မြေကွက်အမှတ် (၂) သည် မြို့၏အချက်အချာ အကျဆုံးနေရာတွင် တည်ရှိသည်။ ထို့ကြောင့်လည်း ဈေးနှုန်းအမြောက်အမြားဖြင့် ရောင်းချနိုင်ခြင်းဖြစ်သည်။
စုန့်ခွန်လင်းသည် ထိုမြေကွက်ကို လေလံပွဲတွင် သန်း ၉၅၀ ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုပြန်ရောင်းရသော ဈေးနှုန်းမှာ သန်း ၇၀၀ အထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း မည်သူမျှ ဝယ်ယူရန် အရိပ်အယောင်မပြကြချေ။ သန်း ၅၀၀ နှင့်ဆိုလျှင်တောင် ဝယ်မည့်သူ ရှိမည်မဟုတ်ပေ။
လုပေါင်အိပ်ခါနီးအချိန်တွင် တင်းလင်ထံမှ ဖုန်းလာခဲ့သည်။
ထိုအခါမှသာ နာမည်ကြီး CEO အချို့သည် မြေကွက်အမှတ် (၁) ၏ ပိုင်ရှင်ဖြစ်သူကိုတွေ့ဆုံရန် တင်းလင်မှတစ်ဆင့်ဆက်သွယ်လာကြကြောင်း သူသိလိုက်ရသည်။ လူအများအပြားသည် ထိုမြေကွက်ကို စိတ်ဝင်စားနေပုံရသည်။
"တခြားသူတွေနဲ့ မတွေ့နဲ့ဦး။ ငါ့မိဘတွေ ဆက်သွယ်လာရင်တော့ တွေ့လိုက်ပါ။ သူတို့က ဝယ်ချင်တယ်ဆိုရင် ကူညီပေးလိုက်ပါ။"
လုပေါင် စဉ်းစားကြည့်သည်။ တခြားသူတွေကို သူဂရုမစိုက်သော်လည်း ထိုမြေကွက်ကို သူ့မိဘတွေကိုသာ ပေးလိုက်သည်က ပိုကောင်းလိမ့်မည်။ သူကိုယ်တိုင်တော့ လူလုံးထွက်ပြမည်မဟုတ်ပေ။
သူ့မိဘတွေကို မြေကွက်အမှတ် (၁) အတွက် ပိုက်ဆံသုံးခိုင်းလိုက်ဦးမည်။တင်းလင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ သူမ၏ သူဌေးလေးသည် မည်သည့်ကစားကွက်မျိုး ကစားနေသည်ကို သူမ တကယ်ပင် နားမလည်နိုင်တော့ချေ။ သူ့မိသားစုကို သူကိုယ်တိုင် ပြောပြလိုက်ရင်လော။
သူမ၏သူဌေးသည် တစ်မူထူးခြားလွန်းလှသည်။
လုပေါင် ဖုန်းချလိုက်သောအခါ မျောက်ဘုရင်ထည့်ပေးလိုက်သော မျောက်အရက်အိုးပေါ်တွင် နားနေသည့် နှင်းလုံးလေး ကို မြင်လိုက်ရသဖြင့် အနားသို့သွားကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤမျောက်ဘုရင်၏ မျောက်အရက်သည် မည်မျှဈေးကြီးကြောင်း သူသိထားပြီးဖြစ်သည်။
နောက်ရက်အနည်းငယ်ဆိုလျှင် မျက်နှာဝိုင်းလေး ၏ မွေးနေ့ရောက်တော့မည် ဖြစ်ရာ မိသားစုတစ်ခုလုံး အတူတူ သောက်ကြလျှင် ကောင်းမည်ဟုစဥ်းစားမိသည်။ရောင်းဖို့ကတော့ သူစိတ်မကူးချေ။ဤအရာသည် တန်ဖိုးဖြတ်မရနိုင်လောက်အောင် ရှားပါးပြီး အကယ်၍ ရောင်းမည်ဆိုလျှင်တောင် ဝယ်မည့်သူရှာရန် မလွယ်ကူလှပေ။
ထိုအချိန်တွင် သမုဒ္ဒရာထဲ၌ လိပ်ကြီးတစ်ကောင်သည် အဆက်မပြတ် ကူးခတ်နေသည်။ ၎င်း၏နောက်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုက ထပ်ကြပ်မကွာ လိုက်ပါလာပြီး ရွှေကမ်းခြေ သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
နောက်တစ်နေ့ နံနက်တွင်အချက်ပေးများကြောင့်လုပေါင်နိုးလာသည်။
စနစ် ထံမှ တာဝန်ပေးချက် မဟုတ်ပေ။ စနစ်ကို စစ်ဆေးကြည့်လိုက်သောအခါ လိပ်ကြီးပေါ်တွင် သူတပ်ဆင်ထားသော တည်နေရာပြကိရိယာ လင်းနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ရွှေကမ်းခြေကိုညွှန်ပြနေသည်။
လိပ်ကြီးသည် လုပေါင်ကိုလာရှာခြင်းဖြစ်သည်။
လုပေါင် လန့်သွားပြီး ချက်ချင်းပင် ထ၍ မျက်နှာသစ်အဝတ်အစားလဲလိုက်သည်။ သူသည် ရေငုပ်မျက်မှန်နှင့် ကျောပိုးအိတ်ကို ဆွဲကာ အိမ်ပြင်သို့ အပြေးထွက်ခဲ့တော့သည် ။
"အပေါင်...သား ထမင်းစားမသွားတော့ဘူးလား။"
လုပေါင် အပြေးအလွှား ထွက်သွားသည်ကို မြင်သောအခါ အိမ်အကူဒေါ်ကြီးက လှမ်းခေါ်လိုက်သည်။
"အန်တီ...အန်တီပဲ များများစားလိုက်တော့ညကျွန်တော် မစားတော့ပါဘူး။"
လုပေါင်အလောတကြီး ပြေးထွက်သွားသည်။ ထိုလိပ်ကြီးသည် ကမ်းခြေနှင့် တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်သည်။ ၎င်းက ကုန်းပေါ်နှင့်အတော်နီနေပြီဖြစ်သည်။
ရွှေကမ်းခြေ သို့ရောက်ရှိပြီဖြစ်သည်။
နံနက်စောစောအချိန်ဖြစ်သော်လည်း ကမ်းခြေတွင် ခရီးသွားများဖြင့် ပြည့်နှက်နေပြီး ဇင်ယော်ငှက်များ၏ အော်မြည်သံက လန်းဆန်းမှုကို ပေးစွမ်းနေသည်။
လိပ်ကြီးသည် ကုန်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လုပေါင် ရောက်လာချိန်တွင် လူပေါင်းတစ်ထောင်ကျော် ဝိုင်းအုံကြည့်နေကြပြီး ရဲများပင် ရောက်ရှိနေပြီဖြစ်သည်။
"မေမေ...ဟိုမှာ လိပ်ကြီ လိပ်ကြီး ကုန်းပေါ်တတ်လာတာလားမသိဘူး။"
"ဘုရားရေ...လိပ်ကြီးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကြီးနေရတာလဲ။"
"သူက တွားသွားနေတာပဲ သူ့ဘာသာသူ တက်လာတာလား။သူ့ကိုယ်ပေါ်မှာ အမှတ်အသားတွေ အများကြီးပဲ။ ဘယ်လိုဖြစ်တာလဲ။တစ်ယောက်ယောက်က သူ့ကိုယ်ပေါ်က ခရုကပ်ပါးတွေကို ရှင်းပေးထားတဲ့အတိုင်းပဲ။ ဟင်...ဘာလို့ မြင်ဖူးသလိုလို ရှိနေတာလဲ။"
"ဟေ့လူတို့... ဒါ ရတနာနတ်ဘုရားကယ်ထားတဲ့ လိပ်ကြီးပဲ။ သူ တကယ်ပဲ ကမ်းပေါ်တက်လာတာဟ။"
"ရတနာနတ်ဘုရား ဆိုတာ ဘယ်သူလဲ။"
"ဒီလိပ်ကြီးကိုယ်ပေါ်က ခရုကပ်ပါးတွေကို ရှင်းပေးခဲ့တဲ့ streamer လေ။ သူ ဒီကို တကယ်ရောက်လာလိမ့်မယ်လို့မထင်ထားဘူး မယုံနိုင်စရာပဲ။ အံ့ဩဖို့ကောင်းလိုက်တာ။"
လိပ်ကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လုပေါင်သည် ဤနေရာမှ ကုန်းပေါ်တက်သွားခဲ့သည်ကို ၎င်းမှတ်မိနေသည်။
ကယ်ဆယ်ရေးအဖွဲ့က ၎င်းကို ရေထဲပြန်ဆင်းရန် ကြိုးစားသော်လည်း ၎င်းက ခေါင်းခါပြပြီး ပါးစပ်ကိုဖွင့်ကာ ထူးဆန်းသောအသံများ ပြုလုပ်နေသည်။
"သူက အဲဒီ streamer ကို ရှာနေတာလား။"
ရဲအရာရှိတစ်ဦးသည် ဤကဲ့သို့သော အလုပ်မျိုးကို ပထမဆုံးအကြိမ် ကိုင်တွယ်ဖူးခြင်းဖြစ်သည်။ သူရောက်လာပြီးနောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ လူတစ်စုလုံး ဝိုင်းတွန်းသော်လည်း ဤကောင်ကြီးကို ရွှေ့၍မရချေ။
ထို့အပြင် ၎င်းက ကမ်းပေါ်သို့သာ ဆက်လက်တွားသွားနေသည်။
"သူနေမကောင်းလို့ အကူအညီလာတောင်းတာလား။လိပ်တွေအတွက် ဆရာဝန်ရှိလား။"
ရဲအရာရှိကြီးက ကယ်ဆယ်ရေးအဖွဲ့ကို လှမ်းကြည့်လိုက်သည်။
ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ခေါင်းခါလျက်
"ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ ပြင်ပဒဏ်ရာမရှိပါဘူး။ ပါးစပ်ထဲကိုလည်း ကြည့်ပြီးပြီ ဘာပြဿနာမှ မရှိဘူး။ အတွင်းပိုင်းကိုတော့ မစစ်ဆေးနိုင်ပေမဲ့ တစ်ခုခုဖြစ်နေတယ်ဆိုရင်တောင် သူ့အသက်ကို ကယ်ခဲ့တဲ့ streamer ကို လာရှာတာပဲ ဖြစ်ရမယ်။"
ရဲများမှာ ဆွံ့အသွားကြသည်။ သူတို့ ဘာလုပ်ရမည်နည်း။
အဓိကအချက်မှာ လူတစ်စုလုံး တားသော်လည်း တားမရခြင်းဖြစ်သည်။ ၎င်းက အလွန်ကြီးမားပြီး အင်အားသန်လွန်းလှသည်။
ထိုစဉ် လုပေါင်သည်လည်း သူ့အထက်လူကြီးထံမှ ဖုန်းလက်ခံရရှိလိုက်သည်။
"ရတနာနတ်ဘုရားရေ... မင်းကယ်ခဲ့တဲ့ လိပ်ကြီးက မင်းကိုလာရှာတာ ရွှေကမ်းခြေကို ရောက်နေပြီ။မြန်မြန် live လွှင့်တော့။ဒါက လူစိတ်ဝင်စားမှု အကြီးအကျယ် ရမှာ။ အခု လူတိုင်းက မင်းကို လိုက်ရှာနေကြတယ်။"
လုလင်းဟွာသည် သတင်းကို ကြားကြားချင်း စိတ်လှုပ်ရှားလွန်း၍ မူးလဲမတတ် ဖြစ်သွားသည်။ ဒါက တကယ့်ကို နတ်ဘုရားက ကူညီလိုက်သလိုပါပဲ။
ထိုနှစ်တစ်ထောင်သက်တမ်းရှိ လိပ်ကြီးသည် လုပေါင်ကိုရှာရန် တကယ်ပင် ကမ်းပေါ်တက်လာခဲ့ချေပြီ။
"ကျွန်တော် ရောက်နေပြီ..."
လုပေါင်လည်း ဆွံ့အသွားရသည်။ သတင်းက ဒီလောက်တောင် မြန်မြန်ပြန့်သွားတာလား။
Ocean Live Streamမှ လူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ လုလင်းဟွာသည် ပိုက်ဆံ တစ်သန်းကို ချက်ချင်းထုတ်သုံးကာ ခရီးသွားတွေကို ဤအကြောင်းအရာအား အဆက်မပြတ် မျှဝေရန် ခိုင်းလိုက်သည်။ သတင်းခေါင်းကြီးပိုင်းများ Weibo သို့မဟုတ် trending ဖြစ်နေသော အကြောင်းအရာများ အားလုံးတွင် ocean Live stream ကိုသာ အာရုံစိုက် ကြော်ငြာခိုင်းလိုက်သည်။
သတင်းခေါင်းစဉ်များမှာ
နှစ်တစ်ထောင်သက်တမ်းရှိ လိပ်ကြီးသည် ကျေးဇူးရှင်ကိုရှာရန် မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့ပြီ။
ကျေးဇူးသိတတ်သော လိပ်ကြီး လူ့လောကထဲသို့ ဝင်ရောက်လာခြင်း။
ocean Live stream ၏ ရတနာနတ်ဘုရား သမုဒ္ဒရာ၏ သားတော်။
ခေါင်းစဉ်အမျိုးမျိုး ထွက်ပေါ်လာပြီး လူအများ၏ စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ရဲများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ခေါင်းခဲနေစဉ် လုပေါင်သည် ရေငုပ်မျက်မှန်ကြီးကို တပ်ကာ ပြေးဝင်သွားသည်။
"ဖယ်ပေးကြပါ ဖယ်ပေးကြပါ"
လုပေါင် အတွင်းထဲသို့ ရောက်သွားသောအခါ လိပ်ကြီးကို ချက်ချင်းအော်ဟစ်နှုတ်ဆက်ပြီး ပင်လယ်ဘက်သို့ လက်ပြလိုက်သည်။
တွားသွားနေသော လိပ်ကြီးသည် ချက်ချင်း ခေါင်းမော့ကြည့်လိုက်ပြီး အပြုံးကြီးဖြင့် ပြုံးပြလိုက်သည်။ ၎င်းသည် ချက်ချင်းပင် လှည့်လိုက်ပြီး ခြေလက်များကို ပျော်ရွှင်စွာ လှုပ်ရှားကာ အမြီးကိုပင် ခါယမ်းပြနေသည်။ ၎င်းသည် ယခင်ကထက် ပို၍ ဖျတ်လတ်နေပုံရသည်။
"မင်း ဘာလို့ တက်လာတာလဲ။"
လုပေါင်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ဒီလောက်ကြီးနေတာတောင် ကလေးလေးတစ်ယောက်လို စိတ်ပူနေရတုန်းပဲ။
"ဟူးးး"
လိပ်ကြီးက အသံပြုကာ တုန့်ပြန်လိုက်ပြီး လုပေါင်နောက်သို့ အလွန်မြန်သောနှုန်းဖြင့် လိုက်လာသည်။
"ဟား... ကြည့်စမ်း ဒါရတနာနတ်ဘုရားပဲ။"
"ဒါ ဘယ်သူလဲ မင်းတို့ပြောတဲ့ လိပ်ကိုကယ်ခဲ့တဲ့ streamer လား။ဘုရားရေ... လိပ်ကြီးက ပြုံးပြနေတာပဲ။တကယ်ကြီး ပြုံးပြနေတာ။"
"အား... ရတနာနတ်ဘုရား live လွှင့်တော့လေ live လွှင့်တော့။"
"သက်ရှိမှန်သမျှမှာ အသိရှိကြတာပဲ။"
"အရမ်းချစ်ဖို့ကောင်းတာပဲသူက ကလေးလေးတစ်ယောက်လို ပြုံးပြနေတာကြည့်စမ်း ဘယ်လောက်တောင် ပျော်နေလဲ။"
"ဒီရတနာနတ်ဘုရား live ကို ဘယ်မှာကြည့်လို့ရလဲ။ App ကို ဘယ်လို download ဆွဲရမလဲ။တစ်ယောက်ယောက် ကူညီပေးကြပါဦး။"
"Ocean Live Stream မှာTreasure Godလို့ ရှာကြည့်လိုက်ပါ။ ရတနာနတ်ဘုရားရေ live လွှင့်ပါတော့။"
လူအများအပြား နောက်ကလိုက်လာကြသည်။ လုပေါင်သည် ပင်လယ်ရေထဲသို့ အမြန်ပြေးဝင်သွားသည်။ လိပ်ကြီးက ကုန်းပေါ်တွင် အနည်းငယ် နှေးသော်လည်း ရဲများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ စောင့်ရှောက်မှုကြောင့်ရေထဲသို့ အမြန်ဆင်းသွားနိုင်ခဲ့သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ။ ငါ့ကို တကယ်လာရှာတာတော့ မဟုတ်ပါဘူးနော်။"
လုပေါင်က လိပ်ကြီး၏ ခေါင်းကို ပုတ်လိုက်သည်။
လိပ်ကြီးသည် ၎င်း၏ခေါင်းကို ပင်လယ်ပြင်ဘက်သို့ အမြန်လှည့်ပြကာ ထူးဆန်းသောအသံများပြုလုပ်သည်။ ၎င်း၏အပြုံးမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
ဒါက... ၎င်းက သူ့အတွက် ရတနာသိုက်တစ်ခု ရှာတွေ့ထားလို့များလား။
လုပေါင် စဉ်းစားကြည့်ရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူသည် လိပ်ကြီး၏ ကျောပေါ်သို့ အမြန်တက်လိုက်ပြီး မတ်တပ်ရပ်လျက် ပြောလိုက်သည်။
"ကဲ... သွားကြစို့ဟေး"
မိနစ်အနည်းငယ်ကြာပြီးနောက် လုပေါင်သည် ကြီးမားသော ဝေလငါးကြီးများကို ကြည့်ရင်း အတွေးလွန်သွားသည်။
"ပေါင်ရေ... မင်း ငါ့ကို ဝေလငါးတွေအတွက် အစာကျွေးဖို့ ခေါ်လာတာလား။"
ဝေလငါးအကြီး အသေး ပေါင်း ၁၀ ကောင်ကျော်တောင်။
ထိုအခါမှ လိပ်ကြီး၏ ရည်ရွယ်ချက်ကို သူနားလည်သွားတော့သည်။ ဤဝေလငါးများ၏ ကိုယ်ပေါ်တွင် ခရုကပ်ပါးများ အလွန်အမင်း ကပ်နေကြခြင်းဖြစ်သည်။ လိပ်ကြီးသည် သူ့ကို ခရုကပ်ပါးများကို ရှင်းပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။လိပ်ကြီးသည် ဝေလငါးအုပ်စုကြားတွင် ပျော်ရွှင်စွာ ကူးခတ်နေပြီး ကြီးမားသော အရိပ်မည်းကြီးများက လုပေါင်ကို တစ်ကောင်ပြီးတစ်ကောင် ဝိုင်းရံထားကြသည်။
ဖားသလိပ်ဝေလငါး တွေဖြစ်သည်။
လုပေါင် ထိုဝေလငါးများကို သေချာကြည့်လိုက်သောအခါ အလွန်အံ့ဩသွားရသည်။ ၎င်းတို့သည် အမှန်တကယ်ပင် ရှားပါးသော ဖားသလိပ်ဝေလငါးများ ဖြစ်နေကြသောကြောင့်ပင်။
***