အားချိုး အံ့သြသွားသည်။ ထို့နောက် ကျုံးမင်းဝေက လောင်ကျန်းအကြောင်း မေးသည်ကို သူမ သိလိုက်သည်။ ကျုံးမင်းဝေက ကုလားထိုင်ကို လာပို့တဲ့သူက လောင်ကျန်းဟုထင်နေတာဖြစ်လိမ့်မည်။ လောင်ကျန်းသည် ကျုံးမင်းဝေအား မည်ကဲ့သို့ ဆက်ဆံခဲ့သည်ကို သူမ ပြန်စဉ်းစားမိပြီး ကျုံးမင်းဝေ ဘာကြောင့် စိတ်ဆိုးနေသည်ကို အားချိုး ချက်ချင်းနားလည်လိုက်သည်။
“ကျွန်မ ကိုယ်ရံတော်ကုန်းကို မေးကြည့်တော့ လောင်ကျန်းလို့ ခေါ်တဲ့ သက်တော်စောင့်ကို မြို့တော်ဆီ ပြန်ပို့လိုက်ပြီတဲ့။ သူက ဒီဘက်ကို နောက်ထပ်ပြန်မလာတော့ဘူးလို့ ပြောတယ်”
အားချိုးက ဖြည်းညှင်းစွာပြောသည်။ သူမ ပန်းကန်ကိုချကာ ကျုံးမင်းဝေအား မေးလိုက်သည်။
“ဟင်းရည်သောက်ချင်သေးလား”
“ဟင့်အင်း”
ကျုံးမင်းဝေသည် ခေါက်ဆွဲကိုထပ်မံ အချိန်အတော်ကြာအောင် ဆက်စားခဲ့သည်။ ထို့နောက် သူက တိုးတိုးလေးပြောသည်။
“ငါပဲနီယာဂု စားချင်တယ်”
“ဟုတ်ပြီ၊ မနက်ဖြန် မနက်ကျ အရှင့်သားအတွက် လုပ်ပေးပါ့မယ်”
အားချိုးက ပြုံးပြီး ပြောသည်။ နောက်ဆုံးတော့ သူမစိတ်အေးသွားပြီး လေပြန်ပေါလာသည်။
ကျုံးမင်းဝေက ခေါင်းမော့ပြီး အားချိုးကို ကြည့်၍ အနည်းငယ် ခေါင်းခါလိုက်သည်။
“လောင်ကျန်းက မြို့တော်ကို တကယ်ပြန်သွားတာလား”
ညစာစားပြီးနောက် အားချိုးသည် ကျုံးမင်းဝေကို ပုံမှန်အတိုင်း နှိပ်ပေးနေသည်။ ပခုံးကို ဖိညစ်ရင်းနဲ့ ကျုံးမင်းဝေက ရုတ်တရက် ပြောလိုက်ခြင်းပင်။
“ဟုတ်တယ်၊ လောင်ကျန်းက အလျင်စလိုပြန်သွားရပြီး နောက်ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကိုယ်ရံတော်ကုန်းက ပြောတယ်၊ သူတို့ကုန်းညီနောင် နှစ်ယောက်က နောက်ကျ ဒီနင်းဂုတကို စောင့်ကြပ်ပေးရတော့မှာတဲ့”
“စိတ်မပူပါနဲ့ လောင်ကျန်းက နင်းဂုတကို ပြန်မလာနိုင်လောက်တော့ဘူး။”
ကျုံးမင်းဝေသည် ခေတ္တတိတ်နေပြီးမှ ရုတ်တရက် ပြောလိုက်၏။
“လောင်ကျန်းက တော်ဝင်ကိုယ်ရံတော်အဖွဲ့က မဟုတ်ပေမယ့် မြို့တော်အကြောင်း အကုန်သိနေတယ်။ သူက မြို့တော်နဲ့ အနီးကပ် အဆက်အသွယ်ရှိတယ်ဆိုတာ ထင်ရှားတယ်။ သူက အရေးပါတဲ့အရာရှိ၊ ဒါမှမဟုတ် အနောက်ဆောင်ရဲ့ မိဖုရားတွေထဲက တစ်ယောက်ယောက် လွှတ်ထားတာပဲ”
ကျုံးမင်းဝေသည် နင်းဂုတကို ပထမဆုံးလာရောက်တုန်းက အကြောင်းကို တွေးလိုက်မိသည်။
အားချိုး၏လက်သည် ရုတ်တရက်ရပ်တန့်သွားကာ လူတစ်ယောက်လုံး အေးခဲသွားပြီး အချိန်အကြာကြီး နှေးကွေးသွားသည်။
“ရှင်က အရှင်မင်းကြီးရဲ့ သားပဲ။ ဘာလို့ ရှင့်ကို ဘာလို့သတ်ချင်တာလဲ။”
ကျုံးမင်းဝေက အဝါရောင် ဖယောင်းတိုင်မီးကို စိုက်ကြည့်ရင်း နက်မှောင်သော မျက်လုံးများ မှေးထားလိုက်သည်။
“ငါငယ်ငယ်ကတည်းက အဖေကို ကြောက်ခဲ့တယ်၊ အဲဒါ သူက နိုင်ငံကို အုပ်ချုပ်တဲ့ ဧကရာဇ်တစ်ယောက်ဖြစ်နေတာကြောင့်မဟုတ်ဘဲ ငါ့ကို မုန်းတီးနေတယ်လို့ အမြဲခံစားခဲ့ရလို့ပဲ”
အားချိုးသည် သူ၏ ပေါ့ပါးသော လေသံကို နားမလည်ပေ။
“ရှင်က သူ့ရဲ့အကြီးဆုံး သားဦးပဲလေ။ ပြီးတော့ အရှင်မင်းကြီးနဲ့ နတ်ရွာစံဧကရီကြားက ဆက်ဆံရေးက နက်ရှိုင်းတယ်လို့ ကြားဖူးတယ်။ ရှင်က နတ်ရွာစံဧကရီရဲ့ တစ်ဦးတည်းသောသားပဲဟာ၊ ရှင့်ကိုဘာလို့ ထိခိုက်အောင် လုပ်ပြီး မုန်းပါ့မလဲ”
“ဒါပေမယ့် မယ်တော်က ငါ့ကြောင့် သေသွားတာဆိုရင်ရော”
အားချိုးသည် အေးမြသောလေကို ရှုရှိုက်ရင်း အတန်ကြာမှ အသံတိုးတိုးဖြင့် မေးသည်။
“နတ်ရွာဧကရီက ပြင်းထန်တဲ့ ရောဂါကြောင့် ဆုံးပါးသွားတာ မဟုတ်ဘူးလား”
“ပြင်းထန်တဲ့ ရောဂါလို့ ပြောရလောက်ပေမယ့် အတိအကျဆိုရင် ဒါက ရောဂါကိုအမြတ်ပြတ်တဲ့အထိ ကုသမှုမခံယူဘဲ မီးဖွားခဲ့လို့ ဆုံးသွားတာပဲ
***