ကုန်းဝမ်ကျဲ၏ မျက်လုံးများက သူမမျက်နှာပေါ်သို့ ကျဆင်းသွားပြန်သည်။ အားချိုးက စိတ်မလုံမလဲဖြင့် မျက်နှာလွှဲလိုက်ရာ သူသည်လည်း ခန်းမကြီးထဲမှ တည့်တည့်ထွက်လာလိုက်သည်။ အားချိုးရဲ့ စိတ်တွေ ပြေလျော့သွားပြီး အမြန် ကုန်းဝမ်ကျဲကို လိုက်ပို့သည် ။
ကုန်းဝမ်ကျဲကိုတွေ့ပြီးနောက် အားချိုးသည် ပင်မခန်းမဆီသို့ အမြန်ပြန်သွားခဲ့သည်။ သူမသည် ပင်မခန်းမရှိ ကုလားထိုင်ကို ကြည့်ပြီး နံရံဆီသို့ ရွှေ့လိုက်သည်။ နောက်တော့ အမြန် တံခါးဖွင့်ပြီး အိပ်ခန်းထဲဝင်ကာ ကျုံးမင်းဝေအား သတင်းကောင်းကို ဝမ်းသာအားရ ကြေငြာရန်ပြင်လိုက်သော်လည်း လေထဲ၌ ထူးဆန်းသော အနံ့ကို ရလိုက်မိသည်။ အားချိုး အံ့ဩသွားပြီး အလျင်အမြန် ကျုံးမင်းဝေအတွက် သန့်ရှင်းတဲ့အနှီးတစ်ထည်ယူကာ သူ့ရဲ့ စိုစွတ်နေတဲ့ပေါင်ကို သုတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမက အရမ်းအားနာနေပြီး ကျုံးမင်းဝေအား
“ကျွန်မ အမှားပါ။ ပြန်လာတာ နောက်ကျသွားတော့ မအောင့်နိုင်တော့ဘူးမလား။ ကျွန်မ ခဏနေမှ ရှင့်ခန္ဓာကိုယ်ကို ရေဝတ်သုတ်ပေးတော့မယ်နော်။”
ကျုံးမင်းဝေက အားချိုးကို “အင်း” ဟုသာ ခပ်တည်တည်ပြောလိုက်သည်။
အားချိုး သူနေရတာ အဆင်မပြေဘူးဆိုတာ သိပြီး ကုလားထိုင်အကြောင်းမပြောတော့ဘဲ ရေနွေးတည်ဖို့ မီးဖိုချောင်ကို သွားလိုက်သည်။
ရေနွေးဆူလာသောအခါ အားချိုးသည် ဇလုံထဲထည့်ပြီး အအေးခံကာ ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ကို သေသေချာချာ သုတ်လိုက်သည်။ သူ့နောက်ကျောကို သုတ်ပေးရင်း အားချိုးက နည်းနည်းပျော်ရွှင်စွာဖြင့်
“ရှင့်ရဲ့ အနာက ပိုကောင်းလာပြီ၊ သုံးရက်ငါးရက်လောက်ဆိုရင် ပျောက်တော့မယ်ထင်တယ်”
ခပ်နွေးနွေးအဝတ်စက သူ့ကိုယ်ပေါ် ပွတ်သပ်နေတာကြောင့်၊ ကျုံးမင်းဝေရဲ့ စိတ်အခြေအနေက ပိုကောင်းလာပြီး ဒီအချိန်မှာ သူ စကားပြောချင်စိတ် ရှိလာသည် ။
“အော်၊ ကျွန်မ ဈေးမှာ နောက်မှီကုလားထိုင်တစ်လုံးဝယ်ရင်း ကုန်းဝမ်ကျဲနဲ့ တွေ့ခဲ့တယ်လေ။ သူကလည်း အားနေတော့ ကုလားထိုင်ကို အိမ်ပြန်သယ်လာဖို့ ကူညီပေးခဲ့တယ်”
“ကုလားထိုင်က အရမ်းမိုက်ပြီး ကျယ်လဲကျယ်သေးသည်။ သစ်ကောင်းနဲ့ လုပ်ထားတာတဲ့၊ စမ်းထိုင်ကြည့်ပါ့လား။ အရမ်းထိုင်လို့ ကောင်းတယ်၊ နောက်ကျ ခြေထောက်နည်းနည်းလှုပ်နိုင်လာရင် နေပူဆာလှုံကြတာပေါ့”
အားချိုးက သူစိတ်အခြေအနေမကောင်းဖြစ်နေသည်ဟု ထင်ပြီးနောက် ထိတ်လန့်လာသည်။ ကျုံးမင်းဝေ၏ခြေထောက်များကို သုတ်နေစဉ် ကျုံးမင်းဝေသည် ဘာကို စိတ်ဆိုးနေသည်အား စဉ်းစားနေမိသည်။ သူမ တစ်ခုခုမှားပြောမိကာ ကျုံးမင်းဝေကို ထပ်ပြီး စိတ်ဆိုးစေမိမှာလည်း စိုးမိသည်။ ယခု သူမသည် ကျုံးမင်းဝေနှင့် အဆင်ပြေချင်သည်။ များသောအားဖြင့် အားချိုးသည် စကားများပြီး ရယ်မောနေတတ်သော်လည်း ဒီအချိန်မှာ သူမက အရမ်းသတိထားနေခဲ့သည်။ သို့သော်လည်း ကျုံးမင်းဝေရဲ့ ကျန်းမာရေးက မကောင်းပေ၊ နေမကောင်းတဲ့သူတွေရဲ့ ဒေါသက ပိုကြီးတတ်တာ မလွဲမသွေမို့ သူမ စိတ်ထဲမထည့်ပေ။
ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ကို ရေဝတ်တိုက်ပြီးနောက် အားချိုးသည် အမြန်စားဖို့ပြင်လိုက်သည်။ သူမ ခေါက်ဆွဲနဲ့ပြန်ဝင်လာတော့ မှောင်နေပြီဖြစ်တာကြောင့် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်သည်။
ကျုံးမင်းဝေက သူ့ဘာသူ ခေါက်ဆွဲစားဖို့ ကြိုးစားနေတုန်းဆိုပေမဲ့ သိပ်မထိရောက်ပေ။ ပန်းကန်လုံးသေးသေးတစ်ဝက်လောက်ပဲ စားရသေးတာကြောင့် အားချိုးကမြင်ပြီး စိတ်ပူသွားရသည်။
“ကျွန်မ ခေါက်ဆွဲပန်းကန်ကို သွားနွှေးပေးမယ်၊ အေးနေပြီ”
ကျုံးမင်းဝေသည် အားချိုး၏ ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေသည်။
အားချိုး အံ့သြသွားပြီး သူမ၏ ပန်းကန်လုံးအပြည့်ခေါက်ဆွဲများကို ငုံ့ကြည့်လိုက်သည်။ နောက်တော့ သူမ ရှက်သွားပြီး ခေါက်ဆွဲမျှင်လေးကို ခေါင်းငုံ့ကာ စားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျုံးမင်းဝေကို ကြည့်လိုက်သည်။ တစ်နည်းနည်းနဲ့၊ အားချိုးက ကျုံးမင်းဝေဟာ မနေ့ကနဲ့ ဒီနေ့ စိတ်အခြေအနေမတူနေဘူးဟု ခံစားရသည်။
ရုတ်တရက် ကျုံးမင်းဝေက ပန်းကန်လုံးထဲရှိ ခေါက်ဆွဲတွေကို မွှေပြီး အားချိုးကို မေးလိုက်သည်။
“သူတို့က ညီအစ်ကိုနှစ်ယောက်ရှိတယ်၊ အစ်ကိုကြီးနာမည်က ကုန်းဝမ်မင်းနဲ့ အငယ်ရဲ့နာမည်က ကုန်းဝမ်ကျဲဆိုပြီး။ ဒီနေ့တော့ ကျွန်မ အဲ့ဒီညီနောင်ထဲကအစ်ကိုကြီးနဲ့တွေ့တော့ သူက ကျွန်မကို ထိုင်ခုံလက်ဆောင်ပေးလိုက်တာ”
ကျုံးမင်းဝေ၏ မျက်နှာက ပိုကောင်းလာသည်။ ခေါက်ဆွဲစားပြီးတဲ့ နောက်မှာ သူက ထပ်မေးလိုက်သည်။
“အရင် အစောင့်ကရော”
***