ဝုန်း ဝုန်း ဝုန်း
တာအိုနန်းတော်ကြီးမှာ ရုတ်တရက် တုန်ခါသွားတော့သည်။
တစ်ကိုယ်လုံး ယိုင်နဲ့နေပြီး ပြိုကျတော့မည့်အလား ဖြစ်နေ၏။
တောက်ပလှသော နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် ထိတ်လန့်စရာကောင်းလှသော အရှိန်အဝါတစ်ခုသည် နတ်ဘုရားနယ်မြေတစ်ခုလုံးကို ခဏချင်းအတွင်း ဖုံးလွှမ်းသွားခဲ့သည်။
ထောင့်ပေါင်းစုံရှိ ကျင့်ကြံသူတိုင်း ထိုအရှိန်အဝါကို ခံစားလိုက်ကြရသည်။
တစ်ဝက်တစ်ပျက် လက်တွေ့ဆန်သော ရှင်းဟွမ်အလံ တစ်ခုမှာ လီယန်ချူ၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။
ထိုပြင်းထန်လှသော စွမ်းအားမှာ ထိုအလံငယ်လေးထံမှ လာခြင်းပင်။
ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ပေါ်မှလည်း အစွမ်းထက်သော အရှိန်အဝါများ တိုးဝှေ့ထွက်ပေါ်လာပြီး ရှင်းဟွမ်အလံနှင့် အားပြိုင်နေကြတော့သည်။
အရှိန်အဝါနှစ်ခုမှာ တစ်ခုကိုတစ်ခု အလျှော့မပေးဘဲ အားပြိုင်နေကြပြီး နောက်ဆုံးတွင်မူ အလင်းတန်းများအဖြစ် ပြောင်းလဲကာ လီယန်ချူ၏ ခန္ဓာကိုယ်ထဲသို့ တူညီစွာ တိုးဝင်သွားကြသည်။
သိစိတ်ပင်လယ် အတွင်း၌
တစ်ဝက်တစ်ပျက် ပေါ်နေသော ရှင်းဟွမ်အလံငယ်လေးမှာ ထိုနေရာတွင် ငြိမ်သက်စွာ ပျံဝဲနေပြီး လီယန်ချူ၏ ဝိညာဉ် ကို စောင့်ရှောက်ပေးနေတော့သည်။
"ဒါကတော့ တကယ်ကို လန်းသွားပြီပဲ "
လီယန်ချူမှာ စိတ်ထဲမှ ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။
ကျန်းဝေနှင့် ရှောင်ရန်တို့မှာမူ လီယန်ချူကို ကြည့်ကာ ပါးစပ်အဟောင်းသားနှင့် ကြောင်အမ်းနေကြတော့သည်။
ရှင်းဟွမ်အလံက သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား
ထိုအချိန်တွင် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ၏ တစ်နေရာ၌ တင်ပလ္လင်ခွေ ထိုင်နေသော ထူးဆန်းသည့် လူငယ်တစ်ဦးသည် မျက်လုံးများကို ဖွင့်လိုက်သည်။
သူသည် နတ်ဘုရားအသီး တစ်လုံးကို ရှာဖွေတွေ့ရှိထားခြင်းပင်။
သို့သော် ထိုအသီးမှာ မမှည့်သေးပေ၊ အချိန်အနည်းငယ် ထပ်လိုသေးသည်။
ဆေးဖော်စပ်သည့် အိုးကဲ့သို့ပင် မမှည့်သေးသော နတ်ဘုရားအပင်များကို လက်ဖြင့် သွားရောက်ဖမ်းဆွဲ၍ မရနိုင်ချေ။
ထိုနတ်ဘုရားအပင်မှာ သင်းပျံ့လှသော ရနံ့များကို ထုတ်လွှတ်နေပြီး လူကို စိတ်ကြည်လင်လန်းဆန်းစေသည်။
ထိုလူငယ်၏ ဝိညာဉ်ထဲတွင် ရေကဲ့သို့ ကြည်လင်သော အလင်းတန်းများ စီးဆင်းနေပြီး အပြင်းအထန် ဒဏ်ရာရထားသော နေရာများမှာ ထိုနတ်ဘုရားအသီး၏ အာဟာရဖြည့်တင်းပေးမှုကြောင့် ပြန်လည်သက်သာလာနေပြီ ဖြစ်သည်။
သူ၏ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်လာသည်။
ဤနတ်ဘုရားအပင် မှည့်သွားသည်နှင့် သူ စားသုံးလိုက်ပါက ဒဏ်ရာများ အားလုံးကို အမြစ်ပြတ် ကုသနိုင်မည် ဖြစ်သည်။
သူသည် ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော ဖြစ်စဉ်ကြီးနှင့် ရှေးဟောင်းအစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာရာအရပ်သို့ ကြည့်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်သွားရသည်။
"ရှင်းဟွမ်အလံကို တစ်ယောက်ယောက်က လုသွားပြီလား "
လူငယ်၏ ရင်ဘတ်ထဲတွင် အလွန်အမင်း မခံမရပ်နိုင်ဖြစ်ကာ သွေးအန်မတတ် ခံစားလိုက်ရသည်။
သူ၏ ဉာဏ်ထဲတွင် တာအိုဆရာ လူငယ်လေး၏ ပုံရိပ်မှာ ချက်ချင်း ပေါ်လာတော့သည်။
ဒါ သူ ဖြစ်ရမယ်
ဒီလူကို သတ်ဖို့ အခွင့်အရေး ရှာမှဖြစ်မယ်၊ မဟုတ်ရင် နောင်တစ်ချိန်မှာ ငါ့အတွက် ဘေးအန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်။
ခါနန် အမည်ရှိသော ထိုလူငယ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။
သူသည် ရှေ့မှ နတ်ဘုရားအပင်ကို ပြန်ကြည့်လိုက်သည့်အခါမှ အကြည့်များမှာ အနည်းငယ် ပြန်လည်အေးစက်သွားခဲ့သည်။
ရုတ်တရက်
အလွန်ပြင်းထန်လှသော စုပ်ယူမှု အရှိန်အဝါတစ်ခု ပေါ်လာပြီး ခါနန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
ဤကဲ့သို့ ထူးဆန်းသော ခံစားချက်ကြောင့် ခါနန်၏ စိတ်မှာ ထိတ်လန့်သွားရသည်။
"ဒါက... နတ်ဘုရားနယ်မြေ... ပိတ်တော့မှာလား "
သူ မယုံကြည်နိုင် ဖြစ်နေရသည်။
ဖွင့်တာ ဘယ်လောက်မှ မကြာသေးဘဲ၊ နတ်ဘုရားကံထူးမှုတွေကို ရှာလို့တောင် မဝသေးဘူး မဟုတ်ပါလား။
ပြီးတော့ ရှေ့က နတ်ဘုရားအပင်ကလည်း မမှည့်သေးဘူးလေ။
နှမြောစရာကောင်းလှစွာပင်၊ နောက်တစ်ခဏမှာပင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
"တောက်"
မဟာယာနဗုဒ္ဓဘာသာဂိုဏ်းမှ ပါရမီရှင်ဖြစ်သော ဤလျှို့ဝှက်ဆန်းကြယ်သူကြီးမှာ ဆဲရေးသံပင် ထွက်သွားတော့သည်။
ထို့နောက် သူ၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။
ထိုနည်းတူစွာပင် နတ်ဘုရားနယ်မြေ၏ နေရာအနှံ့အပြားတွင်လည်း ဖြစ်ပျက်နေတော့သည်။
နတ်ဘုရားတောင် ထိပ်ပေါ်ရှိ လီယန်ချူတို့ သုံးယောက်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ခန္ဓာကိုယ်များမှာ မမြင်ရသော စုပ်ယူမှုအားတစ်ခုကြောင့် နတ်ဘုရားနယ်မြေထဲမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
ကျန်းဝေကတော့ အားရပါးရ အော်ဟစ်လိုက်သည်။
"ယွမ်ယန်အသီးလေး"
သူသည် ထိုနတ်ဘုရားအပင်ကို ရှာတောင် မရှာရသေးပေ။
ထိုအထဲတွင် အပျော်ဆုံးသူများမှာ အစီရင် များထဲတွင် ပိတ်မိနေကြသော ကျင့်ကြံသူများပင် ဖြစ်သည်။
"နောက်ဆုံးတော့ လွတ်ပြီဟေ့"
လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကြတော့သည်။
နတ်ဘုရားနယ်မြေမှာ ပုံမှန်မဟုတ်ဘဲ ပိတ်သွားခဲ့သော်လည်း ဒီတစ်ခေါက်တွင် သူတို့ အသက်ရှင်ခွင့် ရခဲ့ကြသည်။
မဟုတ်ပါက ထိုတားမြစ်ချက် အစီရင်များ၏ အစွမ်းနှင့် မခန့်မှန်းနိုင်သော ပြောင်းလဲမှုများကြောင့် ဆက်နေပါက ဘာတွေ ဆက်ဖြစ်မည်ကို မသိနိုင်ချေ။
ဝေမြို့ နယ်မြေအတွင်း၌
အစောပိုင်းက ရုတ်တရက် ပျောက်ကွယ်သွားသော သူများမှာ တစ်ဦးပြီးတစ်ဦး ပြန်လည် ပေါ်လာကြသည်။
ဘယ်သူမှ မမြင်လိုက်လျှင် တော်သေးသည်၊ အကယ်၍ မြင်လိုက်ပါက နတ်ဘုရားများ ဆင်းသက်လာသည်ဟု ထင်ကြပေလိမ့်မည်။
ထိုအချိန်မှစ၍ ဝေမြို့၏ အရပ်ထဲတွင် ဆန်းကြယ်သော ကောလာဟလအသစ်များစွာ ပျံ့နှံ့သွားတော့မည်မှာ အမှန်ပင်။
လီယန်ချူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ပတ်ဝန်းကျင် မြင်ကွင်းမှာ တည်းခိုခန်းဝင်းအတွင်းရှိ အခန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ အနည်းငယ် ငေးငိုင်သွားပြီးမှ သတိပြန်ဝင်လာသည်။
"ရှင်းဟွမ်အလံ၊ မီးနတ်ဘုရားအမိန့်တော်ပြား၊ ဆေးဖော်တဲ့အိုး၊ သွေးချီဓာတ်ဆေးလုံး တွေနဲ့ မိစ္ဆာတွေကို သတ်ခဲ့တဲ့ ကုသိုလ်မှတ်တွေ... ဒီတစ်ခေါက်တော့ မရှုံးပါဘူး"
သူသည် ရရှိခဲ့သော အမြတ်များကို ပြန်လည်ရေတွက်ရင်း ဝမ်းသာအားရ ပြုံးလိုက်မိသည်။
သို့သော် ထိုထူးဆန်းသော ဦးခေါင်း၏ စွမ်းရည်မှာ တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလှသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ပေါ်တွင် ထိုင်ရှန်းဖူကျွင်း တံဆိပ်တော် ရှိနေသဖြင့် မင်္ဂလာမရှိသော မိစ္ဆာအားလုံးကို နှိမ်နင်းနိုင်ခဲ့ခြင်းပင်။
"အရင်တုန်းက ဘာလို့ နတ်ဘုရားနယ်မြေတိုင်းဟာ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရတာလဲ အကယ်၍ ဒါဟာ ဘေးဒုက္ခကြီးတစ်ခုဆိုရင်၊ ဘာလို့ လူ့လောကမှာ မိစ္ဆာတွေ မရှိနေရတာလဲ "
လီယန်ချူ၏ မျက်လုံးများတွင် တွေးတောနေသော အရိပ်အယောင်များ ပေါ်လာသည်။
အချိန်ကာလများကြားတွင် ပျောက်ဆုံးသွားသော ဒဏ္ဍာရီလာ အဖြစ်အပျက်များကို သူ ပိုမို စိတ်ဝင်စားလာခဲ့သည်။
သူသည် နတ်ဘုရားနယ်မြေ သုံးခုကို တွေ့ကြုံခဲ့ဖူးပြီ။
၎င်းတို့မှာ ကျန်းထင်ရှန်း၊ ချင်းယွဲ့ထန် နှင့် ထောင်ယွမ်ရှန်း တို့ပင် ဖြစ်သည်။
၎င်းတို့အနက် ကျန်းထင်ရှန်းနှင့် ထောင်ယွမ်ရှန်းတို့မှာ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရပြီး နတ်ဘုရားများ၏ အရိပ်အယောင်ပင် မရှိတော့ဘဲ တာအိုနန်းတော်များမှာ မိစ္ဆာများ၏ နေရာများ ဖြစ်နေခဲ့သည်။
အရင်က ကျန်းထင်ရှန်းမှ နတ်ဘုရား ကြွင်းကျန်သော စိတ်ဆန္ဒကို ပြန်ပြောင်းကြည့်လျှင် ရှင်းလင်းလှသည်။
နတ်ဘုရားနယ်မြေရှိ နတ်ဘုရားများမှာ နောက်ဆုံးတွင် သေဆုံးပျက်စီးသွားခဲ့ကြခြင်းပင်။
မဟုတ်ပါက သူတို့၏ ကျင့်ကြံရာ နေရာများကို မိစ္ဆာများအား သိမ်းပိုက်ခွင့် ပေးထားမည် မဟုတ်ပေ။
သို့သော် သူ သိချင်နေသည်မှာ ထိုကမ္ဘာတွင် တကယ်ပင် နတ်ဘုရားနိုင်ငံတော် ရှိသင့်သည်။
ဒီက ဒဏ္ဍာရီတွေက သူ၏ ယခင်ဘဝနှင့် ဆင်တူလှသည်။
နတ်မင်းကြီးသုံးပါး နှင့် အခြားသော နတ်ဘုရားများ အားလုံး ဘယ်ရောက်ကုန်ကြသနည်း။
ထို ကျန်းဝူနတ်မင်း အတု ပြောခဲ့သလို နတ်ဘုရားနိုင်ငံတော်ကြီးသည်လည်း ဘေးဒုက္ခကြီးထဲတွင် ပါဝင်သွားခဲ့ခြင်းလား
တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
မည်ကဲ့သို့သော မိစ္ဆာမျိုးကများ နတ်ဗြဟ္မာ အပေါင်းကို ရင်ဆိုင်နိုင်စွမ်း ရှိပါသနည်း။
လူ့လောကတွင် မိစ္ဆာများ သောင်းကျန်းနေပြီး နတ်ဘုရားများ၏ နေရာများမှာ ပျက်စီးကုန်ရသည်။
ထိုမေးခွန်းမှာ ယခုအခါ ဒုတိယအဆင့်ဖြစ်သော ယင်ဝိညာဥ် အထွတ်အထိပ်သို့ ရောက်နေသည့် လီယန်ချူအတွက် အနည်းငယ် ဝေးကွာနေသေးသော်လည်း၊ မမြင်ရသော ဖိအားတစ်ခုကိုတော့ ပေးစွမ်းနေသည်။
မိုးကြိုးငါးပါးအဆောင် မှာ အစွမ်းထက်လှပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ လောက၏ အတုမဲ့ ယန်စွမ်းအင်ပင် ဖြစ်သည်။
၎င်းမှာ သူ၏ အားကိုးရဆုံး အရာများထဲမှ တစ်ခုပင်။
သို့သော် မိမိ၏ အသက်နှင့် ကျင့်ကြံမှု အခြေခံမှာသာ အဓိကပင် ဖြစ်သည်။
မဟုတ်ပါက မြူခိုးများနောက်ကွယ်မှ အမှန်တရားကို သိလိုက်ရသည်နှင့် သူသည်လည်း ထိုမြေပြင်နတ်ဘုရားများနှင့် တာအိုတပည့်များကဲ့သို့ပင် ပျောက်ကွယ်သွားကာ လောက၏ ဘေးဒုက္ခကြီးအောက်တွင် ကြေမွသွားပေလိမ့်မည်။
သူသည် ကြိုးစားကျင့်ကြံအားထုတ်ပြီး တတိယအဆင့်ဖြစ်သော ယန်ဝိညာဥ် ကို အမြန်ဆုံး ရောက်ရှိရန် ဆုံးဖြတ်လိုက်သည်။
တည်းခိုခန်း ဆိုင်ရှင်မမှာမူ သူမ၏ လင်မှာ အချိန်မရွေး ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်နေသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။
သူမသည် မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်ကာ လီယန်ချူအတွက် အရသာရှိလှသော ဟင်းလျာအချို့ကို ချက်ပြုတ်ပေးခဲ့သည်။
"ဘယ်လိုလဲ... ဒီတစ်ခေါက်တော့ မိန်းမတစ်ယောက်လောက် ပါမလာဘူးလား "
ဆိုင်ရှင်မက မေးလိုက်သည်။
"ငါ့မှာ အဲ့ဒီလို အကျင့်ရှိလို့လား"
လီယန်ချူက ရယ်မောရင်း ပြောလိုက်သည်။
ဆိုင်ရှင်မက သူ့ကို မျက်စောင်းလေး ထိုးလိုက်ပြီးနောက် ကောင်းမွန်စွာ ချက်ပြုတ်ထားသော ဝက်သားနီချက် တစ်တုံးကို ခက်ရင်းဖြင့် ခူးခတ်ပေးလိုက်သည်။
"ပြီးခဲ့တဲ့ အခေါက်က ကောင်မလေးကို ငါကြည့်ရတာ စိတ်မချရဘူး၊ မင်းကို သဘောကျနေတာ သေချာတယ်"
ဆိုင်ရှင်မက တတွတ်တွတ် ပြောနေတော့သည်။
ထိုရင့်ကျက်ပြီး လှပစွဲမက်ဖွယ်ကောင်းသော အမျိုးသမီးမှာ ဖန့်ချင်းလန် မှလွဲ၍ အခြားသော အမျိုးသမီးများအပေါ်တွင် သဝန်တိုတတ်ပုံရသည်။
ဝဝလင်လင် စားသောက်ပြီးနောက် ဆိုင်ရှင်မသည် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေချိုးလိုက်ရာ တစ်ကိုယ်လုံးမှာ တောက်ပဝင်းပနေတော့သည်။
နုနယ်လှပသော ပါးပြင်လေးမှာ နီမြန်းနေပြီး အသားအရေမှာလည်း အကောင်းဆုံးသော ဆိတ်ဆီကျောက်ဖြူ ကဲ့သို့ ဖြူဝင်းနုညံ့နေသည်။
အလှပဂေးများစွာကို မြင်ဖူးထားသည့် လီယန်ချူပင်လျှင် အံ့ဩသွားရသည်။
ဆံပင်ရှည်နက်နက်များမှာ ကျောပြင်ပေါ်တွင် ပျော့ပျောင်းစွာ ကျနေပြီး ရေစက်လေးများမှာ တစ်ခါတစ်ရံ အောက်သို့ ကြွေကျနေကြသည်။
လီယန်ချူမှာတော့ ထို့သို့သာ တွေးနေမိတော့သည်။
အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာဟာ မမတွေပဲ ဆိုတာ တကယ်ပဲကိုး။
နောက်တစ်နေ့
မွန်းတည့်ခါနီးအချိန်ကျမှ လီယန်ချူသည် ထိုက်ဖင်တည်းခိုခန်းမှ ထွက်ခွာပြီး ချင်းယွန်းတာအိုကျောင်းသို့ ပြန်လာခဲ့သည်။
သူသည် အမှောင်ဖုံးအတတ်ပညာကို အသုံးပြုကာ ဘေးအန္တရာယ်များကို ဖယ်ရှားပြီး ဒိုချန်ပုတီး ကို အသက်သွင်းကာ မိမိ၏ အရှိန်အဝါများကို ဖုံးကွယ်ထားလိုက်သည်။
ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရခြင်းမှာ ဝေမြို့တွင် အေးအေးချမ်းချမ်း နေထိုင်လိုသောကြောင့်ပင်။
ဒီတစ်ခေါက် နတ်ဘုရားနယ်မြေတွင် သူ အနည်းငယ် လူသိများသွားခဲ့သည်။
အမှောင်ဖုံးအတတ်ပညာ သည်ပင်လျှင် အခြားသူများ၏ စိတ်ထဲမှ သူ၏ ပုံရိပ်ကို အကုန်အစင် ဖျောက်ဖျက်နိုင်မည် မဟုတ်ချေ။
အေးအေးဆေးဆေး ရက်အနည်းငယ် နေရမည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ အချိန်အတော်ကြာ အဆက်အသွယ် ပြတ်နေသော တရားရုံးတော်မှမှ ကျောက်ချန်း သည် လီယန်ချူထံသို့ အကူအညီ လာတောင်းတော့သည်။
"တာအိုဆရာလီ... ကွမ်ဖိန်ခရိုင် ထဲက ပျက်စီးနေတဲ့ မျိုးနွယ်ဝတ်ပြုကျောင်း တစ်ခုမှာ သရဲခြောက်နေလို့ပါ။ နာမည်ကြီး ကိုယ်တော်တွေ၊ တာအိုဆရာတွေကို ပင့်ပြီး နှိမ်နင်းခိုင်းတာလည်း မရတာနဲ့ ကျနော် အခု တာအိုဆရာဆီကို လာပြီး အကူအညီ တောင်းရတာပါ"
***