အကြောင်းရင်း မရှိဘဲ...
ဘေးနားရှိ ကျန်းဝေမှာ ရုတ်တရက် ချမ်းစိမ့်သွားပြီး တုန်တက်သွားရသည်။
ဤတာအိုဆရာ ချောင်ချောင်မှာ ထူးဆန်းယုတ်မာလှသည့် မိစ္ဆာများထက်ပင် ပို၍ ကြောက်စရာကောင်းနေသကဲ့သို့ပင်။
လီယန်ချူ၏ ခန္ဓာကိုယ်အတွင်း ကျင့်ကြံခြင်းစွမ်းအား များမှာ လှိုင်းတံပိုးကဲ့သို့ တိုးဝှေ့လာပြီး အရာဝတ္ထုများကို ထိန်းချုပ်သည့် ပညာရပ် ကို အသုံးပြုလိုက်ရာ သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများစွာ ပျံတက်သွားတော့သည်။
ကျောက်ထျန်းတံဆိပ်၊ နဂါးငါးကောင်စက်ဝိုင်း၊ မီးလျှံဓား၊ မီးကျီးကန်းတစ်သောင်းအိုး၊ ဝမ့်လီချီယွင်ယန်
၎င်းတို့မှာ ဒဏ္ဍာရီလာ မီးဓာတ်လက်နက် (၅) မျိုးပင် ဖြစ်သည်။
ပြင်းထန်လှသော မီးအလင်းတန်းများမှာ တာအိုနန်းတော်ကြီး တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
အတုမဲ့ နတ်ဘုရားမီးများ၊ ပူပြင်းလှသော ဓားအလင်းတန်းများ၊ မီးနဂါးများ၊ မီးကျီးကန်းများနှင့် မီးမြားများ
ဒဏ္ဍာရီထဲမှ မြင်ကွင်းတစ်ခု ဆင်းသက်လာသကဲ့သို့ပင်...
နေမင်းသဏ္ဌာန် ကောင်းကင်ကို လောင်ကျွမ်းစေခြင်း
ခဏချင်းအတွင်းမှာပင် နန်းတော်ထဲရှိ လူသေအလောင်းအားလုံးမှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ဝုန်း
နတ်ဘုရားမီးနှင့် ယင်စွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရေနှင့် မီးကဲ့သို့ပင်။
ပူပြင်းလှသော ဆီပူထဲသို့ ရေခဲရေများ လောင်းထည့်လိုက်သကဲ့သို့ ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာတော့သည်။
ကျန်းဝေမှာ အသက်ရှူပင် ရပ်တန့်သွားကာ စိတ်လှုပ်ရှားနေမိသည်။
လာပြန်ပြီ
မီးတွေနဲ့ ကစားတတ်တဲ့ အဲ့ဒီလူကြီးပဲ
ကောင်းကင်အနှံ့ ဖုံးလွှမ်းနေသော မီးတောက်များထဲမှ ခန့်ညားလှပသည့် တာအိုဆရာ လူငယ်လေးတစ်ဦး လမ်းလျှောက်ထွက်လာသည်။
သူ၏ တည်ငြိမ်အေးစက်လှသော မျက်နှာထားမှာ ချန်နိုင်ငံ တာအိုလောက၏ နာမည်ကြီး အလှပန်းလေးဖြစ်သော ရှောင်ရန်၏ ရင်ကိုပင် ဗုန်းဗုန်းလဲအောင် လှုပ်ခတ်သွားစေခဲ့သည်။
လီယန်ချူ၏ ကျောပြင်ကြွက်သားများမှာ နဂါးကြီးတစ်ကောင်ကဲ့သို့ ရုန်းကန်လှုပ်ရှားလာပြီး ဝမ့်လီချီယွင်ယန် လေးကို လပြည့်ဝန်းသဏ္ဌာန် အစွမ်းကုန် ဆွဲဆန့်လိုက်သည်။
မြားကို တင်ကာ ပစ်လွှတ်လိုက်ရာ
တောက်ပလှသော မီးမြားနှင့် ကောင်းကင်အနှံ့ရှိ နတ်ဘုရားမီးများမှာ ခေါင်းနှစ်လုံးရှိသည့် ထူးဆန်းသော လူသေကောင်ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်တော့သည်။
"တကယ့်ကို လန်းတယ်ဗျာ"
ကျန်းဝေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ရုတ်တရက်...
သူ၏ ဦးခေါင်းနောက်မှ အေးစက်လှသော ယင်လေ တစ်ချက် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် ဦးရေပြားပင် ထုံကျင်သွားကာ ကျောပေါ်တွင် အပ်များစွာဖြင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းဝေ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဆံပင်ဖားလျားနှင့် လူသေမျက်နှာကြီးတစ်ခုမှာ သူ၏ နောက်ကျောဘက်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
၄င်းမှာ စောစောက ကိုယ်တော်အိုနှင့် လူသေကောင်ပေါ်တွင် ကပ်နေသော ဦးခေါင်းပင် ဖြစ်သည်။
ယခုအခါ ထိုထူးဆန်းသော အမျိုးသမီးဦးခေါင်းမှာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး ပြာနှမ်းဖြူလျော့နေသော မျက်လုံးများဖြင့် ကျန်းဝေကို စိုက်ကြည့်နေသည်။
သူမက ပြုံးနေသလိုလို၊ မပြုံးသလိုလိုပင်။
ကျန်းဝေ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်တည်းခံလိုက်ရပြီး လည်ပတ်မှုမှာ ဝေဝါးသွားကာ သူသည် ကြီးစွာသော ကြောက်ရွံ့မှုထဲသို့ ကျရောက်သွားတော့သည်။
ဤဦးခေါင်းမှာ သူ၏ ထိုက်ကျိပုံရိပ် ကာကွယ်မှုကို အသံတိတ် ဖောက်ထွက်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခုအခါ သူ၏ မျက်လုံးထဲတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဝေးကွာသွားသကဲ့သို့ ခံစားရပြီး ကောင်းကင်အနှံ့ တောက်လောင်နေသော မီးတောက်များမှာလည်း သူနှင့် မဆိုင်တော့သကဲ့သို့ပင်။
တစ်စုံတစ်ရာသော ထူးဆန်းသည့် စွမ်းအားဖြင့် သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ရှိနေသည်။
သို့သော် ကျန်းဝေမှာ ရှင်းလင်းစွာ မြင်နေရသည်မှာ ထိုတိုက်ခိုက်မှု ပြင်းထန်လှသည့် တာအိုဆရာ လီသည် ခေါင်းနှစ်လုံးရှိသော လူသေနှင့် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
လီယန်ချူမှာ အရင်အတိုင်းပင် ရဲရင့်ပြတ်သားစွာ တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း ဤထူးဆန်းသော ဦးခေါင်းကမူ သူ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ထောင်ချောက်ပဲ"
"ဒီမိန်းမက အစကတည်းက ငါ့ကို ပစ်မှတ်ထားခဲ့တာပဲ "
ကျန်းဝေ၏ နှလုံးသားထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အသိတစ်ခု ဝင်လာသည်။
ဖြစ်နိုင်သည်မှာ အစောပိုင်းက လူသေအလောင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရစဉ်ကတည်းက အရာအားလုံးကို သတ်မှတ်ပြီးသား ဖြစ်ပုံရသည်။
ထိုအချိန်ကတည်းက သူ၏ ကိုယ်ပေါ်တွင် အမှတ်အသား တစ်ခု အလုပ်ခံလိုက်ရခြင်းပင်
မြေပြင်နတ်ဘုရား က ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခွဲခြားကာ နတ်ဘုရားနယ်မြေထဲတွင် ချိတ်ပိတ်ထားခဲ့သော ထိုရှေးဟောင်းတားမြစ်ချက် မိစ္ဆာမသည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ လူ့လောကသို့ ပြန်လည်ဝင်စားရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းဝေမှာ အော်ဟစ်၍ တာအိုဆရာ ချောင်ချောင်ကို သတိပေးရန် ကြိုးစားသော်လည်း သူ၏ သွေးများမှာ ခဲနေသည့်အလား အေးစက်နေပြီး လည်ပတ်မှု ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် အသံပင် ထွက်မလာတော့ချေ။
သူသည် ထိုထူးဆန်းသော လူသေခေါင်း၏ ပြတ်ရှရာနေရာမှ ရက်စက်လှသော သွေးကြောများ ထွက်ပေါ်လာကာ သူနှင့် တစ်သားတည်း ဖြစ်ရန် ကြိုးစားနေသည်ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေရတော့သည်။
ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်အားငယ်မှု
ကျင့်ကြံသူ မိသားစုမှ လူငယ်ပါရမီရှင်လေးမှာ ယခုအခါ ဆိုးဝါးလှသော စိတ်ခံစားချက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
သူ တကယ့်ကို မျှော်လင့်ချက်မဲ့နေပြီ...
ရုတ်တရက်
သန်မာလှသော လက်ကြီးတစ်ဖက်က သူ၏ ပုခုံးကို ဆွဲကိုင်လိုက်ပြီး နောက်သို့ အတင်းဆွဲခေါ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ မြင်ကွင်းအားလုံးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
"ဟွန့်"
အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက်မှာ သူ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။
ကျန်းဝေမှာ မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဝမ်းသာအားရ သိလိုက်ရသည်။
ယခုအခါ လီယန်ချူသည် ထိုထူးဆန်းသော ဦးခေါင်းကို အေးစက်လှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူ၏ တည်ငြိမ်သော မျက်နှာထားထဲတွင် ရက်စက်လှသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။
ဤကဲ့သို့ ထူးဆန်းလှသော စွမ်းရည်မျိုးနှင့် ရင်ဆိုင်ရသော်လည်း လီယန်ချူမှာ ထိတ်လန့်ခြင်း မရှိသည့်အပြင် သတ်ဖြတ်လိုစိတ်များပင် ပေါက်ကွဲလာသည်။
ကျန်းဝေမှာတော့ စိတ်အေးသွားရပြီ။
"ယောက်ဖ "
သူသည် သူ၏ လှပလှသော ဒုတိယအစ်မကို လီယန်ချူနှင့် မိတ်ဆက်ပေးရန် အမြဲ ကြံစည်နေသူ ဖြစ်သဖြင့် နောင်တစ်ချိန်တွင် ဤတာအိုဆရာ ချောင်ချောင်၏ ယောက်ဖ ဖြစ်လာရန် အိပ်မက်မက်နေသူ ဖြစ်သည်။
ဘဝ၏ ထိပ်တန်းအဆင့်သို့ တက်လှမ်းရန် စိတ်လှုပ်ရှားနေသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် ထိုအသုံးအနှုန်းကို အလန့်တကြား အော်ခေါ်မိလိုက်ခြင်းပင်။
အရှိန်အဝါ ပြင်းထန်လှသော လီယန်ချူပင်လျှင် ကျန်းဝေ၏ စကားကို ကြားလိုက်ရသည့်အခါ မျက်လုံးအနည်းငယ် ပြူးသွားရသည်။
ဒီကောင် ရူးနေတာလား
ဘယ်သူက မင်းယောက်ဖလဲ
သူ၏ နှုတ်ခမ်းမှာ မသိမသာ တုန်ခါသွားသော်လည်း ခေါင်းကို လှည့်ကာ ထိုထူးဆန်းသော ဦးခေါင်းကို အေးစက်စွာ ကြည့်လိုက်သည်။
"ဒီလို စွမ်းရည်မျိုး ရှိနေတာကိုး... အဲ့ဒါကြောင့်လည်း အရင်တုန်းက နတ်ဘုရားနယ်မြေထဲက မြေပြင်နတ်ဘုရားက မင်းကို တာအိုနန်းတော်ထဲမှာ ချိတ်ပိတ်ထားခဲ့တာပဲ"
ထိုဦးခေါင်းမှာ စကားပြောနိုင်စွမ်း ရှိသည်၊ ဆိုလိုသည်မှာ မိမိကိုယ်ပိုင် အတွေးအခေါ် ရှိခြင်းပင်။
ထိုအချိန်တွင် သူမက လီယန်ချူကို ကြည့်ကာ မသိမသာ ပြုံးပြလိုက်သည်။
တောင့်တင်းနေပြီး၊ အေးစက်ကာ၊ ခံစားချက်မဲ့လှသော ထိုကဲ့သို့ ရှုပ်ထွေးသည့် အပြုံးမျိုးမှာ လူကို ကျောချမ်းစေရန် လုံလောက်လှသည်။
လီယန်ချူမှာ ကျန့်ကျောင်းဓား ကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်လိုက်သည်။
ကျန့်ကျောင်းဓားမှာ ပြန်လည်ရှင်သန်နိုင်စွမ်းကို ချုပ်တည်းနိုင်သော်လည်း ဤကဲ့သို့သော မိစ္ဆာမျိုးအတွက် သူ၌ ပိုကောင်းသော နည်းလမ်းရှိသည်။
ရှေးဟောင်း တံဆိပ်တော်တစ်ခုမှာ သူ၏ လက်ထဲမှ ပျံတက်လာသည်။
ရှေးဟောင်း အငွေ့အသက်များ ပေါ်ထွက်လာရာ
၎င်းမှာ ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ပင် ဖြစ်သည်။
ဤတံဆိပ်တော် ထွက်ပေါ်လာသည်နှင့် ထူးဆန်းသော အမျိုးသမီးဦးခေါင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်လာတော့သည်။
သူမသည် ဤရှေးဟောင်းတံဆိပ်တော်ကို အလွန်ပင် ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။
စူးရှလှသော အော်ဟစ်သံတစ်ချက်နှင့်အတူ အမျိုးသမီးဦးခေါင်းမှာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း ပြောင်းလဲသွားရာ ရုတ်တရက် နတ်ဘုရားတောင်၏ ခြေရင်းသို့ ရောက်ရှိသွားသည်။
"အခုမှ ပြေးချင်နေတာလား"
"နောက်ကျသွားပြီ"
လီယန်ချူက အေးစက်စွာ ရယ်မောလိုက်သည်။
ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။
ကွဲအက်သံ
မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးမှာ ကြေမွပျက်စီးသွားပြီး မူလက ပျက်စီးယိုယွင်းနေသော တာအိုနန်းတော်၏ ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။
ထူးဆန်းသော အမျိုးသမီးဦးခေါင်းမှာ မမြင်ရသော အစွမ်းထက်သည့် စွမ်းအားတစ်ခုဖြင့် ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
သူမသည် အဆက်မပြတ် ရုန်းကန်အော်ဟစ်နေသော်လည်း နာကြည်းမှုနှင့် ရက်စက်ယုတ်မာလှသော စိတ်ခံစားချက်များမှာ သူမ၏ မျက်နှာပေါ်တွင် အဆက်မပြတ် ပေါ်လွင်နေသည်။ သို့သော်လည်း အချည်းနှီးပင်။
စွမ်းရည်မှာ ထူးဆန်းလှပြီး မက်မွန်ကိုင်းကို ကိုင်ကာ နဂါးကို သတ်ခဲ့သော နတ်မင်းကြီး ပင်လျှင် အမြစ်ပြတ်အောင် မသတ်နိုင်ခဲ့သည့် ဤကြောက်မက်ဖွယ် အမျိုးသမီးမှာ ယခုအခါ ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်၏ ဖိအားအောက်တွင် လုံးဝ မလှုပ်နိုင်တော့ချေ။
သူမ၏ မျက်နှာတွင် သနားစရာကောင်းသော အမူအရာများ ပေါ်လာပြန်သည်။
ပြာနှမ်းနေသော မျက်လုံးများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး
ကြောက်လန့်နေသော နုပျိုလှပသည့် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
"ကယ်ပါ... ကျမကို ဒီမိစ္ဆာက ထိန်းချုပ်ထားတာပါ"
"ကျမကို မသတ်ပါနဲ့... ကျမကို ဒီကနေ ကယ်ထုတ်ပေးပါ၊ တောင်းပန်ပါတယ် ကယ်ပါဦး "
"တောင်းပန်ပါတယ် "
မိန်းကလေးမှာ အသည်းအသန် တောင်းပန်တိုးလျှိုးနေသည်။
သို့သော် နောက်တစ်ခဏမှာပင် သူမ၏ မျက်နှာမှာ အေးစက်ယုတ်မာသော မိစ္ဆာမျက်နှာအဖြစ် ပြန်လည် ပြောင်းလဲသွားပြန်သည်။
ဤသို့ဖြင့် အကြိမ်ပေါင်းများစွာ အပြန်အလှန် ပြောင်းလဲနေတော့သည်။
"လူ့စိတ်ကို စမ်းသပ်ချင်နေတာလား"
လီယန်ချူက လှောင်ပြုံး ပြုံးလိုက်သည်။
ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါ နောက်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
ထူးဆန်းသော ဦးခေါင်းမှာ နာကျင်စွာ အော်ဟစ်နေပြီး ထိုမိန်းကလေးမှာလည်း အဆက်မပြတ် အော်ဟစ်နေရှာသည်။
ကျန်းဝေမှာ မနေနိုင်တော့ဘဲ တိုးတိုးလေး ပြောလိုက်သည်။
"အကြီးအကဲ... ဒီမိန်းကလေးကို ကယ်ဖို့ နည်းလမ်းရှိမလားဗျာ "
ကျန်းဝေမှာ လီယန်ချူကိုပင် တားဆီးရန် ဟန်ပြင်နေသေးသည်။
"ဒါက လူ့စိတ်ကို လှည့်ဖြားတဲ့ မိစ္ဆာအတတ်ပဲ"
"အခုထိ မနိုးသေးဘူးလား"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။
အနောက်ဘက်သို့ရီးသွားဇာတ်လမ်းထဲက စွန်းဝူခုန်းသည် လူသားမျက်လုံးသာရှိသော ကိုယ်တော် ထန်ဆန်းဆန်၏ ဘေးနားတွင် နားပူခံရသည့် ခံစားချက်မျိုးကို သူ အနည်းငယ် နားလည်သွားခဲ့ပြီ။
ကျန်းဝေမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားတော့သည်။
သူသည် ထိုဦးခေါင်းကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။
မိစ္ဆာရဲ့ လှည့်ကွက်ထဲ ကျလုနီးပါး ဖြစ်သွားပြီပဲ
ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် မိန်းကလေး တစ်ယောက် ပေါ်လာနိုင်ပါ့မလဲ အကယ်၍ တကယ် ရှိနေခဲ့ရင်တောင်မှ သူမက ဘယ်လို စွမ်းအားနဲ့ မိစ္ဆာရဲ့ ချုပ်တည်းမှုကို ဖောက်ထွက်ပြီး စကားပြောနိုင်မှာလဲ မိစ္ဆာက သူမကို စကားပြောခွင့် ပေးထားလို့သာ ဖြစ်ရမည်။
ဤမိစ္ဆာ၏ စွမ်းရည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။
လူ့စိတ်ကို ကစားခြင်း... ဒါကမှ တကယ့်ကို ကြောက်စရာ အကောင်းဆုံးပဲ ဒါကြောင့်လည်း နတ်ဘုရားနယ်မြေထဲက နတ်မင်းတွေက သူမကို ချိတ်ပိတ်ထားခဲ့တာပဲ။
နောက်ပိုင်းမှာ ရောက်လာတဲ့ ကျင့်ကြံသူတွေ အများကြီး သေခဲ့ရတာကလည်း ဒီအချက်ကြောင့်ပဲ ဖြစ်လိမ့်မည်။
လီယန်ချူက ကျန်းဝေကို ဂရုမစိုက်တော့ပေ။
သူ၏ စိတ်ဆန္ဒမှာ ခိုင်မာပြတ်သားလှသည်။
သူ၏ ဝိညာဉ် ထဲတွင် ခရမ်းရွှေရောင်အငွေ့အသက် နှင့် မီးနတ်ဘုရားကောင်းချီးများ ရှိနေသဖြင့် မည်သည့် မိစ္ဆာအတတ်မှ သူ့ကို မလှည့်ဖြားနိုင်ချေ။
ထိုင်ရှန်းဖူကျွင်း တံဆိပ်တော်ပေါ်မှ ရှေးဟောင်းအရှိန်အဝါမှာ
မမြင်ရသော လက်ကြီးတစ်ဖက်ကဲ့သို့ပင်...
ထိုထူးဆန်းသော ဦးခေါင်းကို တိုက်ရိုက်ပင် အမှုန့်ခြေပစ်လိုက်တော့သည်။
ဝုန်း
တောင်ကြီး တုန်ခါသွားသည်။
ကြီးမားလှသော လှိုင်းလုံးကြီး ပျံ့နှံ့သွားပြီး
နတ်ဘုရားနယ်မြေကို ဒုက္ခပေးနေသော ထိုကြောက်မက်ဖွယ် တားမြစ်ချက် မိစ္ဆာသည် လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်ပေတော့သည်။
***