အားချိုးသည် အမြန် သူ့ကို ကူညီပေးခဲ့သည်။ ထို့နောက် ကုတင်ပေါ်တင်ကာ အင်္ကျီကို ချွတ်ပြီး ပက်လက်လှန်းပေးလိုက်သည်။ ထို့နောက် သူမ မျက်နှာပေါ်ရှိ သွေးများကို ဂရုမစိုက်အားဘဲ အပြင်ထွက်ပြီး ရေအေးဇလုံတစ်လုံး ယူလာလိုက်တယ်။ သူမသည် အဝတ်စကို ရေးအေးထဲကို နှစ်လိုက်ပြီး အနီရောင်အနာပေါ်တွင် ပွတ်လိုက်လိုက်သည်။ သူမက မျက်မှောင်ကြုတ်ပြီး ညည်းညူရင်း “ဒီအနာတွေဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ၊ နာသေးလား”
“မနာတော့ဘူး” လို့ ကျုံးမင်းဝေက ပြောပါတယ်။ ပူနေသော အရေပြားကို အဝတ်အေးဖြင့် အုပ်ထားသောကြောင့် အလွန်နေလို့ကောင်းနေပေသည်။ ကျုံးမင်းဝေသည် ခေါင်းအုံးပေါ်တွင် လှဲလျောင်းရင်း သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အားချိုးဘက်ကို မျက်နှာလှည့်ပြီး “ချာတိတ်လေး မျက်နှာမသစ်ဘူးလား” လို့ပြောလိုက်တယ်။
“အော်။” အားချိုးသည် သူမမျက်နှာပေါ်တွင် သွေးများရှိနေသေကြောင်းကို ခုမှ သတိရမိသည်။ သူမသည် ကျုံးမင်းဝေအတွက် အုပ်ထားသော အဝတ်ကိုလဲလိုက်ပြီး ထ၍ မျက်နှာသစ်ရန် ထွက်သွားလေသည်။
ကျုံးမင်းဝေသည် သူ့အင်္ကျီလက်ပေါ်ရှိ စွန်းထင်းနေသော သွေးစွန်းကွက်ကို စိုက်ကြည့်ကာ ရက်ဝက်ခန့်အကြာတွင် သူသည် အသက်ပြင်းပြင်းရှူရင်း “ဒီကောင်မလေးကတော့၊ ငါ့ကို သေလောက်အောင် စိတ်ပူနေတာပဲ”
အားချိုးရဲ့ ဗိုက်က ဆိုးဆိုးရွားရွား နာကျင်နေတယ်။ မနေ့နေ့လည်ကတည်းက အားချိုး၏ဗိုက်သည် နာကျင်ကိုက်ခဲနေခဲ့သော်လည်း။ ကျုံးမင်းဝေနဲ့ အတူ လဲကျတာကြောင့်လားတော့မသိပေ။ အစပိုင်းတွင် အားချိုးသည် ရအောင်သည်းခံခဲ့သော်လည်း ညတစ်ဝက်လောက်မှာ အားချိုး နာကျင်မှုကြောင့် နိုးလာတယ်။ သူမသည် ကောက်ရိုးဖျာကိုလှန်ကာ အကြိမ်ကြိမ်နှိပ်နယ်ခဲ့သော်လည်း သူမခံစားနေရသော အခြေအနေမှာ သက်သာသွားခြင်းမရှိပေ။ နောက်တော့ ကျုံးမင်းဝေက သူမ ညည်းသံကိုကြားလိုက်ရတာကြောင့် နံရံကိုကျော်ကာ ဘာဖြစ်နေတာလဲလို့ မေးတယ်။ အားချိုးက ဘာမှပြန်မပြောနိုင်လောက်အောင် နာကျင်နေသော်လည်း အမြန် အများကြီးစားထားတာကြောင့် အိပ်မပျော်ကြောင်းသာ ဖြေလိုက်သည်။ ကျုံးမင်းဝေသည် “အင်း” ဟူသော အသံဖြင့် စကားထပ်မပြောတော့ပေ။ အားချိုးသည် ထပ်မဲ လှုပ်ရှားရန် လုံးဝကြောက်သွားသည်။ ငါးနာရီလောက်အထိ ကောက်ရိုးဖျာပေါ်မှာ သည်းခံခဲ့ရပါတယ်။
အားချိုးက အာရုဏ်တက်အချိန်ကို ကို ခံစားလိုက်ရတာနဲ့ ကမန်းကတန်းထပြီး ကျုံးမင်းဝေအတွက် အနှီးကို လဲလိုက်တယ်။ ထို့နောက် ကျုံးမင်းဝေအတွက် ယာဂုချက်ပြုတ်ပေးကာ နံနက်စာစားပြီးတာနဲ့ အမြန်ထွက်လာခဲ့သည်။
အားချိုးသည် သူမ ဗိုက်ကို လက်တစ်ဖက်နှင့်အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ပိုက်ဆံအိတ်ကိုကိုင်ပြီး တောင်ခြေသို့ တစ်လှမ်းချင်း ရွှေ့လိုက်သည်။ တကယ် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာပေသည်။
တောင်ခြေသို့ရောက်သောအခါ အားချိုး၏မျက်နှာသည် ဖြူဖျော့သွားပြီး လမ်းမလျှောက်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် ဝပ်လျက် ဗိုက်ကို အုပ်ထားသည်။ သူမ၏ ချွေးများသည် တဖွဲဖွဲနှင့် တလိမ့်လိမ့်ကျနေသည်။ အားချိုးသည် သူမ၏ အူများ တပြိုင်နက် ထွက်ကျလာတော့မည်ဟု ခံစားနေရသည်။
အချိန်အတော်ကြာအောင် ထိုင်ချပြီးနောက် အားချိုးသည် ထရပ်ကာ မိုင်ဝက်ခန့် ရှေ့သို့ လျှောက်သွားလိုက်ရာ ကျီရှန်းကျောင်းသို့ ရောက်သွားသည်။ အားချိုး ရေငတ်နေခဲ့ပြီပင်၊ ထိုအချိန်တွင် သူမသည် ခြံစည်းရိုးတံတိုင်းကို အဝေးမှကြည့်ကာ ခြောက်သွေ့နေသော နှုတ်ခမ်းများကို အမှတ်တမဲ့ သပ်လိုက်သည်။
ဝင်လိုက်ရမလား။
အားချိုး တွေးလိုက်သည်။ သူမ ဈေးအထိ ဆက်မသွားနိုင်လောက်ဘူးဟု ခံစားမိသည်။ သူမလည်း ကျီရှန်းကျောင်းမှာ အေးဆေးအနားယူလို့ရပါတယ်။ ဒါပေမယ့် သူမဟာ တခြားသူတွေကို အမြဲတမ်း အနှောင့်အယှက်ပေးနေရာရာကျနေပြီပင်။
အားချိုး အပြင်မှာ တုံ့ဆိုင်းနေစဉ် အထဲမှ တံခါးပွင့်လာသည်ကို တွေ့လိုက်ရသည်။ အဖွားချန်သည် ချည်ထိုးခြင်းတောင်းဖြင့် အတွင်းမှ ထွက်လာသည်။ အားချိုး အပြင်မှာတွေ့တော့ အံ့သဩဝမ်းသာစွာဖြင့် “ကောင်မလေး။ အဖွားက တောင်ပေါ်တက်ပြီး သမီးကို လာရှာတော့မလို့။”
“ဟုတ်လား၊” အားချိုးက အဖွားချန်ကို ဖျစ်ညစ်ပြုံးပြပြီး “ဘာအရေးကြီးကိစ္စရှိလို့လဲ အဖွားရဲ့”
“မဟုတ်ပါဘူး၊ သမီးအတွက် အလုပ်တစ်ခုရလာလို့လေ။ မနေ့ကတည်းက လာပြောမလို့ပဲ၊ ဒါပေမဲ့ တောင်တက်လမ်းက မှောင်မည်းနေတော့ လျှောက်ရတာ ခက်တယ်လေ။ အဲဒါနဲ့ ဒီနေ့အထိ စောင့်လိုက်တာပဲ” အဖွားချန်က အားချိုးရဲ့ အသွင်အပြင်ကို ကြည့်ရင်းနဲ့ ရုတ်တရက် မျက်မှောင်ကြုတ်ကာ “သမီး၊ ဘာဖြစ်နေတာလဲ၊ သိပ်နေမကောင်းတဲ့ပုံပဲ”
“အဖွား၊ သမီး ဗိုက်အရမ်းနာနေလို့” အားချိုးက နာကျင်မှုကြောင့် မျက်ရည်များဝဲကာ ပြောလိုက်သည်။ “အဖွား၊ ခဏလောက်ထိုင်ဖို့ ကူညီပေးလို့ရမလား”
“မြန်မြန်ဝင် မြန်မြန်ဝင်!” အဖွားချန်သည် အလျင်အမြန် သူမလက်ထဲရှိ အပ်နှင့်ချည်ခြင်းတောင်းကို ချလိုက်ပြီး အားချိုးကို အမြန်ကူညီခဲ့သည်။ သူမ အားချိုး၏ လက်မောင်းကို ထောက်ကူလိုက်ပြီး ပို၍ပင် စိတ်ပူသွားသည်။ “ဒီလောက်တောင် ချွေးတွေထွက်နေတာလား”
***