်းလိုက်ရင် ၃ သိန်းလောက် ရမယ်။ နောက်ထပ် ၇ သိန်း လိုနေသေးတယ်။”
“၂၅ ရက်အတွင်း ၇ သိန်း ရှာဖို့က မဖြစ်နိုင်ဘူး။” လန်ပိက ညည်းတွားလိုက်သည်။
“၇ သိန်း မဟုတ်ဘူး။ ၁ သန်း ရှာရမယ်။ စစ်စရိတ်တွေကို မထိနဲ့။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ကျင်းကျုံးယွဲ့က အံ့အားသင့်သွားသည်။ “၂၅ ရက်အတွင်း ၁ သန်း ရှာမယ် ဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
အားလုံး အံ့ဩသွားကြသည်။ ‘တစ်နှစ်လုံးမှ ၁ သန်း မဝင်တာကို ၂၅ ရက်နဲ့ ရှာမယ်တဲ့။ ပုံပြင် ပြောနေတာလား။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မနက်ဖြန် ခရီးထွက်ပြီး သွားရှာမယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်သွားမှာလဲ။ ဘာယူသွားမှာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကိုယ့်ခန္ဓာကိုယ်ပဲ ယူသွားမယ်။”
“ခန္ဓာကိုယ် ရောင်းစားမလို့လား။” လန်ပိက မေးလိုက်သည်။
‘ရိုင်းလိုက်တာ။’
ယွင်ကျုံးယွဲ့က တောင်းဆိုလိုက်၏။ “သခင်မ... ကျုပ်ကို သက်တော်စောင့် တစ်ယောက်လောက် ပေးပါလား။ ကျုပ် အသတ်ခံရမှာ ကြောက်လို့။”
“အာ့တိုင်..” ကျင်းကျုံးယွဲ့က ခေါ်လိုက်သည်။
ပိန်ပိန်ပါးပါး၊ မျက်နှာဖြူဖြူ၊ မျက်လုံး ကြောင်တောင်တောင်နှင့် လူတစ်ယောက် ဝင်လာ၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါ အာ့တိုင် တဲ့။ ဒုတိယအတော်ဆုံး သိုင်းသမားပဲ။ သူ လိုက်ခဲ့လိမ့်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ကျွန်မကို တိတ်တဆိတ် ကာကွယ်ပေးနေလို့လေ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မက ကာကွယ်ဖို့ လိုလို့လား။ ကျားမကြီးလို ရဲရင့်နေတာကို။”
ကျင်းကျုံးယွဲ့ တိတ်ဆိတ်သွားသည်။
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်က ကျားမကြီးကိုမှ ချစ်တာ။”
ကျင်းကျုံးယွဲ့ မျက်နှာ တည်သွားသည်။
ထို့နောက် ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။ “သွားတော့မယ်။ မနက်ဖြန် မနက် ခရီးထွက်မယ်။”
ရက်အနည်းငယ် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့သည် တောင်ပိုင်းကျိုးအင်ပါယာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာ ဆိုသည်မှာ တာယင်အင်ပါယာ၏ ရန်သူတော်ကြီးဖြစ်ပြီး အင်အားအကြီးဆုံး အင်ပါယာ ၃ ခုထဲက တစ်ခုဖြစ်၏။
ကျင်းကျိုးမြို့မှာ မြောက်ဘက်နယ်စပ်က မြို့ကြီးဖြစ်သည်။ လူဦးရေ ၁ သန်းကျော် ရှိသည်။
‘ဒီလိုမြို့ကြီးမှာမှ ငွေ ၁ သန်း ရှာလို့ ရမှာ။ လှပလိုက်တဲ့မြို့ကြီး။ ပြည့်တန်ဆာရုံတွေ အများကြီးပဲ။ ပြန်တောင် မပြန်ချင်တော့ဘူး။’
ယွင်ကျုံးဟဲ့သည် ခမ်းနားထည်ဝါသော အိမ်တော်ကြီး တစ်ခုရှေ့သို့ ရောက်ရှိလာ၏။
နင်အန်း နယ်စားအိမ်တော် - ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော အထက်တန်းလွှာ မိသားစုဖြစ်သည်။
‘ငွေ ၁ သန်း ရဖို့ ဒီအိမ်တော်က အဓိကပဲ။’
ယွင်ကျုံးဟဲ့သည် သူတောင်းစား ဝတ်စုံဖြင့် ရှိနေဆဲဖြစ်၏။ သူက ဆံပင်ကို သပ်တင်လိုက်ပြီး တံခါးစောင့်ကို ပြောလိုက်သည်။ “ကျုပ် နာမည်က ချူလျိုရှန်း... နယ်စားအိမ်တော်ရဲ့ ကံကြမ္မာကို ကယ်တင်ဖို့ လာတာပါလို့ နယ်စားမင်းကို သွားပြောလိုက်ပါ။”
ယွင်ကျုံးဟဲ့၏ ဇာတ်လမ်း ကန့်လန်ကာ စဖွင့်ပြီဖြစ်၏။
***