တိုက်ရိုက်ထုတ်လွှင့်မှုသည် ညမိုးချုပ်သည်အထိ ကြာမြင့်ခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်လှသော ပင်လယ်ကြမ်းပြင်က လူပေါင်းသန်းချီသော လုပေါင်၏ ပရိသတ်များကို မျက်စိပွင့်နားပွင့် ဖြစ်စေခဲ့သည်။
ယခုတစ်ကြိမ်တွင် လူပေါင်သည် ပရိသတ်သန်းပေါင်းများစွာကို ခေါ်ဆောင်ကာ ရေအောက်ကမ္ဘာသို့ အတူတကွ လည်ပတ်ခဲ့ပြီး ပင်လယ်ကြမ်းပြင်၏ ခန့်ညားထည်ဝါမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုနားလည်စေခဲ့သည်ာ
ရေအနက် မီတာ ၂၀ တွင် ငါးမျိုးစုံ အစာရှာဖွေနေပြီး သန္တာကျောက်တန်းများဖြစ်ထွန်းနေသည့် ကမ္ဘာသစ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ မီတာ ၆၀ အနက်တွင်မူ လူပေါင်သည်ဝေလငါး တစ်ကောင်နှင့် ဆုံတွေ့ခဲ့ပြီး ထိုဝေလငါးက သူ့နောက်သို့ အကြာကြီးလိုက်ကာ အတူတူ ဆော့ကစားခဲ့ကြသေးသည်။
မီတာ ၇၀ အနက်တွင်မူ လုပေါင်သည် အလျား မီတာ ၂၀ ရှိသော ငါးမန်းကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။
မီတာ ၁၀၀ အနက်၌ အရေပြားအရောင် ကိုပြောင်းလဲနိုင်စွမ်းရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ရေဘဝဲသတ္တဝါများ ပုန်းအောင်းနေကြသည်။ မီတာ ၁၅၀ အနက်တွင်မူ နေရောင်ခြည်ကို ပင်လယ်ရေက အများအပြား စုပ်ယူသွားသောကြောင့် မှောင်စပြုနေပြီဖြစ်သော်လည်း အလွန်ပင် ခန့်ညားလှပလှသည်။
လူပေါင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ပြင်တွင် နစ်မျောနေပြီး လိပ်ကြီးမှာလည်း သူသွားလေရာ နောက်ကတကောက်ကောက် လိုက်ပါနေသည်။
အိမ်ပြန်ရန် တက္ကစီမစီးတော့ဘဲ လူပေါင်သည် ကျောက်ဆောင်ပေါ်ရှိ သူ၏အဝတ်အစားနှင့် ကျောပိုးအိတ်ကို ပြန်ယူကာ ပင်လယ်ထဲသို့ တစ်ဖန်ပြန်ငုပ်လျှိုးရင်း ရွှေရောင်ကမ်းခြေ သို့ တိုက်ရိုက်ကူးခတ်သွားခဲ့သည်။ ဤနည်းက ပို၍မြန်ဆန်သည်မှာ အမှန်ပင်။
ပင်လယ်ကြမ်းပြင်တွင် ရတနာရှာဖွေရင်း အိမ်ပြန်စဥ် ဆွေးမြည့်နေသော သင်္ဘောပျက်တစ်ခုနှင့် တွေ့ခဲ့သည်။နှမြောစရာကောင်းသည်မှာ ၎င်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သင်္ဘောပျက်ဟောင်းတစ်ခုသာဖြစ်ပြီး တန်ဖိုးရှိသည့်အရာ ဘာမျှမပါဝင်ပေ။
နှစ်နာရီအကြာတွင်.
လိပ်ကြီးသည် ပင်လယ်ပြင်မျက်နှာပြင်ပေါ်ကမခွာချင်ခွာချင်ဖြင့် ပေါ်နေရင်း လုပေါင် ကုန်းပေါ်သို့ တက်သွားသည်ကို ကြည့်ကာ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းကို အကြိမ်ကြိမ် မော့ပြနေသည်။
"အားတဲ့အခါမှလာကစားမယ်။"
လူပေါင်က နှုတ်ဆက်ကာ ကုန်းပေါ်သို့ တက်လာခဲ့သည်။ နောက်တစ်ကြိမ်တွင် ဤကောင်ကြီးနှင့် ပြန်ဆုံမည်လား မသိသော်လည်း ဤသတ္တဝါကြီးမှာ လုပေါင်ထက် အသက် ပိုရှည်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်ကြီးမှာ အသက်တစ်ထောင်ကျော် နေထိုင်ခဲ့ပြီးသား ဖြစ်သောကြောင့်ပင်။
သူအိမ်ပြန်ရောက်သောအခါ သန်းခေါင်ယံရှိနေပြီဖြစ်သည်။ တာဝန်ကျေပွန်သော လုံခြုံရေးဝန်ထမ်းများ၏ အကြည့်အောက်တွင်ပင် လုပေါင်သည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အိမ်ထဲသို့ တိတ်တဆိတ် ပြန်တက်သွားခဲ့သည်။
Ocean Live Stream မှ လုလင်းဟွာသည် ဝန်ထမ်းတစ်စုနှင့်အတူ အောင်ပွဲခံပွဲပြီးစီးသွားပြီ ဖြစ်သည်။ သူသည် သတင်းကို စိုးရိမ်တကြီး စောင့်နေသော်လည်း လုပေါင်ထံမှ ဘာသံမှ မကြားရသေးပေ။
သူ Live လွှင့်ရတာ ပင်ပန်းနေလို့ ဒီနေ့ ငါ့ကို ဆက်သွယ်မှာ မဟုတ်တော့ဘူး ဟု သူက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိ၏။
ယနေ့တွင် Ocean Live Stream သည် ကြည့်ရှုသူအသစ် တစ်သန်းခန့် ရရှိခဲ့ပြီး ထိုအရေအတွက်မှာ ဆက်လက် တိုးတက်နေဆဲဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော ရေအောက်ကမ္ဘာမှာ ကြည့်ရှုရသည်မှာ ဆန်းသစ်နေပြီး လူပေါင်၏ ထူးခြားဆန်းပြားသော Live ထုတ်လွှင့်မှုမှာလည်း အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
လူပေါင်၏ Live လေးကြိမ်အတွင်းမှာပင် သူသည် Ocean Live Stream တွင် နံပါတ်တစ် ဖြစ်လာခဲ့ပြီး စစ်မှန်သော Follower နှင့် Subscribe အရေအတွက်မှာ ၃.၉၉ သန်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။မကြာမီ ၄ သန်းသို့ ကျော်ဖြတ်တော့မည်ဖြစ်သည်။
Ocean Live Stream ၏ ယခင်ကနံပါတ်တစ် streamer မှာ Fan ၁၁.၂ သန်းခန့်ရှိသော်လည်း ထိုအရေအတွက် လူအများစုကြည့်ကောင်းရုံသက်သက် ဖန်တီးထားသော ဒေတာအတုများသာ ဖြစ်သည်။
"ဒီီးး ဒီးးး"
ဖုန်းမြည်လာသဖြင့် လုလင်းဟွာ အမြန်ကောက်ကိုင်လိုက်သည်။
"သင်ကိုA Dog Named Daba ကFriend အဖြစ် လက်ခံလိုက်ပြီဖြစ်၍ စကားစတင် ပြောဆိုနိုင်ပါပြီ။
လုပေါင်ကအကောင့်လက်ခံလိုက်ပြီဖြစ်သည်။
လုလင်းဟွာ အလွန်ဝမ်းသာသွားကာ ကုတင်ပေါ်မှ အမြန်ဆင်းပြီး မျက်မှန်ကို ရှာတော့သည်။ သူ၏ဇနီးသည်လည်း ခင်ပွန်းသည် စောင့်နေသောသူက မက်ဆေ့ခ်ျပို့လိုက်ပြီမှန်း သိသွားသဖြင့် အမြန်ထပြီး မီးဖွင့်ပေးလိုက်သည်။
"နေကောင်းလား သူဌေး ကျွန်တော် အခုမှအိမ်ပြန်ရောက်ခါစပဲ ရှိသေးတယ်။"
လုပေါင်က မက်ဆေ့ခ်ျပို့လိုက်သည်။
"နေကောင်းပါသလား ရတနာနတ်ဘုရားကျွန်ုပ်တို့ရဲ့ Ocean Live Stream ကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားအတွက် သီးသန့်စာချုပ်တစ်ခု ကျွန်တော် အဆင်သင့် လုပ်ထားပြီးပါပြီ။ လက်ဆောင်ရရှိတဲ့ ပိုက်ဆံအားလုံးဟာ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး တစ်နှစ်ကို လစာ ယွမ် ၂ သန်းခန့်ပေးပါ့မယ်။ ဒါ့အပြင် အခြားခံစားခွင့်တွေနဲ့ ဆုကြေးငွေတွေလည်းရှိပါသေးတယ်။ခင်ဗျား ဘယ်လိုထင်သလဲ။"
လုလင်းဟွာသည် လုပေါင်၏ စိတ်ရှည်မှုကို စမ်းသပ်မနေလိုတော့ပေ။ ယခုအချိန်တွင် သူသည် ငွေပမာဏကို ဂရုမစိုက်တော့ဘဲ လုပေါင်ကိုသာ လက်မလွတ်ရအောင် ဖမ်းဆီးထားချင်သည်။ အရာအားလုံး အဆင်ပြေသွားပါက သူတို့သည် နောက်ခြောက်လအတွင်း Live Stream လောကကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။
"ကျွန်တော် ခင်ဗျားတို့ဆီကို လူကြည့်နှုန်းတွေ အများကြီး သယ်ဆောင်လာပေးခဲ့တယ် မဟုတ်လား။ခင်ဗျားကတော်တော် ရက်ရောတာပဲ။"
လုပေါင်ကအံ့အားသင့်သွားသည်။
"ဟုတ်ပါတယ်။ ဒါနဲ့ ကျွန်တော့်မှာ ထွေထွေထူးထူး တောင်းဆိုချက် မရှိပါဘူး။ အရင်ကလို အရည်အသွေးမျိုးနဲ့ တစ်လကို Live ၁၀ ကြိမ် လွှင့်ပေးဖို့ပါပဲ။ တခြား ကန့်သတ်ချက်တွေတော့မရှိပါဘူး။ ခင်ဗျားအတွက် နေအိမ် ဇိမ်ခံကား လက်ထောက် ဒါမှမဟုတ် မန်နေဂျာ လိုအပ်ရင်လည်း ကျွန်တော့်ဘက်ကအကုန်စီစဉ်ပေးနိုင်ပါတယ်။"
လုလင်းဟွာသည် ဤအခွင့်အရေးကို အရယူရမည်မှန်း သိသည်။
Live ၁၀ ကြိမ်။
လုပေါင် စဉ်းစားကြည့်လိုက်ရာ ထိုအရေအတွက်က များလွန်းနေသည်။
"စာချုပ်ပါ အချက်အလက်တွေက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်လကို ၅ ကြိမ်လောက်ပဲ လွှင့်နိုင်မယ်။ အရည်အသွေးကတော့ ကျဆင်းသွားမှာ မဟုတ်ပါဘူး။ မန်နေဂျာတို့ ဘာတို့တော့ အခုလောလောဆယ် မလိုသေးပါဘူး။လိုအပ်ရင် ကျွန်တော့်ဘာသာ ရှာလိုက်ပါ့မယ်။ ပြီးတော့ တခြား Platform တွေမှာ Live မလွှင့်ဘူးလို့လည်း အာမခံပါတယ်"
လုပေါင်က သူ၏အမြင်ကို ပြောပြလိုက်သည်။ ဤကဲ့သို့ စွန့်စားဖွယ်ရသော Live မျိုးကို နေ့တိုင်းမလုပ်နိုင်ပေ။ သို့သော် လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်။တောရိုင်းတိရစ္ဆာန်များနှင့် သွားကစားခြင်း သို့မဟုတ် လူသူမရောက်ဖူးသည့် နေရာများကို စူးစမ်းခြင်းမျိုး လုပ်နိုင်သေးသည်။
"ပြဿနာမရှိပါဘူး။ တခြား ဘာလိုအပ်ချက် ရှိပါသေးလဲ။"
လုလင်းဟွာကမဆိုင်းမတွ သဘောတူလိုက်သည်။ ၅ ကြိမ် မဆိုထားနှင့် ၃ ကြိမ်ဟု ပြောလျှင်ပင် သူ သဘောတူမည်ဖြစ်သည်။
"အင်း... တစ်နှစ်စာ လစာကို ကြိုထုတ်ပေးလို့ ရမလား။ကျွန်တော် ငွေနည်းနည်း လိုနေလို့ပါ။"
လုပေါင်ကဝိုင်စက်ရုံအတွက် ငွေလိုနေသည်ကို သတိရကာ အရှက်မဲ့စွာ ပြောလိုက်သည်။
"ရတာပေါ့။ တစ်နှစ်စာ လစာ လက်ဆောင်ရထားတဲ့ ငွေတွေနဲ့ စာချုပ်ကို မနက်ဖြန် အရောက်ပို့ပေးပါ့မယ်။မင်းနဲ့လက်တွဲရတာ ဝမ်းသာပါတယ်။"
"ကျွန်တော်လည်း ဝမ်းသာပါတယ်။"
တစ်လကို ၅ ကြိမ်ပဲဆိုတော့ လွယ်လွယ်လေးပါ။
လုပေါင်သည် ရေမိုးချိုးပြီး အိပ်ရန် ပြင်ဆင်လိုက်သည်။ မီးဆိုင်းပေါ်တွင် လွှဲစီးနေသော ကြက်တူရွေးကြီးကို ကြည့်ကာ။
"ဆင်းလာခဲ့တော့။ ဒီလောက်မိုးချုပ်နေတာတောင်မင်းက ဘာလို့ မအိပ်သေးတာလဲ။"
"ဂူးးး"
နှင်းလုံးလေးသည် ပျံဆင်းလာပြီး လုပေါင်၏ ဘေးတွင် လှဲအိပ်လိုက်သည်။၄င်းသည် ဤပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း အသားကျလာပြီဖြစ်သည်။
"အိပ်တော့ အိပ်တော့။ ငါ ပင်ပန်းနေပြီ ဒီနှစ်ရက်တော့ ကောင်းကောင်း အနားယူရမယ်။"
လူပေါင်သည်အချိန်အတော်ကြာ အလုပ်များနေခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ပုံမှန်ထက် ထူးကဲနေသော်လည်း စိတ်ပိုင်းဆိုင်ရာကမူ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်သည်။
"ဂူးး"
ကြက်တူရွေးကြီးက လူတစ်ယောက်ကဲ့သို့ပင် နားလည်စွာ ခေါင်းညိတ်ပြသည်။
အချိန်တွေ ကုန်လွန်သွားရာ မျက်စိတစ်မှိတ်အတွင်း နှစ်ရက်သည်ကုန်ဆုံးသွားခဲ့သည်။
လုပေါင်သည်လည်း ဤနှစ်ရက်အတွင်း အားမနေခဲ့ပေ။ သူသည် စာချုပ်ချုပ်ဆိုပြီး ငွေရယူကာ ၎င်းအနက် အများစုကို တင်းလင် ထံသို့ပေးအပ်ခဲ့ပြီး ဝိုင်စက်ရုံအတွက် စီမံကိန်းများကို သွားရောက်ကြည့်ရှုခဲ့သေးသည်။
သူသည်ဆိုင်းဘုတ်တွေကို ကြည့်ရသည်မှာ ငြီးငွေ့စပြုလာပြီဖြစ်သည်။
မြေကွက်အမှတ် (၂) ၏ ပိုင်ရှင်မှာလည်း ထိုဆိုင်းဘုတ်များကြောင့် ဒုက္ခရောက်နေရဆဲသည်။
သူ၏ဇနီးသည် မနေ့က ပါတီပွဲတစ်ခုတွင် အမျိုးသမီးနှစ်ဦးနှင့် စကားများကာ လက်လွန်ကြက်သွန်တွေဖြစ်ခဲ့သည်။ထိုအမျိုးသမီးနှစ်ဦးမှာလည်း ချမ်းသာကြွယ်ဝသော သူဌေးကြီးများ၏ မိသားစုဝင်များဖြစ်ရာ အလျော့မပေးဘဲ ပြဿနာရှာနေကြသည်။
အရင်ကဆိုလျှင် ဖုန်းတစ်ချက်ဆက်ရုံဖြင့် ဤကိစ္စ ပြီးသွားနိုင်သော်လည်း ယခုမူ မတူတော့ပေ။ စီးပွားဖက်များက သူ့ကို ရှောင်ဖယ်လာကြပြီး သူအရင်က ရန်စခဲ့ဖူးသူများမှာလည်း ဗိုက်ဆာနေသော ဝံပုလွေအုပ်ကဲ့သို့ သူ့ကို အချိန်မရွေး ကိုက်စားရန် ချောင်းမြောင်းနေကြသည်။
ဘဏ်ကလည်း မစောင့်နိုင်တော့ဘဲ ချေးထားသောငွေများကိုအမြန်ပြန်ဆပ်ရန် ဖိအားပေးလာသည်။
ကုမ္ပဏီ၏ ငွေကြေးလည်ပတ်မှုမှာ ပြတ်တောက်တော့မည့် အခြေအနေဖြစ်ပြီး ဒီတစ်ခါ ပြတ်တောက်သွားပါက အားလုံး ပြီးဆုံးသွားပေလိမ့်မည်။
သူသည် မြေကွက်အမှတ် (၁) ၏ ပိုင်ရှင်နှင့် တွေ့ဆုံရန် တင်းလင်ကို သွားရှာသော်လည်း တင်းလင်က သူ့ကို ထွက်မတွေ့ပေ။ ထိုအခါမှသာ သူ၏သုံးစားမရသော သားဖြစ်သူက လွန်ခဲ့သော နှစ်ရက်က တင်းလင်ကို ပြဿနာရှာရန် လူလွှတ်ခဲ့သည်ကို သိလိုက်ရသည်။
ထိုသားဖြစ်သူမှာ ဒေါသထွက်နေသော စုန့်ခွန်လင်း၏ ရိုက်နှက်မှုကြောင့် သေလုနီးပါးဖြစ်ကာ ဆေးရုံသို့ တန်းပို့လိုက်ရသည်။
"စုန့်ခွန်လင်း အကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် ဒီမြေကွက်ကို ရောင်းပြီး ငွေဖော်ချင်နေတာ ဒါပေမဲ့ အဲ့တာကိုဘယ်သူမှ ဝယ်ရဲမှာ မဟုတ်ဘူး။ မြေကွက်အမှတ် (၁) ရဲ့ ပိုင်ရှင်က ဒီလိုပဲ ဆက်လုပ်နေဦးမလားဆိုတာ ဘယ်သူမှ မသိဘူးလေ။ တကယ်လို့ သူက ဆက်လုပ်နေမယ်ဆိုရင်မင်းဘယ်လောက်ပဲ ဈေးပေါပေါနဲ့ ဝယ်ဝယ် ရှုံးမှာကရှုံးပဲ။"
ညစာစားပြီးနောက် ကျန်းရွှယ်ချင်း နှင့် လူပိုင်ဟောက် တို့သည် သတင်းကြည့်ရင်း စကားစမြည် ပြောနေကြသည်။
လုပေါင်သည် နှင်းလုံးလေးအတွက် သစ်ကြားသီးများကို ခွဲပေးနေပြီး ဒါပေါင် ကလည်း နှင်းလုံးလေးနှင့် သူငယ်ချင်းဖြစ်ရန် ကြိုးစားနေသည်။
"မျက်နှာလုပ်နေတာပဲ။"
ဒါပေါင်က သစ်ကြားသီးတွေကို တစ်လုံးပြီးတစ်လုံး လာပေးနေသည်ကို မြင်သောအခါ လုပေါင် မျက်လုံးလှန်လိုက်မိသည်။
"ဝု ဝု"
ဒါပေါင်ကအမြီးကို ပျော်ရွှင်စွာ ခါပြနေသည်။ ၎င်းမှာ အဖော်မရှိဘဲ တစ်ကောင်တည်း ပျင်းနေခဲ့ရာ ကြက်တူရွေး ရောက်လာခြင်းက ၎င်းကို အလွန်ပင် ပျော်ရွှင်စေသည်။
"အခုတော့ လူအများစုက စုန့်ခွန်လင်းပြန်ပြီး ခေါင်းမထောင်နိုင်အောင် လုပ်ချင်နေကြတယ်။ သူက လုပ်ငန်းတော်တော်များများမှာ ပါဝင်ပတ်သက်နေတာလေ တချို့လူတွေက သူ့ရဲ့ ဟိုတယ်တွေနဲ့ ကျောက်မျက်ရတနာဆိုင်တွေကို ဈေးပေါပေါနဲ့ သိမ်းပိုက်ချင်နေကြပြီ"
"အခုအချိန်မှာ အဲဒီမြေကွက်ကို ဝယ်တဲ့သူဟာ မြေကွက်အမှတ် (၁) ပိုင်ရှင်ရဲ့ စိတ်သဘောထားကို လောင်းကြေးထပ်ရမှာတင်မကဘဲ တစ်မြို့လုံးကိုလည်း ရန်သူတော်သလို ဖြစ်သွားလိမ့်မယ်။"
"ငါတို့တော့ ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့။"
"ဈေးကတော့ တဖြည်းဖြည်း ကျလာပြီကျွန်မတောင် စိတ်ဝင်စားမိတယ်။"
"စိတ်ဝင်စားရင်တောင် ဝယ်လို့မရဘူး။ မြေကွက်အမှတ် (၁) ပိုင်ရှင်ကို သိရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင်တော့ အဲဒီဆိုင်းဘုတ်တွေ ရှိနေသရွေ့ ငါတို့လည်း ဒုတိယစုန့်ခွန်လင်းဖြစ်သွားမှာပဲ။"
သူတို့လည်း စုန့်ခွန်လင်းကဲ့သို့ မဖြစ်ပါဟု မည်သူက အာမခံနိုင်မည်နည်း။ ဈေးလျှော့ရောင်းလျှင်ပင် ၎င်းမှာ ငွေပမာဏ အမြောက်အမြား ဖြစ်နေဆဲပင်။
"ငါ့ကို လာဖားမနေနဲ့။"
သစ်ကြားသီးဆယ်လုံးကျော် ခွဲပေးပြီးနောက် နောက်ထပ် တစ်လုံး ထပ်ယူလာသော ဒါပေါင်၏ ခေါင်းကို လူပေါင်က ခပ်ဖွဖွ ရိုက်လိုက်သည်။ သူ့ကို စက်ရုံမှတ်နေသလား။တစ်လုံးပြီးတစ်လုံး မပြီးနိုင်မစီးနိုင်ဖြစ်နေသည်။
ဒါပေါင်သည်မျက်နှာဝိုင်းလေး ထံသို့ အမြန်သွားကာ တိုင်တောတော့သည်။
"မေမေ ကိုကိုက ဒါပေါင်ကို ရိုက်တယ်။"
မျက်နှာဝိုင်းလေးကလည်း အလွန်ပင် ပူးပေါင်းဆောင်ရွက်တတ်သည်။ သူမ အစ်ကိုဖြစ်သူကို တိုင်ပြောရမည့် အခွင့်အရေးဆိုလျှင် ဘယ်တော့မှ လက်လွှတ်မခံပေ။
လုပေါင် သက်ပြင်းချလိုက်မိသည်။ တစ်ယောက်မှသူ့အပေါ်စိိတ်ထားကောင်းသူ မပါပေ။
သို့သော်လည်းမြေကွက်အမှတ် (၂) ကို ဝယ်ယူနိုင်ခဲ့လျှင်မူ ၎င်းမှာ အမြတ်အစွန်း အကြီးအကျယ် ရရှိမည်ဖြစ်သည်။ သူ ဘာမှမသိသလို ဟန်ဆောင်မနေတော့ဘဲ သူကိုယ်တိုင်က ဘီလီယံနာဖြစ်ပြီး မြေကွက်အမှတ် (၁) ရဲ့ ပိုင်ရှင်ဖြစ်ကြောင်း အမှန်အတိုင်း ဖွင့်ပြောလိုက်ရမည်။
***