“ဒါပေမယ့် မင်းခမည်းတော်က ဒီလိုဖားယားတဲ့ခွေးမျိုးကို ကြိုက်နေတာပဲလေ။”
ကျောက်ကွေ့ဖေးသည် ကျုံးမင်းကျန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“တခြားလူရဲ့ ရာထူးက မင်းထက်ပိုမြင့်ရင် မင်းက ခွေးထက်တောင် ပိုနိမ့်သွားမှာ မဟုတ်ဘူးလား”
ကျုံးမင်းကျန်းသည် ထိုစကားကိုကြားသည်နှင့် တပြိုင်နက် သူက ပို၍ပင် ပြင်းထန်စွာ မျက်မှောင်ကြုတ်ကာ
“အမေ၊ ဒုတိယသားက ကျွန်တော့်ထပ် မျက်နှာသာပိုပေးခံရမယ်ထင်တာလား”
“မထင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းခမည်းတော်က ငါတို့ကျောက်မိသားစုရဲ့ မျက်နှာကို အာရုံစိုက်မှာပါ”
ကျောက်ကွေ့ဖေးက တိုးတိုးလေး သက်ပြင်းချလိုက်သည်။
“မင်းရဲ့ စတုတ္ထညီလေး ရေကျောက်ပေါက်တာ သက်သာနေပြီ။ မင်းအားတဲ့အချိန် မင်းရဲ့ စတုတ္ထညီနဲ့အတူ ခမည်းတော်ဆီသွားလိုက်ဦး။”
“ ကျွန်တော်က နေ့တိုင်း တော်ဝင်တရားရုံးမှာ အလုပ်ရှုပ်နေတာ၊ ဘယ်လိုလုပ် စတုတ္ထညီလေးနဲ့ ကစားပေးလို့ရပါ့မလဲ။”
ကျောက်ကွေ့ဖေးသည် မျက်ခုံးပင့်ကာ ကျုံးမင်းကျန်းအား ပြင်းထန်စွာ ကြည့်လိုက်သည်။
“မင်းခမည်းတော်ရဲ့ မျက်နှာပေးတာကို လိုချင်ရင် မင်းရဲ့ စတုတ္ထညီကို ကပ်သင့်တယ်လေ။”
စတုတ္ထမင်းသား ကျုံးမင်းရုံသည် ယခုနှစ်တွင် ရှစ်နှစ်သာရှိသေးပြီး သူသည် တက်ကြွပြီး ချစ်ဖို့ကောင်းတာကြောင့် အရှင်မင်းကြီးက သူ့ကို အလွန်နှစ်သက်ပေသည်။
ကျုံးမင်းကျန်းသည် အမြန်ပင် ကျောက်ကွေ့ဖေးအတွက် ရေနွေးကြမ်းကို လောင်းထည့်ပေးလိုက်သည်။
“သားတော်ကို အလင်းပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ရေနွေးသောက်ပါဦး”
ပိချောင် ဝင်လာသောအခါ၊ မယ်တော်ကြီးသည် ဘေးခန်းမ၌ ဘုရားစာများကို ရွတ်ဆိုနေသည်။ ပိချောင်သည် ပေါ့ပါးသော ခြေလက်များဖြင့် မယ်တော်ကြီး နားရွက်နား ကပ်ကာ တစ်စုံတစ်ခု တိုးညှင်းစွာ ပြောလိုက်သည်။ မယ်တော်ကြီးသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ သူမ၏လက်ကို ပိချောင်ဆီသို့ မြှောက်ပေးလိုက်သည်။ ပိချောင်သည် အလျင်အမြန် မယ်တော်ကြီးကို ကူတွဲပေးရင်း အိပ်ဆောင်ခန်းမဆီသို့ ဖြည်းညှင်းစွာပြန်ပို့ခဲ့သည်။
မယ်တော်ကြီးသည် အိပ်ရာဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ထိုင်ကာ ပိချောင်ကို မေးသည်။
“ဟုတ်ကဲ့၊ ကျောက်ကွေ့ဖေးနဲ့ ရှုဖေး ရှေ့မှာ ပြောခဲ့တာတဲ့။ ဘုရားကျောင်းက လူတိုင်းပြောနေကြတာဆိုတော့ မမှားနိုင်ပါဘူး”
ပိချောင်က ရေနွေးကြမ်းတစ်ခွက်ကို မယ်တော်ကြီးအတွက် လောင်းထည့်လိုက်ပြီး သူမဆီ ယူဆောင်လာခဲ့သည်။
“မယ်တော်ကြီး ကျမ်းစာရွတ်ဖတ်တာ ကြာနေပါပြီ၊ လည်ချောင်း စိုစွတ်အောင် ရေနွေးကြမ်းလေးသောက်ပါဦး။”
မယ်တော်ကြီးက ရေနွေးသောက်ပြီး အဖုံးကို ညင်သာစွာပိတ်ကာ
“ဒုတိယမင်းသားနဲ့ တတိယမင်းသားက မငယ်တော့ဘူး။ ဒုတိယမင်းသားက ဒီနှစ် နှစ်ဆယ့်ငါးနှစ်၊ တတိယမင်းသားက အသက်နှစ်ဆယ့်နှစ်နှစ်ရှိနေပြီ။ သူတို့နန်းတွင်းမှာရှိနေတာ နှစ်တော်တော်ကြာနေပြီဆိုတော့ ဝမ်ရယ်ဘွဲ့ပေးတာလဲ မဆိုးပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်က အသက်မတူတာကို တစ်ချိန်တည်း ဘွဲ့တူတူပေးလိုက်တာတော့ ထူးဆန်းတယ်။”
“ဟုတ်ကဲ့၊ ကျွန်မလည်း ကြားတုန်းက အရမ်းအံ့ဩသွားပါတယ်။”
ပိချောင်က ခဏရပ်လိုက်သည်။ ပိချောင်သည် မယ်တော်ကြီးကို သတိထားပြီး ကြည့်ကာ
“အရှင်မင်းကြီး မင်းသားနှစ်ယောက်လုံးကို ဘွဲ့ရာထူးအတူတူပေးတာ မသင့်တော်ဘူးလို့ ကျွန်တော်မျိုးမ ထင်မြင်မိပါတယ်။ ကျောက်မိသားစုရဲ့ နောက်ခံက ချွေ့မိသားစုထက် ပိုမြင့်တယ်မဟုတ်ဘူးလား...”
“တတိယမင်းသားက ဧကရီပြီးရင် ရာထူးအကြီးဆုံးကျောက်ကွေ့ဖေးကနေ မွေးဖွားလာရုံတင်မကဘူး သူ့နောက်က ကျောက်မိသားစုကလည်း တောင့်တင်းသေးတယ်။ ဒါပေမဲ့ ဒုတိယမင်းသားမှာလဲ ထူးခြားတဲ့အချက်တွေရှိပါတယ်။ အခု မင်းဝေ နန်းကျသွားပြီဆိုတော့ ဒုတိယမင်းသားက အရှင်မင်းကြီးရဲ့ အကြီးဆုံးသားတော်ပဲ။ အရှင်မင်းကြီးအတွက် အကြီးဆုံးသားတော်နေရာက အရေးကြီးတယ်၊ ပြီးတော့ သူက သူ့အခြေအနေလည်း နားလည်တယ်။”
ပိချောင်သည် မယ်တော်ကြီး၏ပုံစံကိုကြည့်ကာ အသံသေးသေးလေးဖြင့်
“ဘယ်လိုလုပ် သူက အကြီးဆုံးမင်းသား ဖြစ်မှာလဲ၊ ကျွန်မတို့ ရွှီမိသားစုက တခြားမိသားစုတွေနဲ့ မတူဘူး...”
မယ်တော်ကြီးက မျက်မှောင်ကြုတ်ပြီး လက်ထဲက ခွက်ကိုချကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်မ မှားမှန်း သိပါပြီ။ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး”
မယ်တော်ကြီးသည် မျက်လုံးကိုမှတ်ကာ ပုတီးစေ့များ စိပ်နေသည်။
ပိချောင်သည် နံ့သာဖြူကို မီးရှို့ပြီး စားပွဲပေါ်တွင် တင်ကာ ထွက်သွားတော့မည်အချိန် မယ်တော်ကြီးက သူမကို ထပ်မံခေါ်သံကြားလိုက်ရသည်။
“အရှင်မင်းကြီး အရင်တစ်ခေါက်က ယန်ရှီးနန်တော်ရဲ့နွယ်ပင်တွေကိုခုတ်ပြီး ရှင်းပေးလိုက်ကတည်းက ကျောက်ကွေ့ဖေး သူတို့လူတွေကို ပြန်ခေါ်လိုက်တဲ့ပုံပါပဲ”
***