“မဆိုးပါဘူး” ကျုံးမင်းဝေက သူ့ကို ပြုံးကာ အနည်းငယ် ဟစ်လျက်ပြောသည်။ “စာပေပညာရှိတွေက ငါရေးထားတဲ့ စာလုံးတွေကို သုံးပြီး ဥပမာပြတယ်လို့ကြားတယ်”
“ဝိုး၊ ဒါဆို လက်ရေးလှရေးတာ အရမ်းတော်တာပေါ့” အားချိုးက ပူနွေးတဲ့ အဝတ်စလေးကို ကိုင်ရင်း “မင်းတို့ထက် အဲ့ပြတဲ့စာလုံးတွေကို မှတ်မိလား။”
“အရေးကြီးတာမဟုတ်ပါဘူး။” ကျုံးမင်းဝေသည် သူမ၏ စကားများအတိုင်း သက်ပြင်းချကာ ဆိုလိုက်သည်။
“အဝတ်က အရမ်းပူနေလို့လား” အားချိုး အနည်းငယ် စိတ်ပူသွားသည်။ “ရေအေးယူမလား”
“မဟုတ်ဘူး၊ နွေးတော့ နေလို့ကောင်းတယ်” ကျုံးမင်းဝေက ခေတ္တရပ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒူးနည်းနည်း ကျဉ်သွားလို့”
“အရင်က အေးတုန်းက အအေးဓာတ်က အရိုးထဲရောက်သွားလို့ဖြစ်မယ်” အားချိုးက သက်ပြင်းချရင်း ပေါ့ပေါ့ပါးပါးနဲ့ အဝတ်စကို ကျုံးမင်းဝေရဲ့ခြေထောက်တွေကို ပွတ်သပ်ပြီး “ဒီတစ်ခါတော့ ခြေထောက်ကို အအေးခံလို့မရတော့ဘူး” ဆိုပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။
ကျုံးမင်းဝေကို မြို့တော်မှ နင်းဂုတသို့ ပို့လိုက်သောအခါတုန်းက တစ်နှစ်လုံးမှာ အအေးဆုံးအချိန်ဖြစ်သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားခဲ့သလို လမ်းမှာလဲ လအတော်ကြာအောင် ခရီးကြမ်းနှင်ခဲ့ရတယ်။ သူ ဘယ်လိုမှ ပိုမဆိုးဘဲမနေနိုင်ပေ။ ဒါတင်မကဘူး၊ နင်းဂုတကို ရောက်တော့လဲ အရမ်းအေးတာကြောင့် တခါတည်း လေဖြတ်သွားခဲ့သည်။
ကျုံးမင်းဝေက ဖြစ်ပျက်ပုံကို သိတာကြောင့် သူသည် အားချိုး ၏ စိုးရိမ်မှုကိုစိုးပြီး “ကိစ္စမရှိပါဘူး၊ ငါနွေရာသီတောင် စောင်ခြုံထားတာပဲ။ တစ်နေ့လုံး ချွေးတွေထွက်နေတာ၊ အအေးခံနိုင်ပါတယ်” ဟု သူက ပြောသည်။
“အခု ပူနေတော့ ဟုတ်ပါတယ်။ ဆောင်းရောက်ရင် ဘယ်လိုလုပ်ရမလဲ” အားချိုးသည် ဘာမှမရှိသော အခန်းကို ကြည့်လိုက်ပြီး သေတ္တာထဲက စောင်ပါးများအကြောင်း တွေးနေမိသည်။ သူမက အံကြိတ်ပြီး “မဖြစ်သေးပါဘူး၊ ရက်အနည်းငယ်အတွင်း မီးဖိုဆောက်ဖို့ လူရှာရမယ်။ မဟုတ်ရင် ရှင် လွယ်လွယ်နဲ့ ပြန်သက်သာမှာ မဟုတ်ဘူး။ ဆောင်းရာသီကျ အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”
“အဲ့အကြောင်း စိတ်မပူပါနဲ့ဆို!” အားချိုးက ငြီးတွားပြီး သူ့အတွက် အဝတ်စကို သူ့ခြေထောက်ပေါ် ခွန်အားဖြင့် ဖိပြီး ရပ်တန့်လိုက်သည်။ ပြီးတော့ သူမက တိုးတိုးလေးပြောတယ် “ရှင် စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်မ နေ့တိုင်း စားသောက်ပြီး နေတာတောင် ကျွန်မမှာ ငွေဆယ်လျန်လောက် ကျန်သေးတယ်၊ မီးဖိုဆောက်တာကို တွေးဖို့နေနေသာသာ၊ ကျွန်မတို့ စောင်အထူကြီးတောင် ဝယ်ဖို့လောက်ပြီ။”
ကျုံးမင်းဝေသည် အားချိုး၏ စကားများသည် မမှန်နိုင်မည်ကို သိသည်။ ငွေဆယ်လျန်လို့ ပြေသော်လည်း တကယ်တော့ ရှစ်လျန်လောက်သာ ဖြစ်နိုင်တယ်။ ကျုံးမင်းဝေ၏ နှလုံးသားသည် သူ့ကိုယ်သူ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။ ငွေအကြောင်းကို စိတ်ပူရမည်ဟု သူတခါမှမတွေးခဲ့ပေ။ အခုချိန်မှာတော့ မိသားစုကို ထောက်ပံ့ဖို့ သူ့မှာဘာမှလဲမလုပ်နိုင်သလိူ အားချိုးတစ်ယောက်တည်း အပင်ပန်းခံနေတာကို ကြည့်နေရသည်။
“ရှင် တကယ်စိတ်ပူစရာမလိုပါဘူး” ကျုံးမင်းဝေက အကြာကြီး တိတ်နေခဲ့ရာ ကျုံးမင်းဝေသည် သူမ၏ စကားကြီးစကားကျယ်များကို ဘယ်တော့မှ ယုံမည်မဟုတ်ကြောင်း အားချိုးလည်း သိပါသော်လည်း ယခုတွင် မီးဖိုဆိုတာကလိုအပ်နေသည်။ သူမသည် ကျုံးမင်းဝေ၏လက်ကို လှမ်းဆွဲကာ “တောင်ခြေက အဖွားချန်က ကျွန်မ အလုပ်ရှာပေးမယ်လို့ ပြောတယ်။ ကျွန်မ ပိုက်ဆံရှာလို့ရပါတယ်၊ စိတ်မပူပါနဲ့ ဟုတ်ပြီလား။”
ကျုံးမင်းဝေ၏ နှလုံးသားသည် ပို၍ပင် စိတ်ဓာတ်ကျလာသည်။ ဏအကြာတွင် သူသည် တိုးတိုးလေးဖြင့် “အဖွားချန်က ဘယ်သူလဲ၊ မင်းအတွက် ဘာလို့အလုပ်ရှာပေးတာလဲ?”
ကျုံးမင်းဝေ နောက်ဆုံးတွင် ပါးစပ်ကိုဖွင့်လာတာကြောင့် အားချိုးက အမြန်”တောင်ခြေမှာ ကျီရှန်းကျောင်းဆိုပြီး ကိုယ်ပိုင်ကျောင်းတစ်ခုရှိတယ်၊ အဲ့က ဆရာရဲ့ မျိုးရိုးနာမည်က ချန်တဲ့။ ကျွန်မ တောင်ပေါ်ကဆင်းတိုင်း အမြဲ ရေဝင်သောက်နေကျအိမ်ပဲ။ သူ့မိသားစုထဲက အဖွားချန်က အရမ်းသဘောကောင်းတယ်။ ကျွန်မရဲ့ ပန်းထိုးတာက ကောင်းတယ်ဆိုပြီးတော့ ရွာထဲမှာအလုပ်ရှာပေးမယ်လို့ အရင်တစ်ခေါက်က ပြောလိုက်တယ်။ နန်းတော်က ပန်းထိုးလက်ရာပုံစံဆိုတာက ရှားပါးတော့ နောက်ကျ ကျွန်မဆီ အလုပ်လာအပ်တဲ့သူတွေများလာမှာ သေချာတယ်။”
***