ကျောက်ကွေ့ဖေး၏မိသားစုဖြစ်သော ကျောက် မိသားစုသည် တကျိုးတွင် ကျော်ကြားသောမိသားစုဖြစ်သည်။ အရင်တုန်းက ကျောက်ကွေ့ဖေးရဲ့အဖေမှာ အလွန်အာဏာကြီးခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်တွင် သူသည် ရောဂါဖြင့် ကွယ်လွန်ခဲ့ရာ ကျောက်ကွေ့ဖေး၏အစ်ကိုဖြစ်သူ ကျောက်ချန်းရုံက ထိုရာထူးကို လွှဲပြောင်းရယူလိမ့်မည်ဟု ထင်မြင်ကြသည်။ သို့သော် ဆင်းရဲနွမ်းပါးပြီး နိမ့်ကျသော သွမ့်ချန်းဟုန်က အိမ်ရှေ့စံမင်းသားရဲ့ဆရာနေရာမှ ရာထူးတက်သွားခဲ့သည်။ ကျောက်မိသားစုသည် အလွန်စိတ်တိုနေကြပါသော်လည်း မညည်းညူဝံ့ပေ။ အရှင်မင်းကြီးက အိမ်ရှေ့မင်းသားကို သိသိသာသာထောက်ပံ့နေတာကို ဘယ်သူကပြောလို့ရပါ့မလဲ။
မယ်တော်ကြီးနှင့် အိမ်ရှေ့မင်းသားနောက်ကွယ်ရှိ ဧကရီ၏မိသားစု ရွှီ မျိုးနွယ်တို့သည် ပြဿနာရှာရန် မလွယ်ကူပေ။ ကျိုးမင်းဆက် တည်ထောင်ပြီး နှစ်ပေါင်းတစ်ရာအတွင်း ဧကရာဇ်၏ မျိုးရိုးအမည်မှာ ကျုံးသို့ပြောင်းသွားရခဲ့သော်လည်း ဧကရီများအားလုံး၏ မျိုးရိုးနာမည်မှာရွှီဖြစ်သည်။ ဤသည်မှာ စစ်ပွဲတွင် တကျိုးအတွက် ရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်ပေးခဲ့သော ရွှီမျိုးနွယ်၏ ကြီးမားသော စစ်ရေးအောင်မြင်မှုများကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ကျိုးမင်းဆက်၏ ဧကရီများအားလုံး ရွှီမျိုးနွယ်မှ ဆင်းသက်လာရန် ဆုံးဖြတ်ခဲ့သည်။
ဧကရီတိုင်းသည် ရွှီမျိုးရိုးမှ ဆင်းသက်လာသည်သည်မက ရွှီမျိုးနွယ်တွင် နယ်ပိုင်နယ်မြေ ၃ခုရှိခဲ့သည်။ သူတို့သည် ကျောက်မင်းဆက်၏ သြဇာအကြီးဆုံး အမျိုးနွယ်များဖြစ်သည်။ သို့သော် ဤမျိုးဆက်တွင် ရွှီမျိုးနွယ်၏ သားသမီးများသည် ယခင်ကကဲ့သို့ ထူးချွန်ထင်ရှားခြင်းမရှိသော်လည်း စစ်ကြီးချုပ်များစွာရှိနေဆဲဖြစ်သည်။ မြို့တော်မှာ တပ်ဖွဲ့နဲ့ နိုင်ငံရေးအာဏာကို မရရှိတဲ့ ကျောက်မိသားစုနှင့် နှိုင်းယှဉ်ရင် ကြီးမားနေဆဲဖြစ်ရာ ကျောက် မိသားစုက လွယ်လွယ်နဲ့ မနှောင့်ယှက်ဝံ့ပါချေ။
ထို့ကြောင့် ကျောက်မိသားစုသည် ရာထူးကိစ္စအတွက် စိတ်ဆိုးနေသော်လည်း နောက်ဆုံးတွင် မဖြေရှင်းနိုင်ခဲ့ပေ။ သို့သော် ယခု သွမ့်ချန်းဟုန် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ကျောက်ချန်းရုံသည် ထိုရာထူးအတွက် ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ မေလအစတွင် အရှင်မင်းကြီးသည် ကျောက်ချန်းရုံအား လက်ယာအမတ်ရာထူးသို့ မြှင့်တင်ခဲ့သည်။
“အခုခေတ် လူတွေရဲ့ မိသားစု နောက်ခံကို သိပ်မကြည့်ကြတော့ဘူးလားမသိပါဘူး”
ကျောက်ကွေ့ဖေးက ဖြည်းညင်းစွာ ပုတီးစေ့ဆံညှပ်ကို စားပွဲပေါ်တင်ပြီး စားပွဲပေါ် ပစ်ချလိုက်၍ အေးစက်စွာပြောသည်။
“အရှင်မင်းကြီးက ချွေ့ယို့အန်ကို ဆက်ရာထူးတိုးနေတော့ ဒုတိယမင်းသားဘက်ကို ယိမ်းနေပုံပဲ၊ နောက်ကျ ယန်ရှီးနန်ဆောင် မရှိတော့မှာတောင် ကြောက်မိတယ်။”
“မယ်တော်၊ ဒီလိုဆက်သွားနေလို့မရဘူး။ ခုနက ဘုရားကျောင်းမှာတုန်းက ခမည်းတော်နဲ့ ဒုတိယမင်းသားတို့ တကယ့်ကို သားအဖေပုံစံဖြစ်နေတာ မြင်တယ်မလား”
ကျုံးမင်းကျန်းက အရမ်းစိတ်ပူကာ လက်သီးအဖြစ် ဆုပ်လိုက်ပြီး မျက်လုံးတွေ တောက်လောင်လာသည်။
“ ချွေ့ယို့အန် ရာထူးတိုး မတိုးတော့ မသိဘူး။ ဒါပေမဲ့ ခမည်းတော်က ဒုတိယမင်းသားကို အဲ့လောက်တန်ဖိုးထားနေရင် အိမ်ရှေ့စံရာထူး ပေးလိုက်တော့မှာလားမသိဘူး”
နတ်ရွာစံဧကရီ၏ ယဇ်ပူဇော်မည့်နေ့ ကျရောက်တော့မည်ဖြစ်တာကြောင့် အခမ်းအနားအတွက် ပြင်ဆင်မှုများအတွက် အရှင်မင်းကြီးသည် လူကိုယ်တိုင် ဘုရားကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။ ကျောက်ကွေ့ဖေးတို့သားအမိနှင့် ရှုဖေးတို့သားအမိတို့သည် အတူတကွ နတ်ရွာစံဧကရီ၏ ကမ္မည်းတိုင်ကို မျက်နှာမူကာ ဂါဝရပြုနေစဉ် ဒုတိယမင်းသား ကျုံးမင်းကျန်းသည် ဝမ်နည်းကြေကွဲဖွယ်အသံဖြင့် ဝတ်ပြုကိုးကွယ်သည့် သီချင်းကို သီဆိုခဲ့ရာ အရှင်မင်းကြီးထံမှ ချီးကျူးခံ့ခဲ့ရလေသည်။
“မင်း ခမည်းတော်က ရှုဖေးနှင့် ဒုတိယမင်းသားကို မျက်နှာသာပေးတဲ့အနေနဲ့ ချွေ့ယို့အန်ကို ရာထူးတိုးပေးခဲ့တာပဲ”
ကျောက်ကွေ့ဖေးက လက်ဖက်ရည်သောက်ရင်း ညည်းတွားသည်။
“အရှင်မင်းကြီးက ငါတို့ကိုသံသယဝင်နေပြီလားမသိပါဘူး”
“အရှင်မင်းကြီးက သံသယဝင်ရင် နေရာတိုင်းမှာ အမြဲစောင့်ကြည့်နေလိမ့်မယ်။ ဒီနေ့ မင်းအဖေရဲ့ သဘောထားကို မြင်လိုက်တယ်မလား”
ကျောက်ကွေ့ဖေးက ကျုံးမင်းကျန်းအား အေးစက်သောလေသံဖြင့်
“မင်း သူများကိုကြည့်၊ ဒုတိယမင်းသားက ခမည်းတော် ဘာကို သဘောကျလဲဆိုတာ သိတယ်။ မင်းမှာတော့ မင်းဘာကိုပြောရမှန်းကိုမသိဘူး”
ကျုံးမင်းကျန်းက နှာရှုံ့လိုက်ပြီး
“ဒုတိယမင်းသားက အမြီးနှံ့နေတဲ့ခွေးလိုမျိုး ခမည်းတော်ကို မြင်တာနဲ့ အမြဲဖားယားနေတာကို။”
***