" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..နတ်သမီး မုရုံက တကယ်ပဲ အရေးနိမ့်နေတာလား.."
" ဘောစ့်ကတော့ ကြမ်းနေပြီဟေ့.."
" မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး.. ဒါလုံးဝ မဖြစ်နိုင်ဘူး.."
" ငါ့နတ်သမီးလေးက သတိတစ်ချက် လွတ်သွားလို့ပါ.. ကြည့်ထား သူ ပြန်ချတော့မှာ .."
" အဲဒါ ဘာသိုင်းကွက်လဲ..ခုနကတင် တိုက်စစ်ဆင်နေပြီး နောက်တစ်စက္ကန့်မှာ ဘယ်လိုလုပ် ခုခံတဲ့ဘက် ပြောင်းသွားတာလဲ..ဓားတောင် လွင့်ထွက်သွားရော.."
မူလက ကျောင်းသားများအားလုံး ဂူချန်ကို တစ်ကွက်တည်းနှင့် အပြတ်ရှင်းခံရမည်ဟု ထင်ထားကြခြင်းဖြစ်သည် ။ လွန်ခဲ့သော ရက်အနည်းငယ်က ဂူချန်သည် ဒုတိယအဆင့် သိုင်းပညာရှင် နှစ်ဦးကို အနိုင်ယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ထိုတိုက်ပွဲမှာ အလွန်ခက်ခဲခဲ့လိမ့်မည်ဟုသာ အားလုံးက တွေးထင်ခဲ့ကြ၏ ။
ထိုသူတို့နှင့် အဆင့်တူညီသော တန်ချီဟွာနှင့် လူကွမ်းတို့မှာမူ နတ်သမီး မုရုံ၏ တစ်ကွက်တည်းသော တိုက်ကွက်ကိုပင် မခံနိုင်ခဲ့ကြချေ ။ ထို့ကြောင့် နှစ်ဦးကြားမှ ကွာဟချက်မှာ သိသာလွန်းလှသည်ဟု ယူဆခဲ့ကြသော်လည်း ယခု မြင်တွေ့နေရသော အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်နေသည် ။
စင်အောက်တွင် ဂူချန်ကို ကယ်တင်ရန် ပြင်ဆင်နေသော တတိယအဆင့် သိုင်းပညာရှင်များပင် အံ့သြလွန်းသဖြင့် ဆွံ့အနေကြ၏ ။
တစ်ဖက်တွင်မူ ချင်းဟယ် အမှတ် ၁ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဝူကျန်းသည် သူ၏ ထိုင်ခုံမှ ထရပ်လိုက်မိပြီး မှင်တက်စွာ ကြည့်နေမိသည် ။
' ဒါ... ကောင်းကင်ဓား ရှစ်ကွက်လား..'
' ဓားကွက်နှစ်ကွက်ကြား ကူးပြောင်းမှုက ချောမွေ့လွန်းတာကို ကြည့်ရင် ဒါက ပြီးပြည့်စုံသောအဆင့် ကို ရောက်နေတာပဲ..'
ဝူကျန်း အံ့သြသွားသည် ။ အခြားသူများ မသိသော်လည်း သူသည် ဂူမိသားစု၏ လူယုံတစ်ဦး ဖြစ်သဖြင့် ဤသိုင်းပညာကို ကောင်းကောင်းသိ၏ ။ ဤသည်မှာ တတိယအဆင့် ရှားပါးသိုင်းပညာ ဖြစ်သည် ။ ဒုတိယအဆင့် ကျောင်းသားများ မဆိုထားနှင့်၊ ဓားသိုင်းပါရမီ ထူးချွန်သူများပင် သင်ယူရန် နှစ်နှင့်ချီ ကြာမြင့်တတ်သည် ။
သို့သော်လည်း သခင်လေး ဂူချန်က အသက် ၁၈ နှစ်သာ ရှိသေး၏ ။ အရင်က သခင်လေးသည် ဝက်ယောင်ဆောင်ပြီး ကျားသားစားရန် ဟန်ဆောင်နေခဲ့ခြင်းလော ။ သို့ရာတွင် သူ၏ နောက်ခံဖြင့် ထိုသို့ လုပ်ရန် မလိုအပ်ပေ ။ ဝူကျန်းသည် ဇဝေဇဝါ ဖြစ်နေသော်လည်း ဤတိုက်ပွဲ၏ ရလဒ်ကို ပိုမို စိတ်ဝင်စားသွားမိသည် ။
မုရုံချင်းရွှယ်သည် စင်အစွန်းသို့ လွင့်ထွက်သွားသည့် ခဏမှာပင် သူမ၏ လက်ကို ဝေ့ယမ်းလိုက်ရာ အေးစက်သော ချီစွမ်းအင်များက သူမ၏ ခါးမှ ဒဏ်ရာကို ချက်ချင်း ခဲသွားစေပြီး သွေးတိတ်အောင် လုပ်လိုက်သည် ။ တစ်ချိန်တည်းမှာပင် သူမသည် နောက်ပြန်ကျွမ်းထိုးကာ စင်ပေါ်တွင် ပြန်လည် မတ်တပ်ရပ်လိုက်၏ ။
ယခုတစ်ကြိမ်တွင်မူ သူမ၏ မျက်ဝန်း၌ ပေါ့ဆမှုများ မရှိတော့ဘဲ တည်ငြိမ် လေးနက်မှုများသာ ရှိနေတော့သည် ။ သူမသည် ကျောပေါ်မှ နှင်းဖြူရောင် ဓားပါးလေးကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ကာ လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး...
" ဂူချန်... နင်က ငါထင်ထားတာထက် ပိုသန်မာတာပဲ.. ခုနကသာ နင် ဆက်တိုက် တိုက်စစ်ဆင်ခဲ့ရင် ငါနဲ့ အချိန်အတော်ကြာ ယှဉ်နိုင်ဦးမှာ..ဒါပေမဲ့ ကံမကောင်းတာက နင့်ရဲ့ တိုက်ပွဲအသိဉာဏ်က နင် မျက်နှာပြောင်တာလောက် တောင်အဆင့်မရှိဘူး.. တစ်ခုတည်းသော အခွင့်အရေးကို နင် လက်လွှတ်လိုက်ရပြီ.."
" ငါ အစွမ်းကုန် တိုက်တော့မယ်.. ပါရမီရှင်နဲ့ သာမန်လူကြားက တကယ့် ကွာဟချက်ကို နင် မြင်စေရမယ်.."
သူမ၏ ပတ်ဝန်းကျင်မှ အအေးဓာတ်မှာ ပိုမို ပြင်းထန်လာပြီး အပူချိန်မှာလည်း သိသိသာသာ ထပ်မံ ကျဆင်းသွားသည် ။
ဂူချန်က ဘာမှပြန်မပြောဘဲ သူမ၏ ကြွားဝါမှုကိုသာ ငြိမ်သက်စွာ ကြည့်နေ၏ ။ ၂ နှစ်ခွဲလုံးလုံး ကျောင်းတွင် ဘုရင်မလုပ်လာသည့် နတ်သမီးလေးပီပီ ရှုံးနိမ့်နေသည့်တိုင် စတိုင်ထုတ်ရန် မမေ့သေးပေ ။
" အခု ဒုတိယအချီ စရအောင်.."
မုရုံချင်းရွှယ်က အော်ဟစ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဂူချန်ဆီသို့ ဦးတည်သွားသည် ။
ဒုတိယအဆင့် ရှားပါးသိုင်း - ရေခဲအရိပ်
သူမက မီတာအတော်များများကို တစ်ခဏချင်း ဖြတ်ကျော်ကာ ဓားကို ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်သည် ။ သူမ သွားရာလမ်းတစ်လျှောက်တွင် မြေပြင်ပေါ်၌ ရေခဲများ ဖုံးလွှမ်းသွားသည် ။ ပြင်းထန်သော အအေးဓာတ်မှာ ဂူချန်၏ မျက်နှာကို လာရောက် ရိုက်ခတ်နေ၏ ။ ဒုတိယအဆင့် စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို ဤမျှ ထိခိုက်စေနိုင်သည်မှာ သူမသည် ဤသိုင်းကို အလွန်နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားကြောင်း ပြသနေသည် ။
ဓားဦးက နီးကပ်လာသော်လည်း ဂူချန်မှာမူ တည်ငြိမ်နေဆဲပင် ။ သူ၏ ခရမ်းရောင် နတ်ဆိုးမျက်လုံးများ တောက်ပလာပြီး အချိန်များမှာ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည် ။ မုရုံချင်းရွှယ်၏ သိုင်းကွက်များမှာ ဟာကွက်များဖြင့် ပြည့်နှက်နေပြီး ကလေးတစ်ယောက် ဓားကစားနေသလိုမျိုး အစီအစဉ်မရှိ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည် ။
ဂူချန်သည် ဓားကို ကိုင်ပုံပြောင်းလိုက်ပြီး သူ၏ အရှိန်အဝါများမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာသွားသည် ။
ကောင်းကင်ဓား ရှစ်ကွက် - မဟာတောင်အကွက်
" ထန်.."
ဓားချင်း ပြင်းထန်စွာ ရိုက်ခတ်သွားသော်လည်း ဂူချန်၏ ဓားမှာ အနည်းငယ် တုန်ခါရုံသာ ရှိသည် ။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
မုရုံချင်းရွှယ် မျက်လုံး ပြူးသွား၏ ။ သူမ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသော ရှားပါးသိုင်းကွက်ကို ဤမျှ လွယ်လွယ်ကူကူ ခုခံလိုက်သည်လော ။
မုရုံချင်းရွှယ်သည် အခြေအနေ မဟန်သည်ကို ရိပ်မိလိုက်သဖြင့် အရှိန်ကို အသုံးချကာ လေထဲတွင် နောက်ပြန်လှည့်ပြီး ဂူချန်၏ ဓားကို နင်း၍ နောက်သို့ ခွာရန် ကြိုးစားလိုက်သည် ။ သို့သော်လည် ထိုအချိန်တွင် ဂူချန်၏ မျက်နှာ၌ ယုတ်မာသော အပြုံးတစ်ခု ပေါ်လာ၏ ။
သူ၏ ညာလက်မှာ လျှပ်စီးအလား ထွက်ပေါ်လာပြီး သူမ၏ ဖြူဖွေးသွယ်လျသော ခြေကျင်းဝတ်ကို အရှိန်အဟုန်ဖြင့် ဖမ်းဆုပ်လိုက်သည် ။ ဤအရာအားလုံးမှာ အလွန်လျင်မြန်လွန်းသဖြင့် မုရုံချင်းရွှယ် တစ်ယောက် တုံ့ပြန်ရန် အချိန်မရလိုက် ။ သူမ၏ ခြေထောက်မှာ ကြီးမားသော ခွန်အားဖြင့် အဖမ်းခံလိုက်ရပြီး နာကျင်မှုက သူမ၏ ဦးနှောက်ဆီသို့ စီးဝင်သွားသည် ။
ဂူချန်က ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဆွဲလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာ သူရှိရာသို့ ပါလာသည် ။ တစ်ချိန်တည်းမှာပင် သူ၏ အခြားလက်မောင်းကို မြှောက်ကာ သူမ၏ ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည် ။
မုရုံချင်းရွှယ်၏ မျက်နှာ ပျက်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို ရေခဲလွှာများဖြင့် အမြန်ဖုံးအုပ်ကာ ကာကွယ်လိုက်သည် ။
ရေခဲနှလုံးသားကျင့်စဉ် ...
ဤအကွက်သည် သူမ လှုပ်ရှား၍ မရတော့သော်လည်း ကာကွယ်ရေးကို အဆပေါင်းများစွာ မြင့်တက်စေသည် ။ သို့သော် ခွပ် ကနဲ အသံတစ်ခု ထွက်ပေါ်လာသည် ။ ဂူချန်၏ လက်သီးနှင့် ရေခဲလွှာ ထိတွေ့သွားချိန်တွင် သူမ၏ ကာကွယ်ရေး ရေခဲလွှာမှာ အမြှုပ်များအလား လွယ်လွယ်ကူကူပင် ကွဲအက်သွားတော့သည် ။
ပြင်းထန်သော အားကြောင့် မုရုံချင်းရွှယ်မှာ သွေးတစ်လုပ် အန်လိုက်ရပြီး နောက်သို့ ပြန်လည် လွင့်ထွက်သွားသည် ။ သို့သော် သူမ လွင့်မထွက်သွားမီမှာပင် ဂူချန်က မြေပြင်ကို ကန်လိုက်ရာ စင်မြင့်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်လာပြီး သူ၏ ပုံရိပ်မှာ တစ်ခဏချင်း ပျောက်ကွယ်သွားသည် ။
နောက်တစ်စက္ကန့်တွင် သူသည် လေထဲတွင် လွင့်နေသော မုရုံချင်းရွှယ်၏ နောက်ဖက်၌ ပေါ်လာ၏ ။ သူ၏ လက်ဝါးထဲတွင် ဝမ်းနည်းသော အငွေ့အသက်များ စုစည်းလာပြီး သူမဆီသို့ ရိုက်ချလိုက်သည် ။
ကြေကွဲဝိညာဉ်လက်ဝါးသိုင်း...
မီးခိုးရောင် လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာပြီး လေထုကို ဆုတ်ဖြဲကာ သူမဆီသို့ ဦးတည်သွားသည် ။ မုရုံချင်းရွှယ် တစ်ယောက် လှည့်ကြည့်လိုက်ချိန်တွင် သူမ မြင်လိုက်ရသည်မှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသော လက်ဝါးကြီးပင် ။
ထို့နောက်... ထိုလက်ဝါးကြီးက သူမကို ကြက်ကလေးတစ်ကောင်ကဲ့သို့ အတင်းအကျပ် ဖမ်းဆုပ်လိုက်၏ ။
***