ကျုံးမင်းဝေသည်လည်း ပြန်ကောင်းချင်စိတ်ဖြင့် အလျင်စလိုပြုမူလျှင် အဆင်မပြေနိုင်မည်ကို သိသည်။ သူသည် ခြေထောက်ဗလာဖြင့် မြေပြင်ပေါ်တွင် ရပ်နေကာ သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ အားချိုးရဲ့ လက်ကို ဖြေလျှော့ဖို့ ကြိုးစားသည်။ သူသည် ခွန်အားကို သူ့ခါးဆီသို့ လှည့်ပြောင်းလိုက်သည်။ သူ အသက်ပြင်းပြင်းရှူရင်း အားချိုးကို မှီလိုက်သည်။ သူက အားချိုးထက်အများကြီးအရပ်ပိုမြင့်တာကြောင့် ဒီလိုအနေအထားက အားချိုးရဲ့ မေးစေ့ကို တည့်တည့် ရင်ဘတ်နဲ့ကပ်လိုက်သလိုပင်။ ကျုံးမင်းဝေသည် ပြန်သက်သာလာနေတာကြောင့် သူ့ရင်ဘတ်က အသားတွေက ပြန်တင်းမာလာခဲ့တယ်။ သူ့လက်တွေကလဲ လေ့ကျင့်ခန်းလုပ်ခဲ့သော အရှိန်ဖြင့် ရင်ဘတ်ပေါ်က ကြွက်သားတွေလည်း ပြန်ကောင်းလာပါပြီ။ ထိုအချိန်တွင် သူ့ရင်ဘတ်သည် တင်းမာနေပြီး အားချိုး၏မျက်နှာဖြင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။
ကျုံးမင်းဝေ၏မျက်နှာကို အားချိုး မမြင်ရဘဲ သူ၏ ဗလာဖြစ်နေသော ခန္ဓာကိုယ်ကို အားချိုးက ခြေဆုံးခေါင်းဆုံး မြင်လိုက်ရတယ်။ သူမက အရင်က မြင်နေကျဖြစ်နေတာကြောင့် ဘယ်တုန်းကမှ စိတ်မသက်မသာ ခံစားရသော်လည်း ယခုအခိုက်အတန့်တွင် ထိုလူ၏ ကျယ်ပြန့်ပြီး တောင့်တင်းသော ရင်ဘတ်ကို မျက်နှာမူနေရရာ အားချိုး ရုတ်တရက် မျက်နှာနီရဲလာပြီး နှလုံးခုန်မြန်လာသည်။
သူမ ဘာလို့ ရှက်နေတာလဲ။
အားချိုးသည် သူမကိုယ်သူမ နားလည်ရန် ခက်ခဲသော်လည်း သူမအနီးရှိ ရင်ဘတ်ရှိ ချွေးနံ့သင်းဖြင့် အမည်မသိရနံ့တို့ကို ရှူရှိုက်မိလိုက်သည်။ အားချိုးသည် သူမ၏ နှလုံးခုန်နှုန်းကို မထိန်းနိုင်တော့ပေ။ ဒီအတိုင်း ဆက်သွားရင် သူမ၏ နှလုံးခုန်သံ ကြားရေတာ့မည်ဟု သူမ ခံစားလိုက်ရတယ်။ ချွေးတွေ စိုစွတ်နေတဲ့ ရင်ဘတ်ကို သူမ တကယ်မကြည့်ဝံ့ပေ။ သူမ အမြန် ခေါင်းကိုမော့ပြီး နောက်တစ်စက္ကန့်မှာ သူမ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပါတယ်။
ကျုံးမင်းဝေ၏လည်ပင်းတွင် ချွေးများစွာထွက်နေသည်။ ချွေးစက်များသည် သူ၏ တည်တံ့သော မျက်နှာပေါ်မှ သူ့လည်ပင်းပေါ်ရှိ သွေးကြောများတစ်လျှောက်အထိ အပေါ်မှ လျှောကျစီးဆင်းသွားသည်။
အားချိုးသည် ခေါင်းထဲတွင် တစ်ခုခုကို ခံစားလိုက်ရပြီး နှာခေါင်းပူလာသည်။
“မင်း ဘာလို့ နှာခေါင်းသွေးယိုလာတာလဲ” ကျုံးမင်းဝေ အံ့သြသွားသည်။ သူသည် မသိစိတ်မှ အားချိုး၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်တာကြောင့် ရုတ်တရက် ဟန်ချက်ပျက်သွားရာ နှစ်ယောက်သား အတူ လဲကျသွားသည်။
ကျုံးမင်းဝေသည် အားချိုး၏ ခန္ဓာကိုယ်အောက်တွင် တင်းကျပ်စွာ ဖိခံထားရသည်။ အားချိုးသည်အမြန် သူတို့ကိုချည်ထားသော ကြိုးကိုဖြည်ပြီး “ကျွန်မတောင်းပန်ပါတယ်။ ကျုံးမင်းဝေ ရှင်အဆင်ပြေရဲ့လား။”
ကျုံးမင်းဝေသည် အားချိုး၏ မျက်နှာကို ကိုင်ထားပြီး သူမကို လှုပ်ရှားခွင့်မပြုပေ။ သူသည် အားချိုး၏ နှာခေါင်းသွေးများကို စိုးရိမ်တကြီး ကြည့်နေသည်။ ဂရုတစိုက်စစ်ဆေးပြီးနောက် ကျုံးမင်းဝေ၏နှလုံးသည် အတော်လေးစိုးရိမ်ပူပန်နေပြီး “ချာတိတ်လေး၊ အပူရှပ်တာလား”
“ဖြစ်နိုင်တယ်။ နေ့တိုင်း အရမ်းပူနေတော့ အပူရှပ်တာမဆန်းပါဘူး။” အားချိုး အနည်းငယ် အပြစ်ရှိစိတ်ဖြင့် ကျုံးမင်းဝေ၏ မျက်လုံးများကို ရှောင်လိုက်သည်။
သူမသည် မိသားစုဝင်တစ်ယောက်ကို အငမ်းမရကြည့်ရုံတင်မက၊ နှာခေါင်းသွေးများပင် ယိုလျှံလာသေးသည်။ အားချိုးက သူမကိုယ်သူမ မယုံစွာ အရမ်းရှက်နေခဲ့တယ်။ သူမ အလျင်စလို ထွက်ပြေးချင်သော်လည်း ကျုံးမင်းဝေက သူမ မျက်နှာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူမမျက်နှာက ပူလောင်လာတော့မည်ပင်။
“မင်းကျန်မာရေးကို ကောင်းကောင်းဂရုစိုက်ဦး” လို့ ကျုံးမင်းဝေက အသံနက်ကြီးနဲ့ ပြောပါတယ်။ သူမ၏ နှာခေါင်းသွေးတွေကို သူ့လက်ဖြင့် သုတ်လိုက်တယ်။ ကံကောင်းထောက်မစွာ၊ နှာခေါင်းသွေးများဆင်ထွက်မလာခင် ကျုံးမင်းဝေသည် ခါးနာလာပေသည်။ သူက မျက်မှောင်ကြုတ်ပြီး “အာ့!”
အားချိုးက လန့်သွားပြီး “ဘာဖြစ်ရှိလို့လဲ၊ ပြုတ်ကျလို့ တစ်နေရာရာ ထိခိုက်သွားတာလား” လို့ မေးလိုက်တယ်။
“နောက်ကျောမှာ နည်းနည်းနာနေတယ်” ကျုံးမင်းဝေက မျက်မှောင်ကြုတ်ပြီး အားချိုး၏ မျက်လုံးဝိုင်းဝိုင်းများကို ကြည့်ကာ “အေးဆေးပါ၊ နည်းနည်းတော့ နာကျင်ရုံပါပဲ မကျိုးပါဘူး” လို့ပြောလိုက်တယ်။
“ဒါပေမဲ့ နာတာပဲလေ!” အားချိုးသည် အလွန်ဒေါသထွက်သွားသည်။ သူမ ဘာကြောင့် ဒေါသထွက်နေမှန်းပင် မသိခဲ့ပေ။ သူမသည် အမြန် လူနှစ်ယောက်၏ ခါးကြားရှိ ကြိုးကို ဖြည်လိုက်ကာ ကျုံးမင်းဝေကို လှန်ကာ စစ်ဆေးလိုက်ရာ သူ့နောက်ကျောရှိ အနီရောင် အနာကြီးကို ကြည့်လိုက်သည်။ အားချိုးက ပိုလို့တောင် ဒေါသထွက်သွားတယ်။ “ဒီလောက်ကြီးတာကို! သိပ်မနာဘူးပြောနေသေးတယ်?”
“ချာတိတ်လေး၊ အရင်ဆုံးကူညီပြီးမှ ဆူလို့ မရဘူးလား” ကျုံးမင်းဝေသည် တောင်းဆိုဖို့မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူ့မျက်နှာက ကုတင်ကိုဖိကပ်လျက်ရှိနေသည်။
***