တကယ့်ချမ်းသာသော သူဌေးသားပီပီ လုပေါင်သည် အမြင်ကျယ်သူတစ်ဦးဖြစ်သည်။ သူသည် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည် ဤအရာမှာ ဘယ်ရယ်လ်မျိုးနွယ်ဝင် အပြာရောင်ဝိညာဉ်ဟု တင်စားကြသော မြပြာ ပင် ဖြစ်သည်။
မြပြာ သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး ရေသူမ၏ ကျောက်မျက်သို့မဟုတ် အချစ်၏ ကျောက်မျက်ဟုလည်း လူသိများသည်။
ယခု မြင်တွေ့နေရသည်မှာ ကျောက်ရိုင်းတုံးများ ဖြစ်သော်လည်း တောက်ပသော ကောင်းကင်ပြာရောင် ရှိနေပြီး အလွန်ကြည်လင်ကာ ရင်သပ်ရှုမောဖွယ် လှပနေသည်။
သို့သော် ယေဘုယျအားဖြင့် ၎င်း၏ဈေးနှုန်းမှာ အလွန်အမင်း မကြီးလှပေ။ ထိပ်တန်းအဆင့်မဟုတ်ပါက သာမန်မြပြာဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာတစ်ခုကို ငွေရာဂဏန်းဖြင့်သာဝယ်ယူနိုင်သည်။ သို့သော် ဤနေရာ၌မူ မြပြာကြောတစ်ခုလုံး ဖြစ်နေခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် အပြင်သို့ ထွက်ပေါ်နေသော ကျောက်တုံးပေါင်း ဆယ်ဂဏန်းခန့် ရှိပြီး တစ်တုံးမှာ ဖရဲသီးတစ်လုံးခန့်ပင် ကြီးမားနေသည်။
လုပေါင်သည် စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ထိပ်တန်းအရည်အသွေးအဆင့်ရှိ မြပြာအချို့ကို ရှာတွေ့ခဲ့သည်။ အပိုင်းအစ အနည်းငယ်ကိုသာ အသာအယာ ဖဲ့ယူသွားလျှင်ပင် ငွေသိန်းဂဏန်းရရန်မှာ ဘာမှမခက်ခဲချေ။
သူသည် ထောင့်တစ်ခုအရောက်တွင် မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့ဩသွားရပြန်သည်။ ၎င်းမှာ ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ယံကဲ့သို့ပင် အပြာရောင်အလင်းတန်းများ တလက်လက် တောက်ပနေခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော မြပြာများတည်ရှိနေခြင်းပင်ဖြစ်သည်။
“ဒါက တကယ့် ရတနာသိုက်ကြီးပဲ။”
သို့သော် သူသည် ထိုအရာများကို လျစ်လျူရှုထားလိုက်သည်။ သူ၏ အကြည့်များမှာ ပျက်စီးယိုယွင်းနေသော သင်္ဘောပျက်ကြီးတစ်ခုပေါ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်။ သင်္ဘောကိုယ်ထည်မှာ စုတ်ပြတ်နေပြီး ထူးဆန်းသော ငါးအချို့ပင် ထိုအထဲတွင် ကူးခတ်နေကြသည်။
“သင်္ဘောပျက်ကြီးပါလား။”
ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ အလွန်ရှေးကျသော သင်္ဘောတစ်စင်း ဖြစ်သည်မှာ သေချာသည်။
လုပေါင်သည် အလွန်ဝမ်းသာသွားပြီး ထိုဧရာမသင်္ဘောကြီးကို အသေးစိတ် စစ်ဆေးရန် အနားသို့ အမြန်တိုးကပ်သွားသည်။တကယ့်ကို ကြီးမားလှသောသည်။
လုပေါင်၏ ခန့်မှန်းချက်အရ ဤသင်္ဘောပျက်မှာ အလျား မီတာ ၅၀ ၆၀ ခန့် ရှိပြီး အကျယ်ဆုံးနေရာမှာ ၁၀ မီတာနီးပါး ရှိသည်။ သေချာစွာ စစ်ဆေးပြီးနောက်တွင် ဤသင်္ဘောမှာ လွန်ခဲ့သော နှစ်ပေါင်း ရာချီက သင်္ဘောတစ်စင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။
လုပေါင်သည် သင်္ဘောကိုယ်ထည်ပေါ်တွင် ဝေဝါးနေသော စာလုံးအချို့ကို တွေ့လိုက်ရသည်။
“Evergreen။”
ယခုမှ သူ နားလည်သွားတော့သည်။ ဤအရာမှာ ချင်မင်းဆက် ခေတ်က သင်္ဘောပျက်တစ်စင်း ဖြစ်သည်။Evergreenအမည်ရှိ သင်္ဘောမှာ အလွန်ကျော်ကြားသော်လည်း ယခုတစ်စင်းမှာ ပထမဆုံး Evergreen ထက် ပို၍ သေးငယ်သည်။ ထိုခေတ်က Evergreen အမည်ရှိ သင်္ဘောမှာ တစ်စင်းထက်မက ရှိခဲ့သည်မှာ သိသာလှသည်။
ဤသင်္ဘောပျက်မှာ ရေအောက်ချောက်ထဲတွင် လဲလျောင်းနေဆဲပင်ဖြစ်သည်။ ပြင်းထန်သော ရေအောက်ဖိအားက ၎င်းကို မဖျက်ဆီးနိုင်ခဲ့ချေ။ ပင်လယ်နက်ထဲတွင် အောက်ဆီဂျင် ကင်းမဲ့သောကြောင့် သင်္ဘော၏ အခြေအနေမှာ အတော်အတန် ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။
သင်္ဘောတစ်စင်းလုံးတွင် သတ္တု လုံးဝမပါဝင်ပေ။ဤအချက်ကြောင့်ပင် နှစ်ပေါင်း နှစ်ရာကျော်တိုင်အောင်သံချေးမကိုက်ပဲအကောင်းတိုင်းရှိနေခြင်းဖြစ်သည်။
လုပေါင်သည် ယခုအချိန်တွင် မြပြာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် သင်္ဘောပျက်ကြီးအကြောင်းသာ စိုးမိုးနေသည်။ သူသည် သင်္ဘောကိုယ်ထည်တွင် ပွင့်ထွက်နေသော အပေါက်ကြီးတစ်ခုမှတစ်ဆင့် အတွင်းသို့ တိုးဝင်လိုက်သည်။
ဤEvergreenသင်္ဘောမှာ ကုန်သွယ်မှုအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပုံရသည်။ သို့သော် နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် ပျက်စီးနိုင်သော အရာမှန်သမျှမှာ ပြိုကျကုန်ပြီ ဖြစ်သည်။ ပင်လယ်နက်ထဲတွင်ပင် ရေအောက်လှိုင်းများ ရှိနေသည် မဟုတ်ပါလား။
မကြာမီတွင် သူသည် ကုန်ပစ္စည်းသိုလှောင်ရုံနှင့် တူသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ထူထပ်သော ရွှံ့နွံများကြားတွင် သေတ္တာအချို့မှာတစ်ဝက်တစ်ပျက် ပေါ်နေသည်ကို သူ မြင်လိုက်ရသည်။ အချို့မှာ ပွင့်ထွက်နေပြီး သံချေးများကြောင့် တစ်ခုနှင့်တစ်ခု ကပ်နေသော ကြေးပြားပိုက်ဆံများကို တွေ့ရသည်။ ၎င်းတို့မှာ အခဲလိုက်ကြီး ဖြစ်နေကြပြီဖြစ်သည်။
ဤသေတ္တာများမှာ အနည်းနှင့်အများ ပျက်စီးနေကြသည်။ လုပေါင်သည် အခြားသေတ္တာအချို့ထဲတွင် ငွေရောင်တောက်ပနေသော ငွေတုံးများကိုပင် တွေ့လိုက်ရသည်။ ဤနေရာတွင် သေတ္တာပေါင်း ဆယ်ခုကျော် ရှိနေသည်။
ကြေးပြားသေတ္တာများက အများစုဖြစ်ပြီး ကျန်သေတ္တာများမှာ အရွယ်အစားမျိုးစုံရှိသော ငွေတုံးများဖြင့် ပြည့်နှက်နေသည်။
“ဒီလိုအရာတွေရှိနေမှတော့ live က ဘယ်လိုလုပ်နမည်မကြီးဘဲ နေမလဲ။”
လုပေါင်သည် သူ၏ကံကောင်းမှုကို မယုံနိုင်အောင် ဖြစ်နေမိသည်။ ရွှေတုံး ငွေတုံးတွေ ဒီလောက်များတာ... ဒါတွေကို ပိုက်ဆံဘယ်လောက်နဲ့ လဲနိုင်မလဲဆိုတာ သူ မခန့်မှန်းနိုင်တော့သလို ဂရုလည်း မစိုက်တော့ပေ။ ထို့ပြင် ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း တလက်လက် တောက်ပနေသော မြပြာတွေချည်းပင်။ငွေတုံးသေတ္တာ လေးလုံးကို သူ တွေ့ခဲ့သည်။ ရွှေတုံးများကိုမူ ရှာမတွေ့သော်လည်း သားရေနှင့် စက္ကူများ ဆွေးမြည့်ပြီး အခဲလိုက် ဖြစ်နေသော သေတ္တာအိုအချို့ကိုတော့ တွေ့ခဲ့သည်။ ထိုအရာများကိုမူ သူ စိတ်မဝင်စားပေ။
သံချေးတက်နေသော သေနတ်များ ပျက်စီးနေသော အမြောက်များ ကွဲအက်နေသော ကြွေထည်များကိုလည်းထပ်မံတွေ့ရှိရသည်။တစ်နာရီခန့် ရှာဖွေပြီးနောက်တွင် ဤငွေတုံးများမှလွဲ၍ အခြား တန်ဖိုးရှိသော အရာများကို လုပေါင် ထပ်မရှာတွေ့တော့ချေ။
လုပေါင်သည် ငွေတုံးအချို့နှင့် အတော်အတန်ကြီးသော မြပြာတုံးနှစ်တုံးကို ယူဆောင်၍ ထိုနေရာမှ အမြန်ထွက်ခွာလာခဲ့သည်။
မပြန်မီတွင် သူသည် ဤနေရာကိုချင်မင်းဆက် ငွေတင်သင်္ဘောပျက်နှင့်မြပြာ ကြောတည်နေရာဟု မှတ်သားထားလိုက်သည်။
သူသည် နောက်ပိုင်းတွင် ပြန်လာရန် လွယ်ကူစေရန် နေရာအနှံ့တွင် တည်နေရာများ မှတ်သားထားခဲ့သည်။ဝံပုလွေဂူ ကျားဂူမျောက်ဖြူဂူ နှစ်တစ်ထောင်လိပ်ကြီး ပင်လယ်အောက်ခြေစသည်ဖြင့်မှတ်သားထားသည်။
“ဗွမ်းးး”
ပင်လယ်ရေပြင်ပေါ်သို့ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
“တကယ့်ကို ရင်ခုန်စရာပဲ။”
လုပေါင်သည် သူ၏ ခေါင်းပေါ်မှ ပင်လယ်ရေများကို ခါထုတ်လိုက်သည်။ နောက်တစ်ခါ လွှင့်မည့် live သည် ယခင် live အားလုံး ပေါင်းထားသည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းမည်မှာ သေချာသည်။
အိမ်သို့ တိတ်တဆိတ် ပြန်ရောက်လာသောအခါ ပြတင်းပေါက်မှ အသံကြောင့် ဒါပေါင်သည် ချက်ချင်း ခေါင်းထောင်၍ နိုးကြားသွားသည်။ လုပေါင်ဖြစ်ကြောင်း သိလိုက်ရသောအခါမှ အမြီးနန့်လျက် သူ့ထံ ပြေးလာတော့သည်
“လိမ္မာတယ် သွား... ပြန်အိပ်တော့။”
လုပေါင်သည် အပြာရောင် ကျောက်မျက်ရတနာများနှင့် ငွေတုံးများကို စာအုပ်စင်ပေါ်တွင် တင်လိုက်ပြီး ဒါပေါင်၏ ခေါင်းကို ပွတ်ပေးကာ အဝတ်အစားများလဲ၍ ရေချိုးလိုက်သည်။
မနက်ခင်းတွင် မိုးလင်းသည်နှင့် တပြိုင်နက် လုပေါင်သည် အပြာရောင် ကျောက်မျက်ရတနာများကို ဓာတ်ပုံရိုက်၍ လူလင်းဟွာထံ တိုက်ရိုက် ပေးပို့လိုက်သည်။
“သူဌေး... Live လွှင့်မယ့်နေရာ ရပြီ။ မနေ့ညက ကျွန်တော် ပင်လယ်ကြမ်းပြင်ကို ဆင်းပြီး ရေအောက်ရတနာသိုက် တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒါက အပြာရောင် ကျောက်မျက်ထွက်တဲ့ နေရာပဲ။”
ထိုနေရာသည် မည်မျှကြီးမားကြောင်း သူ မပြောခဲ့ပေ။ သင်္ဘောပျက်အကြောင်းကိုလည်း မဟခဲ့ချေ။
အစောကြီး ကြိုပြောပြလိုက်လျှင် စိတ်လှုပ်ရှားစရာ ကောင်းမည်မဟုတ်ပေလုလင်းဟွာသည်လည်းညကကောင်းကောင်း မအိပ်ခဲ့ရချေ။ မနက် ၂ နာရီခွဲလောက်မှ အိပ်ပျော်ခဲ့ခြင်း ဖြစ်သော်လည်း ဖုန်းမြည်သံကြောင့် ချက်ချင်း နိုးလာပြီး စစ်ဆေးလိုက်သည်။
“အမလေး... ကံကောင်းလိုက်တာ။”
သတင်းစကားကို မြင်လိုက်ရသောအခါ လုလင်းဟွာသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီပြီကခုန်လိုက်မိသည်။
“ယောက်ျား... ရှင် ဆေးရုံသွားဖို့များ လိုနေမလား။အခုတလော ရှင့်ပုံစံက အရမ်းထူးဆန်းနေတယ်။”
လုလင်းဟွာ၏ ဇနီးသည် လန့်နိုးလာပြီး သူမခင်ပွန်း၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“မင်း ဆက်အိပ်လိုက်ဦး။ငါ ကုမ္ပဏီ သွားတော့မယ်။”
“အခုက ဘယ်နှစ်နာရီ ရှိသေးလို့လဲ။ရှင်ကြာရင်ကျန်းမာရေးထိခိုက်မယ်နော်။”
“ရပါတယ်ကွာ။”
လုလင်းဟွာသည် ကုမ္ပဏီသို့ ရောက်သည်နှင့် ပထမဆုံး လုပ်သည့်အလုပ်မှာ လုပေါင်ကို ကြော်ငြာရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် အပြည့်အဝ အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။ Ansker နည်းပညာကုမ္ပဏီကို အံ့အားသင့်စရ တစ်ခု ပေးတော့မည်ဖြစ်ကြောင်း လူတိုင်း သိအောင် သူ လုပ်တော့မည်ဖြစ်သည်။
“ရှင်တို့က မယုံဘူးပေါ့လ။ရှင်တို့ကတော်တော့်ကိုမာနကြီးကြတာပဲ။ရှင်တို့ ဆာဗာ တွေမှာ ပြဿနာမရှိဘူးလို့ ထင်နေကြတာလား။”
မကြာမီတွင် ocean Live stream၏ ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
လုလင်းဟွာသည် ပိုက်ဆံကို ရေလိုသုံးလိုက်သည်။Trending ခေါင်းစဉ်များကို ဝယ်ယူခြင်း သတင်းဆောင်းပါးများ ထုတ်ပြန်ခြင်း ကြော်ငြာများ ထည့်သွင်းခြင်း စသည်ဖြင့်။ မည်မျှပင် ရင်းနှီးရပါစေ လူကြည့်နှုန်း အလုံအလောက် ရရှိမည်ဆိုပါက ထိုက်တန်လှပေသည်။
ယခင်ကမူ လူကြည့်နှုန်းကို ထိန်းထားနိုင်မည့် live မျိုး မရှိခဲ့သဖြင့် သူတို့ မလုပ်ရဲခဲ့ကြချေ။ သို့သော် ယခုမူ မတူတော့ပေ။ လုပေါင်၏ live များမှာ အင်တာနက် တစ်ခွင်တွင် စိတ်အလှုပ်ရှားဆုံးနှင့် အမိုက်ဆုံး ဖြစ်နေသည်မှာ ငြင်းပယ်၍မရချေ။
ဒါပေါင်၏ရင်းနှီးလိုစိတ်ကြောင့် နှင်းလုံးလေးသည်လည်း ၎င်းကို မရွံတော့ချေ။ အနည်းဆုံးတော့ ဒါပေါင်က အနားလာပြီး အမွှေးလေးတွေ ပြင်ပေးလျှင် သို့မဟုတ် အနံ့ခံလျှင် နှင်းလုံးလေးက ပြန်မဆိတ်တော့ပေ။
တင်းလင်က လုပေါင်ထံ ထပ်မံဆက်သွယ်လာသည်။ စုန့်ခွန်လင်း က နေရာအနှံ့သို့ဆက်သွယ်၍ လိုက်ရောင်းနေသော်လည်း အမှတ်(၁)မြေရာ၏ ပြဿနာများကြောင့် မည်သူမျှ မဝယ်ရဲကြကြောင်း ပြောပြသည်။
“ငါ့မိဘတွေရော မင်းကို ဆက်သွယ်ခဲ့ကြသေးတာလား။”
လုပေါင်အံ့ဩသွားသည်။ သူ၏ မိဘများက တကယ်ပဲ ထိုခြံကို ဝယ်ချင်နေကြတာလား။
“ဟုတ်ကဲ့ သူတို့က ရှင်နဲ့ တွေ့ဆုံဖို့ စီစဉ်ချင်နေကြတယ်။”
“မင်းပဲ ငါ့ကိုယ်စား သူတို့နဲ့ စကားပြောလိုက်ပါ။ ဝိုင်ချက်စက်ရုံ အတွက်ဆိုရင်တော့ အချိန်တန်ရင် ငါ့အတွက် ပြုပြင်မွမ်းမံမှုနဲ့ အလှဆင်တာတွေ ရင်းနှီးမြှုပ်နှံပေးဖို့ပဲ လိုတယ်။ တခြား ဘာတောင်းဆိုချက်မှ မရှိဘူး။ ကျန်တာကိုတော့ မင်း အဆင်ပြေသလို ညှိနှိုင်းလိုက်ပါ။”
ဤကဲ့သို့သော အခွင့်အရေးကောင်းကို မိသားစုကိုပဲ အကျိုးခံစားခွင့် ပေးလိုက်ခြင်းက အသင့်တော်ဆုံးပင်။
အပျော်တမ်း ကစားရင်းကနေ သူ့မိသားစုအတွက် အကျိုးအမြတ် အကြီးကြီးတစ်ခု သူ ရှာပေးလိုက်နိုင်ပြီဖြစ်သည်။
“ဒါဆို ရှင်နဲ့တွေ့ချင်နေတဲ့ တခြားလူတွေကိုကော။”
“ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါ။ ပြဿနာရှာချင်တဲ့လူရှိရင် လာဝယ်ခိုင်းလိုက်။ နောက်ကျရင် ဒီနေရာကို အလောင်းမီးသင်္ဂြိုဟ်စက်အဖြစ် ပြောင်းချင်ရင် ပြောင်းမှာလို့ ပြောလိုက်ပါ။ စွန့်စားချင်ရင် ကြွခဲ့ကြပါလို့ပေါ့။”
လုပေါင်သည် သူ၏ မိဘများအတွက် လမ်းခင်းပေးရန် ဆုံးဖြတ်လိုက်သည်။
“အယ်...အရမ်းကို ရက်စက်တာပဲ...။”
***