ကျုံးမင်းဝေ အံ့ဩသွားခဲ့သည်။ ဒီလို လှပစွာဆင်ယင်ထားသော ခေါက်ဆွဲကို သူစားဖူးခဲ့သော်လည်း လွန်ခဲ့တဲ့နှစ်ဝက်လောက်ကတည်းက အရသာကို ထပ်ပြီး မမြည်းစမ်းနိုင်ခဲ့ပေ။ ဒီနေ့ အားချိုးက မနက်အစောကြီးထကာ သူ့အတွက် ခေါက်ဆွဲကို သေသေချာချာ ပြင်ဆင်ပေးထားခဲ့သည်။
“မင်းလုပ်ထားတာလား”
ကျုံးမင်းဝေက သိသာနေသောမေးခွန်းကို မေးလိုက်ပြီး အားချိုးကို မထင်မှတ်ထားတဲ့ မျက်နှာနှင့် ကြည့်လိုက်သည်။
“မဟုတ်ရင် တခြားဘယ်သူရှိပါဦးမလဲ”
အားချိုးက မေးစေ့ကို မော့လိုက်ပြီး
“ကျွန်မက နုနုရွရွမိန်းမသားမဟုတ်ပေမဲ့ ကျွန်မလည်း အရင်က ဒီလိုလှလှလေးပြင်ထားတာမျိုး စားဖူးပါတယ်။ လူကို အထင်မသေးပါနဲ့”
ကျုံးမင်းဝေက သူ့နှုတ်ခမ်းကိုဖိပြီး တူတွေကို ကောက်ကိုင်ကာ စားဖို့ အနည်းငယ် ဝန်လေးနေမိသည်။ ဘယ်ညာ ကြည့်လိုက်ရင်း သူ့လက်ချောင်းတွေက မလှုပ်တာကြောင့် အားချိုးက အနည်းငယ်စိုးရိမ်နေသဖြင့်
ကျုံးမင်းဝေက အားချိုးကို လေးနက်စွာ ပြောလိုက်သည်။
အားချိုး မျက်မှောင်ကြုတ်ကာ ခါးထောက်လိုက်သည်၊ သူမ သိသိသာသာ စိတ်ဆိုးနေသည်ပင်။ ဒီခေါက်ဆွဲပန်းကန်အတွက်နှင့် သူမ ခါးနာသည်အထိ မီးဖိုချောင်တွင် အလုပ်ရှုပ်နေခဲ့ရသည်။
“အရမ်းလှတော့ မစားရက်ဘူး”
ကျုံးမင်းဝေက သူ့ရှေ့က ခေါက်ဆွဲပန်းကန်ကို ကြည့်ပြီး လေးနက်စွာဖြင့်
“ဒါက အနုပညာလက်ရာအတိုင်း ချီးကျူးချင်စရာပဲ။ ငါဘယ်လိုလုပ် စားရက်ပါ့မလဲ”
အားချိုးက ရယ်မောပြီး ကျုံးမင်းဝေရဲ့ ခေါင်းကို ပုတ်လိုက်သည်။
“တွေးမနေတော့နဲ့၊ မြန်မြန်စား။ ခေါက်ဆွဲတွေအေးကုန်တော့မယ်။”
ကျုံးမင်းဝေက အေးဆေး တူကိုင်ကာ စားလိုက်သည်။ အားချိုးသည်လည်း သူမပန်းကန်ကိုယူကာ နံဘေးတွင်ထိုင်ပြီး ထိုင်စားသည်။ သူမသည် နန်းတွင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး ကျင့်ဝတ်များကို နားမလည်ခဲ့ပေ။ နင်းဂုတကို ပထမဆုံးရောက်ခဲ့စဉ်က သူမကိုယ်သူမ ထိန်းချုပ်ကာ ဖြည်းညင်းစွာ စားခဲ့သေးသည်။ ဒါပေမယ့် အခုချိန်တွင် ကျုံးမင်းဝေရှေ့တွင် သူမကိုယ်သူမ ချုပ်တည်းမထားတော့ဘဲ အရင်လိုကျယ်လောင်စွာပြန်စားတော့သည်။ ကျုံးမင်းဝေက သူမကို ရိုင်းစိုင်းတယ်လို့ မထင်သလို သူနှစ်ပေါင်းသုံးဆယ်လောက် စောင့်ထိန်းလာတဲ့ ကျင့်ဝတ်များကိုလဲ ပစ်ချကာ သူမနဲ့အတူ တစ်ပုံစံတည်း လိုက်စားလိုက်သည်။
“ခေါက်ဆွဲကို ဘယ်လိုဖြတ်ရမှာလဲ”
ခဏလောက်စားပြီးနောက် ကျုံးမင်းဝေသည် ခေါက်ဆွဲကမပြတ်တောက်သွားကြောင်း သဘောပေါက်သွားသည်။ သူသည် ခေါက်ဆွဲကို စုပ်ယူစားသုံးနေသော်လည်း ခေါက်ဆွဲက မပျက်မစီး ဆက်လက်ရှိနေသည်ကို တွေ့ရှိသွားသည်။ သူအရမ်းအံ့ဩသွားကာ တူဖြင့် ခေါက်ဆွဲမပြတ်မချင်း အမြင့်ကို မြှောက်ဖို့ ကြိုးစားပေမယ့် ခေါက်ဆွဲက မပြတ်သေးပေ။ ကျုံးမင်းဝေက တူတွေကို ချလိုက်ပြီး အားချိုးကို ထူးထူးခြားခြား ကြည့်ကာ
“မင်း ဘယ်လို လုပ်ထားတာလဲ”
“ဒါက သက်ရှည်ခေါက်ဆွဲလေ၊ သေချာပေါက် တစ်မျှင်ပဲ ရှိမှာပေါ့။”
အားချိုးလည်း အံ့သြသွားသည်။ သူမသည် တူများကို ချလိုက်ပြီး ကျုံးမင်းဝေကို မျက်မှောင်ကြုတ်ကြည့်ကာ
ကျုံးမင်းဝေက ခေါင်းငုံ့ပြီး ခေါက်ဆွဲကို တိတ်တိတ်လေး ဆက်စားလိုက်ရင်း
ဟု အသံနက်ကြီးဖြင့် ပြောလိုက်သည်။
အားချိုး အံ့အားသင့်သွားပြီးနောက်
“ရှင်မစားဖူးတာ မယုံနိုင်ပါဘူး။ သွမ့်အိမ်တော်ရဲ့ အသက် ခုနစ်ဆယ်ကျော် အဘိုးတောင် သူတိူ့ခေတ်ကတည်းက သက်ရှည်ခေါက်ဆွဲကို စားရတယ်တဲ့။ ရှင်က မတောင့်မတ ကြီးပြင်းလာတာကို ဒီလိုသက်ရှည်ခေါက်ဆွဲမျိုး မစားဖူးစရာလား”
“ငါတကယ်မစားဖူးဘူး”
ကျုံးမင်းဝေက ခေါက်ဆွဲကို ပန်းကန်လုံးထဲ ပြန်ချပြီးနောက် နက်နဲသောအသံဖြင့် ပြောလိုက်သည်။
“ဇူလိုင်၇ရက်နေ့က ငါ့မွေးနေ့ဖြစ်သလို မယ်တော်ရဲ့ နှစ်ပတ်လည် ယဇ်ပူဇော်တဲ့နေ့လည်း ဖြစ်တယ်။ ဒါကြောင့် ငါတစ်ခါမှ မွေးနေ့ဆိုတာ မလုပ်ဖူးဘူး။ ဟိုးအရင်နှစ်တွေကတည်းက မွေးနေ့ရောက်တိုင်း ဘုရားကျောင်းမှာ မယ်တော့်ကို ဒူးထောက်ပြီး ရှိခိုးခဲ့တာ”
အားချိုး၏နှလုံးသားသည် တခဏမျှ “ခုန်” သွားပြီး၊ ယနေ့သည် တကယ်ပင် နတ်ရွာဧကရီ၏ ယဇ်ပူဇော်သည့်နေ့ဖြစ်ကြောင်း မှတ်မိလိုက်သည်။ ထိုအချိန်တွင် သူမသည် အမြန်ဆိုလိုက်၏။
“ဟုတ်သား ဒီနေ့က နတ်ရွာစံဧကရီရဲ့ နှစ်ပတ်လည်နေ့ဆိုတာမေ့သွားတယ်။ စက္ကူပိုက်ဆံတွေ သွားပြင်ဖို့လိုလား၊ စျေးထဲမှာ ရောင်းနေတဲ့ တစ်ဆိုင်ဆိုင်တော့ရှိမှာပါ။ ပူဇော်ပွဲကို အသေးစားလေးလုပ်လို့ရော ရှင်အဆင်ပြေရဲ့လား။ ကျွန်မ အရည်အသွေးအကောင်းဆုံး စက္ကူပိုက်ဆံကို ဝယ်ခဲ့ပေးမယ်...”
***