ကျုံးမင်းဝေသည် အားချိုး၏ နုပျိုသော မျက်နှာကို ကြည့်ကာ သူမ၏အသံကို နားထောင်ရင်း ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေသည်။ အချိန်အတော်အတန်ကြာပြီးနောက် တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီး “မင်းဘယ်လိုလုပ် ပန်းထိုးတတ်တာလဲ” လို့ အသံနက်ကြီးနဲ့ မေးလိုက်ပါတယ်။
“အမေရှန်းသင်ပေးတာလေ” အားချိုးက သူဘာတွေတွေးနေမှန်း မသိခဲ့ပေ၊ သူ့ခါးကို ပွတ်သပ်ပြီး ဆက်ပြောသည် ။ “အမေရှန်းက အရင်က အပ်ချုပ်ဌာနမှာ ပန်းထိုးသမားအဖြစ် ဆယ်နှစ်ကျော် လုပ်ခဲ့ဖူးသည်။ အမေရှန်းက အပ်ချုပ်ဌာနမှာ အတော်ဆုံး စက်ချုပ်သမတစ်ဦးလို့ပြောတာပဲ၊ မယ်တော်ကြီးနဲ့ ကျောက်ကွေ့ဖေးရဲ့ နန်းတွင်းအဝတ်တွေကိုတောင် သူကိုယ်တိုင် ပန်းထိုးပေးခဲ့ရတာ။ နောက်ပိုင်းကျ သူက အဝတ်လျှော်ဌာနကိုပြောင်းလာတော့ လူတွေကမေးကြတယ်၊ ဘာလို့ဆို ပန်းထိုးတာက ကျွန်မတို့အဝတ်လျှော်တဲ့ဌာနနဲ့ ဘာမှမဆိုင်ဘူးလေ။ သူပြောတာက ဒင်္ဂါးသုံး လေးပြားအတွက်နဲ့ တနေကုန် ပင်ပန်းနေတာ မဆန်ဘူးတဲ့။”
“ရပီ။” ကျုံးမင်းဝေ ဆက်နားမထောင်ချင်တော့ပေ၊ အံကြိတ်ပြီး နဖူးပေါ်က အပြာရောင်သွေးကြောက ပေါ်လာတယ်။
“ဘာဖြစ်တာလဲ?” အားချိုးသည် အမြန်စကားစကိုဖြတ်ကာ ဂရုတစိုက် ငုံ့ပြီး ကျုံးမင်းဝေ၏ မှိတ်နေသော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ အနည်းငယ် အံ့ဩသွားပြီး “အိပ်ငိုက်နေပြီလား?”
“ဟုတ်ပြီ၊ အိပ်လိုက်ပါဦး။ နိုးလာရင် အပြင်မှာ နေသာနေတာ၊ အပြင်ထွက်ပြီး နေရောင်နဲ့ ထိတွေ့ရဦးမယ်” လို့ အားချိုးက ပြောပါတယ်။ သူမထပြီး ကျုံးမင်းဝေကို စောင်ဖြင့် ပတ်လိုက်သည်။ သူမသည် အိပ်ရာထဲ ဝင်ကာ သူ့ကို ပွေ့ဖက်ထားလိုက်ပြီး “အရင်အိပ်နှင့်လဲရပါတယ် ကျွန်မ နောက်မှ အပြင်ကိုကူသယ်ပေးမယ်။”
“ဒီလောက်မြန်မြန် အိပ်သွားပြီလား” အားချိုးက ပြောသည်။ ရေဇလုံနှင့်ထွက်၍ နောက်တဖန်ပြန်ဝင်လာကာ ကျုံးမင်းဝေ သူ့လက်လှမ်းနိုင်တဲ့ အကွာအဝေးတွင် ရေနွေးကြမ်းကို ကုတင်ရှေ့မှာ ထားလိုက်တယ်။
ကျုံးမင်းဝေသည် လေထဲတွင် သင်းပျံ့သော jasmineရနံ့ကို ရှူရှိုက်ရင်း ရင်ဘတ်ထဲတွင် စုပြုံနေသော လေထုအားလုံးကို ရှူထုတ်ချင်သလို ရုတ်ခြည်း အသက်ပြင်းပြင်းရှူလိုက်သည်၊ သို့သော် သူ ဘယ်မှာ တကယ် အကုန်ရှူထုတ်နိုင်မည်နည်း။ သူ့နှလုံးသားက လေးလံနေပြီး အပြင်မှာ အဝတ်လျှော်နေတဲ့ အသံကြားတော့ ရီဝေစွာနဲ့ မျက်လုံးတွေကို ပြန်မှိတ်လိုက်တယ်။
“လာ၊ ရှင့်လက်နှစ်ဖက်နဲ့ ကျွန်မကို ကိုင်ထား” အားချိုးက ကျုံးမင်းဝေရဲ့ခါးကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်ထားပြီး သူ့ကို မတ်တပ်ရပ်နိုင်အောင် ကြိုးစားပြီး နောက်ဆုံးမှာ ဟန်ချက်ထိန်းထားလိုက်ပါတယ်။ အားချိုးသည် လူနှစ်ယောက်လုံး၏ခါးကို ပြင်ဆင်ထားသည့်ကြိုးဖြင့် သေချာချည်ထားသည်။ “၊ ကျွန်မကိုကိုင်ထားနော်။”
ကျုံးမင်းဝေက ခြေထောက်တွေကိုလုံးဝမလှုပ်နိုင်ပေ။ သူသည် အားချိုး၏ပခုံးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် နံရံကို ကိုင်ထားသည်။ သူ့ခန္ဒာကိုယ်အောက်ပ်ုင်းမှာ ခွန်အားမရှိတာတောင် သူ့သန်မာသော လက်မောင်းများက အားချိုးရဲ့ ပုခုံးတွေကို ဖိနေခဲ့မိသည်။ အားချိုးသည် နာကျင်ပါသော်လည်း မျိုသိပ်ထားခဲ့သည်။ ကျုံးမင်းဝေလဲကျသွားမှာကို စိုးတာကြောင့် သူမလက်တွေက သူ့ခါးကို ဆုပ်ကိုင်ထားဆဲပင်။
“မနိုင်ရင် ကိုယ့်ကိုကိုယ် အတင်းမလုပ်နဲ့။ နောက်ရက််မှသွားလို့ရပါတယ်” လို့ ကျုံးမင်းဝေအား နှစ်သိမ့်ရင်း အသက်ပြင်းပြင်းရှူကာ အားချိုးကို ပြောပါတယ်။ “ကျွန်မ ခြေထောက်ကငြိမ်ပါတယ် ရှင်ပြုတ်ကျမှာ မဟုတ်ဘူး။ စိတ်ချလက်ချနဲ့ ကောင်းကောင်းကိုင်ထားလို့ရတယ်...”
“ဘယ်သူက ပြုတ်ကျမှာကို စိုးရိမ်နေလို့လဲ” ကျုံးမင်းဝေ သည်းမခံနိုင်တော့ပေ၊ သူသည် အားချိုး၏ ချွေးတသီးသီးများကို ကြည့်ရင်း သူမ၏ အဆက်မပြတ် ဖျစ်ညစ်အော်ဟစ်သံကို နားထောင်ရင်း သူ့နှလုံးသားက လှုပ်ရှားလာသည်။
အားချိုးသည် သူ၏အေးစက်သောနှာမှုတ်သံကြောင့် ထိတ်လန့်သွားကာ အချိန်အတော်ကြာပြီးမှ သူမ အာရုံပြန်ဝင်လာပြီး “စိတ်မပူပါနဲ့၊ ကျွန်မတို့ ပြုတ်မကျစေရပါဘူး” လို့ တိုးတိုးလေးပြောလိုက်ပါတယ်။
ကျုံးမင်းဝေက စကားမပြောတော့ဘဲ ခေါင်းကို မော့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ခဏကြာတော့ သူအသက်အနည်းငယ်ရှူပြီး အားချိုး၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး “လုပ်။”
“ကောင်းပြီ” အားချိုးသည် ကျုံးမင်းဝေ၏ခါးကို နောက်တစ်ကြိမ် ပွေ့ဖက်ကာ သူ စိတ်ဓာတ်ကျနေမည်ကို စိုးရိမ်စွာဖြင့် “ခြေထောက်ကို လေ့ကျင့်ဖို့ အလျင်စလိုမလုပ်နဲ့။ အားစိုက်ထုတ်ဖို့ ရှင့်ခါးကို သုံးကြည့်။”
***