“မလိုပါဘူး၊ မယ်တော့အတွက် နှစ်သုံးဆယ်လုံး ယဇ်ပူဇော်တဲ့ အခမ်းအနားလုပ်ပြီးသွားပြီပဲ၊ အခုကစပြီး ငါ့မွေးနေ့ကိုပဲ ကျင်းပသင့်တယ်”
ကျုံးမင်းဝေက အားချိုးအား ပြုံးပြသည်။သူ ခေါင်းငုံ့ပြီး ခေါက်ဆွဲကို ဆက်စားကာ
“ချာတိတ်လေး၊ သက်ရှည်ခေါက်ဆွဲက အရသာရှိတယ်”
ဟု ပြောလိုက်သည်။
အားချိုးက သူ၏ ခေါင်းနောက်ဘက်ကို ကြည့်ရင်း လည်ပင်းမှာ ချွေးတွေ စီးကျနေသည်။ သူမသည် စိတ်မသက်မသာဖြစ်ကာ အနည်းငယ် ငိုချင်လာသည်။ သူမ ပြန်ထိုင်ကာ အဝတ်စကိုယူပြီး ချွေးများကို ညင်သာစွာ သုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက တိုးတိုးလေးပြောခဲ့သည်။
“ကျုံးမင်းဝေ၊ ကျွန်မရှင့်ကို နှစ်တိုင်း သက်ရှည်ခေါက်ဆွဲလုပ်ပေးမယ်”
ကျုံးမင်းဝေ၏ အသံမှာ ဝိုးတဝါးဖြစ်နေသဖြင့် အားချိုးသည် သူငိုနေသည်ဟု ခံစားမိတာကြောင့် အံ့ဩနေချိန် ကျုံးမင်းဝေက သူ့မျက်နှာကို မော့ပြီး ပြောလာသည်။
အားချိုးက သူ့ရဲ့ စိုစွတ်နေတဲ့ မျက်နှာနဲ့ မျက်လုံးနီများကို ကြည့်လိုက်သည်။ သူမ ဘာမှမပြောဘဲ အဝတ်စကို ကိုင်ကာ ဂရုတစိုက် ပွတ်သပ်လိုက်သည်။
ကျုံးမင်းဝေက ခေါင်းငုံ့ကာ ခေါက်ဆွဲစားလိုက်ပြန်သည်။ ခေါက်ဆွဲစားရင်းနဲ့ သူက
“ဒီလောက် ခေါက်ဆွဲအရှည်ကြီးကို ဘယ်လို လုပ်တာလဲ” ဆိုတဲ့ မေးခွန်းကို ဆက်ပြောဖို့ မမေ့ခဲ့ပါချေ။
“ဟဲဟဲ၊ ဒါပေါ့ ကျွန်မမှာ အလွယ်တကူ ပြောပြလို့မရတဲ့ လျှို့ဝှက်နည်းတွေ ရှိတယ်”
အားချိုးက ပြုံးပြီး ပန်းကန်ကိုပြန်ယူကာ ကျုံးမင်းဝေကို ကြည့်၍
“သဘောတူလို့က ရပါတယ် ဒါပေမဲ့ မင်း ပင်ပန်းနေရလိမ့်မယ်”
ဒီနှစ်ရက်အတွင်းမှာ ကျုံးမင်းဝေရဲ့ ခန္ဓာကိုယ်က ပိုသက်သာလာပြီး သူ့လက်တွေ ပိုလှုပ်ရှားနိုင်လာကာ သူ့နောက်ကျောက ပိုဖြောင့်မတ်လာပေမယ့် ခြေထောက်တွေကတော့ လုံးဝမလှုပ်နိုင်သေးပေ။ လွန်ခဲ့သည့်နှစ်ရက်က အားချိုးသည် ကျုံးမင်းဝေကို အိပ်ယာမှထကာ မတ်တပ်ရပ်နိုင်ရန် ကူညီခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ခါကဆို သူ့ကိုကူညီရင်း အားချိုး တစ်ယောက် လဲကျသွားရာ သူကလည်း မကူညီနိုင်တာကြောင့် အဲဒီအချိန်က ကျုံးမင်းဝေသည် သူ့ကိုယ်သူ အရမ်းဒေါသထွက်သွားပြီး အိပ်ရာက မထတော့ဘူးဟု ပြောခဲ့လေသည်။ အားချိုးက စိတ်ပူသော်လည်း သူ့ကို အတင်းအကြပ် မလုပ်နိုင်တာကြောင့် ဒီစကားပြောဖို့ အချိန်ကောင်းကို ရွေးလိုက်တာပင်။
မျှော်လင့်ထားသည့်အတိုင်း ကျုံးမင်းဝေက မငြင်းဘဲ ကတိပေးလာသည်။
အားချိုးက ရယ်ပြီး ခေါင်းငုံ့ကာ ခေါက်ဆွဲကို ဆက်စားသည်။ သူမ နောက်ကျောရှိ ကြိုးနီနဲ့ ချည်ထားတဲ့ ဆွဲလွဲကလေးက ခေါက်ဆွဲစားနေတဲ့ လှုပ်ရှားမှုနောက်ကို လိုက်လှုပ်သွားရာ သေးငယ်သော အိမ်မွေးတိရစ္ဆာန်လေးအတိုင်းပင်။
ကျုံးမင်းဝေက မျက်တောင်မခတ်ဘဲ သူမကိုကြည့်နေပြီး သူ့နှလုံးသားတွေ အရည်ပျော်သွားသည် ။
သူသည် အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားမဟုတ်တော့ပေ၊ သူသည် အာဏာမရှိသော သာမန်အရပ်သားဖြစ်လာခဲ့ပြီဖြစ်သည်။ မဟုတ်သေးဘူး၊ သူက သာမန်အရပ်သားတွေလောက်တောင် မကောင်းနေပေ။ သူ့ဘဝက သူ့အဖေဆိုတဲ့ မြို့တော်က လူတစ်ယောက်ရဲ့ လက်ထဲမှာ အကျဉ်းချုပ်ကျနေပြီး အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည်။ ဒါတင်မကသေးဘဲ၊ သူ့ဘာသူတောင် မစားသောက်နိုင်ပေ။ သူ ဒီလေဖြတ်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့ဆက်နေထိုင်ရတာဟာ အရှက်ရကာ ဝမ်းနည်းစရာကောင်းလွန်းသည်။
သူ လေဖြတ်လို့မရပေ၊ သူ မတ်တပ်ရပ်ချင်သည်။ ဒီတုံးအတဲ့ကောင်မလေးကို ကျေးဇူး ပြန်ဆပ်ချင်သည်။
သူ့ကိုယ်သူအတွက် မဟုတ်ဘဲ၊ သူမအတွက်သာဖြစ်သည်။
မနက်စာစားပြီးနောက် အားချိုးသည် အိပ်ရာပေါ်တက်ကာ ကျုံးမင်းဝေ၏ခါးကို နာရီဝက်ကြာ နှိပ်နယ်ပြီးနောက် သူ့ခြေထောက်များကို စတင်နှိပ်လိုက်သည်။ အရင်တုန်းကတော့ ကျုံးမင်းဝေရဲ့ ခြေထောက်တွေက တင်းမာနေခဲ့သည်။ အပြင်ဘက်တွင် အရေပြားဟာ အနည်းငယ် လျော့ရဲနေသော်လည်း အတွင်းသားသည် ကျောက်တုံးကဲ့သို့ မာကျောသည်။ အားချိုးသည် ခြေထောက်များအား ဆုပ်နယ်ရန် ကြိုးစားခဲ့သည်၊ အချိန်အတော်ကြာ နှိပ်နယ်ပြီးနောက် ကျုံးမင်းဝေ၏ ခြေထောက်များသည် ပိုမိုပျော့ပျောင်းလာပြီး သာမာန်လူ၏ ခြေသလုံးနှင့် ခြေဖဝါးများကဲ့သို့ပင်။
အားချိုးက သူ့ခြေထောက်တွေကို အားထည့်နှိပ်ရင်း တစ်ချိန်တည်းမှာ ပြောလိုက်သည်။
“နှစ်လကျော်ကျော်ပဲ ရှိသေးတယ်၊ လက်တောင်လှုပ်နိုင်နေပြီ။ နောက်ကျ ခေါက်ဆွဲစားဖို့ မပြောနဲ့၊ လက်ရေးလှမှင်ကျောက်ဝယ်ခဲ့ပေးမယ်။ ကျွန်မ နောက်ကျ ရှင်လေ့ကျင့်ဖို့ မှင်၊ စက္ကူနဲ့ မှင်ကျောက်ဝယ်ခဲ့ပေးမယ်”
***