အားချိုးက မအိပ်ခဲ့ပေ၊ သူမက ထိုင်ခုံနောက်ကျောကို ပြင်းပြင်းထန်ထန် ဖိလိုက်သည်။ ကုလားထိုင်က နေရထိုင်ရအရမ်းကောင်းတယ်လို့ သူမ ခံစားမိသည်။ သူမက ကုလားထိုင်ကိုကိုင်ပြီး အတွင်းဘက်ကို ပြန်လှည့်ကာ ကုလားထိုင်၏ နောက်ကျောကို ဖြည်းညှင်းစွာ မတ်လိုက်သည်။ အားချိုးက အရမ်းကျေနပ်နေပေမယ့် တုံ့ဆိုင်းစွာမေးလိုက်သည်။
“ဆိုင်ရှင်၊ ဒီကုလားထိုင်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ”
ဆိုင်ရှင်က ပြုံးပြုံးလေးနဲ့ပြောသည်။
“မိန်းကလေး ဒီထိုင်ခုံက ဘယ်လောက်တောင် ခေတ်မှီလဲ။ ဒီလိုကောင်းတဲ့ ကုလားထိုင်က အနည်းဆုံး ငွေသုံးစလောက်တော့ ပေးရပါတယ်”
“ငွေသုံးစ ဟုတ်လား”
အားချိုးက တကယ်ကို ထိတ်လန့်သွားပြီး သူမမျက်လုံးတွေက ကြေးခေါင်းလောင်းလို ဝိုင်းစက်နေသည်။
“ဒီလိုကုလားထိုင်တစ်ခုအတွက် ငွေသုံးစတောင် ယူသလား၊ ပြီးတော့ ဒီဆိုင်မှာ ဒီတစ်လုံး ကျန်တော့တာကို မလျှော့ပေးဘဲ ဘယ်လိုတောင် ငွေသုံးစတောင်းရဲတာလဲ။”
ရယ်စရာတွေ၊ သူမ သုံးလလောက် အဝတ်လျှော်ပြီးမှ ဒီထိုင်ခုံကို ဝယ်နိုင်မှာပေါ့။
ရှင်းရှင်းလင်းလင်းကြီး ဓါးပြတိုက်နေတာပဲ။
“ကောင်မလေး ဒီလို ကုလားထိုင်တစ်လုံးပဲ ကျန်တော့တယ်ဆိုကတည်းက ဒါရောင်းအားကောင်းလို့လေ။ ဒီကုလားထိုင်မှာသာ ပြဿနာတစ်ခုခုရှာတွေ့ရင် ငါအလကားတောင် ပေးလိုက်ဦးမယ်”
“ဒီကုလားထိုင်က ဇီယန်က ကြိမ်နဲ့လုပ်ထားတာ၊ ပြီးတော့ ထိုင်ခုံခြေဆိုလဲကြည့် နင်းဂုတမှာ ရှာမတွေ့တဲ့အသားနဲ့ကွ။ ဒီလောက်ကောင်းတာ၊ သေချာပေါက် စျေးမြောက်တာပေါ့”
အားချိုးသည် သူပြောသော သစ်သားတွေကို မသိသော်လည်း ဒီလောက်ထိ အဖိုးတန်သည်ဟု မထင်ခဲ့ပေ။
“မဟုတ်သေးဘူး၊ အရမ်းဈေးကြီးနေတယ်။ ရှင် နည်းနည်လျှော့ပေးပါဦး မဟုတ်ရင် ကျွန်မ မဝယ်တော့ဘူး”
ဆိုင်ရှင်က ထပ်ပြောချင်သော်လည်း သူ့ပခုံးပေါ်၌ လက်တစ်ဖက်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ဆိုင်ရှင်သည် ကြောက်လန့်တကြား ဆဲဆိုကာ လှည့်ကြည့်လိုက်သည်။ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ မျက်နှာထားအမြန်ပြောင်းကာ ပြုံးပြီး
အားချိုးလည်း ဆိုင်ရှင်နောက်ကို လှမ်းကြည့်လိုက်သည်။ ထိုလူ၏မျက်နှာကို မြင်သည်နှင့် ရုတ်တရက်
ကုန်းဝမ်ကျဲက အားချိုးကို မကြည့်ခဲ့ပေ။ သူသည် ဆိုင်ရှင်ကိုငုံ့ကြည့်လိုက်သည်။ သူက အရပ်ရှည်ပြီး လူကောင်ထွားတာကြောင့် ဆိုင်ရှင်ရဲ့ဦးခေါင်းတစ်လုံးစာလောက် ပိုမြင့်နေခဲ့သည်။ အထူးသဖြင့် ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ မျက်နှာထားဖြင့် ဆိုင်ရှင်ကို ရှုံ့ချစွာစိုက်ကြည့်နေသည်။ ဒီလိုချပ်ဝတ်တန်ဆာတွေကြောင့် ဆိုင်ရှင်ရဲ့ အပြုံးက ငိုတာထက်တောင် ပိုဆိုးလာသည်။
ကုန်းဝမ်ကျဲက အားချိုး နံဘေးက လှုပ်ကုလားထိုင်ကို စိုက်ကြည့်ရင်း ဆိုင်ရှင်ကို စျေးမေးလိုက်သည်။
ဈေးဆိုင်ရှင်က သူ့ကို ဘယ်မှာ ငွေတောင်းရဲပါ့မည်နည်း။ သူက ပြုံးပြုံးလေးဖြင့်
“သခင်လေး ကြိုက်ရင် သခင်လေးရဲ့အိမ်တော်ကို ကျွန်တော်ပို့ပေးလိုက်ပါမယ်၊ ပိုက်ဆံကတော့ မယူတော့ပါဘူးဗျာ”
တစ်ချိန်လုံး နှုတ်ဆိတ်နေသော အားချိုးသည် အလျင်စလိုဖြင့် ဆိုင်ရှင်ရဲ့ အကျီလက်ကို ဆွဲလိုက်ပြီး
“ဆိုင်ရှင်၊ ကျွန်မ အရင်မေးတာလေ၊ တခြားသူတွေကို ဘယ်လိုလုပ်ရောင်းလို့ရမှာလဲ။”
ဆိုင်ရှင်က စိတ်မရှည်စွာဖြင့် အားချိုး၏လက်ကို ခါလိုက်ပြီး တစ်ချိန်တည်းမှာပင် သူက အမြန်ပြုံးကာ ကုန်းဝမ်ကျဲအား ပြောလိုက်သည်။
“သွားရအောင် သခင်လေး၊ ကျွန်တော် ကုလားထိုင် လိုက်ပို့ပေးမယ်”
နင်းဂုတသည် ကျောက်မင်းဆက်တွင် ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်သည်။ ဝေးလံခေါင်သီတဲ့အရပ်မှာ တည်ရှိပေမယ့် ကျောက်မင်းဆက်အတွင်း ရာဇ၀တ်ကောင်များကို ပြည်နှင်ဒဏ်ပေးသည့်နေရာများထဲမှ တစ်ခုဖြစ်တာကြောင့် အဓိကအားဖြင့် တော်ဝင်တရားရုံး၏ အရေးပါသော အရာရှိများထံ လွှဲအပ်ထားသည်။ ဤနင်းဂုတတွင် နေထိုင်သူနည်းပါးပြီး သက်တော်စောင့်များစွာရှိသည်။ ထိုထဲမှ ကိုယ်ရံတော်တပ်မှူး ကုန်းဝမ်ကျဲသည် မြို့အုပ်ချုပ်ရေးမှူးထက်ပင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ဆိုင်ရှင်သည် ဆယ်စုနှစ်များကြာအောင် စီးပွါးရေးလုပ်ခဲ့သူပင်၊ သူဘယ်မှာ နားမလည်ဘဲနေမည်နည်း။
ကုန်းဝမ်ကျဲသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဆိုင်ရှင်ကို ကြည့်လိုက်ပြီးနောက် ဒေါသအပြည့်ဖြင့် ကုလားထိုင်လက်ကိုင်ကို ကိုင်ထားသည့် အားချိုးကို ကြည့်လိုက်သည်။ သူဘာမှပြန်မပြောဘဲ ဈေးဆိုင်ရှင်ကို ခေါင်းညိတ်ပြပြီး သစ်သားထည်ဆိုင်မှ ထွက်လာခဲ့သည်။
ဆိုင်ရှင်သည် အမြန်ဝန်ထမ်းကို ကုလားထိုင်ကို ပို့ပေးရန် ပြောလိုက်သည်။ အားချိုးက ဝန်ထမ်းတွေ သယ်ဆောင်သွားတဲ့ ကုလားထိုင်ကို ကြည့်လိုက်သည်။ ဒီနေ့ ဒီကုလားထိုင်ကို သူမ မဝယ်နိုင်တော့ဘူးဆိုတာ သိလိုက်ရပြီး ဆိုင်ရှင်နဲ့ စကားပြန်မပြောချင်တော့တာကြောင့် ခေါင်းငိုက်စိုက်နဲ့ ဆိုင်က ထွက်လာခဲ့လိုက်သည်။
***