တောင်ခြေအထိ ကုန်းဝမ်ကျဲက စကားမပြောတော့ပေ။
“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရံတော်ကုန်း”
အားချိုးက တောင်ခြေရောက်တော့ ပြောလိုက်သည်။
“တောင်တက်လမ်းက ကြမ်းတော့ မြည်းလှည်းတွေ သွားရလာရ ခက်တယ်။ ကျွန်မဘာသာ သွားလိုက်ပါတော့မယ်။”
ကုန်းဝမ်ကျဲက သူမကို လျစ်လျူရှုပြီး ကြာပွတ်ကို လှုပ်ယမ်းလိုက်သည်။ မြည်းလှည်းက တောင်တက်လမ်းပေါ် တက်သွားခဲ့သည်။
“ကိုယ်ရံတော်ကုန်း တကယ်မလိုအပ်ပါဘူး။ ကျွန်မဘာသာ တက်လိုက်ပါ့မယ်။ သိပ်မဝေးဘူး”
ကုန်းဝမ်ကျဲသည် ယနေ့ ပုံမှန်မဟုတ်ဟုခံစားရသည်။ အားချိုးက စိတ်ထဲတွင် တုန်လှုပ်သွားသည်၊ ဒီလူက တောင်ပေါ်တက်ပြီး ဘာလုပ်ချင်တာလဲ။
ကုန်းဝမ်ကျဲက သူမကို ကြည့်ပြီး အေးစက်စွာ မျက်နှာကို လှည့်ကာ မြည်းလှည်းကို ဆက်မောင်းသွားခဲ့သည်။
ထိုအချိန်တွင် အားချိုးသည် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး လက်ကို ဘယ်မှာထားရမှန်းမသိတော့ပေ။ သူမလက်တွေကို ပွတ်သပ်ပြီး ကုန်းဝမ်ကျဲ ဘာလုပ်မလဲဆိုတာ ထပ်ခါထပ်ခါ တွေးနေမိသည်။ သူမကဲ့သို့ လက်အောက်ငယ်သားတစ်ဦးအတွက် ကုန်းဝမ်ကျဲ အပင်ပန်းခံစရာလိုပါသလား၊ ကုန်းဝမ်ကျဲက ကျုံးမင်းဝေဆီကို သွားနေတာများလား။
ဒါကို စဉ်းစားကြည့်တော့ အားချိုး နှလုံးသားက ခဏတာ ရုတ်တရက် ခုန်သွားသည်။
“ကိုယ်ရံတော်ကုန်း၊ အလုပ်တွေရှုပ်နေမှာပဲ။ တကယ်လိုက်ပို့စရာမလိုပါဘူး။ ဘယ်လောက်မှလဲ မဝေးတော့ ကျွန်မ ကိုယ်တိုင်သွားလိုက်မယ်။ မြန်မြန်ပြန်လိုက်ပါတော့”
အားချိုးက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားပြီး ကုန်းဝမ်ကျဲကို ပြုံးပြုံးလေး ပြောနေပေမယ့် သူ့နှလုံးသားကတော့ လှုပ်ယမ်းနေသည်။
“ကုလားထိုင်က အရမ်းလေးတယ်။ မြည်းလှည်းမပါဘဲ တောင်ပေါ်ကို ဘယ်လိုလုပ်သယ်နိုင်မှာလဲ”
“ကိုယ်ရံတော်ကုန်း၊ ဒီကုလားထိုင်ကို လိုက်ပို့ပေးနေတာလား”
အားချိုး အံ့အားသင့်သွားပြီး အမြန်ပိုက်ဆံအိတ်ကိုထုတ်ရာ ငွေသုံးစကို တွေ့လိုက်ရသည်။ သေချာ တွေးပြီးတဲ့အခါ သူမ အံသွားကိုကြိတ်ပြီး ငွေတစ်စ ထုတ်လိုက်လေသည်။ သူမက ကုန်းဝမ်ကျဲဆီကို ပေးလိုက်ပြီး
“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရံတော်ကုန်း၊ ဒါက ကုလားထိုင်အတွက် ပိုက်ဆံနဲ့ မြည်းလှည်းစရိတ်ပါ။”
ကုန်းဝမ်ကျဲက သူ့လက်ဖဝါးထဲက ငွေတစ်စကို ကြည့်ပြီး
“မင်းက ချမ်းသာတယ်ဆိုတာ ငါမသိခဲ့ဘူး။ အဲ့လောက် ချမ်းသာနေတယ်ဆိုရင်လည်း ခုနက လက်သမားဆိုင်မှာ ဘာလို့ ဈေးဆစ်နေတာလဲ။”
အားချိုး အနည်းငယ်ရှက်သွားသည်။ သူမက ခေါင်းငိုက်စိုက်နဲ့
ကုန်းဝမ်ကျဲက သူမကို တစ်ချက်ကြည့်လိုက်ပြီး လမ်းကြားထဲ မောင်းသွားသည် ။
“မြို့တော်မှာတုန်းက သွမ့်ချန်းဟုန်က ငါတို့ညီအစ်ကိုတွေကို ဆယ်လျန်ပေးခဲ့သေးတယ်”
ကုန်းဝမ်ကျဲ၏ နဖူးက ပိုမိုပြင်းထန်စွာ ကြုံ့သွားပြီး မြည်းပေါ်သို့ ကြာပွတ်ကို စိတ်မရှည်စွာ ရိုက်ချလိုက်သည်။
အားချိုးက အတင်းမပေးတော့ဘဲ ငွေစကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်ထားလိုက်ပေမယ့် အားနာနေဆဲပင်။ သူမက ကုန်းဝမ်ကျဲကို ပြုံးပြပြီး
ကုန်းဝမ်ကျဲက သူမကို လျစ်လျူရှုပြီး မြည်းလှည်းကို တောင်ကုန်းပေါ်ရှိ ခြံဝင်းဆီသို့ မှန်မှန် မောင်းသွားခဲ့သည်။
မြည်းလှည်း တည်ငြိမ်စွာ ရပ်သွားသောအခါ အားချိုးသည် အပေါ်မှ ခုန်ဆင်းသွားသည်။ ထိုအချိန်တွင်၊ ကုန်းဝမ်ကျဲသည် မြည်းလှည်းပေါ်မှ ကုလားထိုင်ကို သယ်ပြီး ခြံဆီသို့ လျှောက်သွားခဲ့သည်။ အားချိုးက အမြန် ခြံတံခါးကို အမြန်ဖွင့်လိုက်ပြီး တစ်ဖက်ကို မီးတုတ်ကိုကိုင်ကာ ကုန်းဝမ်ကျဲနှင့်အတူ ဝင်လာလိုက်သည်။
အားချိုးက ကုန်းဝမ်ကျဲကို ပင်မခန်းမထဲသို့ ခေါ်သွားခဲ့သည်။
ကုန်းဝမ်ကျဲသည် ကုလားထိုင်ကို ချလိုက်ပြီး သန့်ရှင်းသပ်ရပ်နေသော ပင်မခန်းမကို လှည့်ပတ်ကြည့်ရင်း နောက်ဆုံးတွင် အိပ်ခန်း၏ တံခါးပေါ်သို့ မျက်လုံးများက ရောက်သွားသည်။
အားချိုးသည် ရုတ်တရက် ကုန်းဝမ်ကျဲ တံခါးအား တွန်းဝင်သွားမှာကို ကြောက်ရွံ့နေသည်။ ကျုံးမင်းဝေရဲ့ အနှီးက စိုနေပြီလားမသိ၊ ကျုံးမင်းဝေသည် မာနကြီးသောလူဖြစ်၍ သူ၏ဆိုးရွားသောအခြေအနေကို အခြားသူများမြင်ပါက အလွန်နာကျင်ရပေလိမ့်မည်။
လက်ရှိတွင် အားချိုးသည် တံခါးဝသို့ အလျင်အမြန်လျှောက်လာပြီး နေရခက်စွာ ရှေ့တွင် ပိတ်ရပ်လိုပ်သည်။ တစ်ချိန်တည်းမှာပင် သူမက ကုန်းဝမ်ကျဲအား
“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရံတော်ကုန်း။ အချိန်က မစောသေးဘူးဆိုတော့ ရေနွေးကြမ်းနဲ့ဧည့်မခံတော့ဘူးနော်။ မိုးမချုပ်ခင် မြန်မြန်ပြန်သင့်တယ်”
***